Wondershare MobileGo 4.1.0.6 Final - Android ဖုန်းတွေအတွက် Free Games တွေနဲ့ APK ဖိုင်တွေကို ကွန်ပျူတာကနေ အလွယ်တကူ ဒေါင်းယူနည်း


ဒီကောင်လေးကတော့ အခုနောက်ပိုင်း ကျနော် အမြဲသုံးဖြစ်တဲ့ ဆော့ဝဲလ်လေးပါ..။ Android ဖုန်းတွေအတွက် Google Play Store ကနေ ဖရီးဆော့ဝဲလ် APK ဖိုင်တွေအားလုံးကို ဒီကောင်လေးနဲ့ ကွန်ပျူတာကနေ အလွယ်တကူ ဒေါင်းယူလို့ ရမှာ ဖြစ်ပါတယ်..။ လူတိုင်းလိုလို စမတ်ဖုန်းတွေ ကိုင်လာနိုင်တဲ့ အချိန်မှာ ကျနော့် သူငယ်ချင်းတွေလည်း Android ဖုန်းကိုယ်စီနဲ့ Tablet တွေ ကိုယ်စီနဲ့ ဖြစ်လာပါပြီ..။ ဖုန်းအသစ်ဝယ်တိုင်း သူငယ်ချင်းတွေက ကျနော့်စီပဲ ပြေးလာကျတော့၊ မြန်မာဖေါင့်ထည့်တာ၊ Root ဖေါက်တာ၊ APK ဆော့ဝဲလ်တွေ Install ထည့်ပေးရတာတွေများလာတော့.. ကျနော်လည်း Android ဖုန်းတွေအတွက် APK ဖေါ်မတ်နဲ့ ဖရီးဆော့ဝဲလ်တွေကို အလွယ်တကူ ရှာယူပြီး၊ သိမ်းစုထားလို့ ရမယ့်နည်းတွေကို လိုက်ရှာရပါတယ်..။ Google Play Store ကနေ APK ဖိုင်တွေကို ကွန်ပျူတာ Browser တွေကနေ ဒေါင်းယူလို့ ရမယ့်နည်းတွေ အများကြီးရှိပေမယ့် လုပ်နည်းတွေ ရှုပ်ပါတယ်..။ နောက်ဆုံးမှာတော့ ဒီကောင်လေးနဲ့ APK ဖိုင်တွေကို ကွန်ပျူတာကနေ အလွယ်တကူ ဒေါင်းယူပြီး သိမ်းထားလို့လည်း ရတဲ့အတွက် ကျနော့်အတွက် အတော်လေး အဆင်ပြေသွားပါတယ်..။ နောက်ပိုင်းမှာတော့ လူသုံးများတဲ့၊ လူကြိုက်များတဲ့ Android ဖုန်းတွေအတွက် Free Games တွေနဲ့၊ APK ဖိုင်တွေကို Google Play Store ကနေ တခါဒေါင်းယူပြီးယုံနဲ့ တခြားဖုန်းတွေကိုပါ လိုက်ထည့်ပေးလို့ ရတဲ့အတွက် ၊ Android ဖုန်းမှာ အင်တာနက်မလို၊ Gmail အကောင့် ဖွင့်ပေးဖို့ မလိုပဲ ကျနော့်အတွက် မြန်မြန်ဆန်ဆန် လုပ်ပေးလို့ ရသွားတဲ့အတွက် အတော်လေး အဆင်ပြေသွားပါတယ်..။ 
ဒီနေ့တော့ ကျနော့်အတွက် အဆင်ပြေသွားတဲ့ ဒီဆော့ဝဲလ်လေးကို အားလုံးအတွက် အဆင်ပြေအောင် ကျနော် ပြန်တင်ပေးထားပြီး.. အသုံးပြုတတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ အစ၊အဆုံးပြပေးထားပါတယ်..။ ဒီကောင်လေးကို ဖူးဖြစ်အောင် patch ဖိုင်လေးနဲ့ လုပ်ပေးရမှာ ဖြစ်ပြီး ၊ patch ထည့်နည်းကတော့ အရင်တုန်းက ပိုစ့်တွေအတိုင်းပါပဲ..။ ဆော့ဝဲလ်ကို မူရင်းဆိုဒ်ကနေ အမြဲတမ်း ဒေါင်းယူလို့ ရအောင် ဒါရိုက်လင့်နဲ့ ချိတ်ပေးထားပြီး၊ patch ဖိုင်လေးကိုတော့ သီးခြား ခွဲတင်ပေးထားပါတယ်..။ ၂-ခုလုံးကို ဒေါင်းယူပြီး ဖူးဖြစ်အောင် လုပ်ပေးရမှာပါ..။ မိမိတို့ရဲ့ ကွန်ပျူတာမှာ Android ဖုန်း အမျိုးအစားအလိုက် Drivers တွေ Install ထည့်ပြီးလို့ သိတယ်၊ ရှိတယ်ဆိုရင်တော့ ကွန်ပျူတာကနေ APK ဖိုင်တွေ ဒေါင်းယူပြီးတာနဲ့ တခါတည်း ဖုန်းထဲကို Install ထည့်ပေးလို့ ရပါတယ်..။ အဲ့လိုလုပ်နိုင်ဖို့အတွက် ဖုန်းကို USB နဲ့ ကွန်ပျူတာမှာ ချိတ်ထားရမှာ ဖြစ်ပြီး ၊ ဖုန်းရော၊ ကွန်ပျူတာမှာပါ Internet Access ရရှိဖို့ လိုပါတယ်..။ ဒါဆိုရင်တော့ APK တွေကို ဖုန်းထဲ copy ကူးဖို့ မလိုပဲ ကွန်ပျူတာကနေ ဒီဆော့ဝဲလ်နဲ့ တခါတည်း ဖုန်းထဲကို Install ထည့်ပေးလို့ ရမှာ ဖြစ်ပါတယ်..။ ကွန်ပျူတာကနေ Android ဖုန်းတွေရဲ့ Driver မသိလို့၊ မရှိလို့ ဖြစ်ခဲ့ရင်တော့ ဒီကောင်လေးနဲ့ Google Play Store ကနေ ဒေါင်းယူထားတဲ့ APK ဖိုင်တွေကို SD Card (မန်မိုရီကတ်ထဲ) copy-paste နဲ့ ထည့်ပြီး ဖုန်းထဲက File Manager ထဲကနေ ဝင်ပြီး ဒီ APK ဖိုင်တွေကို Install ထည့် အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ 
အသုံးပြုချင်တဲ့ သူများအတွက် နားလည်အောင် ရှင်းပြပေးထားလို့ စာတော့ရှည်သွားပါတယ်..။ တကယ်တော့ ဒီလိုဆော့ဝဲလ်မျိုးက ကွန်ပျူတာရှိတဲ့သူတိုင်း ဆောင်ထားသင့်တဲ့ စမတ်ဖုန်းတွေအတွက် မရှိမဖြစ် ဆော့ဝဲလ်ကောင်းလေး တခုပါ..။ လူတိုင်း စမတ်ဖုန်းတွေ ကိုင်လာနိုင်ပြီဖြစ်လို့ Android ဖုန်းတွေအတွက် APK ဖိုင်တွေကို မိမိတို့ ကိုယ်တိုင် ဒေါင်းယူ စုဆောင်းသိမ်းထားမယ်ဆိုရင် ဖုန်းပြင်ဆိုင်တွေ သွားစရာမလိုတော့ပဲ ၊ ဖုန်းဆော့ဝဲလ် APK ဖိုင်တွေ တင်ပေးနေတဲ့ ဆိုဒ်တွေ လိုက်ရှာဖို့ မလိုတော့ပဲ မိမိတို့ ကွန်ပျူတာကနေ အလွယ်တကူ ဒေါင်းယူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်..။ ဒီဆော့ဝဲလ်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 26 MB ရှိပြီး ၊ သီးခြားခွဲတင်ပေးထားတဲ့ patch ဖိုင်လေးကတော့ 150 kb ရှိပါတယ်..။



