Avira Free Antivirus 2013 - 13.0.0.2832


Avira Free Antivirus 2013 ကတော့ ဒီ November လထဲမှာ Update ထွက်လာတဲ့ နောက်ဆုံးထွက်လေးပါ.. အရင်တုန်းကလည်း Avira Free Antivirus 2012 တင်ပေးခဲ့ ဖူးပါတယ်.. အဲ့ဒီပိုစ့်မှာ ဒီကောင်လေးကို အသေးစိတ် အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ လုပ်ပြပေးခဲ့ပြီးပါပြီ.. ဒီဆော့ဝဲလ်ကို အသုံးမပြုတတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ဒီနေရာကနေ ပြန်သွားကြည့်နိုင်ပါတယ်.. အသုံးပြုနည်း အတူတူပါပဲ.. ဒီပိုစ့်မှာလည်း Update လုပ်ရမယ့် နေရာနဲ့ Scan လုပ်ရမယ့်နေရာတွေကို အရင်ပိုစ့်က ပုံတွေအတိုင်း ပြန်လည်ဖေါ်ပြ ပေးထားပါတယ်.. ဒီိကောင်လေးကတော့ လူကြိုက်များတဲ့ နာမည်ကြီး Antivirus တခုပါပဲ..။ ဒီဗါးရှင်းကတော့ Free Version လေးပါ.. နောက်ပိုင်း Premium Version တွေ ရလာခဲ့ရင် ထပ်တင်ပေးပါအုန်းမယ်.. အခုတော့ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 101 MB.. မူရင်းလင့်ကနေပဲ ဒေါင်းလို့အဆင်ပြေအောင် လင့်ပြန်ချိတ်ပေးထားပါတယ်..။

Photoshine v4.2.0 (ဓါတ်ပုံတွေကို ဘက်ဂရောင်း လှလှလေးတွေနဲ့ ဒီဇီုင်းမျိုးစုံ ဖန်တီးရအောင်)



 25 Nov 12, 06:13 PM
ဇော်ဇော်:
နောက်ပြီး photoshine software ကလေးကီးမမှန်ဘူး ဖြစ်နေတယ် သူနဲ့ အဆင်ပြေမဲ့ကီးလေးပြန်တင်ပေးနော်
ဒီိဆော့ဝဲလ်အတွက် Key တွေကို အရင်တုန်းကလည်း ခဏခဏ ရှာဖူးပါတယ်.. ရလာတဲ့ Key တွေက အဆင်မပြေပါဘူး.. ဒီနေ့တော့ ဒီကောင်လေးကို ပြန်ရှာတော့ သူ့အတွက် patch နဲ့ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုလို့ ရမယ့်ကောင်လေး ရလာပါတယ်..။ ကျနော်စမ်းကြည့်တော့ အဆင်ပြေတာနဲ့ ဒီ Photoshine ဆော့ဝဲလ်ကို patch ဖိုင်နဲ့အတူ တင်ပေးလိုက်ပါတယ်.. မိမိတို့ရဲ့ ပုံလေးတွေကို နောက်ခံဒီဇိုင်းမျိုးစုံနဲ့ ဖန်တီးချင်တဲ့သူများအတွက် ဒီိကောင်လေးက လူတိုင်းကြိုက်လို ဖြစ်နေပါတယ်..။ သူ့ထဲမှာ ထည့်ပေးထားတဲ့ Patch နဲ့ဖူးဖြစ်အောင် လုပ်နည်းကို အရင်ပိုစ့်တွေမှာလည်း လုပ်ပြပေးခဲ့ပြီးပါပြီ.. ဒီပိုစ့်မှာတော့ Patch ဖိုင်ထည့်နည်းက အရင်ပိုစ့်တွေနဲ့ အတူတူပဲဆိုပေမယ့် နည်းနည်းလေး ပိုလာလို့ ကျနော်ပုံလေးတွေနဲ့ ပြန်ပြပေးလိုက်ပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 29.8 MB ရှိပါတယ်..

Hiren's Boot CD 15.2

ဒီကောင်လေးကို အစ်ကိုတစ်ယောက် အရင်တုန်းက တောင်းထားဖူးပါတယ်.. ကျန်ခဲ့တဲ့ ရက်က ကျနော်စမ်းကြည့်ရင် အဆင်ပြေတာလေးမို့ ပြန်တင်ပေးလိုက်ပါတယ်.. နောက်ဆုံးထွက် Update အသစ်လေးပါ.. ဖိုင်ဆိုဒ်တော့ နည်းနည်းများတဲ့ အတွက် မူရင်းဆိုဒ်ကပဲ ဒါရိုက်လင့်နဲ့ ချိတ်ပေးထားပါတယ်..။ ဒီကောင်လေးရဲ့ အသုံးဝင်တာတာတွေကတော့ အများကြီးပါပဲ.. မိမိတို့စက်မှာ Password ပေးထားပြီး မမှတ်မိတော့လို့ ပြန်ဖွင့်မရတာ.. အဲ့ဒီအတွက် Windows Password ဖြုတ်တာ၊ Data Recovery လို့ခေါ်တဲ့ ပျက်သွားတဲ့ ဝင်းဒိုးထဲက Data တွေကို ပြန်ယူတာ.. စသဖြင့် ဒီကောင်လေးနဲ့ အဆင်ပြေပါတယ်.. အသုံးပြုပုံကို အောက်မှာ Video ဖိုင်လေးတွေ ချိတ်ပေးထားပါတယ်.. စက်ပိတ်ပြီး လုပ်ရမှာ ဖြစ်တဲ့အတွက် ပုံတွေနဲ့ လုပ်ပြဖို့ အဆင်မပြေပါဘူး.. ဒီဖိုင်ကို အခွေကူးတာကိုတော့ အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်.. အခွေကူးဖို့ CD အသစ်တချပ်လိုပါတယ်.. ဒီကောင်လေးရဲ့ အညွှန်းကို English ဆိုဒ်တွေမှာ ရေးထားတဲ့အတိုင်း ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..။
Hiren's BootCD - All in one Dos Bootable CD roomates has all these utilities: Antivirus Tools, archivers, Backup Tools, BIOS / CMOS Tools, Browsers / File Managers, Cleaners, Editors / Viewers, filesystems Tools, Hard Disk Tools, MBR (Master Boot Record) Tools, Ms Dos Tools, Network Tools, Optimizers, Partition Tools, Password Tools, Process Tools, Recovery Tools, Registry Tools, Remote Control Tools, Security / Encryption Tools, Startup Tools, System Information Tools, Testing Tools, tweakers, etc .
လိုအပ်တဲ့သူများးကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 592 MB ရှိပါတယ်..

Power Point Viewer 12.0.4518


ဒါကတော့ မိတ်ဆွေတစ်ယောက်ဆီက ပို့လာတဲ့ ပုံတွေကို ဖွင့်ကြည့်ဖို့ လိုက်ရှာရင်း ရလာတဲ့ Power Point Viewer လေးပါ.. ကျနော့်စက်မှာ ကျန်ခဲ့တဲ့တပါတ် ဝင်းဒိုးပြန်တင်ပြီးကတည်းက Microsoft Office တခုမှ မထည့်ရသေးပါဘူး.. ဒါကြောင့်ဒီ Power Point နဲ့လုပ်ထားတဲ့ ပုံတွေကို ဖွင့်ကြည့်လို့ မရတဲ့အတွက် ဒီ Power Point Viewer လေးထည့်မှ ပုံတွေကို အလွယ်တကူ ကြည့်လို့ရသွားပါတယ်.. Power Point နဲ့ လုပ်ထားတဲ့ ပုံတွေရဲ့ ပုံဖေါ်မတ်က PPTX File ဆိုပြီး ပုံရဲ့ဖ်ါမတ်ကို ပြထားပါတယ်.. မိမိတို့ စက်ထဲမှာ Microsoft Office တခုမှ ထည့်မထားရသေးရင်တော့ ဒီလိုဖိုင်ဖေါ်မတ်ကို ဖွင့်ကြည့်လို့ မရနိုင်ပါဘူး.. Microsoft Office ကဖိုင်ဆိုဒ်ကြီးလို့ပဲ ဖြစ်ဖြစ် ၊ အလွယ်တကူ ရှာမရလို့ပဲ ဖြစ်ဖြစ် အခက်ခဲကြုံနေရင်တော့ ဒီ Power Point Viewer လေးကို ဆောင်ထားလိုက်ပါ.. အဆင်ပြေသွားပါလိမ့်မယ်..။ ဒီကောင်လေးကို Install ထည့်ပေးလိုက်ယုံပါပဲ.. Power Point ဖေါ်မတ်နဲ့ ဖန်တီးထားတဲ့ PPTX File ဖေါ်မတ် ပုံတွေကို အလွယ်တကူ ဖွင့်ကြည့်လို့ ရသွားပါလိမ့်မယ်.. အောက်မှာလည်း ပုံ၂ခုယှဉ်ပြထားပါတယ်.. Power Point Viewer မထည့်ရသေးခင်ကပုံနဲ့ ထည့်ပြီးမှ ပေါ်လာတဲ့ပုံ ၂ခုကို တွဲပြထားပါတယ်.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 25.4 MB ရှိပါတယ်..

