Connectify Hotspot PRO v3.7.1.25486 (Latest Version)

 ဒီကောင်လေးကို ကျနော့်သူငယ်ချင်း အားလုံးက ကြိုက်ကြပါတယ်.. ကွန်ပျူတာကနေ Wifi ပြန်ထုတ်သုံးလို့ ရတဲ့အတွက်.. ကွန်ပျူတာတစ်လုံးထဲကနေ တခြားဖုန်းတွေနဲ့ ကွန်ပျူတာတွေပါ အင်တာနက် အသုံးပြုလို့ ရတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါ.. အရင်တုန်းကလည်း Version အဟောင်းတခု တင်ပေးခဲ့ဖူးပါတယ်.. အဲ့ဒီဗါးရှင်းအဟောင်းမှာတုန်းက Patch နဲ့ဖူးဖြစ်အောင် လုပ်ပြီး သုံးကြတာပါ.. အရင်တုန်းက ဗါးရှင်းအဟောင်းပိုစ့်ကို ဒီနေရာကနေ ဝင်ကြည့်နိုင်ပါတယ်.. အခု Latest Version မှာတော့ Patch / Keygen / Serial Keys သုံးမျိုးထည့်ပေးထားပါတယ်.. မိမိတို့နဲ့ အဆင်ပြေစေမယ့် တခုခုနဲ့ ဖူးဖြစ်အောင်လုပ်ပြီး အသုံးပြုနိုင်ပါတယ်.. ကျနော်ကတော့ ဒီပိုစ့်မှာ Keys တွေနဲ့ ဖူးဖြစ်အောင်လုပ်ပြ ပေးထားပါတယ်.. အသုံးပြုပုံကတော့ အရင်တုန်းက Version အဟောင်းနဲ့ အတူတူပါပဲ.. ဒီပိုစ့်မှာလည်း ပြန်လည် လုပ်ပြထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. အသုံးမပြုတတ်သေးတဲ့ သူများကလည်း အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်.. ဒီကောင်လေးရဲ့ ဖိုင်ဆိုဒ်ကတော့ 7.6 MB ရှိပါတယ်..





အောက်ကပုံအတိုင်း ဒီကောင်လေးကို ၂ချက်တောက်ပြီး Install ထည့်ပါတယ်.. Key ထည့်မယ့်သူများကတော့ အမှန်ခြစ်ပေးပြီးမှ Finish ကိုနှိပ်ပါ.. တကယ်လို့ Patch နဲ့ဖူးဖြစ်အောင် လုပ်ပြီးအသုံးပြုမယ့်သူများကတော့ အမှန်ခြစ်ဖြုတ်ပြီး Finish ကိုနှိပ်ပါ.. အောက်ကပုံကတော့ ကျနော် Key ထည့်မှာဖြစ်လို့ အဲ့ဒီအတိုင်း လုပ်ပြထားပါတယ်..။


ပေါ်လာတဲ့ ဘောက်စ်တွေကို အောက်ကပုံအတိုင်း နှိပ်သွားလိုက်ပါ..။



အပေါ်ပုံအတိုင်း License Key နေရာကိုနှိပ်ပြီးတော့ အောက်ကပုံတိုင်း သူ့ထဲမှာ Notepad နဲ့ ထည့်ပေးထားတဲ့ Key တွေကို Right Click >> copy ယူပြီး Ctrl+V နဲ့ထည့်ပါတယ်.. 



အပေါ်ပုံအတိုင်း ပေါ်လာရင် OK ဆက်နှိပ်လိုက်ပါ.. ဒါဆိုရင်တော့ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ.. အောက်မှာ ကျနော်အသုံးပြုထားတာကို ဆက်ကြည့်လိုက်ပါ.. 1, 2, 3, 4 အတိုင်း အဆင့်ဆင့်လုပ်ပေးလိုက်ပါ..။ 2 နေရာမှာတော့ Password ကိုအနည်းဆုံး ရှစ်လုံးထည့်ပေးမှ ရပါတယ်.. ၁၀လုံး၊ ၁၂လုံး များများထည့်ပေးလို့်လည်း ရပါသေးတယ်.. 1, 2, 3 အဆင့်ဆင့်ပြီးသွားရင်တော့ 4 နေရာကို နှိပ်ပြီး ခဏစောင့်ပေးလိုက်ပါ..


အောက်ကပုံအတိုင်း ဆက်ပေါ်လာရင်တော့ မိမိတို့ အသုံးပြုမယ့် နောက်ထပ် ဖုန်းတို့၊ ကွန်ပျူတာတို့ကို Wifi နဲ့ချိတ်ဆက်လို့ ရသွားပါပြီ..


ဟိုဘက်ကစက်မှာလည်း မိမိပေးထားတဲ့နာမည် ပေါ်နေတဲ့အခါမှာ ကလစ်ပြီး မိမိထည့်ပေးထားတဲ့ Password ကို ရိုက်ထည့်၊ Connect ကိုနှိပ်လိုက်ရင် Wifi ကိုအသုံးပြုလို့ ရသွားပါပြီ.. စက်တလုံး Connect ဖြစ်တဲ့အခါမှာ အောက်ကပုံလိုမျိုး Connected to my Hotspot (1) လို့ပြနေပါလိမ့်မယ်..  စက်၂လုံး၊ ၃လုံးဆိုရင်တော့ (2)(3) စသဖြင့်ပြနေပါလိမ့်မယ်..

ဒါဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုလို့ ရသွားပါပြီ.. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..

2 comments:

  1. ကျနော်ကို ပြန်လည်ဖော်ပြခွင့်ပေးပါ

    ReplyDelete
  2. ဒေါင်းလို့ မရတော့ဘူး . . . . လုပ်ပါဦး

    ReplyDelete

Related Posts Plugin for WordPress, Blogger...