Wondershare DVD Slideshow Builder Deluxe (Portable=Russia) (Setup=English) - Video Editing အခြေခံ


 ချစ်ဦး သူ  25 November 2012 18:30
အကို ရေ ကျွန်နော် နာမည် သီဟ ပါ ။ကျွန်နော် လိုချင်တာလေး တခုရှိလို့ပါ။ သီချင်းကနေပီတော့ mP4 သီချင်းလေး လုပ်ချင်လို့ပါ အကို အဲဒီဆော့ဝဲလ်လေး တင်ပေးပါလားနော် အကို ဓါတ်ပုံလေး ထည့်ပီစာလေး တွေပါ ထည့်ချင်တာပါ အကို အကို တင်ထားတာ က ကျွန်နော် သုံးလို့မတတ်ဘူး အရမ်းခက်တယ် ကျွန်နော် ကို လွယ်လွယ်လေးတင်ပေးပါလားနော် အကို
ကေးဇူးပါ အကို နေကောင်းပါစေနော် THIHAHTAYAUNG@GMAIL.COM ကပါ အကို ရေ

Reply
Replies
    lwinminbo 26 November 2012 20:54
 
 ကိုသီဟရေ. ပြောသလောက်မလွယ်ပါဘူး. အဲ့ဒီလို လုပ်တဲ့ ဆော့ဝဲလ်တိုင်း အသုံးပြုရတာ ခက်ပါတယ်.. စသင်ခါစ သူများအတွက် ခက်လွန်းနေလို့ မတင်ပေးတာပါ.. ကျနော်တခြား ဆော့ဝဲလ်တွေ ထပ်ရှာထားပါမယ်.. အသုံးပြုရလွယ်တာလေးတွေ ဆိုရင်တော့ တင်ပေးသွားပါမယ်..
    Min Aung Latt  27 November 2012 08:15
  အောက်က လင့်မှာ ပါတဲ့ software လေးက သူငယ်ချင်း ဖြစ်ချင်တဲ့ ပုံစံမျိုး အားလုံးလုပ်လို့ရတယ်.. လုပ်ကြည့်လိုက်ပါခင်ဗျာ..
    http://download.wondershare.net/dsb-deluxe_full965.exe
26 Nov 12, 01:21 PM
zaw:
Video Editing Programs မြန်မာစာတန်းထီုးရတဲ့ဆော့ဝဲလ်နဲ့ လုပ်နည်လေးရှိရင်တင်ပေးပါခင်ဗျာ ကျွန်တော်ဝါသနာပါလို့ပါ အကူညီပေးမဲ့သူမရှိလို့ပါ ကျေးဇူးတင်ပါတယ်...
2 Dec 12, 09:37 PM
zaw:
Video Editing Programs နဲ့ပတ်သတ်တဲ့ ဆာ့ဝဲလ်လေးတွေ တင်ပေးပါလို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ.. ဆရာတယောက်လိုလေးစားပါတယ် ကျေးဇူးလဲတင်ပါတယ် အမြဲတမ်းကျန်းမာပြီး ပို့တွေမျဝေနိုင်ပါစေ.....
တောင်းတဲ့လူများလွန်းလို့ အရင်တုန်းက တောင်းထားတဲ့ စာတွေပြန်ရှာမရတော့ပါဘူး.. အခုပြန်ရှာလို့တွေ့တဲ့ Cbox နဲ့ Comment နေရာတွေက ရှာလို့တွေ့သလောက် ပြန်လည်ဖေါ်ပြပေးလိုက်တာပါ.. ဟိုးအရင်တုန်းကတည်းက တင်ပေးချင်ပေမယ့် ဒီလိုလွယ်လွယ်သုံးလို့ ကောင်းတဲ့ ဆော့ဝဲလ်မျိုးနဲ့ မကြုံကြိုက်ခဲ့ပါဘူး.. Video Editing ဆော့ဝဲလ်တိုင်း အသုံးပြုရခက်တာချည်းပါပဲ.. စသင်ခါစသူများအတွက် လွယ်ကူမယ့် ကောင်လေးတွေကို လိုက်ရှာရင်းနဲ့ ကျန်ခဲ့တဲ့တပါတ်က Comment မှာ ကို Min Aung Latt (27 November 2012 08:15) ကဒီဆော့ဝဲလ်ရဲ့လင့်လေးကို ပြန်လည်မျှဝေပေးခဲ့လို့ အားလုံးအတွက် အသုံးပြုရလွယ်တဲ့ Video Editing ဆော့ဝဲလ်ကောင်းလေးကို ရရှိခဲ့ပါတယ်..