Cyberlink Powerdirector 9.00.2330

21 Nov 12, 06:14 PM
ဇော်ဇော်:
cyberlink powerdirector 9.0 software လေးလိုချင်လို့ အကိုဆိုဒ်မှာတင်ပေးထားပေမဲ့ ဒေါင်းမရဘူး
25 Nov 12, 06:12 PM
ဇော်ဇော်:
အကိုအားရင် powerdirector videoediting software လေးပြန်တင်ပေးပါလားအကိုရေ
Powerdirector 9 Video Editing ဆော့ဝဲလ်ကို ပြန်တင်ပေးလိုက်ပါပြီ.. အပိုင်းအားလုံး ၇ပိုင်း ခွဲပြီး တင်ပေးထားပါတယ်.. ဖိုင်ဖြည်ရင်တော့ New Folder တခုဖွင့်ပြီး အပိုင်းအားလုံးကိုထည့် ပြီးရင် အပိုင်းတစ်ကနေ ဖြည်ချလိုက်ရင် ကျန်တဲ့အပိုင်းတွေပါ ပြည်သွားပါလိမ့်မယ်. အောက်မှာလည်း လုပ်တတ်အောင် ပုံလေးတွေနဲ့ ပြပေးထားပါတယ်.. လိုအပ်တဲ့သူများကတော့ တခါတည်း ဒေါင်းယူထားလိုက်ပါဗျာ.. နောက်တခါပြန်တင်ပေးဖို့ မလွယ်လို့ပါ.. ဒီဖိုင်တွေအားလုံးကို ရတဲ့အချိန်လေးမှာ တင်ပေးထားတာဖြစ်လို့ ၃ရက်လောက် အချိန်ပေးရပါတယ်..
အခုတလော ဖိုင်တင်ရတာ အတော်လေး အဆင်ပြေတာကတော့ Rapidshare ဆိုဒ်ပါပဲ.. အရင်တင်နေကျ ဆိုဒ်တွေက ဖိုင်ဆိုဒ်ကြီးရင် သိပ်အဆင်မပြေတော့ဘူး.. ဒါကြောင့် ဒီဖိုင်တွေအားလုံးကို Rapishare မှာပဲ တင်ပေးလိုက်ပါတယ်.. သူ့ရဲ့ဆိုဒ်ကို Update လုပ်ထားတာဖြစ်လို့ ဒေါင်းရတာလည်း အရင်ကထက်ပို အဆင်ပြေပါတယ်.. ဖိုင်တင်ရတာလည်း ပိုကောင်းသွားတယ်.. တောင်းထားတဲ့ Photoshop တွေကိုလည်း အဲ့ဒီဆိုဒ်မှာပဲ တင်ပေးဖြစ်တော့မယ် ထင်ပါတယ်.. အခုဒီ Cyberlink Powerdirector 9 Video Editing ဆော့ဝဲလ်ကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ အပိုင်းတပိုင်းကို 100 MB စီခွဲပြီး ၇ပိုင်းတင်ပေးထားပါတယ်..။ ဒီဆော့ဝဲအသုံးပြုပုံကို စာအုပ်လေးတင်ပေးထား ရှိပါတယ်.. ဒီလင့်ကနေ ဝင်ယူလိုက်ပါ..။

Xilisoft Video Converter Ultimate v7.6.0 build 20121027


 23 Nov 12, 10:14 PM
Hein Htet: အစ်ကိုရေ Defraggler key လေး နဲ့ software များအတွက် Keys လေးလိုချင်လို့
23 Nov 12, 03:28 PM
Hein Htet:
အစ်ကို ရေ xillisoft video ultimate Key လေးပေးပါ
 Defraggler ဆော့ဝဲလ်ကိုတော့ နောက်ရက်တွေ အဆင်ပြေတဲ့အခါ တင်ပေးထားပါမယ်..။ အခု ဒီဆော့ဝဲလ်ကို Key သက်သက်မပေးတော့ပဲ ဆော့ဝဲလ်နဲ့ အသုံးပြုပုံပါ တွဲတင်ပေးလိုက်တာ ဖြစ်တဲ့အတွက် တခြားလိုအပ်တဲ့သူများလည်း အသုံးပြုရ အဆင်ပြေသွားပါလိမ့်မယ်.. ဒီကောင်လေးရဲ့ အသုံးပြုပုံက Any Video Converter နဲ့တူပါတယ်.. ဒီကောင်လေးမှာက ပိုပြီး Format စုံတာ တွေ့ရပါတယ်.. Apple ကထုတ်တဲ့ Iphone, Ipad, Tablet မျိုးစုံ၊ Android ဖုန်းတွေအတွက် ဖေါ်မတ်မျိုးစုံ၊ Windows Phone, Black Berry, Mobile Phone ဖေါ်မတ်မျိုးစုံ ပြောပြလို့တောင် ကုန်မှာမဟုတ်တော့ပါဘူး.. ဒီကောင်လေး တခုရှိနေယုံနဲပ ဖေါ်မတ်အားလုံးနီးပါး ပြောင်းပေးလို့ ရပါတယ်.. အောက်မှာ ကျနော်သီချင်းတပုဒ်ကို နမူနာလုပ်ပြထားပါတယ်.. သူ့ရဲ့အညွှန်းအတိုင်း လုပ်ပြပေးထားတာပါ.. အသုံးပြုရတာလည်း လွယ်လို့ အားလုံးကြိုက်ကြမယ်လို့ ထင်ပါတယ်.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 35.1 MB ရှိပါတယ်..

TeamViewer 8 Beta and TeamViewer 7 Portable

ဒီ TeamViewer ဗါးရှင်း၂ခုက ဒီလထဲမှာမှ ရှေ့ဆင့်နောက်ဆင့် အသစ်ထွက်လာတဲ့ နောက်ဆုံးထွက် Version တွေပါ.. ဒီဗါးရှင်း၂ခုစလုံးကို မိမိတို့စက်ထဲ ထည့်ပြီး တန်းသုံးယုံပါပဲ.. Free ပေးသုံးတဲ့ ကောင်လေးတွေပါ.. အရင်တုန်းက တင်ပေးခဲ့တဲ့ TeamViewer Enterprise 7.0.14563 က ဖရီးမဟုတ်တဲ့အတွက် crack နဲ့ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုကြရတာပါ.. crack တွေ patch တွေ မထည့်တတ်တဲ့သူများအတွက် ဒီလို Free Version တွေကလည်း အသုံးဝင်လှပါတယ်.. မိမိတို့ကွန်ပျူတာကနေ တခြားကွန်ပျူတာတလုံးကို အင်တာနက်ကနေ လှမ်းကြည့်ပေး၊ ပြင်ပေးလို့ရတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါ..။ ဒီဗါးရှင်းမှာ ကျနော် တော်တော်များများ စမ်းသုံးမိပါတယ်.. အများကြီးအသုံးပြုလို့ ရတဲ့အတွက် အရင်ကထက် ပိုသဘောကျမိပါတယ်.. အောက်မှာ ကျနော် အသုံးပြုထားတာတွေကတော့ Chat Room တွေပါ ပါတယ်.. စာရိုက်လို့ရမယ် (မြန်မာလို မရသေးပါ) ၊ Voice Call ရတယ်၊ Video Call လည်းရတယ်.. နောက်တခုက ဟိုဘက်ကစက်ကို မိမိစက်ကနေ Restart ချပြီး Safe Mode ထဲထိ ဝင်ပြီး လိုက်လုပ်ပေးလို့ ရပါသေးတယ်.. အောက်မှာ ကျနော်အသုံးပြုပြထားပါတယ်.. ဒါပေမယ့် တခု သတိပြုရမှာက ဒီကောင်လေးကို Install ထည့်ခါနီး၊ ဖိုင်ဖြည်တဲ့ အခါတွေနဲ့ ဒီကောင်လေးကို အသုံးပြုတော့မယ့်အချိန်တွေမှာ မိမိတို့စက်ထဲမှာ ရှိတဲ့ Antivirus Programs တွေကို လုံးဝပိတ်ပေးထားရပါမယ်.. နောက်ပြီး မိမိတို့ စက်ရဲ့ Windows FireWall ကိုလည်း ပိတ်ပေးထားရပါမယ်.. အဲ့ဒီကောင်တွေ ပိတ်ထားပြီးမှ ဒီဆော့ဝဲလ်ကို ကောင်းကောင်းအသုံးပြုလို့ ရမှာ ဖြစ်ပါတယ်.. အဲ့လိုမှ မဟုတ်ရင်တော့ ဆော့ဝဲလ်ကို ဖိုင်ဖြည်လိုက်တာနဲ့ Antivirus က ဒီဆော့ဝဲလ်ကို ဗိုင်းရပ်စ်ဆိုပြီး မှားဖျက်ပါလိမ့်မယ်.. အသုံးပြုတဲ့အခါမှာလည်း Antivirus က ခဏခဏပိတ်ပစ်မှာမို့ ၁၀ မိနစ်တခါလောက် Connection ပြတ်ကျနေပါလိမ့်မယ်.. နောက်ပြီး FireWall ကလည်း အင်တာနက်ကနေ ဒီဆော့ဝဲလ်လှမ်းချိတ်တဲ့အခါမှာ လက်မခံတဲ့အတွက် ချိတ်လို့မရ ဖြစ်နေပါလိမ့်မယ်.. ဒီဆော့ဝဲလ်ရဲ့ ဖွဲ့စည်းပုံက ဟတ်ကာဆော့ဝဲလ်တွေနဲ့ တူနေလို့ Antivirus တို့ Windows FireWall တို့က ဗိုင်းရပ်စ်ထင်ပြီး ဖျက်ပစ်တာတို့ ၊ အသုံးပြုတာကို လက်မခံတာတို့ ပြုလုပ်နေခြင်းပဲ ဖြစ်ပါတယ်.. အဲ့လိုမျိုး ကြုံရပါလိမ့်မယ်.. ဒါကြောင့် ဒီ TeamViewer ဆော့ဝဲလ်ကို အသုံးပြုတော့မယ်ဆိုရင် အရင်ဆုံး Antivirus ပရိုဂရမ်နဲ့ Windows FireWall ကို ပိတ်ထားပြီးမှ အသုံးပြုပါ.. အဲ့လိုဆိုရင် ဒီဆော့ဝဲလ်ကို ကောင်းကောင်းမွန်မွန် အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်နေ ဒေါင်းယူလိုက်ပါဗျာ..

