ကျနော် Windows 8.1 စသုံးကတည်းက ဒီ LiveUpdate.exe Error ဘောက်စ်ပေါ်နေတာ ကြာပြီ..။ ၁၅ မိနစ် တစ်ကြိမ် ဒီဘောက်စ် ပေါ်လာတော့တာပဲ..။ တချို့စက်တွေမှာ ဆိုရင်တော့ တစ်မိနစ် တခါ ပေါ်လေ့ရှိတယ်..။ ဘယ်လိုပဲ ဖျက်ဖျက် ပြန်ပေါ်နေတတ်တယ်..။ အချိန်ရတဲ့ တစ်ရက်မှာတော့ ဒီ CMD နည်းနဲ့ ဖြေရှင်းလိုက်မှ အဆင်ပြေသွားတော့တယ်..။ Windows 8.1 တွေမှာမှ ဖြစ်တတ်တာမဟုတ်ပဲ Windows 8 နဲ့ Windows 7 တွေမှာလည်း ဒီလို Error တွေ ဖြစ်တတ်ပါတယ်..။
တချို့ဆော့ဝဲလ်တွေဖြစ်တဲ့ IObit ဆော့ဝဲလ်တွေနဲ့ Revo Uninstaller ဆော့ဝဲလ်တွေ သွင်းမိရင်လည်း ဒီလိုတွေ ဖြစ်တတ်ပါတယ်..။ ကျနော့်စက်မှာတော့ အရင်ဝင်းဒိုးတွေမှာ သုံးနေကျ အင်တာနက်သုံး Broadband ဆော့ဝဲလ်ထည့်ပြီး ကတည်းက ဖြစ်နေတော့တာ.. အရင်ဝင်းဒိုးတွေမှာ မဖြစ်ပဲ ဒီဝင်းဒိုးမှ လာဖြစ်နေပါတယ်..။ မသိသေးတဲ့သူများအတွက် ဖြေရှင်းဖို့ ခက်နေမှာပါပဲ.. အခုဒီနည်းကတော့ အရမ်းလွယ်ကူပြီး ထိရောက်တဲ့ ဖြေရှင်းနည်းလေးပါ..။ ကျနော့်လို LiveUpdate.exe Error ဘောက်စ် ဖြစ်ပေါ်နေတဲ့ သူများရှိလာခဲ့ရင် ဖြေရှင်းလို့ လွယ်ကူအောင်၊ ဒီနေ့တော့ ပိုစ့်တခုအဖြစ် ဒီဖြေရှင်းနည်းကို တင်ပေးလိုက်ပါတယ်..။ လုပ်နည်းကတော့ CMD (Command Prompt) မှာ SC Command စာကြောင်းလည်း ရိုက်ထည့်ပြီး ဖြေရှင်းလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ ဒီဖြေရှင်းနည်းကို အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။
အရင်ဆုံး ကျနော်တို့ ဒီ Error ပေါ်လာခဲ့ရင် ဘယ်ဖိုင်ထဲကလဲ ဆိုတာ သိရအောင် ဒီ Error ဘောက်စ်ကို မပိတ်ပဲ Taskbar မှာ အောက်ကပုံလေးအတိုင်း Right Click ထောက်ပြီး Task Manager ကနေ ဖွင့်ကြည့်နိုင်ပါတယ်..။
Processes နေရာက LiveUpd (32 bit) စာသားလေးပေါ်မှာ Right Click ထောက်ပြီး Properties နေရာကနေ ကြည့်လိုက်ရင်တော့.. အောက်ကပုံလေးတွေအတိုင်း ဒီကောင်လေး ထွက်ပေါ်လာတဲ့ ဆော့ဝဲလ်တွေရဲ့ Install ဖိုဒါလေးထဲထိ သွားရောက် ကြည့်နိုင်ပါတယ်..။ အဲ့ဒီထဲမှာ Delete နဲ့ ဖျက်ပစ်လိုက်ရင်လည်း ပြန်ပေါ်လာနေအုန်းမှာပါပဲ..။ ဒါကြောင့် CDM Command နဲ့ပဲ ဖျက်ပစ်မှ လုံးဝ ပျောက်သွားမှာ ဖြစ်ပါတယ်..။
အပေါ်ပုံကတော့ Windows 8.1 နဲ့ ပြပေးထားတာ ဖြစ်ပြီး အောက်ကပုံလေးကတော့ Windows 7 မှာ ကြည့်နည်း ဖြစ်ပါတယ်..။ ဘယ်ဝင်းဒိုးပဲ ဖြစ်ဖြစ် ကြည့်နည်းနဲ့ လုပ်နည်းက အတူတူပါပဲ..။
Windows 7 သုံးသူများကတော့ အပေါ်ကပုံလေးအတိုင်း Start ကနေ Command Prompt ကို Run as administrator နဲ့ ဖွင့်ပါ..။ Windows 8 နဲ့ 8.1 သုံးသူများကတော့ Start မှာ Right Click ထောက်ပြီး အောက်ကပုံလေးအတိုင်း CMD Command Prompt ကို ဖွင့်နိုင်ပါတယ်..။