။ ကျနော်စမ်းသုံးရင်း တခြား Video Editing ပရိုဂရမ်းတွေထက်စာရင် အသုံးပြုရတာ အတော်လေးလွယ်လို့ ဒီကောင်လေးကို အခြေခံလေ့လာတဲ့ စသင်ခါစသူများအတွက် လေ့ကျင့်လို့ကောင်းမယ့် ဆော့ဝဲလ်ကောင်းလေးတခုအဖြစ် ဒီနေ့ဒီပိုစ့်လေးကို တင်ပေးလိုက်ပါတယ်.. အားလုံးအတွက် မျှဝေပေးခဲ့လို့ ကို Min Aung Latt ကိုကျေးဇူးတင်ပါတယ်ဗျာ.. နောက်များမှာလည်း ဒီလို ဆော့ဝဲလ်ကောင်းလေးတွေကို ပြန်ညွှန်းပေးခဲ့ဖို့ တောင်းဆိုပါတယ်..။ အခုဒီပိုစ့်မှာ တင်ပေးထားတာ Video Editing အတွက် ဆော့ဝဲလ်ကိုပဲ တင်ပေးထားတာ ဖြစ်ပါတယ်.. ဒီဆော့ဝဲလ်နဲ့ပါတ်သက်လို့ နည်းနည်းတော့ ပြောစရာရှိပါတယ်.. ကျနော်တင်ပေးလိုက်တဲ့ Setup ဗါးရှင်းက English လိုအသုံးပြုလို့ ရပါတယ်.. ဒါပေမယ့် Full သုံးလို့မရပါ.. သူ့အတွက် ထည့်ပေးထားတဲ့ Keygen နဲ့ရက်၃၀လျှော့သွားရင် ရက်၃၀ ပြန်ဖြည့်လို့ ရပါတယ်..။ နောက်တခု Portable ဗါးရှင်းကတော့ Full သုံးလို့ရပြီး English လိုမဟုတ်ပဲ Russia ဘာသာနဲ့ပဲ အသုံးပြုလို့ရပါတယ်.. အဲ့တော့ကျနော်က English ဘာသာနဲ့ပေါ်တဲ့ Install ဗါးရှင်းမှာ Video Edit ကိုပြင်ဆင်ပြီး Save Project နဲ့သိမ်းလိုက်ပါတယ်..။ ပြီးမှ Russia ဘာသာနဲ့ Portable ဗါးရှင်းမှာ ပြန်ထည့်ပြီးမှ Video Edit လုပ်ပြီးသားကို Video Slide Show ထုတ်လိုက်ပါတယ်.. ဒီလိုဆော့ဝဲလ် ဗါးရှင်း၂ခုပေါင်းပြီးသုံးမှ အဆင်ပြေသွားပါတယ်..။ Portable ဗါးရှင်းမှာ Russia ဘာသာကိုနားလည်ရင် (ဒါမှမဟုတ်) Functions တွေကို အလွတ်လုပ်တတ်သွားရင်တော့ English ဗါးရှင်းမလိုတော့ပါဘူး.. Portable တခုတည်းနဲ့ အဆင်ပြေပါတယ်.. အလွတ်မမှတ်မိသေးရင်တော့ (English) Install ဗါးရှင်းနဲ့ (Russia) Portable ဗါးရှင်းကို တွဲပြီးအသုံးပြုမှ အဆင်ပြေပါလိမ့်မယ်..။ ကျနော်အခု ဒီလိုလုပ်ပြထားပါတယ်.. အောက်က Video က Install (English) ဗါးရှင်းနဲ့ ထုတ်ထားတာဖြစ်ပြီး.. အပေါ်က Video က English ဗါးရှင်းနဲ့ လုပ်ထားတဲ့ Save Project ဖိုင်ကို Portable (Russia) ဗါးရှင်းထဲမှာ ပြန်သွင်းပြီး Video Slide Show ထုတ်ထားတာပါ.. ဒီ Video ၂ခုကို ယှဉ်ကြည့်လိုက်ရင် Install ဗါးရှင်းနဲ့ Portable ဗါးရှင်း ကွာခြားချက်ကို တွေ့ရပါလိမ့်မယ်.. နောက်ပြီး ဖိုင်တခုစီမှ 30 MB ကျော်စီပဲရှိတဲ့အတွက် ၂ခုတွဲသုံးလို့လည်း အဆင်ပြေပါတယ်.. တခြား Video Editing ပရိုဂရမ်တွေက 1 GB နီးပါးကနေ၊ 2 GB ကျော်ထိရှိတတ်ပါတယ်.. အဲ့လိုဖိုင်ဆိုဒ်ကြီးတာတွေကို  ကျနော်ပြန်တင်ပေးဖို့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး.. ဒီကောင်လေးကတော့ 30 MB ကျော်ပဲ ရှိတဲ့အတွက် အခုဖိုင်တွေပျက်သွားရင်လည်း ပြန်တင်ပေးရတာ လွယ်ပါတယ်.. နောက်ပြီမြန်မာစာ ရေးထည့်လို့လည်း အဆင်ပြေတဲ့အတွက် အားလုံးပဲ သဘောကျမှာပါ.. နောက်ရက်တွေမှာ ဒီကောင်လေးရဲ့ အသုံးပြုပုံကို ပိုစ့်ထပ်တင်ပေးပါအုန်းမယ်..။ အခုတော့ ဒီဆော့ဝဲလ်၂ခုစလုံးကို ဒေါင်းယူထားလိုက်ပါဗျာ..


