Showing posts with label ဝင်းဒိုးတွေအတွက် အလိုအပ်ဆုံး CMD အသုံးပြုနည်းများ. Show all posts
Showing posts with label ဝင်းဒိုးတွေအတွက် အလိုအပ်ဆုံး CMD အသုံးပြုနည်းများ. Show all posts

CMD (SC Command) ဖြင့် /OnLineUpdate/LiveUpd.exe Error ဖြေရှင်းနည်း

 ကျနော် Windows 8.1 စသုံးကတည်းက ဒီ LiveUpdate.exe Error ဘောက်စ်ပေါ်နေတာ ကြာပြီ..။ ၁၅ မိနစ် တစ်ကြိမ် ဒီဘောက်စ် ပေါ်လာတော့တာပဲ..။ တချို့စက်တွေမှာ ဆိုရင်တော့ တစ်မိနစ် တခါ ပေါ်လေ့ရှိတယ်..။ ဘယ်လိုပဲ ဖျက်ဖျက် ပြန်ပေါ်နေတတ်တယ်..။ အချိန်ရတဲ့ တစ်ရက်မှာတော့ ဒီ CMD နည်းနဲ့ ဖြေရှင်းလိုက်မှ အဆင်ပြေသွားတော့တယ်..။ Windows 8.1 တွေမှာမှ ဖြစ်တတ်တာမဟုတ်ပဲ Windows 8 နဲ့ Windows 7 တွေမှာလည်း ဒီလို Error တွေ ဖြစ်တတ်ပါတယ်..။ 
တချို့ဆော့ဝဲလ်တွေဖြစ်တဲ့ IObit ဆော့ဝဲလ်တွေနဲ့ Revo Uninstaller ဆော့ဝဲလ်တွေ သွင်းမိရင်လည်း ဒီလိုတွေ ဖြစ်တတ်ပါတယ်..။ ကျနော့်စက်မှာတော့ အရင်ဝင်းဒိုးတွေမှာ သုံးနေကျ အင်တာနက်သုံး Broadband ဆော့ဝဲလ်ထည့်ပြီး ကတည်းက ဖြစ်နေတော့တာ.. အရင်ဝင်းဒိုးတွေမှာ မဖြစ်ပဲ ဒီဝင်းဒိုးမှ လာဖြစ်နေပါတယ်..။ မသိသေးတဲ့သူများအတွက် ဖြေရှင်းဖို့ ခက်နေမှာပါပဲ.. အခုဒီနည်းကတော့ အရမ်းလွယ်ကူပြီး ထိရောက်တဲ့ ဖြေရှင်းနည်းလေးပါ..။ ကျနော့်လို LiveUpdate.exe Error ဘောက်စ် ဖြစ်ပေါ်နေတဲ့ သူများရှိလာခဲ့ရင် ဖြေရှင်းလို့ လွယ်ကူအောင်၊ ဒီနေ့တော့ ပိုစ့်တခုအဖြစ် ဒီဖြေရှင်းနည်းကို တင်ပေးလိုက်ပါတယ်..။ လုပ်နည်းကတော့ CMD (Command Prompt) မှာ SC Command စာကြောင်းလည်း ရိုက်ထည့်ပြီး ဖြေရှင်းလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ ဒီဖြေရှင်းနည်းကို အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။

Windows 7 နှင့် Windows 8 တွေမှာ ဆော့ဝဲလ်မလိုပဲ CMD Command ဖြင့် WIFI ပြန်လွှင့်နည်း


