iPhotoDraw 1.6 Final



ဒီကောင်လေးက မိမိတို့ရဲ့ ပုံလေးတွေကို ပြင်ဆင်လို့ရသလို ၊ စိတ်ကြိုက်ကာတွန်းပုံလေးတွေပါ ရေးဆွဲလို့ရတဲ့ ဆော့ဝဲလ်လေးပါ..။ အသုံးပြုရတာ Photohop နဲ့ ခပ်ဆင်ဆင်တူသလို၊ Illustrator နဲ့လည်းတူပါတယ်..။ ဒီဆော့ဝဲလ်လေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုလို့အဆင်ပြေတဲ့၊ ဇော်ဂျီဖေါင့်နဲ့ပါ မြန်မာစာရေးလို့ရတဲ့ ပရိုဂရမ်လေးပါ..။ ဖိုင်ဆိုဒ်ကလည်း 7.8 MB ပဲရှိပါတယ်..။ Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ရတဲ့ ဖရီးဆော့ဝဲလ်လေးပါပဲ..။ အသုံးပြုနည်းကတော့ မိမိတို့ စိတ်ထဲရှိသလို ပြင်ဆင်လို့ရတဲ့ Effect Tool တွေများလွန်းတဲ့အတွက် မိမိတို့ကိုယ်တိုင်ပဲ လေ့လာကြည့်ရမှာပါ..။ အောက်မှာတော့ ကျနော်စမ်းသုံးထားတဲ့ ပုံလေးပါ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ 
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။  ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။

Install ထည့်ပြီးတာနဲ့ အောက်ကပုံလေးအတိုင်း တန်းသုံးလို့ ရသွားပါပြီ..။


မျှားပြထားတဲ့ နေရာတွေက Effect Tool တွေနဲ့ ဖေါင့်ပြောင်းပြီး မြန်မာစာပါ ရေးလို့ရတဲ့ နေရာတွေပါ..။ အဆင်ပြေပြေအသုံးပြုတတ်ဖို့ကတော့ မိမိတို့ကိုယ်တိုင် အချိန်ပေးပြီး လေ့လာမှရမှာပါ..။ အားလုံးပဲ စမ်းသပ်ရင်း အဆင်ပြေကြပါစေ..။



1 comment:

Related Posts Plugin for WordPress, Blogger...