Windows XP Professional SP3 Integrated and Corporate Student February 2013 X86


Windows XP ISO ဖိုင်လေးတွေ ကျနော်ရှာတွေ့လာလို့ XP သုံးတဲ့သူများအတွက် အဆင်ပြေအောင် ဒေါင်းယူလို့ ရတဲ့ လင့်လေးတွေကို ပြန်လည်ချိတ်ပေးလိုက်ပါတယ်..။ ဝင်းဒိုးခွေတစ်ခွေကို အပိုင်းသုံးပိုင်းစီနဲ့ တင်ပေးထားတာ ဖြစ်ပါတယ်..။ အောက်မှာလည်း ကျနော် ဒေါင်းယူထားတဲ့ XP တခွေကို ဖိုင်တွေ ပြန်ပေါင်းတဲ့အခါ ထည့်ရမယ့် Password ကို ထည့်ပြီး ဖိုင်ဖြည်ပြပေးထားပါတယ်..။ အဲ့ဒီအတိုင်းပဲ လုပ်ပေးရမှာ ဖြစ်ပါတယ်..။ CD/DVD ခွေကူးဖို့နဲ့ USB ထဲထည့်ပြီး Bootable USB ဖြစ်အောင် အသုံးပြုတတ်ဖို့ကို အရင်တစ်ပါတ်က တင်ပေးထားတဲ့ Windows 7 OS + Mac OS X 2013 ပိုစ့်မှာ ပုံလေးတွေနဲ့ အစအဆုံး လုပ်ပြပေးထားပါတယ်..။ မလုပ်တတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်နိုင်ပါတယ်..။ အခုဒီ Windows XP အခွေကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ အပိုင်းသုံးပိုင်းစီရှိတဲ့ ဝင်းဒိုးတစ်ခွေကို 636 MB နဲ့ 658 MB စီရှိပါတယ်..။ အခွေကူးတဲ့အခါမှာ CD နဲ့တင် အခွေကူးလို့ ရပါတယ်..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။  ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။


အောက်ကပုံအတိုင်း အပိုင်းသုံးပိုင်းကို part-1 ကနေ စပြီး ဖိုင်ဖြည်ပေးလိုက်ရင် ရသွားပါပြီ..






ISO ဖိုင်လေး ရလာရင်တော့ ဝင်းဒိုးတင်လို့ အဆင်ပြေလောက်ပါပြီ.. အားလုံးပဲ အဆင်ပြေပါစေ..။

3 comments:

  1. ကျေးဇူးပဲ အကိုလွင်ရေ ကျနော်သူငယ်ချင်း က ဝင်းဒိုး XP ISO ကိုလိုချင်တယ်
    ဆိုပြီး ကျနော်ဒေါင်းပေးလိုက်ပါတယ်....

    ReplyDelete
  2. အကိုလွင် ဒီအခွေလေးနဲ့ ဝင်းဒိုးတင်တာတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် window media player က ဖွင့်မရဘူးဖြစ်နေ
    တယ်...Driver တွေလည်းအစုံထည့်ပြီးသွားပြီ။ ဘာလိုအပ်နေလဲ မသိဘူး..။ စက်ဖွင့် ဖွင့်ချင်း Please select the operating
    system to start ဆိုပြီးတော့ အောက်ကစာက Microsoft office professional ဆိုပြီး Enter ခေါက်မှ Window တက်တယ်..
    ဖြေရှင်းလို့ရမယ့်နည်းလမ်းလေးရှီရင် Post လေးတင်ပေးပါလားနော် အကိုလွင်..
    ဒီစက်က Window 7 တင်လို့မရလို့ပါ..။
    လေးစားစွာဖြင့်
    မောင်လင်းလင်း (Bangkok)

    ReplyDelete
  3. Hi Brother!
    Internet not working in my windows XP,also does't show connection icon.Can you help me please.
    Big Hug..Thanks a lot .

    ReplyDelete

Related Posts Plugin for WordPress, Blogger...