ကျနော် အခုတလော ကိစ္စတွေများပြီး အလုပ်တွေရှုပ်နေလို့ ပိုစ့်တွေလည်း ပုံမှန်မတင်ပေးဖြစ်ပါ..။ ကျနော်အသုံးပြုနေကျ အင်တာနက်ကလည်း 3G ကနေ 4G ကို Upgrade မြှင့်တယ်ဆိုပြီး လိုင်းတွေ အားလုံးကြောင်နေလို့ လိုင်းဖွင့်တိုင်း အသုံးပြုလို့ မရတဲ့အချိန်က ပိုများပါတယ်..။ လိုင်းမကောင်းသေးတဲ့အတွက် ဆော့ဝဲလ်တွေ Upload တင်ပေးဖို့ အဆင်မပြေသေးလို့ ဒီလုပ်နည်းလေးကိုပဲ အချိန်ရတုန်းလေး အားလုံးပဲ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ တင်ပေးလိုက်ပါတယ်..။ ဒီ WIFI ပြန်ထုတ်နည်းက Windows 8 နဲ့ Windows 7 တွေမှာ ကျနော် အသုံးပြုပြီး အဆင်ပြေတဲ့ နည်းလေးပဲ ဖြစ်ပါတယ်..။ လုပ်နည်းက သိပ်တော့ မခက်ပါဘူး..။ အောက်မှာ ပုံလေးတွေနဲ့ ကြည့်ပြီး လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ Laptop တွေမှာတော့ အားလုံး အဆင်ပြေစေမှာ ဖြစ်ပြီး.. PC (Desktop) တွေမှာ ဆိုရင်တော့ Wireless Card ဆိုက်ထားတဲ့ WIFI အသုံးပြုလို့ ရတဲ့ စက်တွေမှာပဲ အဆင်ပြေမှာပါ..။ အရင်တုန်းကတော့ Connectify Pro ဆော့ဝဲလ်မျိုးတွေကို အသုံးပြုပြီးမှ WIFI ထုတ်လို့ ရတာဖြစ်ပြီး၊ အခုကတော့ ဆော့ဝဲလ်မလိုတော့ပဲ CMD ထဲမှာ စာကြောင်းအနည်းငယ် ရိုက်ထည့်ပြီး Setting မှာ လိုအပ်တာလေးတွေ လိုက်ပြောင်းပေးလိုက်ရင် မိမိတို့ စက်ကနေ WIFI ပြန်ထုတ်ယူပြီး ဖုန်းတွေနဲ့ တခြား ကွန်ပျူတာတွေမှာ အင်တာနက်ကို ကောင်းစွာအသုံးပြုလို့ ရသွားပါပြီ..။ အသုံးလိုတဲ့သူများအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

DOS Comment ဖြင့် ဗိုင်းရပ်စ်ထိသွားတဲ့ USB Pendrive ထဲမှ ပျောက်သွားတဲ့ဖိုင်များ ပြန်ဖေါ်နည်း

 ဒီလုပ်နည်းလေးကို ကျန်ခဲ့တဲ့တပါတ်က ကျနော့် သူငယ်ချင်းတစ်ယောက်က သူ့ရဲ့ သူငယ်ချင်းတစ်ယောက် စက်ကို သန့်ရှင်းရေးလုပ်ပေးရင်းနဲ့ သူ့ရဲ့ 16 GB ရှိတဲ့ USB Pendrive ထဲမှာ ထည့်သိမ်းထားတဲ့ ဖိုင်တွေ ဗိုင်းရပ်စ်ထိပြီး၊ ဖိုင်တွေ ပျောက်ကုန်ပါတယ်..။ ကျနော်နဲ့ တွေ့တဲ့အခါမှာတော့ ဒီ Pendrive ထဲက ပျောက်နေတဲ့ ဖိုင်တွေကို ပြန်ဖေါ်ပေးဖို့ ပေးအပ်လာတဲ့အတွက် ဒီလုပ်နည်း၊ အသုံးပြုနည်းနဲ့ အဆင်ပြေသွားလို့ တခြား လိုအပ်တဲ့သူများလည်း အလွယ်တကူ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ တဆင့်စီ အသုံးပြုတတ်အောင် ပြပေးလိုက်ပါတယ်..။
အရင်က ကျနော့် Pendrive မှာ ထိတဲ့ဗိုင်းရပ်စ်က ရှော့ကပ်ဗိုင်းရပ်စ်ဖြစ်ပြီး မူရင်းဖိုင်တွေကို ဖျောက်ပစ်ပြီး နာမည်တူတဲ့ ရှော့ကပ်ဖိုင်တွေကို ဖန်တီးပစ်လိုက်တဲ့ ဗိုင်းရပ်စ်တမျိုးပါ..။ အဲ့ဒီဖြေရှင်းနည်းကိုလည်း စာဖတ်သူများ ကြုံခဲ့ရင် ဖြေရှင်းတတ်အောင် ကျနော် ပိုစ့်တင်ပေးခဲ့ပြီးပါပြီ..။ အခုသူငယ်ချင်းရဲ့ Pendrive မှာ ထိသွားတဲ့ ဗိုင်းရပ်စ်ကျတော့ ရှော့ကပ်ဖိုင်တွေ ဖန်တီးတဲ့ ဗိုင်းရပ်စ်မဟုတ်တော့ပဲ.. ရှိတဲ့ဖိုင်တွေကို ဖျေက်ပစ်လိုက်တဲ့ ဗိုင်းရပ်စ်တမျိုးဖြစ်နေပြန်ပါတယ်..။ ဘယ်လိုပဲ ဖြစ်ဖြစ် ဖြေရှင်းနည်းတွေတော့ ရှိနေပါတယ်..။ ဒီလို ဖိုင်တွေ ဖျေက်ပစ်တဲ့ ဗိုင်းရပ်စ်မျိုး တခြားသူများလည်း ထိခဲ့ရင်တော့ ဒီနည်းနဲ့ ဖြေရှင်းလိုက်ရင် ပျောက်နေတဲ့ ဖိုင်တွေကို အလွယ်တကူ ပြန်ရမှာပဲ ဖြစ်ပါတယ်..။ အဆင်ပြေအောင် အောက်မှာ ပုံလေးတွေနဲ့ အစအဆုံး လုပ်တတ်၊ အသုံးပြုတတ်အောင် ပြပေးလိုက်ပါတယ်..။ ဒီလို ဗိုင်းရပ်စ်ဖြေရှင်းနည်းတွေကို တတ်ထားလိုတဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

