Power Point Viewer 12.0.4518


ဒါကတော့ မိတ်ဆွေတစ်ယောက်ဆီက ပို့လာတဲ့ ပုံတွေကို ဖွင့်ကြည့်ဖို့ လိုက်ရှာရင်း ရလာတဲ့ Power Point Viewer လေးပါ.. ကျနော့်စက်မှာ ကျန်ခဲ့တဲ့တပါတ် ဝင်းဒိုးပြန်တင်ပြီးကတည်းက Microsoft Office တခုမှ မထည့်ရသေးပါဘူး.. ဒါကြောင့်ဒီ Power Point နဲ့လုပ်ထားတဲ့ ပုံတွေကို ဖွင့်ကြည့်လို့ မရတဲ့အတွက် ဒီ Power Point Viewer လေးထည့်မှ ပုံတွေကို အလွယ်တကူ ကြည့်လို့ရသွားပါတယ်.. Power Point နဲ့ လုပ်ထားတဲ့ ပုံတွေရဲ့ ပုံဖေါ်မတ်က PPTX File ဆိုပြီး ပုံရဲ့ဖ်ါမတ်ကို ပြထားပါတယ်.. မိမိတို့ စက်ထဲမှာ Microsoft Office တခုမှ ထည့်မထားရသေးရင်တော့ ဒီလိုဖိုင်ဖေါ်မတ်ကို ဖွင့်ကြည့်လို့ မရနိုင်ပါဘူး.. Microsoft Office ကဖိုင်ဆိုဒ်ကြီးလို့ပဲ ဖြစ်ဖြစ် ၊ အလွယ်တကူ ရှာမရလို့ပဲ ဖြစ်ဖြစ် အခက်ခဲကြုံနေရင်တော့ ဒီ Power Point Viewer လေးကို ဆောင်ထားလိုက်ပါ.. အဆင်ပြေသွားပါလိမ့်မယ်..။ ဒီကောင်လေးကို Install ထည့်ပေးလိုက်ယုံပါပဲ.. Power Point ဖေါ်မတ်နဲ့ ဖန်တီးထားတဲ့ PPTX File ဖေါ်မတ် ပုံတွေကို အလွယ်တကူ ဖွင့်ကြည့်လို့ ရသွားပါလိမ့်မယ်.. အောက်မှာလည်း ပုံ၂ခုယှဉ်ပြထားပါတယ်.. Power Point Viewer မထည့်ရသေးခင်ကပုံနဲ့ ထည့်ပြီးမှ ပေါ်လာတဲ့ပုံ ၂ခုကို တွဲပြထားပါတယ်.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 25.4 MB ရှိပါတယ်..






အပေါ်ကပုံကတော Power Point Viewer မရှိခင်က မြင်ရတဲ့ပုံ ဖြစ်ပြီး.. အောက်ကပုံကတော့ power Point Viewer ထည့်ပြီးမှ မြင်ရတဲ့ပုံတွေပါ.. Power Point Viewer ထည့်ပြီးသွားရင်တော့ ဒီပုံတွေကို ၂ချက်တောက်ပြီး ဖွင့်ကြည့်လို့ ရသွားပါပြီ..



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...