Portables Photoshop CS1,2,3,4,5

 18 October 2012 09:44
freedomboy:
အကိုေ၇..photoshop cs4 လေးရှိရင် တင်ပေးစေချင်ပါတယ်။ ကျေးဇူးတင်လျက်။
22 Nov 12, 10:52 PM
ဇော်မင်းဦး:
အကိုရေ.... photoshop cs5 ဆော့လ်ဝဲလေး တင်ပေးပါ့လား... ထည့်ပုံထည့်နည်းနဲ့တကွ တင်ပေးပါနော်... အကို့ကိုဘဲ လေးစားအားကိုးမိတယ်
27 Nov 12, 02:02 AM
ဂျစ်တူး:အစ်ကို Photoshop CS5 Portable ကို Full version ဖြစ်အောင်လုပ်လို့ရတဲ့နည်းရှိရင် မျှဝေပါဦး လို့တောင်းဆိုပါရစေ Cs 6 full version လုပ်တဲ့ဟာတော့ ဒီထဲမှာတွေ့တယ်ဗျာ့ ကွန်မကောင်းတော့ အဆင်မပြေနိုင်လို့ပါ
28 Nov 12, 10:11 PM
m.zawko:
အကိုရေ ကျနော် photoshop cs3 လေးတင်ပေးပါအုံး တင်ထားတဲ့ sc3 ကဒေါင်းလို့မရဘူး အကို့စေတနာကိုလေးစားပါတယ် အကိုကျမ္မာပါစေလို့ နေတိုင်းဆုတောင်းနေပါတယ်
Photoshop CS1,2,3,4,5 Portable လေးတွေကို စုစည်းပြီး ပြန်လည်တင်ပေးလိုက်ပါတယ်..။ Cbox နဲ့ comment တွေမှာ တောင်းထားတာလေးတွေပါ.. ရတဲ့အချိန်လေးမှာ ဖြေးဖြေးချင်း Upload တင်နေရတာ ဖြစ်လို့ နည်းနည်းတော့ ကြာသွားပါတယ်.. Rapidshare ဆိုဒ်မှာ ကျန်ခဲ့တဲ့ ၃၊၄ရက်က သူ့ဆိုဒ်ကို Update ပြန်လုပ်ထားတာဖြစ်လို့ အဲ့ဒီဆိုဒ်မှာ အရင်တင်ပေးထားတဲ့ ဖိုင်တွေ၊ ဆော့ဝဲလ်တွေကို ဒေါင်းယူလို့ မရတော့ပါဘူး.. ဒါကြောင့် အရင်ပိုစ့်တွေမှာ တင်ပေးထားတဲ့ တချို့ဆော့ဝဲလ်တွေကို လိုအပ်တဲ့သူများကတော့ Cbox မှာဖြစ်စေ၊ Comment မှာဖြစ်စေ ရေးခဲ့ပေးပါ.. ပြန်လည် တောင်းဆိုနိုင်ပါတယ်..။ ကျနော်အချိန်ရတာနဲ့ ပြန်လည်တင်ပေးထားပါမယ်.. အခုဒီ Photoshop portables လေးတွေကတော့ ၂ချက်တောက်ပြီး စက္ကန့် ၇၀၊၈၀ လောက် စောင့်နေပြီးရင် ပေါ်လာပါလိမ့်မယ်.. အဲ့ဒါဆို အသုံးပြုလို့ ရသွားပါပြီ.. တချို့က Portable ဆော့ဝဲလ် ဆိုတာကို သေသေချာချာနားမလည် ကြတော့ Full မဖြစ်ဘူးလို့ ထင်နေကြတဲ့သူများလည်း ရှိတာမို့ နည်းနည်းတော့ ရှင်းပြချင်ပါတယ်.. Portable ဆော့ဝဲလ် ဆိုတာက Full ဖြစ်ပြီးသား ဆော့ဝဲလ်တွေပါပဲ.. ၂ချက်တောက်ပြီး တန်းသုံးလို့ ရတဲ့.. Next တို့၊ Finish တို့၊ နှိပ်ဖို့မလိုတဲ့.. Serial Keys တွေ Patch တွေ၊ Crack တွေ ထည့်ပေးဖို့ မလိုတော့တဲ့ ဆော့ဝဲလ်မျိုးကို Portable ဆော့ဝဲလ်လို့ ခေါ်ပါတယ်.. နောက်ပြီး မိမိတို့ကွန်ပျူတာမှာမသုံးပဲ.. အင်တာနက်ဆိုင်ကလိုမျိုး ကွန်ပျူတာတွေမှာ အသုံးပြုချင်တဲ့အခါ မိမိတို့ရဲ့ USB Flash Drive ထဲ ဒီ Potable ဆော့ဝဲလ်တွေကို ထည့်ပြီး၊ ယူသွားပြီး အလွယ်တကူ ဖွင့်သုံးလို့ ရပါတယ်.. မိမိတို့ရဲ့ USB ကိုဆွဲဖြုတ်လိုက်တာနဲ့ အဲ့ဒီစက်ထဲမှာ ဘာဆော့ဝဲလ်မှ မကျန်ခဲ့တော့ပါဘူး.. မိမိတို့ရဲ့ USB Drive ထဲမှာ မိမိတို့ရဲ့ Portable ဆော့ဝဲလ်တွေ အားလုံးပါလာပြီးသားပါ.. အဲ့လိုမျိုး သယ်သွား၊ သယ်လာ အလွယ်သုံးလို့ရလို့ Potable လို့ခေါ်တာပါ.. ဒီလောက်ဆိုရင် မသိသေးတဲ့သူများကတော့ Portable ဆော့ဝဲလ် ဆိုတာကို သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်.. အခုဒီ Photoshop Portables လေးတွေကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်တွေကလည်း သိပ်မများပါဘူး..

အရင်ဒေါင်းလော့လင့်တွေ ပျက်သွားပြီဖြစ်လို့ နောက်ထပ်  ပြန်တင်ပေးထားတဲ့ ဒေါင်းလော့လင့်တွေပါ အောက်မှာ ဒေါင်းယူလိုက်ပါဗျာ.. အရင်ရက်ကတင်ပေးလိုက်တဲ့ ဒေါင်းလော့ချနည်း ပိုစ့်အတိုင်းပါပဲ.. ပါတ်စ်ဝါဒ့် - http://lwinminbo.blogspot.com/

Download Portables Photoshop




3 comments:

Related Posts Plugin for WordPress, Blogger...