ရှော့ကပ်ဗိုင်းရပ်စ်ထိသွားတဲ့ USB Flash/Pendrive ထဲက Data တွေကို CMD Command ဖြင့် ပြန်လည်ဖေါ်ထုတ်ယူနည်း

 ကျန်ခဲ့တဲ့ ၃-ရက်လောက်က ဗိုင်းရပ်စ်တွေကြောင့် ကြောင်တောင်တောင်ဖြစ်နေတဲ့ သူငယ်ချင်းစက်ကို ပြင်ပေးရင်းနဲ့ သူ့စက်ကနေ ကျနော့် USB Pendrive 16 GB မှာ ရှော့ကပ်ဗိုင်းရပ်စ်ထိသွားတဲ့ အတွက် အထဲက ဖိုင်တွေ တခုမှ ဖွင့်သုံးလို့ မရတော့ပါဘူး..။ အဲ့ဒီနေ့ကတော့ အဲ့ဒီစက်တလုံးနဲ့ USB 16 GB တခုနဲ့ ၂-ခုပေါင်းလိုက်တော့ တနေကုန်သွားပါတယ်..။ အခုတော့ အားလုံးအဆင်ပြေသွားပါပြီ..။ 16 GB ထဲက ဖိုင်တွေအားလုံးလည်း ဒီနည်းနဲ့ ပြန်လည် ထုတ်ယူလို့ ရခဲ့ပါပြီ..။ အခု ကျနော့် Pendrive မှာဖြစ်သွားသလို တခြားသူများလည်း ဖြစ်ခဲ့ရင် အလွယ်တကူ ဒီနည်းနဲ့ အဆင်ပြေစေမှာ ဖြစ်ပါတယ်..။ ဒီဗိုင်းရပ်စ်ထိတဲ့ Flash/Pendrive တွေမှာ ဖိုင်တွေအားလုံးဟာ ရှော့ကပ်ပုံတွေ ဖြစ်သွားမှာ ဖြစ်ပြီး ဖိုင်အားလုံးကို 1kb / 2kb စသဖြင့်သာ မြင်ရတော့မှာ ဖြစ်ပါတယ်..။ ဒီဗိုင်းရပ်စ်က Pendrive ထဲမှာ ရှိနေတဲ့ မူရင်း ဖိုင်တွေကို ဖျောက်ပစ်လိုက်ပြီး ပုံစံတူ ၊ နာမည်တူတဲ့ ဖိုင်တွေကို ရှော့ကပ်တွေ အဖြစ် ပြန်လည်ဖန်တီး ဖေါ်ပြပေးလိုက်တာပဲ ဖြစ်ပါတယ်..။ ဒါကြောင့် ဖိုင်တွေ အားလုံးကို ရှော့ကပ်ပုံတွေနဲ့ပဲ မြင်ရမှာ ဖြစ်ပြီး တခုမှ ဖွင့်လို့ ရမှာ မဟုတ်တော့ပါ..။ အဲ့လို ဖြစ်သွားရင်တော့ Antivirus တခုခုကို USB Pendrive ထဲ မောင်းထည့်ပြီး ဗိုင်းရပ်စ်ကို အရင်သတ်ပစ်ပါ..။ ဗိုင်းရပ်စ်သတ်ပြီးလည်း ၊ ဗိုင်းရပ်စ်မရှိတော့လည်းပဲ ဒီရှော့ကပ်ပုံ ဖိုင်တွေကို ဖွင့်လို့ မရပါဘူး..။ အခု ဒီပိုစ့်က နည်းကတော့ အဲ့လို ရှော့ကပ်ဖြစ်သွားတဲ့ ဖိုင်တွေကနေ မူရင်းဖိုင်တွေကို ပြန်လည်ဖေါ်ထုတ်ယူတဲ့ နည်းပဲ ဖြစ်ပါတယ်..။ မူရင်းဖိုင်တွေ ပြန်ရလာတဲ့အခါ ရှော့ကပ်ပုံတွေလည်း ရှိနေအုန်းမှာပါပဲ..။ ဒါကြောင့် နေရာလွတ်တခုထဲသို့ မူရင်းဖိုင်တွေကို copy-paste (or) cut-paste နဲ့ ပြောင်းသိမ်းလိုက်ပြီး.. ကျန်တဲ့ ရှော့ကပ်ပုံတွေရှိတဲ့ USB Pendrive ကိုတော့ Format ချပစ်လိုက်ပါ..။ ပြီးမှ ဖိုင်တွေ ပြန်ထည့်သုံးပါ..။ ကျနော်လုပ်သွားတဲ့ ဒီနည်းကို တခြားသူများလည်း အလွယ်တကူ သုံးတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ အစအဆုံး လုပ်တတ်အောင် ပြပေးထားပါတယ်..။ လေ့လာထားလိုတဲ့ သူများကတော့ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။ 

