Fotosketcher 2.70 Final

မိမိတို့ရဲ့ ပုံလေးတွေကို ခဲခြစ်ပန်းချီပုံလေးတွေအပြင် ရေးဆေး၊ ဆီဆေး ပန်းချီတွေနဲ့ တခြား ပန်းချီဒီဇိုင်းတွေအဖြစ်ပါ ဒီကောင်လေးနဲ့ ဖန်တီးယူလို့ ရပါတယ်..။ အရင်ကလည်း တင်ပေးခဲ့ဖူးပါတယ်..။ ဒီကောင်လေးကတော့ နောက်ဆုံးထွက်လေးပါ..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် ဒီပိုစ့်မှာ အနည်းငယ် ပြန်လည် လုပ်ပြပေးထားပြီး Portable (OR) Setup ဖိုင် ၂-ခုမှ မိမိတို့ အတွက် အဆင်ပြေရာကို ရွေးယူ အသုံးပြုနိုင်ပါတယ်..။ ဒီပိုစ့်မှာတော့ ပုံလေးတစ်ပုံကို အဖြူအမဲနဲ့ ခဲခြစ် ပန်းချီပုံလေး တခုရအောင် ဒီကောင်လေးနဲ့ ဖန်တီးပြပေးထားပြီး လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 11 MB ရှိပါတယ်..။

(OR)



ကျနော်ကတော့ အပေါ်ကပုံလေးအတိုင်း Portable လေးနဲ့ ၂-ချက်တောက်ပြီး အသုံးပြုထားပါတယ်..။ အောက်ကပုံမှာ မျှားပြထားတဲ့ နေရာကနေ ပုံလေးတခုကို ယူပြီး အောက်ဆုံးပုံလေးတွေ အတိုင်း အဆင့်ဆင့် ပြောင်းပြီး ခဲခြစ်ပုံတခုကို ဖန်တီးယူလို့ ရပါတယ်..။



အောက်ကပုံမှာ ပြပေးထားတာကတော့ ရေဆေး၊ ဆီဆေး ဒီဇိုင်းတွေကို ရွေးယူလို့ ရတဲ့ နေရာလေးပဲ ဖြစ်ပါတယ်..။


ကျနော်ကတော့ သူပေးထားတဲ့ Pencil sketch 1 နဲ့ပဲ အနီဝိုင်းပြထားတဲ့ နေရာတွေကို အတိုး အလျှော့ လုပ်ပြီး ပုံလေးကို အောက်ဆုံးပုံအတိုင်း ဖန်တီးယူလိုက်ပါတယ်..။


မျှားပြာရောင်ပြထားတဲ့ နေရာကတော့ ပုံတွေပေါ်မှာ လိုအပ်တဲ့ Effects ဒီဇိုင်းတွေကို လိုက်ဖြည့်ထည့်လို့ ရတဲ့ နေရာလေးတွေပါပဲ..။ စိတ်ကြိုက်ဖြစ်ရင်တော့ မျှားနီပြထားတဲ့ နေရာကနေ ပုံလေးကို သိမ်းလိုက်လို့ ရသွားပါပြီ..။


အောက်ဆုံးပုံလေးအတိုင်း အဖြူအမဲနဲ့ ခဲခြစ်ပုံတခုကို ဖန်တီးယူလို့ ရသွားပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...