Picture Collage Maker Pro 3.3.7.3600

Picture Collage Maker ဆိုတဲ့အတိုင်း မိမိတို့ရဲ့ ပုံလေးတွေကို စိတ်ကြိုက် ဒီဇိုင်းမျိုးစုံ ဖန်တီးပြီး သုံးလို့ရတဲ့အတွက် အားလုံးပဲ အကြိုက်တွေ့လိမ့်မယ် ထင်ပါတယ်..။ နောက်ခံဒီဇိုင်းမျိုးစုံ ၊ ဖရိန်မျိုးစုံကို မိမိတို့ ပုံလေးတွေ တပုံမက အများကြီး ထည့်ပြီး JPEG ဓါတ်ပုံဖေါ်မတ်နဲ့ ထုတ်ယူလို့ ရသလို.. မိမိတို့ ကွန်ပျူတာ Desktop မှာလည်း မိမိတို့ ဖန်တီးထားတဲ့ နောက်ခံဖရိန်ပုံလေးတွေကို Wallpaper အဖြစ်ပါ တခါတည်း ထုတ်သုံးလို့ ရတဲ့အတွက် ကျနော်လည်း သဘောကျတဲ့ ကောင်လေးပါ..။ ဖရိန်ဒီဇိုင်းမျိုးစုံပါတဲ့ အတွက် စိတ်ကြိုက်ရွေးပြီး အသုံးပြုလို့ ရအောင် အောက်မှာ ဖရိန်လေးတွေကို ပြပေးထားပြီး.. ဒီကောင်လေးအတွက် ဖူးသုံလို့ရမယ့် Key လေးကိုပါ Notepad လေးနဲ့ ထည့်ပေးထားပါတယ်.. အသုံးပြုပုံကို ပုံလေးတွေနဲ့ အစအဆုံး လုပ်တတ်အောင် ပြပေးထားပါတယ်..။ သွက်လက်တဲ့ လူတွေအတွက် အသုံးပြုပုံကို မလိုအပ်ပေမယ့်.. ကွန်ပျူတာကို ကျွမ်းကျင်စွာ အသုံးမပြုတတ်သေးတဲ့ သူများအတွက်တော့ ဒီကောင်လေးကို တခါတည်း အသုံပြုတတ်သွားအောင်လို့ ကျနော် ပုံလေးတွေနဲ့ နားလည်လွယ်အောင် လုပ်ပြပေးထားပါတယ်.. နောက်တခုက ကျနော်တင်ပေးထားတဲ့ ဘယ်ပိုစ့်ကိုပဲ ကြည့်ကြည့် ပုံတွေကိုပဲ ကြည့်တာမျိုးမဟုတ်ပဲ.. စာတွေပါ လော့လာဖတ်ပေးဖို့ လိုပါတယ်.. တချို့နေရာတွေမှာ ပုံတွေနဲ့ ပြပေးမှ အဆင်ပြေ၊ နားလည်နိုင်သလို တချို့နေရာတွေကျတော့ စာတွေလိုက်ဖတ်ပေးမှ နားလည်သဘောပေါက်မှာပါ..။ ဒါကြောင့်မို့ စာရော၊ ပုံရော တွဲပြီး လေ့လာမယ်ဆိုရင် မြန်မြန်ဆန်ဆန် လုပ်တတ်ကိုင်တတ်မှာ သေချာပါတယ်.. အခုဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 72.8 MB ရှိပါတယ်.. ကျနော့် Blog ညာဘက်အခြမ်း အပေါ်ဆုံးမှာ လင့်ချိတ်ပေးထားတဲ့ ဖိုင်တွေ ဒေါင်းလော့ချနည်းပိုစ့်အတိုင်း ဒီဖိုင်ကို ဒေါင်းယူရမှာပါ..
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..



ကျနော်က ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ အောက်ကပုံအတိုင်း လုပ်သွားပါတယ်..


ဒီိအောက်က ၂ပုံကတော့ ဖရိန်တွေ အများကြီးပါတယ်ဆိုတာကို သိရအောင်လို့ ပြပေးထားတာပါ.. နောက်ထပ် အများကြီး ရှိပါသေးတယ်.. မိမိတို့ကိုယ်တိုင်သာ Template Category စာသားအောက်ကနေ တခုချင်းစီနှိပ်ပြီး လိုက်ရှာကြည့်ပါ..။



စိတ်ကြိုက် ဖရိန်တခု ရွေးပြီးရင်တော့ အပေါ်ပုံအတိုင်း Load ကိုနှိပ်ပါ.. ပြီးရင်တော့ အောက်ကပုံအတိုင်း အဆင့်ဆင့် နှိပ်ပြီး Notepad ထဲကသူ့ရဲ့ Key လေးကို ထည့်ပေးလိုက်ပါ..



