နောက်ပိုင်းတင်မည့် ဆော့ဝဲလ်များ ဒေါင်းလော့ချနည်း (ဖတ်ဖြစ်အောင်ဖတ်ပါ)


 ကျနော့် Blog မှာ အမြဲလာလည်နေကြတဲ့ သူငယ်ချင်းများအားလုံး ဒီပိုစ့်လေးကို ဖတ်ဖြစ်အောင် ဖတ်ပေးကြပါ.. ဘာလို့လဲဆိုတော့ ကျနော်နောက်ပိုင်းတင်ပေးမယ့် ဆော့ဝဲလ်တွေကို ဒီပိုစ့်မှာ ရေးပေးထားတဲ့ နည်းအတိုင်း ဒေါင်းယူမှ အဆင်ပြေမှာ၊ ဒေါင်းလို့ရမှာမို့ပါ.. ကျန်ခဲ့တဲ့ရက်က ပိုစ့်တင်ပေးထားခဲ့တဲ့ Photoshop တွေနဲ့ Cyberlink Power Director 9 အပိုင်းတွေကို အဲ့ဒီနေ့မှာပဲ Upload တင်ထားတဲ့ဆိုဒ်က ဖျက်ပစ်လိုက်ပါတယ်.. ဒါကြောင့်မို့ ဖရီးပေးတဲ့ဆော့ဝဲလ်ပဲ ဖြစ်ဖြစ်၊ ဖရီးမပေးတဲ့ ဆော့ဝဲလ်ပဲ ဖြစ်ဖြစ်၊ နောက်ပိုင်းတင်ပေးမယ့် ဆော့ဝဲလ်တွေကို ဒီနည်းအတိုင်းပဲ ဒေါင်းယူရမှာ ဖြစ်ပါတယ်.. ဒါမှဖိုင်တွေ ကြာကြာခံမှာ ဖြစ်ပါတယ်..။ နောက်တခုက ကျနော်တင်ပေးထားတဲ့ ဖိုင်နာမည်တွေကို ဖရီးဂိမ်းနာမည်တွေနဲ့ ပြောင်းပြီး တင်ပေးတော့မှာပါ.. ဖိုင်ဖြည်လိုက်ရင်တော့ အထဲမှာ ဆော့ဝဲလ်နာမည်နဲ့ ဗါးရှင်းနဲ့၊ Patchတို့ ၊ Crackတို့၊ key တို့က အရင်တုန်းက ဆော့ဝဲလ်တွေအတိုင်း ပါလာမှာပါ.. မိမိတို့ကိုယ်တိုင် ဖိုင်တွေ၊ ဆော့ဝဲလ်တွေကို ပြန်ရှာရလွယ်ဖို့ ၊ မှတ်မိဖို့ဆိုရင်တော့ မိမိတို့စက်ထဲ ရောက်လာတဲ့ ဒေါင်းယူထားပြီးသား ဖိုင်နာမည်တွေကို ကျနော်ပြောင်းတင်ပေးထားတဲ့ ဖိုင်နာမည်နေရာမှာ Right Click >> Rename နဲ့မူရင်းဆော့ဝဲလ်နာမည် ပြန်ပြောင်း ရေးမှတ်ထားဖို့တော့ လိုပါတယ်.. ဒါမှဆော့ဝဲလ်တွေကို မှတ်မိမှာပါ.. ပြန်ရှာရလွယ်မှာပါ.. အခုဒီပိုစ့်နဲ့ အတူ အများစု တောင်းထားတဲ့ Photoshop တွေကို တခြားဆိုဒ်မှာ ပြန်လည်တင်ပေးထားပါတယ်..။ Rapidshare ဆိုဒ်က ကောင်းတယ်၊ အဆင်ပြေတယ်လို့ ပြောလို့မှ မဆုံးသေးဘူး.. ဖိုင်တွေဖျက်ပစ်တာ မြန်လွန်းလို့ အဲ့ဒီဆိုဒ်မှာ ထပ်မတင်ချင်တော့ပါဘူး..။ အရင်တင်ပေးနေကျ ဆိုဒ်မှာပဲ Photoshop တွေပြန်တင်ပေးထားပါတယ်.. ဒေါင်းလော့ချနည်းကိုတော့ အားလုံးပဲ အောက်ကပုံလေးတွ ကြည့်ပြီး လုပ်ကြည့်လိုက်ရင် လုပ်တတ်သွားပါလိမ့်မယ်.. သိပ်တော့မခက်ပါဘူး.. ကျနော်တင်ပေးထားတဲ့ ဖိုင်တွေကို မူရင်းဆော့ဝဲလ်ဆိုဒ်တွေက ရှာလို့မရအောင်၊ရှာရမလွယ်အောင်လို့ အခုလို ဖိုင်တွေကို နာမည်ပြောင်း ၊ လင့်တွေဝှက်ပြီး တင်ပေးထားတာပါ..။ ဒီနည်းက  ကျနော့်အတွက်လည်း အလုပ်ပိုရှုပ်သလို ၊ ဖိုင်တွေကို ဒေါင်းယူတဲ့ သူငယ်ချင်းတို့အတွက်လည်း စိတ်အနှောက်အယှက် ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်.. ဒါပေမယ့် ဒီလိုလုပ်မှ ကျနော်တင်ပေးမယ့် ဆော့ဝဲလ်ဖိုင်တွေ ကြာကြာခံမှာမို့ ဒီလိုလုပ်ဖို့ပဲ ဆုံးဖြတ်လိုက်တာပါ.. အားလုံးပဲ နားလည် သဘောပေါက် လိမ့်မယ်လို့ ထင်ပါတယ်.. ဖိုင်တွေဒေါင်းယူတတ်ဖို့ လုပ်နည်းကို အောက်ကပုံလေးတွေ ကြည့်ပြီး လိုက်လုပ်ကြည့်လိုက်ပါဗျာ.. ဒီတခါလုပ်တတ်သွားရင် နောက်ပိုင်းဆော့ဝဲလ်တွေကို အလွယ်တကူ ဒေါင်းယူလို့ အဆင်ပြေသွားပါလိမ့်မယ်..



