FotoSketcher Setup and Portable 2.41 Final


ဒီကောင်လေးက မိမိတို့ရဲ့ ပုံလေးတွေကို အပေါ်ကပုံလိုမျိုး ခဲခြစ် ပန်းချီလိုလို၊ ရေဆေး၊ ဆီဆေး ပန်းချီလိုလို စိတ်ကြိုက်  ပုံစံလေးတွေ ဖြစ်အောင် ပြုပြင် ဖန်တီးယူလို့ ရတဲ့ ကောင်လေးပါ..။ အသုံးပြုရတာလည်း လွယ်ကူပြီး အောက်မှာ ကျနော် သုံးတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ ရပါပြီ..။ Install မဆွဲချင်တဲ့ သူများကတော့ Portable လေးနဲ့လည်း အဆင်ပြေပါတယ်..။ အောက်ကလင့်မှာ ၂မျိုးစလုံး ထည့်ပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်မှာ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ ၂ခုပေါင်း 9.8 MB ရှိပါတယ်..။ 
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..။ ဒီကောင်လေးကို Unlock Code ယူနည်း ပိုစ့်အတိုင်း ကုဒ်တွေကို ယူထည့်ပေးပြီးမှ ဒီဖိုင်ကို ဒေါင်းယူလို့ ရမှာ ဖြစ်ပါတယ်..။ 



အောက်ကပုံအတိုင်း File >> Open ကနေ မိမိတို့ ပြုလုပ်လိုတဲ့ ပုံကို သွားယူလိုက်ပါ..။



ကျနော်ကတော့ အလွယ်ပဲ တွေ့တဲ့ပုံလေးတပုံကို အပေါ်က ပုံအတိုင်း ယူလိုက်ပါတယ်..။ အောက်ကပုံအတိုင်း တန်းပေါ်လာပါလိမ့်မယ်..။ အနီဝိုင်း ပြထားတဲ့ ပုံလေးတွေ အတိုင်း ချိန်ယူရမှာ ဖြစ်ပါတယ်..။ စိတ်ကြိုက်ဖြစ်ရင်တော့ အောက်ဆုံးက Draw ကိုနှိပ်လိုက်ပါ..။ 


အောက်ဆုံးပုံလေးအတိုင်း ၂မျိုးယှဉ်ပြီး ပေါ်လာပါလိမ့်မယ်..။ Menu ဘားတန်းမှာတော့ ပြုပြင် ၊ ဖြတ် ၊ လိုတာတွေ စိတ်ကြိုက် ထပ်ထည့်ပြီး သိမ်းလို့ ရမယ့် ဟာလေးတွေပါ..။ တခြား Effect တွေလည်း အများကြီးမို့ အားလုံးကို အသုံးပြုတတ်ဖို့ ဆိုရင်တော့ အချိန်ပေးပြီး လေ့လာမှ အဆင်ပြေမှာပါ..။ ဒီဆော့ဝဲလ်လေးနဲ့ ဒီအောက်က ပုံလေးအတိုင်း ပြုပြင် ယူလို့ ရသွားပါပြီ..။ 


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...