ဆော့ဝဲလ်ကို Install ထည့်ပြီးတာနဲ့ ပိတ်ပစ်လိုက်ပြီး အောက်ကပုံလေးအတိုင်း patch ဖိုင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ပေးလိုက်ရင် ဒီကောင်လေးကို အမြဲတမ်း အသုံးပြုလို့ ရသွားပါပြီ..။ patch ဖိုင် မထည့်ပေးရင်တော့ ၁၅-ရက် ဖရီး အသုံးပြုလို့ ရမှာပါ..။ 




အပေါ်က ပုံလေးတွေအတိုင်း patch ဖိုင်ထည့်ပြီးရင်တော့ ဒီကောင်လေးကို ပိတ်ပြီး အောက်ကပုံလေးအတိုင်း အသုံးပြုလို့ ရသွားပါပြီ..။ Google Play Store နေရာမှာ ကလစ်ပြီး ဖရီးဂိမ်းတွေကို အောက်ကပုံလေးအတိုင်း ဒေါင်းယူလိုက်ယုံပါပဲ..။ 


မိမိတို့ ရှာယူလိုတဲ့ ဆော့ဝဲလ်တွေကိုတော့ အောက်ကပုံလေးအတိုင်း Search မှာ နာမည်ရိုက်ထည့်ပြီး Enter နှိပ်လိုက်ရင် ပေါ်လာမှာ ဖြစ်ပါတယ်..။ ပြီးရင်တော့ ဖရီးနေရာကို ကလစ်ပြီး ဒေါင်းယူလို့ ရပါပြီ..။ 