Photoshop တွေပြန်တင်ပေးထားတာ ဖြစ်လို့ အပေါ်က Download နေရာကနေ အောက်ကပုံတွေအတိုင်း ဒေါင်းယူလို့ ရသွားပါပြီ.. ဘယ်ဆိုဒ်မှာ တင်ပေးထားတယ်ဆိုတာကိုပါ ဒီလိုပိုစ့်တွေမှာ ရေးမထားတော့ပါဘူး.. အောက်ကပုံတွေအတိုင်းသာ ဒီဖိုင်တွေကို ဒေါင်းယူလိုက်ပါဗျာ..



ပါတ်စ်ဝါဒ်ကတော့ ကျနော့်ဘလော့လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..






အပေါ်ပုံတွေက Google Chrome နဲ့လုပ်ဖို့ပါ.. အောက်ကပုံကတော့ Mozilla Firefox နဲ့ လုပ်တတ်အောင်လို့ပါ..



အပေါ်ကပုံတွေက ဒေါင်းလော့စာမျက်နှာကို ရောက်အောင်သွားနည်း တမျိုးပါ.. အောက်ကပုံကတော့ နောက်တမျိုးနဲ့ သွားနည်းပါ.. ဘယ်နည်းနဲ့ သွားသွား လုပ်နည်းအတူတူပါပဲ.. အဓိကကတော့ ဒေါင်းလော့ယူလို့ ရဖို့ပါပဲ.. အပေါ်ပုံတွေမှာ သိပ်နားမလည်ရင် အောက်ကပုံကို ဆက်ကြည့်လိုက်ပါ..။  အောက်ကပုံတွေက ဒီနေ့မှ စိတ်ကူးပေါ်လို့ ထပ်တင်ပေးလိုက်ပါတာပါ..  အပေါ်ကပုံတွေကတော့ မနေ့ကတည်းက ရိုက်ထားပြီးသား ပုံတွေ.. နှစ်မျိုးစလုံး လုပ်နည်းအတူတူပါပဲ.. အားလုံးပဲ ပုံလေးတွေနဲ့ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်..



4 comments:

  1. ကိုလွင်မင်းဗိုလ်ရဲ့ဆိုဒ်မှာလာရောက်လေ့လာရတာအားရပါတယ် ဒီ့ထက်မကအောင်ပါစေဗျာ။

    ReplyDelete
  2. http://www.mediafire.com/download.php?88eg0ixzwe8o0g6<<=~~~~ i cannot find this link, please reupload again for me. i'm big big thanks. Sayar. respect.

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete

Related Posts Plugin for WordPress, Blogger...