AusLogics Boost Speed v5.3.0.5




7 Nov 12, 04:48 AM
au gmyatzaw.91@gmail.com: အကိုရယ် ကျနော်ကို Auslogics.BoostSpeed ဆော့ဝဲလ်လေး တင်ပေးပါအုံးလားအကိုရယ် ဖြစ်နိုင်ရင်ပုံလေးနဲ့၇ှင်ပြပေးပါနော် အကို့ကိုလေးစားပါတယ်ဗျာ အားလဲအားကျတယ် နောင်လဲဒီထက်မက နည်းပညာတွေမျှဝေနိုင်ပါစေဗျာ
ဒီကောင်လေးကို ရှာတွေ့ထားတာ ၃ရက်လောက်ရှိပါပြီ.. Full သုံးလို့ မရသေးလို့ မတင်ပေးသေးတာ.. ဒီနေ့တော့သူ့အတွက် ဖူးသုံးလို့ရမယ့် crack ဖိုင်လေး ရလာလို့.. အဆင်ပြေသွားပါတယ်.. crack ဖိုင်ထည့်နည်းကတော့ အရင်တုန်းက တင်ပေးထားတဲ့ Adobe CS6 အားလုံးကို Activator တခုတည်းနဲ့ ဖူးဖြစ်အောင် လုပ်နည်း ပိုစ့်မှာ ပြည့်ပြည့်စုံစုံ လုပ်ပြထားပါတယ်.. မသိသေးတဲ့သူများ အတွက်လည်း ဒီပိုစ့်မှာ အဲ့ဒီနည်းအတိုင်း ထပ်လုပ်ပြထားပါတယ်.. သူ့အတွက် crack ဖိုင်လေး ထည့်ပေးပြီးသွားရင်တော့ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ.. အသုံးပြုနည်းကိုလည်း အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ.. ဒီကောင်လေးက မိမိတို့ရဲ့စက်ကို သွက်လက်မြန်ဆန်စေမယ့် ပရိုဂရမ်လေး တခုပါ.. Junk ဖိုင်လို့ခေါ်တဲ့ အမှိုက်တွေရှင်းပေးမယ်.. Registry Error တွေကို ပြန်ကောင်းစေမယ်.. ဖိုင်စီပေးမယ်.. Browser ရဲ့ History တွေကိုလည်း ရှင်းပေးပါလိမ့်မယ်.. မိမိတို့စက်အတွက် အသုံးဝင်တဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါပဲ.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 10.1 MB ရှိပါတယ်..




ှုInstall ထည့်ပြီးတာနဲ့ အောက်ကပုံအတိုင်း ပိတ်ချပစ်လိုက်ပါ..။



အပေါ်ကပုံအတိုင်းလည်း A, B, C အတိုင်း သွားပိတ်ပေးလိုက်ပါ..။ ပြီးရင်တော့ အောက်ကပုံအတိုင်း Desktop မှာပေါ်နေတဲ့ ဒီကောင်လေးရဲ့ ပုံလေးပေါ်မှာ Right Click ထောက်ပြီး အောက်ပုံအတိုင်း ဆက်သွားလိုက်ပါ..။ ကျနော်တို့ ဒီကောင်လေးအတွက် Crack ဖိုင်လေး ထည့်ပြီး Full သုံးလို့ရအောင် အရင်လုပ်မှာပါ..။ ဒါကြောင့် အောက်ကပုံအတိုင်း သွားလိုက်ပါ..။ 


အပေါ်က Properties ကိုကလစ်လိုက်ရင် အောက်က 1 နေရာကို နှိပ်ရမယ့်ဘောက်စ်လေး ပေါ်နေပါလိမ့်မယ်..။ 2 နေရာကတော့ ဒီကောင်လေးကို ဒေါင်းယူထားတဲ့ ဖိုင်ထဲမှာပါလာတဲ့ crack ဖိုင်လေးကို Right Click နဲ့ copy ယူရမှာပါ.. 3 နေရာကတော့ copy ယူလာတဲ့ crack ဖိုင်လေးကို ထည့်ဖို့ ဘေးနေရာလွတ်မှာ Right Click >> paste နဲ့ထည့်ပါ..


အောက်ကပုံအတိုင်း ဆက်ပေါ်လာရင် Copy and Replace နေရာကို ကလစ်ပေးလိုက်ပါ.. ပြီးရင် continue ကိုဆက် နှိပ်ပေးလိုက်ပါ..



အပေါ်ပုံအတိုင်း ပြီးသွားရင်တော့ အောက်ကပုံအတိုင်း ဘောက်စ်တွေအားလုံးကို A, B, C အတိုင်းနှိပ်ပြီး ပိတ်ပစ်လိုက်..။


အားလုံးပိတ်ပြီးသွားရင်တော့ ဒီကောင်လေးရဲ့ Desktop မှာပေါ်နေတဲ့ Icon လေးကို ၂ချက်တောက်ပြီးဖွင့်ပါ.. အောက်ကပုံအတိုင်း ဆက်လုပ်ပေးလိုက်ပါ..






 အာက်ကပုံအတိုင်း errors were fixed စာသားပေါ်လာရင် အားလုံးပြီးသွားပါပြီ.. Report တွေပြန်ကြည့်ချင်ရင်တော့ အောက်ကပုံအတိုင်း မျှားနီနေရာကို ကလစ်ပြီး ကြည့်နိုင်ပါတယ်..



နောက်တခုက System Advisor နေရာကို တချက်ထပ်ကလစ်ပေးလိုက်ရင် အောက်ကပုံတွေ အတိုင်း ထပ်ပြီး အလုပ်လုပ်ပါလိမ့်မယ်..



အောက်ကပုံလေးအတိုင်း ဘေးဘက်က စာကြောင်းလေးတွေကိုလည်း တချက်ချင်းစီ ကလစ်ပြီး ဆက်လုပ်ပေးလိုက်ပါအုန်း.. ဒါဆိုရင် အားလုံး OK ပါပြီ.. အားလုံးပြီးသွားရင်တော့ မိမိတို့ရဲ့ စက်ကို Restart ချပေးလိုက်ပါ..။ စက်ပြန်တက်လာရင် အရင်ကထက် သွက်လက်မြန်ဆန်နေပါလိမ့်မယ်.. ဒီကောင်လေးကို နေ့တိုင်းလုပ်ပေးဖို့ မလိုပါဘူး..။ တပါတ်ကို ၂ခါ၊ ၃ခါလောက် လုပ်ပေးလိုက်ရင် ရပါပြီ..



အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..

1 comment:

  1. ဒီလို ပုံလေးနဲ့တကွ ရှင်းပြပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်အကိုရယ် အကို ဒီထက် နည်းပညာတွေမျှဝေနိုင်ပါစေနော်

    ReplyDelete

Related Posts Plugin for WordPress, Blogger...