Wise Folder Hider 1.2.9

ဒီကောင်လေးကတော့ Folder တွေ File တွေနဲ့ USB Drive တွေကို Password နဲ့ လော့ချပြီး သိမ်းထား ၊ ဝှက်ထားလို့ ရတဲ့ ကောင်လေးပါ.. Free ဆော့ဝဲလ်လေးရလာလို့ ဖိုင်ဆိုဒ်လည်း သေးတဲ့ အတွက် ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုလို့ ကောင်းတဲ့ ဆော့ဝဲလ်လေးမို့ တင်ပေးလိုက်ပါတယ်.. အရင်တုန်း တင်ပေးထားပြီးသား Folder Lock 7.0.6 လည်း အသုံးပြုလို့ ရပါတယ်..။ ဒီကောင်လေးက ဖရီးလေးမို့ ထပ်တင်ပေးလိုက်တာပါ.. အောက်မှာ အသုံးပြုပုံကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 1.6 MB ရှိပါတယ်..

ChrisTV Online! Free Edition 8.10 and Real Player 15.0.6.14


ဒီကောင်လေးကို အရင်တုန်းကလည်း တင်ပေးဖူးပါတယ်.. အရင်တုန်းက တင်ပေးထားတဲ့ Version က christv online premium edition 7.30 ပါ.. ဒီကောင်လေးကတော့ နောက်ထပ်ထွက်လာတဲ့ Free Edition လေး.. ဖရီးပေးသုံးတဲ့ ကောင်လေးပါ.. တကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံတကာက TV လိုင်းပေါင်းများစွာကို ဒီကောင်လေးနဲ့ အင်တာနက်ကနေ တိုက်ရိုက်ကြည့်လို့ ရမှာဖြစ်ပါတယ်.. နိုင်ငံတကာ TV လိုင်းတွေကြည့်ချင်တဲ့သူများအတွက် အဆင်ပြေစေမယ့် ကောင်လေးပါ..။ သူ့အတွက် လိုအပ်တာကတော့ Real Player ပဲဖြစ်ပါတယ်.. Real Player မိမိတို့စက်ထဲ Install ထည့်ပေးလိုက်ရင် ဒီကောင်လေးကို အသုံးပြုလို့ ရသွားပါပြီ..။ အောက်မှာတော့ ChrisTV Online နဲ့ Real Player ၂ခုစလုံးကို တင်ပေးလိုက်ပါတယ်..။ အသုံပြုမယ့်သူများကတော့ ဒီဆော့ဝဲလ် ၂ခုစလုံးကို မိမိတို့စက်ထဲ Install ထည့်ပေးရမှာပါ.. လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ကျနော် အသုံးပြုထားလေးတွေကိုလည်း အောက်မှာ ပုံလေးတွေနဲ့ ဖေါ်ပြထားပါတယ်..

Norton Antivirus 2012 to 2013 - 180 Days (6 Month) Free


20 Nov 12, 10:28 PM 
phyo: update Norton antivirus လေးတင်ပေးပါအုံး ဆရာလွင်ရေ
Norton Product တွေက များသောအားဖြင့် ရက်၃၀၊ ရက်၉၀ပဲပးလေ့ရှိပါတယ်.. အခုတော့ ဒီကောင်လေးကို 180 days Free ပေးသုံးတာလေး ရလာလို့ စမ်းကြည့်ရင် အဆင်ပြေတာနဲ့ ပြန်တင်ပေးလိုက်ပါတယ်.. ရက်၃၀ထက်စာရင်တော့ ရက်ပေါင်း၁၈၀ဆိုတော့ နှစ်ဝက်အသုံးပြုလို့ရတဲ့အတွက် အတော်လေးအဆင်ပြေမယ်ထင်ပါတယ်..။ ဒီမှာတင်ပေးထားတာက ဒီကောင်လေးကို ဒေါင်းယူလို့ရမယ့် သူ့ရဲ့ Norton Downloader လေးပါ.. ဒီကောင်လေးကို ၂ချက်တောက်ပြီး Install ထည့်ပေးပြီးရင် Norton 2012 ဆော့ဝဲလ်ကို ဒေါင်းပေးပါလိမ့်မယ်.. ဒေါင်းပြီးသွားရင်တော့ တခါတည်း Install ထည့်ပေးလိုက်ပါ.. install ပြီးသွားတာနဲ့ Norton မူရင်းဆိုဒ်မှာ အကောင့်တခု သွားဖွင့်ပေးရပါမယ်.. Free Account ပါ.. အဲ့ဒီအကောင့်ကို Norton Account မဖွင့်ရသေးတဲ့သူများကတော့ မိမိတို့အဆင်ပြေမယ့် Email နဲ့ ဖွင့်ပါ.. Norton Account ရှိခဲ့ဖူးတဲ့သူများကတော့ တခြား Email ပြောင်းသုံးပါ.. အရင်အသုံးပြုခဲ့တဲ့ Email နဲ့ ဒီအကောင့်ကို ဖွင့်လို့ လက်မခံပါဘူး.. ဒါကြောင့် တခြား Email ဖြစ်ဖြစ်၊ Email အကောင့်အသစ်တခု ထပ်ဖွင့်ပြီးမှ ဒီ Norton Account ကို အသစ်ပြန်ဖွင့်ပါ.. ဒါမှ ဒီကောင်လေးကို ရက်ပေါင်း ၁၈၀ အပြည့်အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်.. မသိသေးတဲ့သူများကတော့  အောက်မှာ ကျနော် အသုံးပြုထားတဲ့အတိုင်း တဆင့်ချင်းစီ လိုက်လုပ်ပြီး ဒီိ Norton Antivirus ကို ရက်ပေါင်း ၁၈၀ အပြည့်အဝအသုံးပြုလို့ ရမှာဖြစ်ပါတယ်.. ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်မှာ သူ့ရဲ့ဒေါင်းလော့ဒါလေးနဲ့ ဒေါင်းယူလိုက်ပါဗျာ.. Norton Antivirus ရဲ့ဖိုင်ဆိုဒ်ကတော့ 106 MB ရှိပါတယ်.. သူ့ရဲ့ဒေါင်းလော့ဒါလေးကတော့ 422 kb ရှိပါတယ်..

Kav-Kis 2013 Key Files - Nero 9 Serial Key - Cyberlink Powerdirector 9 Serial Key

21 Nov 12, 02:22 PM
Hein Htet:
အစ်ကို ကူညီပါအုံး ကျွန်တော့် Nero 9 ထဲက Nero Show Time ကိုဖွင့်တိုင်း Third Party Patent Activationဆိုပြီး ပေါ်နေတယ် ပြီးတေ့activation လုပ်ခိုင်းတယ် key လေးပေးပါအုံး
21 Nov 12, 06:14 PM
ဇော်ဇော်:
cyberlink powerdirector 9.0 software လေးလိုချင်လို့ အကိုဆိုဒ်မှာတင်ပေးထားပေမဲ့ ဒေါင်းမရဘူး
21 Nov 12, 11:57 PM
ရဲကိုဦး:
အကိုေ၇ KIS 2013 တင်ထားပြီးသားကီးဖီုငိတွေက licening block ပဲဖြစ်နေလို့ပါအကိုေ၇။ ကျေးဇူးပါ။
အခုဒီပိုစ့်မှာ အပေါ်က အစ်ကိုတွေ တောင်းထားတဲ့ Key တွေသက်သက်ပဲ လိုက်ရှာစုပြီး တင်ပေးလိုက်တာပါ.. ဆော့ဝဲလ်မပါပါဘူး.. ဆော့ဝဲလ်ရှာရသလိုပဲ Key တွေလိုက်ရှာရတာလည်း အတော်လေး အချိန်ပေးရပါတယ်.. နောက်ပြီး အစ်ကိုတစ်ယောက် တောင်းထားတဲ့ Norton Antivirus နဲ့ Norton Internet Security လည်း ရထားပြီးပြီ.. စမ်းနေတုန်းပါ.. အဆင်ပြေတာနဲ့ နောက်တင်မယ့်ပိုစ့်မှာ  တင်ပေးထားပါ့မယ်.. ဒီနေ့တင်ပေးလိုက်တဲ့ ဖိုင်ထဲမှာပါတဲ့ ဆော့ဝဲလ်နာမည်နဲ့ Key တွေကို အောက်မှာ ပုံလေးနဲ့ ပြပေးထားပါတယ်.. မိမိတို့လိုအပ်တဲ့ ဆော့ဝဲလ်ရဲ့ Key တွေပါခဲ့ရင် ဒေါင်းယူလိုက်ပါဗျာ.. နောက်တခုက Cyberlink Powerdirector 9 ကို အဆင်ပြေတဲ့အခါ ပြန်တင်ပေးပါမယ်.. ဖိုင်ဆိုဒ်တော့ နည်းနည်းများတဲ့အတွက် တခြား Blog တွေရဲ့ ဒေါင်းလို့ရတဲ့ လင့်တွေရှာတွေ့ခဲ့ရင် ပြန်ချိတ်ပေးပါမယ်..။ အခုတော့ Key  သက်သက်ပဲ တင်ပေးလိုက်ပါတယ်.. ဖိုင်ဆိုဒ်ကတော့ အားလုံးပေါင်းမှာ 943 kb ပဲရှိပါတယ်..

