ESET NOD32 Antivirus & ESET Smart Security - User Name and Password (Product Keys)

ESET NOD32 Antivirus နဲ့ ESET Smart Security ဆော့ဝဲလ်တွေကို မူရင်းဆိုဒ်တွေမှာ သွားဒေါင်းယူလို့ ရအောင် အောက်မှာ လင့်ချိတ်ပေးထားပါတယ်.. မိမိတို့ကြိုက်နှစ်သက်တဲ့ ဆော့ဝဲလ်ကို ရွေးပြီးဒေါင်းယူပါ.. ပြီးရင်တော့ အောက်က ဒေါင်းလော့လင့်ကနေ ဒီကောင်လေးတွေကို ၃လကျော် ဖူးသုံးလို့ ရမယ့် User Name နှင့် Password တွေကို သွားယူပြီးထည့်ပေးလိုက်ပါ.. ဒီကောင်လေးကို အသုံးပြုတတ်အောင်လို့ ကျနော် အစအဆုံး အောက်မှာ ပုံလေးတွေနဲ့ လုပ်ပြထားပါတယ်.. ဒီအမျိုးအစားကလည်း ဗိုင်းရပ်စ်သတ်တဲ့ ပရိုဂရမ်တွေထဲမှာ နာမည်ကြီးတဲ့ ဆော့ဝဲလ်ကောင်းတမျိုးပါပဲ.. အရင်တုန်းက ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် လိုက်ရှာဖူးပါတယ်.. သူ့အတွက်ရလာတဲ့ Crack တို့ ၊ Activator တို့က ရှာလို့တော့တွေ့တယ်..။ ဒီကောင်လေးတွေကို ဖူးသုံးလို့ ရအောင် လုပ်မပေးနိုင်ပါဘူး..။ ဒါကြောင့် တောင်းတဲ့လူရှိခဲ့ပေမယ့် ကျနော်တင်မပေးတာပါ.. အခုဒီ User Name နဲ့ Password တွေကျတော့ ကျနော်စမ်းသုံးကြည့်တာ အဆင်ပြေနေလို့.. ကျနော့်စက်မှာ Install ထည့်ထားပြီးသားကို ပြန်ထုတ်ပြီး.. အစအဆုံး ပုံလေးတွေနဲ့ လုပ်တတ်၊ အသုံးပြုတတ်အောင်  ပြန်ပြပေးထားပါတယ်..။ လုပ်ရတာတော့ မခက်ပါဘူး.. အားလုံကို အစအဆုံးပြပေးထားလို့ ပုံတွေတော့ နည်းနည်းများပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ မူရင်းဆိုဒ်မှာ သွားဒေါင်းယူလိုက်ပါဗျာ.. User Name နဲ့ Password ကိုလည်း ဒေါင်းလော့လင့် နေရာကနေ သွားယူနိုင်ပါတယ်..။
မိမိတို့ ကြိုက်နှစ်သက်တဲ့ ဆော့ဝဲလ်ကို အောက်ကလင့်ကနေ မူရင်းဆိုဒ်မှာ သွားရွေးပြီး ဒေါင်းယူလိုက်ပါဗျာ..


ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..။


မူရင်းဆိုဒ်ကို ရောက်ရင် အောက်ကပုံအတိုင်း မိမိတို့အလိုရှိတဲ့ ကောင်လေးကို ရွေးပြီး ဒေါင်းယူလိုက်ပါ.. ကျနော်ကတော့ ESET NOD32 Antivirus ကို ဒေါင်းယူပြီး လုပ်ပြထားပါတယ်..



အပေါ်ပုံအတိုင်း ဒေါင်းလို့ရပြီဆိုရင် သူ့ရဲ့ ဒေါင်းလော့ဒါလေးကို မူရင်းဆိုဒ်က ချပေးပါလိမ့်မယ်.. အဲ့ဒါလေးကို စက်ထဲမှာ Install ထည့်ပေးလိုက်ရင် မိမိတို့ ရွေးလိုက်တဲ့ အမျိုးအစားကို ဒေါင်းပေးမှာ ဖြစ်ပါတယ်.. အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။


အပေါ်ပုံအတိုင်းပဲ ဖွင့်ဖွင့် ၊ အောက်ကပုံအတိုင်းပဲ ဒေါင်းလော့ဒါကို ၂ချက်တောက်ပြီး ဖွင့်ဖွင့် ဒီကောင်လေးကို Install ထည့်ပေးရမှာပါပဲ.. မိမိတို့ လုပ်တတ်သလို လုပ်ပါ..



အပေါ်ပုံမှာတော့ အရင်သုံးနေတဲ့ ဗိုင်းရပ်စ်သတ်တဲ့ ပရိုဂရမ်ကို Ignore စာသားကို ကလစ်ပြီး ကျော်သွားလိုက်ပါတယ်..။ အောက်ကပုံအတိုင်း ဒေါင်းလော့လုပ်ပေးပါလိမ့်မယ်..