ဓါတ်ပုံတွေ ဖွင့်ကြည့်တဲ့အခါ ပေါ်တတ်တဲ့ Windows Photo Viewer အတွက် COM Surrogate Error ကို CMD Command ဖြင့် ဖြေရှင်းနည်း

တချို့ဝင်းဒိုးတွေမှာ Error အမျိုးမျိုးကြောင့် Registry Repair ဆော့ဝဲလ်တွေနဲ့ Registry Cleaner ဆော့ဝဲလ်တွေကို အသုံးပြုပြီးတဲ့အခါတွေမှာ ဒီလိုမျိုး  COM Surrogate Error တွေ ပေါ်တတ်ပါတယ်..။ ဗိုင်းရပ်စ်တွေ ကြောင့်လည်း ဖြစ်တတ်ပါတယ်.။ ဒီ Error မျိုးကတော့ ဓါတ်ပုံတွေ ဖွင့်ကြည့်တဲ့ အခါမှာ ပေါ်တတ်တဲ့ Error မျိုးဖြစ်ပြီး.. Windows Photo Viewer နဲ့ ဓါတ်ပုံတွေ တပုံပြီးတပုံ ဖွင့်ကြည့်စဉ် ဓါတ်ပုံ ၁၀-ပုံ မပြည့်ခင် အချိန်မှာ ဒီ COM Surrogate Error ပေါ်ပြီး Windows Photo Viewer ကို ပိတ်ပစ်ရလေ့ ရှိပါတယ်..။ အခု ဒီနည်းနဲ့ ဖြေရှင်းပေးလိုက်လို့ အဆင်ပြေသွားတာကတော့ ကျနော့်သူငယ်ချင်း စက်မှာ ဖြစ်ပေါ်နေတဲ့ Windows Photo Viewer Error တခုပါ..။ အဲ့ဒီစက်ကို ဒီနည်းနဲ့ ဖြေရှင်းပေးလိုက်လို့ အဆင်ပြေသွားတဲ့ ဒီလုပ်နည်းလေးကို ဒီလို Error ဖြစ်ပေါ်နေတဲ့ တခြားသူများအတွက် အဆင်ပြေပြေ ဖြေရှင်းလို့ ရအောင် ဒီနေ့ဒီပိုစ့်ကို တင်ပေးလိုက်ပါတယ်..။ ဒီဖြေရှင်းနည်းကို အလွယ်တကူ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ အစ၊အဆုံး လုပ်ပြပေးထားပါတယ်..။ ဒီ Error ဖြစ်ပေါ်နေတဲ့ စက်မှာ ဒီနည်းကို အသုံးပြုပြီးရင်တော့ စက်ကို Restart ချပြီးမှ ဆက်သုံးရင် ပိုအဆင်ပြေစေတဲ့ နည်းပါ..။ ဒီဖြေရှင်းနည်းလေးကို လိုအပ်တဲ့ သူများကတော့ အောက်မှ ဆက်ကြည့်လိုက်ပါဗျာ..။