အောက်ကပုံကတော့ ဆော့ဝဲလ်တခုကို ဒေါင်းယူနေတာပါ..။ အောက်ဆုံးဘယ်ဘက်ထောင့် Download နေရာကို ကလစ်လိုက်ရင်တော့ အောက်ကပုံအတိုင်း ဒေါင်းယူထားတဲ့ ဖိုင်တွေရဲ့ List ကို မြင်ရမှာ ဖြစ်ပါတယ်..။ 



အပေါ်ပုံမှာ အစိမ်းရောင်နဲ့ ပြထားတဲ့ နေရာမှာ ပေါ်နေတာကတော့ ဆော့ဝဲလ်ကို ဒေါင်းယူပြီးသွားလို့ ဖုန်းနဲ့ ကွန်ပျူတာနဲ့ USB ချိတ်ထားတယ်ဆိုရင်၊ Drivers တွေလည်း သိတယ်ဆိုရင်၊ စမတ်ဖုန်းမှာလည်း အင်တာနက်ဖွင့်ထားတယ် ဆိုရင် အပေါ်ကအတိုင်း ပေါ်လာမှာ ဖြစ်ပြီး.. အဲ့လိုပေါ်လာရင်တော့ Android ဖုန်းမှာလည်း Install စာသားလေး ပေါ်နေမှာ ဖြစ်ပါတယ်..။ ဖုန်းမှာ အဲ့လို ပေါ်လာတဲ့ Install နေရာကို ကလစ်ပြီး အခုဒေါင်းယူလိုက်တဲ့ APK ဆော့ဝဲလ်ကို Install ထည့် အသုံးပြုလို့ ရသွားပါပြီ..။ ဒါကတော့ ကျနော့် စက်မှာပါ..။ ဖုန်းရဲ့ Drivers မသိတဲ့ စက်တွေမှာဆိုရင်တော့ အနီရောင် စာသားတွေနဲ့ပဲ ပြနေမှာဖြစ်ပြီး ဒေါင်းယူထားတဲ့ ဖိုင်တွေကို အောက်ဆုံးပုံတွေအတိုင်း ဖွင့်ယူပြီး copy-paste နဲ့ SD Card ထဲ ထည့်၊ ဖုန်းမှာ ပြောင်းထည့်ပြီး ဆော့ဝဲလ်တွေကို File Manager ကနေ ဝင်ရှာပြီး Install ထည့် အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။
ဒီကောင်လေးက APK ဆော့ဝဲလ်တင်မကပါဘူး.. အောက်ကပုံအတိုင်း YouTube က သီချင်းတွေကိုလည်း ဒီကောင်လေးနဲ့ အလွယ်တကူ ဒေါင်းယူလို့ ရမှာပါပဲ..။ သီချင်းနဲ့ အဆိုတော် နည်မည်ရိုက်ထည့်ပြီး သီချင်းကို ဖွင့်ပြီး ဒေါင်းယူလို့ ရပါတယ်..။



APK ဖိုင်တွေနဲ့ သီချင်းတွေကို ဒေါင်းယူပြီးသွားရင်တော့ အောက်ကပုံလေးအတိုင်း ဖိုင်တခုပေါ်မှာ မောက်စ်မျှားတင်လိုက်တာနဲ့ ဖိုဒါပုံလေးပေါ်မှာ ကလစ်ပြီး ဒီဖိုင်တွေ ရှိတဲ့ နေရာကို ဝင်သွားလိုက်လို့ ရပါပြီ..။



အောက်ဆုံးပုံလေးအတိုင်း ဒီကောင်လေး ဒေါင်းယူပေးထားတဲ့ APK ဖိုင်တွေကို တနေရာတည်းမှာ အလွယ်တကူ ဝင်ယူလို့ ရသွားပါပြီ..။ ဒီဖိုင်တွေကို SD Card ထဲမှာ ပြောင်းသိမ်းထားပြီး Android စမတ်ဖုန်းတိုင်းကို ဒီဆော့ဝဲလ်တွေနဲ့ အလွယ်တကူ Install ထည့်ပေးပြီး အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးနဲ့ အတော်လေး အဆင်ပြေလောက်ပါပြီ..။ အားလုံးပဲ ပြုံးပျော်နိုင်ကြပါစေ..။

2 comments:

  1. ကျေးဇူးတင်ပါတယ် အကိုလွင် အသိတစ်ခုတိုးသွားပြန်ပြီ။

    ReplyDelete
  2. patchဖိုင်ကဒေါင်းမရဘူးအကို

    ReplyDelete

Related Posts Plugin for WordPress, Blogger...