TeamViewer Portable 8.0.19045 Final


ကျနော်တို့ အင်တာနက်ကနေ မိမိတို့ရဲ့မိသားစု ကွန်ပျူတာကိုပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း ညီအစ်ကို မောင်နှမတွေရဲ့ ကွန်ပျူတာကိုပဲ ဖြစ်ဖြစ်၊ လှမ်းကြည့်ပေး ပြင်ပေးလို့ရတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါပဲ..။ ဒီကောင်လေးက အသုံးပြုလို့ ကောင်းတဲ့ Free ပေးသုံးတဲ့ TeamViewer Portable 8.0.19045 Final ဗါးရှင်းလေးပါ..။ မိမိတို့ စက်ထဲမှာ အရင်တုန်းက TeamViewer ဗါးရှင်းတွေ ရှိနေတယ်ဆိုရင်လည်း ဒီ Portable ဗါးရှင်းလေးကို အသုံးပြုလို့ ရနေမှာပါပဲ..။  ဒီဗါးရှင်းလေးက ဖရီးဗါးရှင်း ဖြစ်တဲ့အတွက် Video Call တွေနဲ့ Chat တွေတော့ အသုံးပြုလို့ မရပါဘူး..။ ကျန်တာတွေအားလုံး ပေးသုံးပါတယ်..။ ကျနော်တို့ Video Call တွေနဲ့ Chat တွေကို VZO ၊ Gmail နဲ့ Gtalk တွေမှာ Free သုံးလို့ရတဲ့အတွက် ဒီကောင်လေးနဲ့ တွဲသုံးတဲ့အခါ အရမ်းလွယ်ကူပြီး အဆင်ပြေပြေ အသုံပြုလို့ ရသွားပါလိမ့်မယ်..။ TeamViewer ဆော့ဝဲလ်ရဲ့ အသုံးပြုပုံကို အရင်ပိုစ့်တွေ ဖြစ်တဲ့ TeamViewer 8 Beta and TeamViewer 7 Portable နဲ့ TeamViewer Enterprise 7.0.14563 ပိုစ့်တွေမှာ ပြည့်စုံအောင် လုပ်ပြပေးထားပါတယ်..။ ဒီကောင်လေးကို အသုံးမပြုတတ်သေးတဲ့သူများ အဲ့ဒီပိုစ့်တွေမှာ လေ့လာကြည့်ပေးပါ..။ ဒီ Portable ဗါးရှင်းလေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9.5 MB ရှိပါတယ်..။




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...