Pixia 6.00k Final

ဒီကောင်လေးမှာ Brush Tool ဒီဇိုင်းတွေ အစုံနဲ့ ကာတွန်းပုံ ပန်ချီပုံလေးတွေကို ဖန်တီးယူလို့ ရသလို ၎င်း Brush Tool တွေနဲ့ 3D ဒီဇိုင်းဆန်ဆန် စာလုံးများကိုလည်း ရေးယူလို့ ရမှာပဲ ဖြစ်ပါတယ်..။ Photoshop လို လေယာအစုံနဲ့ အသုံးပြုလို့ ရတဲ့ ဒီကောင်လေးကို Features တွေ အစုံသုံးတတ်ဖို့ကိုတော့ မိမိတို့ ကိုယ်တိုင် လေ့လာရမှာ ဖြစ်ပြီး.. ဒီပိုစ့်မှာ ကျနော် အနည်းငယ် စမ်းသုံးထားတဲ့ Brush Tool နဲ့ 3D လို စာလုံးမျိုး ဖြစ်အောင်၊ စာရေးတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ကာတွန်း ပန်းချီ ပုံလေးတွေ ဖန်တီးလိုတဲ့ သူများအတွက် ဒီကောင်လေးနဲ့ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 14 MB ရှိပါတယ်..။


(OR)



မိမိတို့ရဲ့ ပုံလေးတွေပေါ်မှာ ထပ်မံပြင်ဆင်ဖို့ဆိုရင်တော့ ဖိုင် အဝါရောင်လေးကို ကလစ်ပြီး ပုံယူပါ..။ ကျနော်ကတော့ စာရေးပြမှာဖြစ်လို့ စာရွက်အဖြူလေးကို ကလစ်ပြီး ယူပါတယ်..။



အောက်ကမျှားပြထားတဲ့ နေရာတွေကို ကလစ်ပြီး Brush Size တွေကို လိုသလို အကြီးအသေး ချိန်ယူပါ..။ ဆေးရောင်တွေမှာ ကျနော်က သူပေးထားတဲ့ အရောင်စပ်တွေနဲ့ပဲ အသုံးပြုထားတဖြစ်လို့ အောက်ကပုံလေးအတိုင်း ကလစ်ပြီး မောက်စ်မျှားနဲ့ စာရေးယူထားခြင်းပဲ ဖြစ်ပါတယ်..။


အောက်ကပုံလေးအတိုင်း သိမ်းလိုက်လို့ ရသွားပါပြီ..။


ပုံနာမည်ပေးပြီး JPEG ပြောင်း သိမ်းလိုက်ရင်တော့ အောက်ဆုံးပုံလေးအတိုင်း ရရှိမှာပဲ ဖြစ်ပါတယ်..။



တခြား Features တွေကို မိမိတို့ ကိုယ်တိုင် လေ့လာရင်း အသုံးပြုတတ် နိုင်ကြပါစေ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...