Desktop ပေါ်မှ ဖျက်မရတဲ့ ဖိုင်များအား CMD Command ဖြင့် ရအောင် ဖျက်နည်း

 11 Sep 13, 03:26 PM
ထက်နိုင်:
အစ်ကိုရေ .. ကျနော့် PC မှာ Desktop ပေါ်က Folder ကို ဖျက်လို့ မရဘူး ဖြစ်နေတယ်။ သူငယ်ချင်း စက်မှာရောပဲ။ Shift+Del နဲ့လည်း မပျက်ဘူးဖြစ်လို့ ဖျက်လို့ရမယ့် နည်းလမ်းလေး ရှင်းပြပေးပါဦး အစ်ကို။
တခါတရံမှာတော့ ကျနော်တို့ Desktop ပေါ်က ဖိုင်တွေ၊ ဖိုဒါတွေကို ဖျက်မရတဲ့ အခါမျိုးတွေ ရှိတတ်ပါတယ်..။ ဖိုင်တွေ ဖွင့်ကြည့်ရင်လည်း ဘာမှမရှိဘူး..၊ သုံးလို့လည်း မရ၊ ဖျက်ပစ်လို့လည်း မရတတ်တဲ့ အခါမျိုးတွေမှာ ဒီပိုစ့်ကနည်းလေးက အတော်လေး အဆင်ပြေတဲ့နည်းလေးပါပဲ..။ အခုလက်ရှိမှာတော့ ကျနော့် Desktop ပေါ်မှာ ဖျက်မရတဲ့ ဖိုင်မျိုး မရှိသေးပါဘူး..။ ဒါပေမယ့်လည်း ဒီလုပ်နည်းကို အသုံးပြုတတ်အောင်
ဒီပိုစ့်မှာ ဖိုင်တခုကို ဒီ CMD Command နည်းနဲ့ ဖျက်ပြထားပါတယ်..။ ဒီနည်းလေးကို အသုံးပြုတတ်သွားရင်တော့ Desktop ပေါ်က ဖိုင်မှ မဟုတ်ပါဘူး.. ဝင်းဒိုးတခုလုံးမှာ ရှိတဲ့ ဘယ်နေရာက ဖိုင်ကိုမဆို (ဝင်းဒိုးရဲ့မူရင်းဖိုင်တွေကလွဲလို့ တခြားဆော့ဝဲလ်တွေရဲ့ ဖိုင်တွေကို) ဒီနည်းနဲ့ အလွယ်တကူ ဖျက်ပစ်လို့ ရမှာ ဖြစ်ပါတယ်..။
တခြားအသုံးပြုလို့ ရတဲ့နည်း ကတော့ ဆော့ဝဲလ်နဲ့ ဖျက်တဲ့နည်းပါ..။ အရင်တုန်းက ပိုစ့်တင်ပေးခဲ့ဖူးတဲ့ Unlocker ဆော့ဝဲလ်လေးနဲ့လည်း Desktop ပေါ်က ဖျက်မရတဲ့ ဖိုင်တွေကို ဖျက်ပစ်လို့ ရပါသေးတယ်..။ ပုံလေးတွေနဲ့ အသုံးပြုတတ်အောင် ရှင်းပြပေးထားတဲ့ Unlocker အသုံးပြုနည်း ပိုစ့်ကို ပြန်လည်လေ့လာကြည့်လိုတဲ့ သူများကတော့ ကလစ်ပြီး ပြန်ကြည့်နိုင်ပါတယ်..။ အခု ဒီပိုစ့်က CMD Command နဲ့ ဖိုင်တွေ ဖျက်နည်းကို အောက်မှာ ပုံလေးတွေနဲ့ အသုံးပြုတတ်အောင်ပါ  တခါတည်း ပြပေးထားလို့ လေ့လာလိုသူများကတော့ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။