ဒေါင်းလော့ယူရမယ့် နည်းကတော့ မနေ့က တင်ပေးထားတဲ့ ဒေါင်းလော့ချနည်း ပိုစ့်အတိုင်းပါပဲ.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ...
Animated Screensaver Maker ဆော့ဝဲလ်လေးကို (Fullမရသေးပါ) တောင်းထားတဲ့လူရှိလို့ စမ်းသုံးရင်း Screen Video ရိုက်ပြီး အခုလို Video Edit နဲ့ ပြန်လည် ဖြတ်ဆက်၊ လုပ်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်.. အခုတင်ပေးလိုက်တဲ့ ဒီ Wondershare DVD Slideshow Builder Deluxe နဲ့လုပ်ထားခြင်းဖြစ်ပါတယ်.. နောက်ရက်တွေမှာ ဒီကောင်လေးကို အသုံးပြုနည်း ပိုစ့်တင်ပေးပါအုန်းမည်.. ဒီကောင်လေးကို အသုံးပြုတတ်သွားရင် တခြား Video Editing ပရိုဂရမ် အကြီးကြီးတွေပါ အသုံးပြုတတ်သွားပါလိမ့်မယ်.. ဒေါင်းယူပြီး စမ်းသုံးကြည့်ကြပါလေ..

Download

4 comments:

  1. အကိုရေ link ကသေနေပါပြီ။နောက်တစ်ခေါက်ပြန်တင်ပေးပါနော်.. အရင်သုံးနေကျပါ။ ကျေးဇူးပြုပြီးတော့ ပြန်တင်ပေးပါနော်။

    ReplyDelete
  2. အကိုရေ တခုလောက်မေးချင်လို.ပါ... slideshow လုပ်ပြီးလို. ပြန်ဖွင်.ကြည်.တော. screen အပေါ်မှာ (wondershare dvd slideshow builder ) ဆိုတဲ. စာတန်းပေါ်နေလို.ပါ ...ပျောက်သွားအောင် ဘယ်လိုလုပ်ရပါ.မလဲဗျာ...ကျေးဇူးပါနော် ...

    ReplyDelete
    Replies
    1. Wondershare dvd slideshow builder ဆိုတဲ့ စာသားပျောက်ဖို့ကို Portable (Russia ဗါးရှင်းနဲ့) Save မှ အဆင်ပြေမှာပါ. ဒီပိုစ့်မှာလည်း လုပ်နည်းကို အစအဆုံး ရေးပေးထားပါတယ်. ပြန်ဖတ်ကြည့်လိုက်ပါအုန်းဗျာ..။ ဒီပိုစ့်မှာ ဒေါင်းလော့လင့်တွေ ပျက်နေရင်တော့ ကျနော်ပြန်တင်ပေးထားတဲ့ (ဒီလင့်မှကလစ်ပြီးဝင်သွားလိုက်ပါ) ပျက်သွားသော ဒေါင်းလော့လင့်မှဖိုင်များ ပြန်တင်ပေးလိုက်ပါပြီ ပိုစ့်မှာ ပြန်ရှာကြည့်လိုက်ပါဗျာ.။ သိပ်မကြာခင်ကမှ တင်ပေးထားလို့ လင့်တွေရှိနေအုန်းမှာပါ..။

      Delete
    2. အကိုရေ အဆင်ပြေသွားပါပြီဗျာ ...ကျေးဇူးအရမ်းတင်ပါတယ်...အကို.ဆိုဒ်ကို အမြဲအားပေးနေလျက်ပါ ...အကို နေကောင်းပါစေဗျာ...

      Delete

Related Posts Plugin for WordPress, Blogger...