အပေါ်ပုံအတိုင်း Successfully ဆိုရင်တော့ ဖူးဖြစ်သွားပါပြီ.. OK ပေးလိုက်ပါ..။ ဒါဆိုရင်တော့ ကျနော်ယူလိုက်တဲ့ ဖရိန်လေး အောက်မှာ ရောက်လာပါပြီ..


ဒီအောက်ကတော့ တခြား ဖရိန်တခု ပြောင်းယူထားပြီး လုပ်ပြပေးထားပါတယ်..။


မိမိတို့ အသုံးပြုချင်တဲ့ ထည့်ချင်တဲ့ မိမိတို့ ရဲ့ ပုံလေးတွေကို ဒီအောက်က ပြထားတဲ့ Drop Photo Here ဆိုတဲ့ နေရာတွေမှာ မောက်စ်မျှားကို တင်ပြီး တချက်ကလစ်ပါ..။ အောက်မှာပြထားတဲ့ ပေါ်လာတဲ့ မောက်စ်ပုံလေးအတိုင်းမှာ ၂ချက်တောက်လိုက်ရင် ဘောက်စ်တခု ထပ်ပေါ်လာပါလိမ့်မယ်..။


အောက်ကပုံအတိုင်း မိမိတို့ လိုချင်တဲ့ ပုံတပုံကို ရွေးပြီးထည့်ပါ..


ပြီးရင် ရောက်လာတဲ့ ပုံက အံဝင်ခွင်ကျ မဖြစ်တဲ့အတွက် ဒီအောက်က မျှားပြထားတဲ့ ပုံအတိုင်းCrop Photo ကနေ သွားပြီး ပြင်ယူလို့ ရပါတယ်.. ဆက်ကြည့်လိုက်ပါဗျာ..


Crop Photo တူးကို ဖွင့်လိုက်ရင် အောက်ကပုံအတိုင်း အရင်မြင်ရမှာပါ.. ဒါကတော့ မိမိတို့ တစိတ်တပိုင်းပဲ လိုချင်ရင် ဒီအောက်ကပုံအတိုင်း မောက်စ်နဲ့ ဟိုဘက်ဒီဘက် ရွေ့သွားလိုက်ပါ.. စိတ်ကြိုက်ဖြစ်ရင် ညာဘက်အောက်က Crop ကိုဆက်နှိပ်လိုက်ပါ..။


အောက်ကပုံအတိုင်း ပုံအပြည့်ယူမယ်ဆိုရင်တော့ အောက်က ပုံမှာပြထားတဲ့အတိုင်း Reset Crop ကနေ Crop ကိုဆက်နှိပ်ပါ..။


ဒါဆိုရင် ဒီအောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်..။ အဲ့ဒီမှာလည်း ပုံက အောက်မှာပြထားတဲ့ အတိုင်း နေရာမကျသေးပါဘူး.. စိတ်တော့ ရှည်ရပါမယ်.. အဆင်ပြေမယ့် နေရာ ဒေါင့်တခုခုကနေ အောက်ကပုံအတိုင်း အတွင်းဘက်ကို ဖြည်းဖြည်းချင်း ဆွဲသွင်းပေးပါ..။                                                                                                     


အောက်ကပုံအတိုင်း စိတ်ကြိုက်ဖြစ်ရင်တော့ အပေါ်အောက်ကို မောက်စ်မျှားပြထားတဲ့ အတိုင်း ရွှေ့ယူလို့ ရပါတယ်..


အောက်ကပုံတွေမှာတော့ တခြား ပုံထည့်ရမယ့် နေရာတွေမှာပါ ပုံတွေကို ထည့်ပြီးရင် မိမိတို့ အပေါ်က ပေါ်ချင်တဲ့ ပုံလေးကို အောက်ကမျှားပြထားတဲ့အတိုင်း သွားရွှေ့ပေးလိုက်ပါ.. အောက်က ၂ပုံမှာ ယှဉ်ကြည့်လိုက်ပါ..



အပေါ်ပုံမှာ စိတ်ကြိုက် ပုံတွေကို နေရာချပြီးသွားရင် ကြိုးအစိမ်းရောင်တွေ ပျောက်ဖို့ ပုံမရှိတဲ့ တခြားနေရာလွတ်မှာ မောက်စ်မျှားကိုတင်ပြီး တချက်ကလစ်လိုက်ရင် အောက်ကပုံအတိုင်း ကြိုးအစိမ်းတွေ ပျောက်သွားပါလိမ့်မယ်.. ပြီးရင်တော့ သိမ်းဖို့ အတွက် File နေရာကနေ သွားပြီး Save Collage as Picture ကို ကလစ်ပါ..။


ပြီးရင်တော့ မိမိတို့ ပုံလေးကို JPEG ဓါတ်ပုံဖေါ်မတ်နဲ့ သိမ်းမယ်ဆိုရင်တော့ အောက်ကပုံအတိုင်း ရှာရလွယ်အောင် Desktop မှာ ကလစ်ပြီး သိမ်းပါတယ်..။


Desktop မှာ ပေါ်နေဖို့ဆိုရင် Set Wallpaper နေရာကို ကလစ်ပြီး သိမ်းပါတယ်..