အကောင်းဆုံး CMD Command ဖြင့် USB Bootable ဖြစ်အောင် လုပ်နည်း


ဒီနည်းလေးကတော့ ကျနော်တို့ ဆော့ဝဲလ်မလိုပဲ မည်သည့် ISO Image ဖိုင်တွေကိုပဲ ဖြစ်ဖြစ် USB Bootable ဖြစ်အောင် လုပ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းလေးပါ..။ အရင်တုန်းက ISO ဖိုင်တခုကို USB နဲ့ အသုံးပြုလို့ ရဖို့ဆိုရင် ဆော့ဝဲလ်တွေ လိုက်ရှာရပါတယ်..။ ဝင်းဒိုး ISO ဖိုင်တွေအတွက်ပဲ ဖြစ်ဖြစ်၊ တခြား ISO Image ဖိုင်တွေအတွက်ပဲ ဖြစ်ဖြစ်၊ USB Bootable ဖြစ်ဖို့အတွက် သူ့ ISO ဖိုင်အတွက် သူ့ဆော့ဝဲလ်ကို လိုက်ရှာယူရပါတယ်..။ အခု ဒီနည်းကတော့ ISO ဖိုင်အားလုံးကို USB နဲ့ ဘုတက်အောင်၊ Bootable ဖြစ်အောင် လုပ်ယူလို့ ရပါတယ်..။ အသုံးပြုနည်းက CMD နဲ့ အလုပ်လုပ်ပေးရမှာပါ..။ သိပ်တော့ မခက်ပါဘူး..။ စာကြောင်းအနည်းငယ်ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်..။ အစအဆုံး လုပ်တတ်အောင် တဆင့်ချင်းစီကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ USB တွေနဲ့ ဝင်းဒိုးတင်တာတွေ၊ USB နဲ့ ဝင်းဒိုး Password ဖြုတ်တာတွေကို လုပ်တတ်ချင်တဲ့ သူများအတွက် မသိမဖြစ် နည်းလမ်းလေး တခုပါ..။ ဒီလုပ်နည်းကို သိထားရင် ဘယ် ISO ဖိုင်ကို မဆို USB Bootable ဖြစ်အောင် လုပ်ယူနိုင်မှာ ဖြစ်ပါတယ်..။ စိတ်ဝင်စားတဲ့ ၊ တတ်ထားချင်တဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

