PhotoInstrument 6.7 Build 676 Final


28 Nov 13, 10:42 PM
ရှမ်းလေး: အကိုရေအားတော့နာပါတယ်ဗျာphotoshpoe နဲ့မျက်နှာက အမည်းစက်တွေ ၀က်ချံတွေ မျက်နှာက်ုချောမွေ့သွားအောင် လုပ်နည်းလေးအချိန်ရရင်ပုံနှင့် အတူတင်ပေးပါလားခင်ဗျာ အကို့ရဲ့စိတ်ဓါတ်နဲ့ စေတနာကိုလေးစားလျက်ပါခင်ဗျာ
ဒီလို လုပ်နည်းကို Photoshop နဲ့ လုပ်တတ်အောင် နောက်ပိုင်း အချိန်ပေးနိုင်တဲ့ အခါကျမှ ကျနော် ပိုစ့်တင်ပေးပါအုန်းမည်..။ ဒီရက်ထဲတော့ မအားလပ်သေးတဲ့အတွက် Photoshop ဖက် မလှည့်နိုင်သေးပါ..။ မျက်နှာတပြင်လုံး ချောမွတ်သွားအောင် ဒီနေ့ဒီဆော့ဝဲလ်လေးနဲ့လည်း လုပ်ယူလို့ ရပါတယ်..။
ဒီကောင်လေးကတော့ မိမိတို့ရဲ့ ဓါတ်ပုံတွေကို ပြင်ဆင်ဖို့ အတွက် Tool လေးတွေ တော်တော်စုံတဲ့ ဆော့ဝဲလ်လေးပါ..။ မျက်နှာတပြင်လုံးကို ချောမွတ်နေအောင် ဖန်တီးယူလို့ ရပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ ထည့်ပေးထားတဲ့ patch ဖိုင်၂-ခု ထည့်ပေးထားပြီး မိမိတို့အတွက် အဆင်ပြေရာ patch တခုနဲ့သာ ဖူးသုံးလို့ရအောင် လုပ်ပေးရမှာပါ..။ ဆော့ဝဲလ်ကို Install ထည့်ပြီး၊ အရင်ပိုစ့်တွေအတိုင်း patch ဖိုင်နဲ့လည်း အသုံးပြုပြီးရင်တော့.. ဒီဆော့ဝဲလ်ကို ဖွင့်ပြီး၊ Notepad နဲ့ ထည့်ပေးထားတဲ့ ကီးတွေထဲက တခုကို Buy Now နေရာကနေ ကီးတွေနဲ့ မေးလ်လိပ်စာကို နောက်ထပ်ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အရင်ပိုစ့်မှာတော့ crack ဖိုင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ပြီးသုံးရပါတယ်..။ Install ထည့်ပြီး၊ patch နဲ့ ကီးတွေထည့်ပြီးလို့ ဒီကောင်လေးကို ဖွင့်သုံးတဲ့အခါမှာ လေ့ကျင့်ခန်းလေးနဲ့ လိုအပ်ရင် လုပ်ပြခိုင်းလို့ ရပါတယ်..။ မလိုအပ်တော့ရင်တော့ ပိတ်ပစ်လိုက်ပါ..။ ဒီဓါတ်ပုံပြင်ဆင်တဲ့ ဆော့ဝဲလ်လေးကို အသုံးလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 6 MB ရှိပါတယ်..။ patch ဖိုင်လေးကို မဖြည်ခင် Antivirus ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေကို ပိတ်ထားပြီးမှ ဖိုင်ဖြည်ပါ..။ ဒါမှဒီကောင်လေးကို အသုံးပြုလို့ ရမှာပါ..။





No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...