Internet Download Manager 6.12 Final Build 26

Internet Download Manager 6.12 Final Build 26 Update အသစ်လေး ထွက်လာလို့ IDM ကို Update ပေးမိတဲ့သူများနဲ့ တခြားလိုအပ်တဲ့သူများအတွက် တင်ပေးလိုက်ပါတယ်..။ ဒီဖိုင်ထဲမှာ ထည့်ပေးထားတဲ့ Patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းကို IDM 6.12 Built 3 ပိုစ့်မှာ ပုံနှင့်တကွ ရှင်းပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အဲ့ဒီပိုစ့်ကို ပြန်ကြည့်နိုင်ပါတယ်.. Patch ထည့်နည်းအတူတူပါပဲ.. ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်..

Connectify Hotspot PRO v3.7.1.25486 (Latest Version)

 ဒီကောင်လေးကို ကျနော့်သူငယ်ချင်း အားလုံးက ကြိုက်ကြပါတယ်.. ကွန်ပျူတာကနေ Wifi ပြန်ထုတ်သုံးလို့ ရတဲ့အတွက်.. ကွန်ပျူတာတစ်လုံးထဲကနေ တခြားဖုန်းတွေနဲ့ ကွန်ပျူတာတွေပါ အင်တာနက် အသုံးပြုလို့ ရတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါ.. အရင်တုန်းကလည်း Version အဟောင်းတခု တင်ပေးခဲ့ဖူးပါတယ်.. အဲ့ဒီဗါးရှင်းအဟောင်းမှာတုန်းက Patch နဲ့ဖူးဖြစ်အောင် လုပ်ပြီး သုံးကြတာပါ.. အရင်တုန်းက ဗါးရှင်းအဟောင်းပိုစ့်ကို ဒီနေရာကနေ ဝင်ကြည့်နိုင်ပါတယ်.. အခု Latest Version မှာတော့ Patch / Keygen / Serial Keys သုံးမျိုးထည့်ပေးထားပါတယ်.. မိမိတို့နဲ့ အဆင်ပြေစေမယ့် တခုခုနဲ့ ဖူးဖြစ်အောင်လုပ်ပြီး အသုံးပြုနိုင်ပါတယ်.. ကျနော်ကတော့ ဒီပိုစ့်မှာ Keys တွေနဲ့ ဖူးဖြစ်အောင်လုပ်ပြ ပေးထားပါတယ်.. အသုံးပြုပုံကတော့ အရင်တုန်းက Version အဟောင်းနဲ့ အတူတူပါပဲ.. ဒီပိုစ့်မှာလည်း ပြန်လည် လုပ်ပြထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. အသုံးမပြုတတ်သေးတဲ့ သူများကလည်း အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်.. ဒီကောင်လေးရဲ့ ဖိုင်ဆိုဒ်ကတော့ 7.6 MB ရှိပါတယ်..

Microsoft® Windows® Malicious Software Removal Tool (KB890830)

ဟတ်ကာရန်ကကာကွယ်ဖို့ 
 
 The Microsoft Windows Malicious Software Removal Tool helps to remove malicious software from your computers that are running Windows 8, Windows Server 2012, Windows 7, Windows Vista, Windows Server 2003, Windows Server 2008, or Windows XP.
Microsoft releases a new version of the Microsoft Malicious Software Removal Tool every month. After you download the tool, the tool runs one time to check your computer for infection by specific prevalent malicious software (including Blaster, Sasser, and Mydoom) and helps remove any infection it finds.
ဒီဆော့ဝဲလ်လေးက ဘာအတွက် အသုံးဝင်လည်းဆိုတော့ အပေါ်မှာ Microsoft ဝဘ်ဆိုဒ်မှာ ရေးပြထားတဲ့အတိုင်းပါပဲ..။ ကျနော်တို့ရဲ့ စက်ထဲကို ဆော့ဝဲလ်တွေနဲ့ အတူပါလာတတ်တဲ့ ဟတ်ကာတွေရဲ့ ဗိုင်းရပ်စ်တွေကို Microsoft ထုတ်ပေးထားတဲ့ ဒီ Tool လေးနဲ့ရှင်းထုတ်ပစ်လို့ ရပါတယ်.. ဒီကောင်လေးက Install ဆွဲထည့်ဖို့ မလိုတဲ့ ၂ချက်တောက်ပြီး တန်းသုံးလို့ ရတဲ့ ကောင်လေးပါ.. ထွေထွေထူးထူး လုပ်ပေးဖို့မလိုပါဘူး.. အောက်မှာလည်း ကျနော်သုံးထားတဲ့ ပုံလေးတွေကို ပြပေးထားပါတယ်.. လိုအပ်တဲ့သူများကတော့ မိမိတို့ ဝင်ဒိုးနဲ့ အဆင်ပြေစေမယ့် 32-bit (or) 64-bit Version ကို ရွေးပြီး အသုံကြပါ..။ အောက်ကလင့်တွေကနေ ဒေါင်းယူနိုင်ပါတယ်ဗျာ..

Windows Movie Maker 2012 and Windows Movie Maker 2.6 (Old Version)

18 Nov 12, 01:28 PM
ဇော်ဇော်: window movie maker လေးလိုချင်လို့ပါ
 ဒီကောင်လေးကို Microsoft ကုမ္ပဏီကထုတ်ပေးထားတဲ့ ဖရီးသုံးလို့ ရတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါ.. Video တွေ၊ ဓါတ်ပုံတွေကို Effect တွေနဲ့ Slide Show တွေ ဖန်တီးတဲ့ အခါမှာ ဒီကောင်လေးနဲ့လည်း အဆင်ပြေပါတယ်..။ ဒီလို Effect တွေနဲ့ အသုံးပြုရတဲ့ ဆော့ဝဲလ်တွေကို Video ဖိုင်လေးတွေနဲ့ တွဲပြပေးမှာ ပိုအဆင်ပြေပါတယ်.. ပုံတွေနဲ့ လုပ်ပြဖို့ သိပ်အဆင်မပြေပါဘူး.. ဒါကြောင့် အောက်မှာ Video ဖိုင်လေးတွေ ချိတ်ပေးထားပါတယ်.. Video ဖိုင်လေးတွေ ကြည့်ရင်း ဒီကောင်လေးကို အသုံးပြုတတ်သွားပါလိမ့်မယ်..။ Windows Movie Maker 2012 အတွက် Downloader ၂ခုကို ပူတွဲထည့်ပေးထားပါတယ်.. တခုက Microsoft Windows Essentials 2012 Downloader ဖြစ်ပြီး နောက်တခုကတော့ Softonic Downloader ဖြစ်ပါတယ်..။ မိမိတို့အတွက် အဆင်ပြေမယ့် ဒေါင်းလော့ဒါနဲ့ ဒီဆော့ဝဲလ်ကို ဒေါင်းယူလိုက်ပါဗျာ.. Downloader ကိုမိမိတို့စက်ထဲ Install ထည့်ပေးပြီး Download စာသားကို ကလစ်ပေးလိုက်ရင် ဒီဆော့ဝဲလ်ကို ဒေါင်းယူပေးပါလိမ့်မယ်..။ 2012 အတွက် ဖိုင်ဆိုဒ်ကတော့ 133 MB ကျော်လောက်ရှိပါတယ်..။ နောက်တခုက Windows Movie Maker 2.6 ကတော့ Windows Vista အတွက် ထုတ်ပေးထားတဲ့ ကောင်လေးပါ.. Windows7 နဲ့ Windows 8 တွေမှာလည်း အသုံးပြုလို့ ရပါတယ်..။ ဖိုင်ဆိုဒ်က  4.9 MB ရှိပါတယ်.. ဆော့ဝဲလ်ကသေးတော့ Effect တွေတော့ သိပ်မများပါဘူး.. သုံးလို့တော့ အဆင်ပြေပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..

