ဓါတ်ပုံတွေ ဖွင့်ကြည့်တဲ့အခါ ပေါ်တတ်တဲ့ Windows Photo Viewer အတွက် COM Surrogate Error ကို CMD Command ဖြင့် ဖြေရှင်းနည်း

တချို့ဝင်းဒိုးတွေမှာ Error အမျိုးမျိုးကြောင့် Registry Repair ဆော့ဝဲလ်တွေနဲ့ Registry Cleaner ဆော့ဝဲလ်တွေကို အသုံးပြုပြီးတဲ့အခါတွေမှာ ဒီလိုမျိုး  COM Surrogate Error တွေ ပေါ်တတ်ပါတယ်..။ ဗိုင်းရပ်စ်တွေ ကြောင့်လည်း ဖြစ်တတ်ပါတယ်.။ ဒီ Error မျိုးကတော့ ဓါတ်ပုံတွေ ဖွင့်ကြည့်တဲ့ အခါမှာ ပေါ်တတ်တဲ့ Error မျိုးဖြစ်ပြီး.. Windows Photo Viewer နဲ့ ဓါတ်ပုံတွေ တပုံပြီးတပုံ ဖွင့်ကြည့်စဉ် ဓါတ်ပုံ ၁၀-ပုံ မပြည့်ခင် အချိန်မှာ ဒီ COM Surrogate Error ပေါ်ပြီး Windows Photo Viewer ကို ပိတ်ပစ်ရလေ့ ရှိပါတယ်..။ အခု ဒီနည်းနဲ့ ဖြေရှင်းပေးလိုက်လို့ အဆင်ပြေသွားတာကတော့ ကျနော့်သူငယ်ချင်း စက်မှာ ဖြစ်ပေါ်နေတဲ့ Windows Photo Viewer Error တခုပါ..။ အဲ့ဒီစက်ကို ဒီနည်းနဲ့ ဖြေရှင်းပေးလိုက်လို့ အဆင်ပြေသွားတဲ့ ဒီလုပ်နည်းလေးကို ဒီလို Error ဖြစ်ပေါ်နေတဲ့ တခြားသူများအတွက် အဆင်ပြေပြေ ဖြေရှင်းလို့ ရအောင် ဒီနေ့ဒီပိုစ့်ကို တင်ပေးလိုက်ပါတယ်..။ ဒီဖြေရှင်းနည်းကို အလွယ်တကူ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ အစ၊အဆုံး လုပ်ပြပေးထားပါတယ်..။ ဒီ Error ဖြစ်ပေါ်နေတဲ့ စက်မှာ ဒီနည်းကို အသုံးပြုပြီးရင်တော့ စက်ကို Restart ချပြီးမှ ဆက်သုံးရင် ပိုအဆင်ပြေစေတဲ့ နည်းပါ..။ ဒီဖြေရှင်းနည်းလေးကို လိုအပ်တဲ့ သူများကတော့ အောက်မှ ဆက်ကြည့်လိုက်ပါဗျာ..။

Windows Photo Viewer နဲ့ ဓါတ်ပုံတွေ ဖွင့်ကြည့်တဲ့ အခါမှာ ဒီလိုမျိုး COM Surrogate has stopped working ဆိုပြီး Error ပေါ်လာရင်တော့ ဓါတ်ပုံတွေကို ဆက်ကြည့်လို့ မရတော့ပဲ Windows Photo Viewer ကို ပိတ်ပစ်ရတော့တာပါပဲ..။


  

ဒီ Error အတွက် ဖြေရှင်းနည်းကို CMD >> Run as administrator နဲ့ ဝင်ပြီး လုပ်ပေးရမှာ ဖြစ်တဲ့အတွက် အောက်က ပုံလေးအတိုင်း Start ကနေ CMD ကို Run as administrator နဲ့ အရင် ခေါ်၊ဖွင့်လိုက်ပါ..။



 အပေါ်ပုံအတိုင်း ပေါ်လာရင်တော့ ဒီ < regsvr32 vbscript.dll > ဆိုတဲ့ စာသားလေးကို အောက်ကပုံလေးအတိုင်း copy-caste နဲ့ ထည့်ပေးပြီး ကီးဘုတ်မှ Enter ခေါက်ပေးလိုက်ပါ..။



Enter ခေါက်လိုက်ရင် အောက်ကပုံလေးအတိုင်း ဆက်ပေါ်လာတဲ့ အခါ Succeeded စာသားနဲ့ တခုရသွားပြီ ဖြစ်တဲ့ အတွက် OK ပေးလိုက်ပါ..။ နောက်တခုကို အောက်ကပုံလေးအတိုင်း ဆက်လုပ်ပေးပါ..။


 < regsvr32 jscript.dll > ဒီစာသားလေးကိုလည်း အပေါ်က နည်းအတိုင်း copy-paste နဲ့ ထည့်ပေးပြီး Enter ခေါက်ပေးလိုက်ပါ..။



အပေါ်က ပုံလေးအတိုင်း Succeeded စာသားနဲ့ ထပ်ပေါ်လာရင်တော့ နောက်တခုလည်း အဆင်ပြေသွားပြီ ဖြစ်လို့ OK ပေးပြီး CMD ဘောက်စ်ကို EXit နဲ့ အောက်ကပုံအတိုင်း ထွက်လိုက်လို့ ရသွားပါပြီ..။


 ပြီးရင်တော့ ဓါတ်ပုံတွေ ဖွင့်ကြည့်လိုက်တဲ့ အခါမှာ အရင်လို COM Surrogate Error မပေါ်တော့ပဲ အဆင်ပြေနေတာကို တွေ့ရပါပြီ..။ ပိုကောင်းတာကတော့ ဒီလို အပြောင်းအလဲလေးတွေ လုပ်ပြီးတိုင်း စက်ကို Restart ချပေးပြီးမှ ဆက်သုံးသင့်ပါတယ်..။ ဒါမှသာ တခြား Error တွေ ထပ်မဖြစ်နိုင်တော့မှာပါ..။ ဒီလောက်ဆိုရင်တော့ ဒီ Error လေးကို ဖြေရှင်းတတ်သွားပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...