အပေါ်ကပုံတွေအတိုင်း ဒေါင်းလော့ပြည့်သွားရင် အောက်ကပုံအတိုင်း ဒီကောင်လေးကို Install ထည့်လို့ ရသွားပါပြီ.. အောက်ကပုံတွေအတိုင်း အဆင့်ဆင့် လုပ်သွားလိုက်ပါ..။





Install ပြီးသွားရင် Finish ပေးလိုက်ပါ..။ ပြီးရင်တော့ အောက်ကပုံအတိုင်း Product Activation ကနေ User name နဲ့ Password ကို သွားထည့်ပေးပါ..။


အောက်ကပုံအတိုင်း ပေါ်လာရင် User Name / Password ပါတဲ့ အလယ်က စာကြောင်းကို ကလစ်ပြီး Next နှိပ်ပါ..။ 


အောက်ကပုံအတိုင်း ဆက်ပေါ်လာရင် ကျနော် Notepad နဲ့ ထည့်ပေးထားတဲ့ User Name နဲ့ Password ကို copy-paste နဲ့ အောက်ကပုံအတိုင်း ထည့်ပေးလိုက်ပါ.. ကျနော်ကတော့ Notepad ထဲမှာ ရှိတဲ့ အောက်ဆုံးက Date နောက်ဆုံးကို ထည့်ပေးလိုက်ပါတယ်..။ ပြီးရင်တော့ Activate ကိုနှိပ်ပါ..။


အပေါ်က ဘောက်စ်လေး ပျောက်သွားပါလိမ့်မယ်..။ အောက်ကပုံအတိုင်း ဒီကောင်လေးကို သွားပြန်ဖေါ်ထုတ်ပြီး Update လုပ်၊ Smart Scan နဲ့ ဗိုင်းရပ်စ်သတ်လို့ ရသွားပါပြီ..



အပေါ်ပုံအတိုင်း ၂ချက်တောက်ပြီး ဖွင့်လိုက်ရင်လည်း ဒီကောင်လေး တန်းပေါ်လာပါလိမ့်မယ်.. အောက်ကပုံတွေအတိုင်း Update လုပ်ပြီး .. Scan စစ်ပေးလို့ ရသွားပါပြီ..




အပေါ်ပုံအတိုင်း  Update ပြည့်သွားရင် အောက်ကပုံအတိုင်း Scan စပြီး စစ်လို့ ရပါပြီ..



ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်သွားပါပြီ.. နောက်ပိုင်း ဒီကောင်လေးအတွက် User Name နဲ့ Password တွေ ထပ်ရလာရင် တင်ပေးပါအုန်းမည်.. အားလုံးပဲ အဆင်ပြေကြပါစေ..

3 comments:

  1. အစ်ကို လွင်မင်းရေ ကျေးဇူးအရမ်းတင်ပါတယ်ဗျာ။

    ReplyDelete
  2. ဆရာ လွင်မင်းဗိုလ်ရေ အရမ်းကိုကျေးဇူးဗျ။ ပထမ အရင် ကျနော် Install လုပ်ကြည့်တာ အဆင်မပြေဘူး။Username And
    Passward ကို ထည့်ကြည့်တာ Activite တော့ဖြစ်တယ် ဒါပေမယ့် Update လုပ်ကြည့်တာ ဟာဘာလို့ မရတာလဲ၊ Username and Passward ပြန်တောင်းတယ် ..မအိုကေဘူး...အဲဒါနဲ့ ပြန်ဖြုတ်လိုက်တယ်။
    ဒါနဲ့ ကျနော် အကိုချိတ်ထားတဲ့ လင့်ကနေ Downlad ဆွဲပြီးတော့ Install လုပ်ကြည့်တော့ ဟာ ပုံမှာပြထားတာ ESET Not Antivirus 5 ကျနော် ဒေါင်းထားတာက ESET Not Antivirus 6 ဖြစ်နေတော့ ရပါမလား..ဟာဒုက္ခဘဲ..
    မထူးပါဘူး Install လုပ်ပြီးတော့ Username and Passward ကိုထည့်ကြည့်တာ ok သွားတယ်..
    ဒါနဲ့ Update လုပ်ကြည့်တာ ရသွားတယ် ဆရာရေ... Scan လည်း Good သွားပြီ။ သုံးလလောက် သုံးပြီးရင် ဘယ်လိုဆက်သုံးရမလဲ ဆိုတာကိုနောက်မှ မေးတော့မယ်.. Username and Passward ကို ပြန်ထည့်ပြီးရရင်တော့ Good ပြီဆရာရေ..ကျနော် ဒီဟာလေးကို အရမ်းကြိုက်လို့ပါ။ ဆရာ ကျေးဇူးတင်တာထက် စကားလုံးရှီရင် ပြောလိုက်ချင်ပါတယ်။

    ReplyDelete
  3. Username နဲ့  Passward နောက်ဆုံးUpdate လေးတင်ပေးပါအုံး

    ReplyDelete

Related Posts Plugin for WordPress, Blogger...