Active@ File Recovery 9.5.4



 15 Nov 12, 10:47 PM
ရဲထွန်း: Active@ File Recovery 9 အကိုရေ ဒီဆော့ဝဲအသုံးပြုပုံလေး ရှင်းပြပေးပါဗျာ
ဒီကောင်လေးကတော့ မိမိတို့ ဖျက်လိုက်ပြီးသား ဖိုင်တွေကို ပြန်လည်ဖေါ်ထုတ်ပေးနိုင်ပါတယ်.. သူ့အတွက် crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်.. crack ဖိုင်ထည့်နည်းကို အရင်တုန်းက ပိုစ့်တွေမှာလည်း ရှင်းပြပေးခဲ့ပြီးသားပါ.. နောက်ထပ် မသိသေးတဲ့သူများ အတွက်လည်း အဆင်ပြေအောင် ဒီပိုစ့်မှာ ပြန်လည် လုပ်ပြပေးထားပါတယ်.. အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်.. အသုံးပြုပုံကို မူရင်းဆိုဒ်က Video ဖိုင်လေးနဲ့ ဖေါ်ပြပေးထားပါတယ်.. Video ဖိုင်လေး ကြည့်ပြီး လုပ်တတ်သွားပါလိမ့်မယ်..။ အသုံးပြုရတာလည်း လွယ်ပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 14.1 MB ရှိပါတယ်..

NOKIA ဖုန်းများအတွက် Computer နှင့်တွဲသုံးလို့ရမယ့် Nokia Suite နှင့် Zune Software


 11 Nov 12, 08:33 PM
konyizaw:
အကိုလေးရေ့ windows phone nokia610 ကို pc မှာကြည့်လို့ရအောင် pc suite software လေးကိုတင်ပေးပါလား
 NOKIA Windows ဖုန်းတွေနဲ့ တခြား NOKIA ဖုန်းတွေအတွက် Computer နဲ့ တွဲသုံးလို့ ရမယ့် ဆော့ဝဲလ် ၂ခုကို မူရင်းလင့်တွေကနေ ဒေါင်းယူလို့ ရအောင် လင့်ချိတ်ပေးထားပါတယ်.. ဒီလို Computer နဲ့ တွဲသုံးလို့ ရမယ့် ဆော့ဝဲလ်တွေကိုလည်း တခြားဖုန်းသုံးတဲ့သူများ လိုအပ်ရင်တောင်းနိုင်ပါတယ်..။ လိုအပ်လို့ တောင်းတဲ့အခါမှာ မိမိတို့ဖုန်းရဲ့ အမျိုးအစား၊ Model ကိုထည့်ရေးပေးမှ Computer နဲ့ တွဲသုံးလို့ ရမယ့် ဆော့ဝဲလ်ကို ရှာရလွယ်မှာပါ..။ ဒီဆော့ဝဲလ်တွေက Free ပေးသုံးတဲ့ ဆော့ဝဲလ်တွေပါ.. အခုဒီဆော့ဝဲလ် ၂ခုထဲက မိမိတို့ ဖုန်းနဲ့ အဆင်ပြေမယ့် ကောင်လေးကို အောက်ကလင့် ၂ခုကနေ လိုအပ်တဲ့သူများ ရွေးယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်တော့နည်းနည်းများပါတယ်.. Nokia Suite က 89.5 MB ရှိပြီး Zune Software က 100.7 MB ရှိပါတယ်.. အသုံးပြုနည်း အနည်းငယ်ကို Video ဖိုင်လေးတွေ ရှာပြီး ချိတ်ပေးထားပါတယ်..

Cyber Cafe Pro 5.250 and Cyber Cafe Pro 6




9 Nov 12, 09:36 AM
nyilay: အကိုလွင်မင်း.. ခင်ဗျား. ညီလေးကို CYBERCAFEPRO verson5 လေးလို့ချင်လို့ပါ ကူရှာပေးပါလား...ခင်ဗျား ညီမှာ verson6တော့ရှိတယ် မသုံးတက်လို့ပါ.. လေးစားလျက်ပါ...ကိုလွင်
PC တလုံးကနေ တခြား PC တွေကို ထိမ်းချုပ်ဖို့ ဒီကောင်လေးက အသုံးဝင်ပါတယ်.. အပေါ်ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ..။ ဒီကောင်လေးကို မတင်ပေးခင် ကျနော်စမ်းသပ်ကြည့်ဖို့ ပြင်ဆင်ပါသေးတယ်.. ဒါပေမယ့် ကျနော့်မှာ စက်အများကြီးမရှိတဲ့အတွက် ကိုယ်တိုင်စမ်းသပ်ဖို့ အဆင်မပြေတာကြောင့် Video ဖိုင်တွေရှာဖွေရင်း ဒီကောင်လေးကို တင်ပေးဖို့ နောက်ကျနေတာပါ.. version 5 ကိုရှာလို့ရပေမယ့် သူ့အတွက် Video ဖိုင်ကိုတော့ ရှာလို့ မရပါ..။ ဒါကြောင့် Version 6 အသုံးပြုပုံတွေကိုပဲ Video ဖိုင်တွေချိတ်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများ Video တွေကြည့်ပြီး လေ့လာလိုက်ပါ..။   ဆော့ဝဲလ်ကိုတော့ Version 6 အတွက် သူ့ရဲ့မူရင်းဆိုဒ်ကနေ ဒါရိုက်လင့်ကို ချိတ်ပေးထားပါတယ်..။ Version 5 ကိုကျတော့ ကျနော်ပြန်တင်ပေးထားပါတယ်.. အသုံးပြုပုံ PDF နှစ်ခုပါ ထည့်ပေးထားလို့ ဖိုင်ဆိုဒ်ကတော့ 22.1 MB ရှိပါတယ်.. Version 5 ကို ဖူးဖြစ်အောင်လုပ်ဖို့ သူ့အတွက် crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်.. crack ဖိုင်ထည့်နည်းကတော့ မနေ့ကတင်ပေးထားတဲ့ AusLogics Boost Speed v5.3.0.5 ပိုစ့်မှာ လုပ်ပြထားတဲ့ နည်းနဲ့ အတူတူပါပဲ.. မိမိတို့ လိုချင်တဲ့ Version 5 or 6 ကို အောက်ကလင့်တွေကနေ ရွေးယူနိုင်ပါတယ်.. နောက်တခုက ဒီဆော့ဝဲလ်ကို တကယ်မလိုအပ်တဲ့သူများက စမ်းပြီးစက်ထဲမထည့်ဖို့ သတိပြုစေချင်ပါတယ်.. မိမိတို့စက်က Power မနိုင်တဲ့အခါမှာ Error ကြီးကြီးမားမား တက်နိုင်ပါတယ်.. တကယ်လိုအပ်တဲ့သူများကတော့ မိမိတို့စက်ထဲ မထည့်ခင် မိမိတို့စက်က တကယ်ထိန်းနိုင် မထိန်းနိုင် သေချာလေ့လာပြီးမှ အသုံးပြုစေချင်ပါတယ်.. ဘာလို့လဲဆိုတော့ ကျနော့်စက်မှာ တကယ်ပဲ error ပေါ်ခဲ့လို့ Windows တောင်မတက်နိုင်တဲ့ အဆင့်ထိ ဖြစ်ခဲ့ပါတယ်.. တောင်းတဲ့လူရှိလို့ တင်ပေးခြင်းသာ ဖြစ်ပါတယ်.. ဒါကြောင့် တကယ်မလိုအပ်တဲ့သူများ ဒီဆော့ဝဲလ်ကို လုံးဝ မစမ်းသပ်ပါနဲ့.. တကယ်လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..

AusLogics Boost Speed v5.3.0.5




7 Nov 12, 04:48 AM
au gmyatzaw.91@gmail.com: အကိုရယ် ကျနော်ကို Auslogics.BoostSpeed ဆော့ဝဲလ်လေး တင်ပေးပါအုံးလားအကိုရယ် ဖြစ်နိုင်ရင်ပုံလေးနဲ့၇ှင်ပြပေးပါနော် အကို့ကိုလေးစားပါတယ်ဗျာ အားလဲအားကျတယ် နောင်လဲဒီထက်မက နည်းပညာတွေမျှဝေနိုင်ပါစေဗျာ
ဒီကောင်လေးကို ရှာတွေ့ထားတာ ၃ရက်လောက်ရှိပါပြီ.. Full သုံးလို့ မရသေးလို့ မတင်ပေးသေးတာ.. ဒီနေ့တော့သူ့အတွက် ဖူးသုံးလို့ရမယ့် crack ဖိုင်လေး ရလာလို့.. အဆင်ပြေသွားပါတယ်.. crack ဖိုင်ထည့်နည်းကတော့ အရင်တုန်းက တင်ပေးထားတဲ့ Adobe CS6 အားလုံးကို Activator တခုတည်းနဲ့ ဖူးဖြစ်အောင် လုပ်နည်း ပိုစ့်မှာ ပြည့်ပြည့်စုံစုံ လုပ်ပြထားပါတယ်.. မသိသေးတဲ့သူများ အတွက်လည်း ဒီပိုစ့်မှာ အဲ့ဒီနည်းအတိုင်း ထပ်လုပ်ပြထားပါတယ်.. သူ့အတွက် crack ဖိုင်လေး ထည့်ပေးပြီးသွားရင်တော့ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ.. အသုံးပြုနည်းကိုလည်း အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ.. ဒီကောင်လေးက မိမိတို့ရဲ့စက်ကို သွက်လက်မြန်ဆန်စေမယ့် ပရိုဂရမ်လေး တခုပါ.. Junk ဖိုင်လို့ခေါ်တဲ့ အမှိုက်တွေရှင်းပေးမယ်.. Registry Error တွေကို ပြန်ကောင်းစေမယ်.. ဖိုင်စီပေးမယ်.. Browser ရဲ့ History တွေကိုလည်း ရှင်းပေးပါလိမ့်မယ်.. မိမိတို့စက်အတွက် အသုံးဝင်တဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါပဲ.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 10.1 MB ရှိပါတယ်..

