ChrisTV Online! Free Edition 8.10 and Real Player 15.0.6.14


ဒီကောင်လေးကို အရင်တုန်းကလည်း တင်ပေးဖူးပါတယ်.. အရင်တုန်းက တင်ပေးထားတဲ့ Version က christv online premium edition 7.30 ပါ.. ဒီကောင်လေးကတော့ နောက်ထပ်ထွက်လာတဲ့ Free Edition လေး.. ဖရီးပေးသုံးတဲ့ ကောင်လေးပါ.. တကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံတကာက TV လိုင်းပေါင်းများစွာကို ဒီကောင်လေးနဲ့ အင်တာနက်ကနေ တိုက်ရိုက်ကြည့်လို့ ရမှာဖြစ်ပါတယ်.. နိုင်ငံတကာ TV လိုင်းတွေကြည့်ချင်တဲ့သူများအတွက် အဆင်ပြေစေမယ့် ကောင်လေးပါ..။ သူ့အတွက် လိုအပ်တာကတော့ Real Player ပဲဖြစ်ပါတယ်.. Real Player မိမိတို့စက်ထဲ Install ထည့်ပေးလိုက်ရင် ဒီကောင်လေးကို အသုံးပြုလို့ ရသွားပါပြီ..။ အောက်မှာတော့ ChrisTV Online နဲ့ Real Player ၂ခုစလုံးကို တင်ပေးလိုက်ပါတယ်..။ အသုံပြုမယ့်သူများကတော့ ဒီဆော့ဝဲလ် ၂ခုစလုံးကို မိမိတို့စက်ထဲ Install ထည့်ပေးရမှာပါ.. လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ကျနော် အသုံးပြုထားလေးတွေကိုလည်း အောက်မှာ ပုံလေးတွေနဲ့ ဖေါ်ပြထားပါတယ်..


ChrisTV Online! Free Edition (5.4 MB)

Real Player 15.0.6.14 (26.6 MB)





အောက်ကပုံလိုမျိုးပေါ်လာရင် အဲ့ဒီလိုင်းကို ကြည့်လို့မရသေးပါ.. ဒါကြောင့် နောက်တလိုင်း ပြောင်းကြည့်ရမှာပါ.. 


ဒီအောက်ကပုံကတော့ Real Player ကို Install ထည့်ပြီးရင် မြင်ရတဲ့ပုံလေးပါ.. ညာဘက်အပေါ်ထောင့် ကြတ်ခြေခတ်နဲ့ ပိတ်ပစ်လိုက်လို့ ရပါပြီ..



အောက်ကပုံလိုမျိုး နောက်တလိုင်းကို ထပ်ဖမ်းတဲ့အခါ TV ကြည့်လို့ ရသွားပါပြီ.. မိမိတို့ကြည့်ချင်တဲ့ နိုင်ငံကို ရွေးပြီး အောက်ကပုံလိုမျိုး အဲ့ဒီနိုင်ငံနေရာအောက်မှာ TV လိုင်းတွေကို တခုချင်းစီ နှိပ်ပါ.. တလိုင်းနှိပ်ပြီး ခဏတော့ စောင့်ပေးလိုက်ပါ.. ရတဲ့လိုင်းဆို ပေါ်လာပါလိမ့်မယ်..




1 comment:

  1. ၀မ်းနည်းစရာကောင်းတာက မြန်မာလိုင်းမပါဘူး ဖြစ်နေတယ်ဗျာ။
    ဘာပဲဖြစ်ဖြစ် နည်းပညာ၊ အသိပညာများ မျှဝေပေးတဲ့အတွက်
    ကျေးဇူးပါ ခင်ဗျာ။
    လိုတိုင်းတ လို့ တတိုင်းရပါစေနော်။

    ReplyDelete

Related Posts Plugin for WordPress, Blogger...