အောက်ကပုံမှာတော့ ကျနော်သိမ်းလိုက်တဲ့ Wallpaper လေးက ကျနော့်စက်ရဲ့ Desktop မှာ လာပေါ်နေပါပြီ.. ဒီပုံကို Center နေရာမှာ ကလစ်ပြီးသိမ်းပါတယ်..။ အောက်မှာတော့ နောက်တပုံပါ..။


ဒီအောက်ကတော့ နောက်ထပ် ဖရိန်နောက်တမျိုးနဲ့ လုပ်ပြထားပါတယ်..။


အောက်ကပုံအတိုင်း Set Wallpaper ပြီးရင် Title ကိုကလစ်ပြီး သိမ်းလိုက်ပါတယ်.. အောက်မှာတော့ ဒီဇိုင်းတမျိုး ပေါ်လာပါပြီ..။



အောက်ဆုံးက ပုံမှာတော့ Desktop အပြည့် Wallpaper လေး ပေါ်နေပါပြီ.. ဒီလောက်ဆိုရင် ဒီကောင်လေးကို အသုံးပြုတတ်သွားပါပြီ..။ နောက်ထပ် ကျန်နေတဲ့ Effect တွေနဲ့ ဖရိန်တွေကို မိမိတို့ ကိုယ်တိုင် လေ့လာပြီး အသုံးပြုကြပါ..။ အားလုံးပဲ မိမိတို့ ပုံလေးတွေနဲ့ လုပ်တတ်ကိုင်တတ်ပြီး ပျော်ရွှင်နိုင်ကြပါစေဗျာ..

8 comments:

  1. ကျေးဇူကမ္ဘာဘဲနော် ဒေါင်ယူသွာပါတယ်နော်

    ReplyDelete
  2. အကိုရေ... ကျေးဇူးပြုပြီး တစ်ခုလောက်ကူညီတောင်းချင်ပါတယ်
    ကျွန်တော် blog မှာ You might also like ထည့်လို့မရဘူးဖြစ်နေတယ်ခင်ဗျာ
    ကျွန်တော်ထည့်တာ ဒီဆိုဒ်မှာထည့်တာပါ www.LinkWithin.com မှာပါ
    ဘယ်လိုပဲ လုပ်လုပ် လုပ်လို့မရဘူးအကို connection မကောင်းလို့လားအကို....

    ReplyDelete
    Replies
    1. You might also like ထည့်လို့မရတာ တခါတလေမှာ ကိုယ့်ဘလော့ရဲ့ Template နဲ့ အံအဝင်တာကြောင့်လို့လဲ ကြားဖူးပါတယ်.. ဒါပေမယ့် အားလုံးသော ဝဘ်ဆိုဒ်တွေမှာ ဒီ You might also like ကို အသုံးပြုလို့ ရကြပါတယ်.. ဒါကြောင့် တခြားအကောင့်အခုနဲ့ ပြန်စမ်းကြည့်ပါ.. အဆင့်တွေကို မကျော်မိစေဖို့ သေချာ လုပ်ပေးဖို့တော့ လိုပါလိမ့်မယ်.. အဆင်ပြေပါစေဗျာ..

      Delete
    2. ဟုတ်ကဲ့ အကို... အဆင်ပြေသွားပါပြီခင်ဗျာ...
      ကျေးဇူးတင်ပါတယ် အကို..

      Delete
    3. အကိုရေ ကျွန်တော့် post တွေကတော်တော်ရှည်တယ်ခင်ဗျာ
      post ခေါက်နည်းလေးရှင်းပြပေးပါလား အကို။

      အကို့ဆိုဒ် လင့်ခ်ကိုလဲ ကျွန်တော်ယူသွားပါတယ်ခင်ဗျာ..

      Delete
    4. ဒီပိုစ့်မှာ ဝင်ကြည့်ပေးပါ.. ပုံလေးတွေနဲ့ အစအဆုံး လုပ်ပြထားပါတယ်... http://lwinminbo.blogspot.com/2012/08/blogger-blog.html

      Delete
  3. ကျေးဇူးပါဗျာ...ဒေါင်းယူသွားပြီနော်..။
    ဘိုဘို...

    ReplyDelete
  4. အဆင်ပြေမယ်ဆို link ပြန်တင်ပေးပါလားဗျ

    ReplyDelete

Related Posts Plugin for WordPress, Blogger...