Windows တွေအတွက် Microsoft ကပေးတဲ့ အကောင်းဆုံးဆေးတစ်ခွက် - SC Command

 Kolin Lin     28 January 2013     06:44
F8 ကို နှိပ်ပြီး Last Known Good Configuration ထဲကနေဝင်မှ ဝင်းဒိုးတက်တယ်. ခက်နေတာက Start Normal Window ကနေဝင်ရင် ဝင်းဒိုးမတက်ဘူး. အကိုပြောသလို နောက်ဆုံး Install ထည့်ခဲ့တဲ့ ဆော့ဝဲလ်၃၊၄ခုကို Uninstall နဲ့ ပြန်ထုတ်ပစ်လိုက်တယ်။ အဲလိုပဲ..CCleaner နဲ့ Advanced System Care လို System Tools တွေကို အသုံးပြုပြီးတဲ့အခါတိုင်း စက်ကို Restart မချပဲ တခြားဆော့ဝဲလ်တွေ ထပ်ပြီး Install ထည့်လိုက်မိတယ်။ ကျနော်က System Tools တွေသုံးပြိးတဲ့ အခါတိုင်းတစ်ခါမှ Restart မချမိဘူး. ကျနော် သိလိုက်တော့ နောက်ကျသွားပြီ။ 
လိမ်ဖယ်၊လိမ်ဖယ်နဲ့ ဒီနေ့ ကျနော့် Blog လေး တစ်နှစ်ပြည့်သွားခဲ့ပါပြီ..။ ဒီ Blog လေးစစချင်း ရည်ရွယ်ချက်ပိုစ့်လေးမှာ ပါခဲ့တဲ့၊ ရေးခဲ့တဲ့ သူငယ်ချင်းတောင် အခုဆိုရင် ဒီ Blog လေးကနေ ပညာတွေ တတ်သွားလို့ သူ့သူငယ်ချင်းတွေ ကြားမှာ ဆရာတစ်ယောက် ဖြစ်နေပြီ..။ ဒီ Blog လေးကနေ ပညာတွေ တတ်သွားတဲ့ တခြား သူငယ်ချင်းတွေလည်း မနည်းတော့ပါ..။ မသိတာနဲ့ သိပ်နားမလည်တဲ့ အပိုင်းတွေကို ကျနော့်ဆီမှာ ဆက်သွယ်ပြီး မေးလာကြလို့ သူတို့က ပိုအတတ်မြန်တာ ထင်ပါတယ်..။ ကျနော့် Blog လေး တစ်နှစ်ပြည့်အနေနဲ့ Windows တွေအားလုံးအတွက် ဆေးတစ်ခွက်လို့ ပြောလို့ရတဲ့ SC Command လေးနဲ့ ဝင်းဒိုးတွေကို ပြန်လည်ပြုပြင်၊ သို့မဟုတ် ပုံမှန်ထက် ပိုမိုသွက်လက်စေမယ့် နည်းလမ်းလေးကို ကွန်ပျူတာနဲ့ ဝင်းဒိုးသုံးစွဲသူတိုင်း မဖြစ်မနေ ဆောင်ထားသင့်တဲ့ ၊ သိထားသင့်တဲ့ နည်းလမ်းလေး တခုအဖြစ် ပြန်လည် မျှဝေလိုက်ပါတယ်..။ ဒီအပေါ်က Comment လေးကတော့ Startup Repair အသုံးပြုနည်း ပိုစ့်မှ ကို Kolin Lin  ရေးထားခဲ့တဲ့ စာသားတွေထဲက အနည်းငယ်ကို ဒီပိုစ့်နဲ့ သက်ဆိုင်တဲ့အတွက် ပြန်လည် ဖေါ်ပြပေးလိုက်တာပါ..။ ဒီအစ်ကိုလိုပဲ ကျနော်အရင်တုန်းက ကြုံဖူးခဲ့ပါတယ်..။ ဒီနည်းကို မသိခင်တုန်းကတော့ ခဏခဏဝင်းဒိုး အသစ်တင်ခဲ့ရပါတယ်..။ ဒီလိုမျိုး Error ကြောင့် ဝင်းဒိုးမတက်နိုင်တော့တဲ့အခါ - F8 ကို နှိပ်ပြီး Last Known Good Configuration ထဲကနေဝင်မှ ဝင်းဒိုးတက်တယ်. ဆိုရင် ဒီနည်းနဲ့ Sc Command တွေကို ရိုက်ထည့်ပေးလိုက်ရင် ဝင်းဒိုးပြန်ကောင်းသွားပါလိမ့်မယ်..။ ကျနော့်လက်တွေ့ ကျနော့်ဆရာဆီမှာ ကျနော့်စက်က ဒီလိုဖြစ်သွားတယ်ဆိုတာ ဆရာ့ကို ပြောပြတော့ ကျနော့်ဆရာက ဒီနည်းနဲ့ လုပ်ပေးလိုက်တာ Starting Windows ပြန်ကောင်းသွားပြီး ပုံမှန်အတိုင်း ဝင်းဒိုးပြန်တက် လာပါတယ်..။ ဒါကလည်း ဒီ Comment လေးကို တွေ့မှ ဒီပိုစ့်ကို တင်ပေးဖို့ သတိရပြီး၊ စိတ်ကူးပေါ်လာတာ..။ နောက်ပိုင်းတော့ System Tools တွေကို အသုံးပြုပြီးတိုင်း စက်ကို Restart ချပြီးမှ ဆက်အသုံးပြုခဲ့လို့ ဒီလို Starting Windows မတက်နိုင်တော့တဲ့ error တွေကနေ ကင်းဝေးခဲ့ပါတယ်..