အောက်ကပုံလေးအတိုင်း Administrator: Command Prompt လေး ပေါ်လာရင် ပုံမှာ အနီတားပြထားတဲ့ စာသားလေး (sc delete LiveUpdateSvc) ကို မှန်အောင် ရိုက်ထည့်ပါ..။ ပြီးရင်တော့ Enter တချက် ခေါက်ပေးလိုက်ပါ..။ အောက် ဒုတိယ ပုံအတိုင်း DeleteService SUCCESS စာသား ထပ်ပေါ်လာရင်တော့ Exit နဲ့ထွက်ပြီး စက်ကို Restart တခါ ချပေးလိုက်ပါ..။
စက်ပြန်တက်လာပြီးရင်တော့ ဒီ Error မျိုး နောက်မပေါ်တော့ပါဘူး..။ အပေါ်ပိုင်းမှာ ပြခဲ့တဲ့ ဒီ Error ထွက်ပေါ်လာတဲ့ ဘောက်စ်ထဲကို သွားပြန်ဝင်ကြည့်လိုက်ရင်လည်း.. အောက်ကပုံလေးအတိုင်း LiveUpd စာသားနဲ့ ကောင်လေး မရှိတော့တာကို အောက်ကပုံလေးအတိုင်း လက်တွေ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်..။
ဒီလောက်ဆိုရင်တော့ ဒီနည်းနဲ့ ဒီလို Error မျိုးကို လက်တွေ့ ဖြေရှင်းနိုင်သွားပြီ ဖြစ်ပါတယ်..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေ..။
ဆ၇ာလွင် window 8.1 မှာ partation ခွဲနည်းသင်ပြပေးပါအုံးဆ၇ာ
ReplyDeleteအပိုင်းတွေ ခွဲနည်းက Windows 7 မှာ အသုံးပြုနည်းနဲ့ Windows 8, 8.1 အတူတူပါပဲ..။ အောက်ကလင့်မှာ ပိုစ့်တင်ပေးထားပြီးသား ရှိပါတယ်..။
Deleteဒီမှာဝင်ကြည့်ပါ
ဆ၇ာလွင်ေ၇ ကျွန်တော်လိုချင်တဲ GB ပမာဏယူပြီး shrink ကိုနှိပ်လိုက်၇င် ၃မိနစ်လောက်ကြာ၇င် There is not enough space available on the disk(s) to complete this operation. ဆိုပြီးဘော့စ်တစ်ခုလာပေါ်တယ်ဗျာ ပါတေး၇ှင်းအသစ်တော့ထွက်မလာဘူး အ၇င် window 7 တုန်းကတစ်ခါခွဲတာ၇ပါတယ် စက်ကို restart ချလိုက်မှပေါ်လာတယ် ဘာဖြစ်လို့ လဲမသိဘူး
ReplyDeletei have problem with this msg ( 'Liveupdt.exe' ) after start computer .i have follow your instruction i can't find 'Liveupdt.exe' task manager under processess . help me to solve with other way . anyway thanks for your post
ReplyDeleteဆရာလွင် ခင်ဗျား ကျွန်တော့ လက်တော့က ဂျပန်း ၀င်းဒိုးပါ ဂျပန်စာတွေ ပေါ်နေလို့ အင်္ဂလိပ် ၀င်းဒိုး ပြန်တင်ချင်ပါတယ် ခက်တာက ပတ်တီးရှင်း ခွဲလိုက်တာ 0xc0000225: Fix ဒီ error တက်လာပါတယ် ၀င်းဒိုးလဲ ပြန်မတက်တော့ပါဘူး ၀င်ဒိုးခွေနဲ့ boot တက်တော့လဲ boot မတက်ပါဘူး USB boot နဲ့လဲ မတက်ပါဘူး ဘယ်လိုလုပ်ရမလဲဆိုတာ ကူညီပါအုံးခင်ဗျား သိပ်နားမလည်တတ်လို့ အဆင့်ဆင့်လေး ရှင်းပြစေချင်ပါတယ်ချင်ဗျား
ReplyDeleteCasino Review 2021 | Free Bonus No Deposit
ReplyDeleteCasino Bonus - No Deposit Required - Claim Free Spins at our #1 Online Casino for 인카지노 Casino has a solid gaming febcasino experience. This online casino is also Rating: 3.8 · Review by 1xbet korean Ana-Maria Ciobanu