Hiren's Boot CD 15.2

ဒီကောင်လေးကို အစ်ကိုတစ်ယောက် အရင်တုန်းက တောင်းထားဖူးပါတယ်.. ကျန်ခဲ့တဲ့ ရက်က ကျနော်စမ်းကြည့်ရင် အဆင်ပြေတာလေးမို့ ပြန်တင်ပေးလိုက်ပါတယ်.. နောက်ဆုံးထွက် Update အသစ်လေးပါ.. ဖိုင်ဆိုဒ်တော့ နည်းနည်းများတဲ့ အတွက် မူရင်းဆိုဒ်ကပဲ ဒါရိုက်လင့်နဲ့ ချိတ်ပေးထားပါတယ်..။ ဒီကောင်လေးရဲ့ အသုံးဝင်တာတာတွေကတော့ အများကြီးပါပဲ.. မိမိတို့စက်မှာ Password ပေးထားပြီး မမှတ်မိတော့လို့ ပြန်ဖွင့်မရတာ.. အဲ့ဒီအတွက် Windows Password ဖြုတ်တာ၊ Data Recovery လို့ခေါ်တဲ့ ပျက်သွားတဲ့ ဝင်းဒိုးထဲက Data တွေကို ပြန်ယူတာ.. စသဖြင့် ဒီကောင်လေးနဲ့ အဆင်ပြေပါတယ်.. အသုံးပြုပုံကို အောက်မှာ Video ဖိုင်လေးတွေ ချိတ်ပေးထားပါတယ်.. စက်ပိတ်ပြီး လုပ်ရမှာ ဖြစ်တဲ့အတွက် ပုံတွေနဲ့ လုပ်ပြဖို့ အဆင်မပြေပါဘူး.. ဒီဖိုင်ကို အခွေကူးတာကိုတော့ အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်.. အခွေကူးဖို့ CD အသစ်တချပ်လိုပါတယ်.. ဒီကောင်လေးရဲ့ အညွှန်းကို English ဆိုဒ်တွေမှာ ရေးထားတဲ့အတိုင်း ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..။
Hiren's BootCD - All in one Dos Bootable CD roomates has all these utilities: Antivirus Tools, archivers, Backup Tools, BIOS / CMOS Tools, Browsers / File Managers, Cleaners, Editors / Viewers, filesystems Tools, Hard Disk Tools, MBR (Master Boot Record) Tools, Ms Dos Tools, Network Tools, Optimizers, Partition Tools, Password Tools, Process Tools, Recovery Tools, Registry Tools, Remote Control Tools, Security / Encryption Tools, Startup Tools, System Information Tools, Testing Tools, tweakers, etc .
လိုအပ်တဲ့သူများးကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 592 MB ရှိပါတယ်..





ဖိုင်ဖြည်ပြီးတဲ့အခါ အခွေကူးဖို့ အောက်ကပုံလေးအတိုင်း လုပ်ပေးလိုက်ပါ..




အပေါ်ပုံအတိုင်း အခွေတောင်းတဲ့ ဘောက်စ်လေး ပေါ်လာရင် CD အသစ်တချပ်ကို မိမိတို့စက်ထဲ ထည့်ပေးလိုက်ပါ.. ပြီးရင်တော့ အပေါ်ပုံမှာ ပြထားတဲ့ OK ကိုနှိပ်ပေးလိုက်ပါ.. အောက်ကပုံတွေ အတိုင်း အခွေကူးပေးပါလိမ့်မယ်.. ပြီးတဲ့အထိ စောင့်ပေးလိုက်ပါ..






အပေါ်ပုံအတိုင်း Complete ဖြစ်သွားရင်တော့ ဒီကောင်လေးကို ကူးပြီးသား အခွေလေး ကန်ထွက်လာပါလိမ့်မယ်.. သေချာစာရေးပြီး သိမ်းထားလိုက်ပါ.. အဲ့ဒီခွေကို စက်ထဲထည့်ကြည့်လိုက်ရင်တော့ အောက်ကပုံအတိုင်း ပေါ်နေပါလိမ့်မယ်..


အသုံးပြုပုံကို အောက်က Video ဖိုင်လေးတွေကြည့်ပြီး လုပ်တတ်သွားပါလိမ့်မယ်.. အောက်က Video ဖိုင်၂ခုကတော့ Password Recovery အတွက်ပါ..



အောက်က Video တွေကတော့ Data Recovery အတွက်ပါ.


1 comment:

  1. ကျေူးဇူးပြုပြီးပြန်တင်ပေးပါခင်ဗျား

    ReplyDelete

Related Posts Plugin for WordPress, Blogger...