။ အခုပြောမယ့် ဒီနည်းလေးက အခုလက်ရှိ ဝင်းဒိုးကောင်းနေတဲ့ အချိန်မှာလည်း Sc Command တွေကို CMD ထဲမှာ ရိုက်ထည့်ပေးဖို့ လိုအပ်ပါတယ်..။ အဲ့လိုလုပ်ထားတဲ့ ဝင်းဒိုးတွေမှာ Error တွေနည်းပြီး ၊ ဝင်းဒိုးကြောင်တာ၊ ဝင်းဒိုးပျက်တာတွေ အတော်လေးနည်းသွားတာကို ကျနော့်လက်တွေ့ သိခဲ့ရပြီးပါပြီ..။ တော်ယုံ ဗိုင်းရပ်စ်ကြောင့် မဟုတ်ရင်၊ Error ကြီးကြီးမားမား မဖြစ်ရင် ဝင်းဒိုးက သွက်လက်ပြီး သုံးလို့ ကောင်းနေပါလိမ့်မယ်..။ Starting ဝင်းဒိုးမတက်နိုင်တော့တဲ့ စက်တွေမှာလည်း F8 နဲ့ Windows Repair ကနေ Last Known Good Configuration သို့မဟုတ် Safe Mode and Command Prompt ထဲကို ဝင်လို့ ရခဲ့မယ်ဆိုရင် ဒီ Sc Command တွေကို ရိုက်ထည့်ပေးလိုက်ရင် ဝင်းဒိုး Error တော်တော်များများကို ပြန်ကောင်းစေပါတယ်..။ 
ဒီနည်းက Microsoft ကပေးထားတဲ့ ဝင်းဒိုးပြုပြင်နည်းတွေထဲက တခုပါပဲ..။ အခုဒီနည်းကို လက်ရှိဝင်းဒိုးကောင်းနေတဲ့ အချိန်မှာကတည်းက လုပ်ပေးထားကြပါ..။ ဝင်းဒိုးထဲမှာ ရှိနေတဲ့ Setting တွေနဲ့ System အပိုင်းတွေကို အားလုံး ပုံမှန်အတိုင်း အလုပ်လုပ်နိုင်အောင် CMD ထဲကနေ ကွန်ပျူတာကို ပြန်ပြီး လုပ်ခိုင်းတာ ဖြစ်တဲ့အတွက် ဆော့ဝဲလ်တွေ သုံးစရာ မလိုတဲ့ အတော်လေး ကောင်းတဲ့ ၊ အသုံးဝင်တဲ့ နည်းလေးပါ..။ ဒီ Sc Command တွေအားလုံး ရိုက်ထည့်ပြီးသွားရင် စက်ကို Restart ချပေးလိုက်ပါ..။ အောက်မှာ ဒီ Sc Command တွေကို ရေးပေးထားပါတယ်..။ ဒီစာသားတွေကို မိမိတို့ဝင်းဒိုးရဲ့ Notepad မှာ copy-paste နဲ့ ကူးထည့်ပြီး သေချာ သိမ်းထားလိုက်ပါဗျာ..။ ကွန်ပျူတာဝိစ္စာလို့ ပြောရမယ့် PRO တစ်ယောက်ဖြစ်ချင်ရင်တော့ ဒီ Sc Command တွေနဲ့ နောက်ပိုင်း တင်ပေးမယ့် CMD အသုံးပြုနည်းတွေမှာ ပါလာမယ့် စာသားတွေကို အာဂုံဆောင် အလွှတ်ရအောင် ကျက်မှတ်ထားဖို့ လိုအပ်ပါတယ်..။ ရိုးရိုးအပျော်တမ်းသမား တွေနဲ့ နည်းပညာ လေ့လာလိုက်စားတဲ့ ဝါသနာရှင်တွေကတော့ ဒီစာသားတွေကို Notepad ကနေ copy-paste နဲ့ CMD လို့ခေါ်တဲ့ ဝင်းဒိုး Command Prompt ထဲမှာ ကူးထည့်ပြီး Enter ခေါက်သွားလိုက်ရင် အဆင်ပြေပါပြီ..။ Command Prompt မှာလည်း Internal Command Prompt နဲ့ External Command Prompt ဆိုပြီး ခွဲထားတာမို့ ဒီးနည်းကို Internal Command Prompt မှာပဲ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ ဝင်ဒိုးဆေးရဲ့ အာနိသင်ကို ရှင်းပြရင်း စာလည်း ရှည်သွားပြီမို့ ဆက်လက်ပြီး အသုံးပြုနည်းကို  အားလုံးပဲ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ အမှားမဖြစ်နိုင်တဲ့အတွက် ကွန်ပျူတာကိုင်တာ သိပ်မကျွမ်းကျင်သေးတဲ့သူများပါ အောက်ကပုံလေးတွေ အတိုင်း တခုချင်းစီ လုပ်ပေးနိုင်ပါတယ်..။ ဝင်းဒိုးတိုင်းမှာ လုပ်ရမှာ ဖြစ်တဲ့အတွက် အားလုံးပဲ ဆက်ကြည့်ပေးပါ..။
Related Posts Plugin for WordPress, Blogger...