Live Pebble Screen Saver



ဒီကောင်လေးက Screen Saver နောက်တခုပါ.. အပေါ်ပုံအတိုင်း မိမိတို့စက်မှာ ပေါ်နေစေမယ့် မျက်လုံးအေးစေတဲ့ ကောင်လေးပါပဲ.. ရေစက်လေးတွေလည်း တစက်ပြီးတစက် ကျနေပါသေးတယ်.. အောက်ကပုံလေးအတိုင်း ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ ပေါ်လာမယ့်ပုံလေးမှာ နည်းနည်းလေး ပြောင်းပေးလိုက်ရင် အဆင်ပြေသွားပါပြီ.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3.2 MB ရှိပါတယ်..

3D Numeric Clock Screen Saver


ဒီကောင်လေးကတော့ 3D Screen Saver လေးပါ.. ရိုးရိုးလေးနဲ့ မျက်လုံးအေးတဲ့ နာရီအရှင်လေး မိမိတို့ရဲ့ 
Screen မှာ ပေါ်နေစေမယ့် ကောင်လေးပါ.. အပေါ်ပုံမှာ ပြထားတဲ့အတိုင်း ပေါ်နေပါလိမ့်မယ်..။ ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်း ပေါ်လာရင် ပုံမှာပြထားတဲ့ အတိုင်း ပြောင်းပေးလိုက်ပါ.. ဒီိကောင်လေး အလုပ်လုပ်နေပါပြီ.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 2.5 MB ရှိပါတယ်..

Internet Download Manager 6.12 Final Build 25

IDM ကို Update ပေးမိတဲ့သူများနဲ့ IDM မရှိသေးတဲ့သူများ အတွက် Internet Download Manager 6.12 Final Build 25 နောက်ဆုံးထွက် Update လေးပါ..။ အရင်နေ့က IDM 6.12 built 24 ထွက်ပါသေးတယ်.. ၂ခုရှေ့ဆင့်နောက်ဆင့် ၂ခါပြိုင်ထွက်လာလို့ Built 24 ကိုမတင်ပေးတော့ပါဘူး.. Built 25 ကိုပဲတင်ပေးလိုက်ပါတယ်.. ဒီဖိုင်လေးထဲမှာ သူ့အတွက် Patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်.. Patch ထည့်နည်းကို IDM 6.12 Built 3 ပိုစ့်မှာ ပုံလေးတွေနဲ့ ပြည့်ပြည့်စုံစုံ လုပ်ပြထားပြီးသားရှိပါတယ်.. Patch နဲ့ဖူးဖြစ်အောင် မလုပ်တတ်သေးတဲ့သူများ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ.. ဒီကောင်လေးကို လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.6 MB ရှိပါတယ်..။

Uniblue PowerSuite Pro 2013 v4.1.1.5 Final


Uniblue PowerSuite Pro 2013 - is a system utility that will help your computer run much faster. The program can also clean up and fix all registry problems. The program has a feature that scans all the drivers installed on your computer and looking for them to available upgrades. You will only need to install these updates to resolve, and you will always have the latest drivers. After work this utility to your computer, you'll be surprised at how much better your system will work!
ဒီကောင်လေးကတော့ PC Doctor လို့တောင် ခေါ်ကြတဲ့.. ကွန်ပျူတာရှိတဲ့သူတိုင်း ဆောင်ထားသင့်တဲ့ မရှိမဖြစ် ဆော့ဝဲလ်ကောင်းလေး တခုပါ..။ လေးနေ၊ ဟမ်းနေတဲ့ စက်တွေကို (ဗိုင်းရပ်စ်ကြောင့် မဟုတ်ရင်) မြန်ဆန် သွက်လက်စေပါတယ်..။ မူရင်းဆိုဒ်မှာ ရေးထားတဲ့အတိုင်း ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..။ မိမိတို့ရဲ့ ကွန်ပျူတာထဲက Registry Error တွေ၊ အမှိုက်တွေနဲ့ တခြား မလိုအပ်တာတွေပါ ရှင်းလင်ပေးပါလိမ့်မယ်..။ နောက်ပြီး မိမိတို့စက်ထဲမှာ Outdate ဖြစ်နေတဲ့ Drivers တွေကို Update ဖြစ်အောင် လုပ်ပေးနိုင်ပါသေးတယ်.. ကျနော်ဒီကောင်လေးကို ရထားတာ ကြာပါပြီ.. သူ့အတွက် ကီးအမှန်ကို ရှာလို့မရသေးလို့ တင်ပေးဖို့ နောက်ကျနေတာ..။ ဒီနေ့တော့ သူ့ Key အမှန်လေးနဲ့ ဖူးသုံးလို့ ရသွားပါပြီ..။ အောက်မှာ ကျနော်သုံးထားတာလေးကို ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 22.2 MB ရှိပါတယ်..

Video Game Desktop Wallpapers - Full HD


 ဒီ Desktop Wallpapers လေးတွေကို သူငယ်ချင်းတစ်ယောက် တောင်းထားတာ ကြာပါပြီ.. ဒီနေ့မှပဲ တင်ပေးဖြစ်တော့တယ်..။ တခြား Wallpaper တွေ အများကြီးရှိပေမယ့် ဒီနေ့တော့ ဒီ Video game Wallpapers လေးတွေကို အရင်တင်ပေးလိုက်ပါတယ်.. ဒီဖိုင်လေးကို ဒေါင်းယူပြီးတဲ့အခါမှာ ဖွင့်လိုက်ပါ..။ ပေါ်လာတဲ့ ပုံတွေအားလုံးကို ကီးဘုတ်မှ Ctrl+A နဲ့ အောစလက်ပေးပါ.. ပြီးရင် အဲ့ဒီပေါ်မှာ Right Click >> Set as desktop background စာသားကို တချက်ကလစ်ပေးလိုက်ရင် ဒီ Wallpapers လေးတွေက မိမိတို့ရဲ့ Desktop မှာ တပုံပြီး တပုံ ပြောင်းလဲပေါ်နေပါလိမ့်မယ်.. လုပ်ရတာလည်းလွယ်ပါတယ်.. ကျနော်အောက်မှာ ပုံလေးနဲ့ပါ လုပ်ပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 7.6 MB ရှိပါတယ်..

IObit StartMenu8 1.0 Beta 2.0 (1105) For Windows 8


Windows 8 မှာ Stat Menu လေးနဲ့ အသုံးပြုချင်တဲ့သူများအတွက် ဒီကောင်လေးက နောက်တမျိုးပါ.. IObit က Free ပေးသုံးတဲ့ ကောင်လေးပါ.. အရင်တင်ပေးထားတဲ့ Windows 8 Start Menu အတွက် Classic Share လိုပဲ သုံးရတာ အဆင်ပြေတဲ့ကောင်လေးပါ.. ဒီကောင်လေးမှာတော့ Start Menu Button လေးကို Windows 7 စတိုင်လေးနဲ့ အသုံးပြုလို့ရမှာ ဖြစ်ပြီး နောက်ထပ် Button စတိုင်လေးတွေ ပြောင်းလဲသုံးလို့လည်း ရတဲ့အတွက် ဒီကောင်လေးက ပိုလန်းသလိုပါပဲ.. မိမိတို့ ကြိုက်နှစ်သက်တဲ့ အဆင်ပြေမယ့်ကောင်လေးကိုသာ ရွေးပြီး အသုံးပြုကြပါ..။ ဘာပဲဖြစ်ဖြစ် အားလုံးရှိထားရင်တော့ ပိုကောင်းပါတယ်.. ဆော့ဝဲလ်တခုနဲ့တခု မတူတဲ့အတွက် အပြင်အဆင်တွေ အမြင်အထိအတွေ့တွေ ကလည်း မတူပါဘူး.. မိမိတို့နဲ့ အဆင်ပြေဆုံးဖြစ်မယ့် ကောင်လေးကိုသာ ရွေးပြီးသုံးကြပါလေ.. အောက်မှာတော့ ကျနော်သုံးထားတဲ့ ဒီကောင်လေးကို Button လေးတွေ ပြောင်းသုံးတတ်အောင် ပုံလေးတွေနဲ့ လုပ်ပြပေးထားပါတယ်.. ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်နေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3.16 MB ရှိပါတယ်..

Kaspersky Rescue Disk 10 Latest Version



November 5 , 2012 နေ့က ထွက်လာတဲ့ နောက်ဆုံးထွက် Update လေးပါ.. ဒီနေ့ပိုစ့်တွေကို ကျန်ခဲ့တဲ့ ရက်တွေကတည်းက တင်ပေးချင်နေတာပါ.. အကြောင်းအမျိုးမျိုးကြောင့် နောက်ကျနေခဲ့ပါတယ်..။ ဒီနေ့တော့ ကျနော့် Blog ရဲ့ Popular Post မှာ ထိပ်ဆုံးက အမြဲရောက်နေတဲ့ ဒီကောင်လေး အသုံးပြုပုံ ၊ အသုံးပြုနည်းအတွက် နောက်ဆုံးထွက် Update လေး ရလာလို့ မူရင်းဆိုဒ်ကနေ ဒေါင်းယူလို့ ရမယ့်လင့်လေးကို ပြန်လည်ချိတ်ပေးလိုက်ပါတယ်.. အဲ့ဒီပိုစ့်မှာလည်း နောက်ပိုင်း ဒီလင့်လေးကို အလွယ်ဒေါင်းယူလို့ရအောင် လင့်ထပ်ချိတ်ပေးထားပါတယ်..။ အသုံးပြုနည်း အားလုံးအတူတူပါပဲ.. ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့သူများ အောက်က မူရင်းလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 267 MB ရှိပါတယ်..

Avira AntiVir Rescue System ISO (.exe) Latest Version



28 Oct 12, 11:08 PM
kyaw: အကိုရေ မဂ်လာပါ ဆိုဒ်ကိုနေတိုင်းလိုလို လာလည်းဖြစ်ပါတ ယ်အကို ဒီနေတော့ အကူညီလေး တခုတောင်းချင်ပါ ကျွန်တော်စက်မှာ စက်ဖွင့်တိုင်း ပေါ်ပေါ်လာတဲ့စာတွေ ကို ဘာဖြစ်တာလဲလို တချက်လောက်ရှင်းပါပေး အကို အဲဒီလိုမတက်အောင်လည်း တစ်
28 Oct 12, 11:17 PM
kyaw: အောင်လည်း သင်ပြပေးပါ လေးစားလျှက် ကျွန်တော်စက်မှာ စက်ဖွင့်တိုင်း ပေါ်နေတဲ့စာတွေကတော့ windows boot manger <chose an operating system<to slarl or press tab toselect atool:<use the arrow keys tohighilight you
28 Oct 12, 11:26 PM
kyaw: yous choice then press enter <windows 7<to specify an advanced option for this choice. press f8.<tools; windows menory diagnostic <enter=choose <tab=menu <esc=cancel ဒီစာတွေပါအကို တစ်စိစ်လောက်ကူညီေ
28 Oct 12, 11:27 PM
kyaw: ပေးပါ လေးစားစွာဖြင့်
ဒီကောင်လေးက မိမိတို့ရဲ့စက်တွေမှာ အသုံးပြုတာ ကြာလာတာနဲ့ အမျှ Error တွေ ၊ ဗိုင်းရပ်စ်တွေကြောင့် စက်ဖွင့်တဲ့အခါတိုင်း ပေါ်တတ်တဲ့စာတန်းတွေ  အပေါ်မှာဖေါ်ပြထားတဲ့ စာတွေလို ပေါ်လာတဲ့ အခါမျိုးတွေမှာ ဒီကောင်လေးကို အသုံးပြုပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်.. အသုံးပြုပြီးတဲ့အခါမှာ မိမိတို့စက်ဟာ အရင်ကထက် ပိုမိုသွက်လက်မြန်ဆန်နေပါလိမ့်မယ်..။ မိမိတို့ရဲ့စက်ကို အမှိုက်တွေရှင်း ၊ ဖိုင်စီပေးပြီး Startup Repair လုပ်ပေးလိုက်ရင်လည်း ဒီလို ဝင်းဒိုးအယ်ရာတွေကို ပြန်ကောင်းစေပါတယ်.. ဒီကောင်လေးကို ဘာအတွက်အဓိက အသုံးပြုလဲဆိုတာ မူရင်းဆိုဒ်မှာ ရေးထားတဲ့အတိုင်း ဖေါ်ပြပေးလိုက်ပါတယ်.. ဒီကောင်လေးက ဒီလ ၅ရက်နေ့ကမှ ထွက်လာတဲ့ နောက်ဆုံးထွက် Update လေးပါ.. Free ပေးသုံးတဲ့ ကောင်လေးပါ.. ပုံမှန် Boot မတက်နိုင်တဲ့ ဝင်းဒိုးတွေအတွက် မရှိမဖြစ်လို့တောင် ပြောလို့ရပါတယ်.. အရမ်းကောင်းတဲ့အတွက် အားလုံးပဲ ဆောင်ထားသင့်ပါတယ်.. ဒီကောင်ရဲ့ အသုံးပြုပုံကို အောက်မှာ ပုံလေးတွေနဲ့ ဖေါ်ပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်နေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 155 MB ရှိပါတယ်.. 
Avira AntiVir Rescue System is a Linux-based program that allows you to access computers that can’t boot up or having trouble booting up. If your computer is behaving erratically and not booting up fully, you can use Avira AntiVir to repair your system, rescue data and scan for viruses and malware programs.

Windows 8 Screen မှာ Computer Icon ဖေါ်တတ်အောင်နှင့် Windows Media Player ဖွင့်သုံးတတ်အောင်


ဒီလုပ်နည်းလေး ၂ခုကတော့ Windows 8 အသုံးပြုသူတွေအတွက် လိုအပ်မယ်ထင်တာလေး မို့လို့ အရင်တင်ပေးလိုက်ပါတယ်..။ ကျနော်တို့ Windows 8 မှာ Windows 7 လို Desktop ပေါ်မှာ Computer ပုံလေးကို အလွယ်တကူထုတ်ထားလို့ မရတဲ့အတွက်.. Windows 8 Desktop ပေါ်မှာ Computer ပုံလေးပေါ်ချင်နေတဲ့ သူများအတွက် အဆင်ပြေမယ့် လုပ်နည်းလေးပါ.. Computer ကိုဖွင့်ချင်တဲ့အခါ ရှော့ကပ်ကီးကတော့ Windows Logo + E ကိုတွဲနှိပ်ပြီး ဖွင့်လို့ရပါတယ်.. အဲ့လိုမဟုတ်ပဲ Computer ပုံလေး ပေါ်ချင်တယ်ဆိုရင်တော့ အောက်ကလုပ်နည်းလေးအတိုင်း လုပ်ပေးလိုက်ရင် မိမိတို့ရဲ့ Windows 8 Screen မှာ Computer ပုံလေး ပေါ်နေပါလိမ့်မယ်..။ ပေါ်လာတဲ့ Icon လေးတွေကို နောက်ထပ်ပုံတခုနဲ့ အစားထိုးပြီး ပြောင်းထားလို့ရတဲ့ လုပ်နည်းလေးပါ ပါပါတယ်..။ နောက်တခုက Windows 8 ထဲမှာပါတဲ့ Windows Media Player နဲ့ သီချင်းတွေကို Video တွေကို တန်းဖွင့်ချင်တဲ့ သူများအတွက်ပါ လုပ်နည်းလေး ပြပေးထားပါတယ်..။ ဗဟုသုတအနေနဲ့ Windows 8 ပဲဖြစ်ဖြစ်၊ Windows 7 ပဲဖြစ်ဖြစ်၊ Windows N ဗါးရှင်းတွေမှာ Windows Media Player မပါပါဘူး..။ အဲ့ဒီဗါးရှင်းတွေ တင်ထားတဲ့ ဝင်းဒိုးဆိုရင်တော့ Windows Media Player ကိုသီးသန့် Install ပြန်ထည့်ပေးရပါတယ်..။ ဒီလုပ်နည်းလေးတွေကို လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..

Windows 8 Gadget Pack v3.0

4 Nov 12, 12:43 PM
သီဟ:
အကိုလွင်မင်းဗိုလ် ကျွန်တော့မှာ windows 8 Enterise 64 တင်ထားပါတယ် gadgest နဲ.windows media ရှာလို့မရဘူးဖြစ်နေလို ဘယ်လိုလုပ်ရမလည်းဆိုတာ ညွှန်ပြပေးပါ
Windows 8 အတွက် လိုအပ်တာလေးတွေကတော့ ရှိနေအုန်းမှာပါပဲ.. Windows 7 ထက်ပိုကောင်းအောင် လုပ်ထားတာဖြစ်တဲ့ အတွက် 7 မှာ ပါတဲ့ တချို့ Tools တွေကို 8 မှာ ဖြုတ်ထားပါတယ်.. 7 လို ပြန်သုံးချင်ရင်တော့ တခြားဆော့ဝဲလ်တွေ ပြန်ထည့်မှ အသုံးပြုလို့ ရတာတွေ ရှိသလို ဝင်းဒိုးရဲ့ အတွင်းပိုင်းမှာ လိုက်ရှာပြီးမှ ထုတ်သုံးရတာတွေလည်း ရှိပါတယ်.. Windows 8 မှာ Windows Media Player ထုတ်သုံးပုံကို နောက်တင်မယ့်ပိုစ့်မှာ ဆက်ကြည့်ပေးပါ..။ ဒီပိုစ့်အတွက် Windows 8 မှာ Gadgets ထုတ်သုံးချင်တဲ့သူများကတော့ ဒီဆော့ဝဲလ်လေးကို Windows 8 မှာ Install ထည့်ပေးလိုက်ရင် အဆင်ပြေပြေ အသုံးပြုလို့ ရသွားပါလိမ့်မယ်..။ လုပ်ရတာလည်း လွယ်ပါတယ်.. အောက်မှာ Gadgets ပုံလေးပေါ်လာတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 11.1 MB ရှိပါတယ်..

Windows 8 Enterprise Evaulation Version Direct Downloads (90-Days)

Windows 8 Enterprise တမျိုးထဲကို 32-bit နဲ့ 64-bit ဒေါင်းလော့လင့် ၂ခု ဒါရိုက်လင့်ကနေ ဒေါင်းယူလို့ရအောင် အောက်မှာ လင့်တွေချိတ်ပေးထားပါတယ်.. ရက်ပေါင်း 90 ဖရီးသုံးလို့ ရမှာ ဖြစ်ပြီး ရက် ၉၀ ပြည့်တဲ့အခါမှာ Windows 8 Activator နဲ့ ဖူးဖြစ်အောင်လုပ်ပြီး အသုံးပြုလို့ရပါတယ်..။ Windows 8 Activator နဲ့ မလုပ်ချင်ရင်လည်း အောက်မှာ August 15, 2013 မတိုင်ခင်အထိ ဒီဗါးရှင်းကို Activate လုပ်သုံးခွင့်ရှိတယ်ဆိုတာကို အဲ့ဒီဆိုဒ်မှာ ရေးထားတဲ့အတိုင်းကို ဓါတ်ပုံရိုက်ပြီး ဖေါ်ပြပေးထားပါတယ်.. အရင်တင်ပေးထားတဲ့ Windows 8 (4in1) က ဒါရိုက်လင့်ကမဟုတ်တဲ့အတွက် မကြာခင် အဲ့ဒီလင့်တွေ အဖျက်ခံရရင် ဒီပိုစ့်ရဲ့ ဒါရိုက်လင့်တွေကနေ Windows 8 ကိုဒေါင်းယူလို့ ရအောင် စိတ်ကူးပေါ်တာကြောင့် ဒီလင့်တွေကို ရှာတွေ့ထားတုန်း တခါတည်း တင်ပေးလိုက်တာပါ..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..

Windows 7 ISO 32-bit and 64-bit All Version (Official Direct Download Links)


 Windows 7 ISO ဖိုင်တွေကို နောက်ထပ်ရှာတွေ့ထားတဲ့ ဗါးရှင်းတွေနဲ့ အရင်ဗါးရှင်းတွေ ပေါင်းပြီး ဒါရိုက်လင့်ကနေ ထပ်ချိတ်ပေးလိုက်ပါတယ်.. Windows 7 ဗါးရှင်းအနိမ့်တွေဖြစ်တဲ့ Windows 7 Starter / Windows 7 Home Basic တွေကိုတော့ ထပ်မရှာတော့ပါဘူး.. ဗါးရှင်းမြင့်တာတွေကိုပဲ စုံအောင် ရှာပြီး လင့်တွေချိတ်ပေးလိုက်ပါတယ်..။ ISO ဖိုင်တခုကို အနည်းဆုံး 2GB ကျော်ကနေ 3GB ကျော်ထိရှိပါတယ်..။ နောက်လိုအပ်တဲ့ Windows 7 ဗါးရှင်းတွေကို နောက်ပိုင်းရှာတွေ့တဲ့အခါ ဒီပိုစ့်မှာ ထပ်တင်ပေးထားပါမယ်.. လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..

Angry Birds Bad Piggies Final 1.0.0


ဒီဂိမ်းလေးက Angry Birds Bad Piggies လေးပါ.. သူ့အတွက် ဖူးကစားလို့ရအောင် Patch ဖိုင်လေးပါထည့်ပေးထားပါတယ်.. patch ဖိုင်ကို ဖိုင်ဖြည်တဲ့အခါမှာ Antivirus တွေကို ခဏ Temporary Disable ပေးပြီး ပိတ်ထားပြီးမှ Patch ဖိုင်ကိုထည့်ပါ.. ဒါဆိုရင် ဖူးကစားလို့ ရသွားပါပြီ.. Patch ဖိုင်ထည့်နည်း မသိသေးတဲ့သူများကတော့ IDM 6.12 Built 3 ပိုစ့်မှာ ပြန်ကြည့်ပေးပါ.. Patch ထည့်နည်းအတူတူပါပဲ.. ဒီဂိမ်းလေးကို လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 32.4 MB ရှိပါတယ်..

Angry Birds Seasons 2.5.0 - Back to School


 Angry Birds ဂိမ်းလေးတွေ မတင်ပေးဖြစ်တာ အတော်ကြာသွားပါပြီ.. ဒီနေ့တော့ ဒီဂိမ်းတွေကို တင်ပေးလိုက်ပါတယ်.. လူကြီးတွေတော့ ကြိုက်မကြိုက် မသိပါဘူး.. ခလေးတွေတော့ ဒီဂိမ်းလေးတွေကို အရမ်းကြိုက်ကြပါတယ်.. သူ့အတွက် Key လေးပါ ထည့်ပေးထားပါတယ်..။ ဒီဂိမ်းလေးကို Install ထည့်ပြီးသွားရင် ကီးတောင်းပါလိမ့်မယ်.. သူ့ကီးလေးကို ထည့်ပေးလိုက်ရင် Full ကစားလို့ ရသွားပါပြီ.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ... ဖိုင်ဆိုဒ်ကတော့ 60.8 MB ရှိပါတယ်..

ကျနော့် Blog ကို ဒီဇိုင်း တစ်မျိုး ပြောင်းကြည့်ရအောင်

ဒီပိုစ့်ကတော့ ကျနော့် Blog ကို ဒီဇိုင်းတမျိုးနဲ့ ပြောင်းပြီး ကြည့်လို့ရတယ်ဆို သိစေချင်ယုံ သက်သက်ပါပဲ.. အပေါ် Menu နေရာက Tablet/Ipad View ဆိုတဲ့ Button လေးကို နှိပ်လိုက်ရင် နောက် Webpage တခုမှာ ကျနော့် Blog ကို Ipad နဲ့ကြည့်နေရသလို၊ မဂ္ဂဇင်းပုံစံလိုလို၊ ပုံစံအမျိုးမျိုးနဲ့ ပြောင်းပြီး ကြည့်လို့၊ စာဖတ်လို့ ရမှာ ဖြစ်ပါတယ်..။ အပေါ် စလိုက်ရှိုးထဲက အတိုင်း ပုံတွေကို တမျိုးပြီး တမျိုး ပြောင်းလဲပြီး ကြည့်လို့ရ ၊ စာတွေလည်း ဖတ်လို့ရ ၊ ဆော့ဝဲလ်တွေလည်း ဒေါင်းယူလို့ ရပါတယ်.. ပုံစံတမျိုး ပြောင်းကြည့်ချင်တဲ့ သူငယ်ချင်းများ အပေါ် Menu ဘားတန်းမှ Tablet/Ipad View ဆိုတဲ့ Button လေးကို နှိပ်ပြီး ဝင်ကြည့်လိုက်ပါဗျာ..

Yamicsoft Windows 8 Manager 1.0.0


Windows 8 Manager ရဲ့အသုံးပြုပုံက Windows 7 Manager အသုံးပြုပုံနဲ့ အတူတူပါပဲ.. ဆော့ဝဲလ်သေးသလောက် လုပ်ဆောင်ချက်တွေအများကြီး ပါပါတယ်.. ဒီကောင်လေးရှိထားယုံနဲ့ Windows 8 ရဲ့ ပြဿနာ တော်တော်များများကို ဖြေရှင်းပေးပါလိမ့်မယ်.. အမှိုက်တွေရှင်းတာ၊ ဖိုင်စီတာ၊ Registry အယ်ရာတွေရှင်းတာ၊ ၂ခုထပ်နေတဲ့ ဖိုင်တွေရှင်းတာ၊ နောက်ဆုံး ဝင်းဒိုးမှာ အသံမလာတာ၊ Windows Media Player အယ်ရာတက်တာတွေကအစ Repair လုပ်ပေးနိုင်ပါတယ်.. အောက်မှာ အသုံးပြုနည်းလေး အနည်းငယ်ပြပေးထားပါတယ်.. လုပ်ဆောင်ချက်တွေ များလွန်းတဲ့ အတွက် အားလုံးကို လုပ်ပြပေးဖို့တော့ မလွယ်ပါဘူး.. တခြားလုပ်ဆောင်ချက်တွေကို မိမိတို့ ဖါသာ စမ်းသုံးကြည့်ကြပါ.. သူ့အတွက် Crack ဖိုင်လေး ၂ခု ထည့်ပေးထားပါတယ်.. အဲ့ဒီကောင်လေးနဲ့ ဖူးသုံးလို့ ရအောင် လုပ်ပေးလိုက်ပါ.. အောက်မှာလည်း Crack ဖိုင် ထည့်ပြပေးထားပါတယ်.. Photoshop CS6 မှာ Crack ဖိုင်ထည့်နည်းနဲ့ အတူတူပါပဲ.. ဒီကောင်လေးကို လိုအပ်တဲ့ သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 8.9 MB ရှိပါတယ်..
Related Posts Plugin for WordPress, Blogger...