Aurora 3D Text and Logo Maker 13.04.18 Final



ဒီအပေါ်က ပုံလေးလိုမျိုး လုပ်ယူလို့ ရတဲ့ ဆော့ဝဲလ်လေးပါ..။ ကျနော့် Blog မှာ လုပ်ပြထားတဲ့ ကျနော့် Blog နာမည်နဲ့ စာလုံးလေးတွေ လှုပ်ရှားနေအောင် ဒီလို 3D Maker တွေနဲ့ လုပ်ခဲ့တာပါ..။ ဒါကြောင့် ဒီဆော့ဝဲလ်လေးကို Blogger တွေအတွက် ရည်ရွယ်ပြီး လုပ်နည်းပါ တခါတည်း လုပ်တတ်အောင် ပြပေးလိုက်ပါတယ်..။ Gif ဖေါ်မတ်အပြင် ဓါတ်ပုံဖေါ်မတ်၊ Video ဖေါ်မတ်တွေနဲ့ပါ Save လို့ရတဲ့အတွက် တခြား ဝါသနာပါတဲ့ လေ့လာနေဆဲ သူငယ်ချင်းတို့လည်းပဲ ဒီကောင်လေးကို အသုံးပြုလို့ ရပါတယ်..။ ကျနော်ကတော့ ဒီလို Animated Text လေးတွေ ဖန်တီးရတာ သဘောကျလို့.. ဒီအပေါ်က စာလုံးလေးလို လုပ်တတ်အောင် ဒီကောင်လေးရဲ့ အသုံးပြုပုံပါ အနည်းငယ်လေ့လာလို့ ရသွားအောင်ပါ အောက်မှာ ပုံလေးတွေနဲ့ တဆင့်ချင်းစီ ပြပေးထားပါတယ်..။ ဒီကောင်လေးကို ဖူးဖြစ်အောင် ဒီဒေါင်းလော့ဖိုင်ထဲမှာ Keygen လေးပါ ထည့်ပေးထားပါတယ်..။ Keygen ကိုမဖွင့်ခင် မိမိတိုစက်ထဲမှာရှိနေတဲ့ Antivirus တွေကို ခဏပိတ်ထားပြီးမှ keygen ကို အသုံးပြုလို့ ရမှာဖြစ်ပါတယ်..။ အဲ့လိုမဟုတ်ရင်တော့ Antivirus ကဖျက်ပစ်လို့ Keygen ကိုရှာလို့ တွေ့မှာ မဟုတ်ပါဘူး..။ ဒီ Keygen လေးမှာ patch နဲ့ပါတွဲပေးထားတာဖြစ်လို့ patch ကို အရင်ဖမ်းပြီးမှ Keygen ရဲ့ Generate ကိုနှိပ်ပြီး key နဲ့ ကုဒ်တွေကို ထည့်ပေးရမှာ ဖြစ်ပါတယ်..။ အစအဆုံး ဖူးသုံးလို့ ရအောင် အောက်မှာ ပုံလေးတွေနဲ့ ကျနော် လုပ်ပြပေးထားပါတယ်..။ 
 Animated 3D Text လုပ်နည်းလေးကို ဟိုးအရင်တုန်းက တောင်းထားဖူးတဲ့ Blogger တွေ၊ ဒီ Aurora 3D Text and Logo Maker 13.04.18 Final ဗါးရှင်းလေးနဲ့ ပြုလုပ်ဖန်တီးယူလို့ ရမှာဖြစ်တဲ့အတွက် အားလုံးပဲ သဘောကျလိမ့်မယ်လို့ ထင်ပါတယ်..။ ဒီအပေါ်က ပုံလေးလိုမျိုး ဖန်တီးတတ်အောင် ပြပေးထားတာ ဖြစ်လို့.. အသေးစိတ်နဲ့ သူ့ထဲမှာပါတဲ့ Tools တွေအားလုံး အသုံးပြုတတ်ဖို့ ဆိုရင်တော့ ဒီဆော့ဝဲလ်လေးထဲမှာ ပါလာတဲ့ လင့်တွေကနေ Tutorial Video တွေကို Youtube မှာ သွားကြည့်၊လေ့လာလို့ ရမှာ ဖြစ်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 42.6 MB ရှိပါတယ်..။

ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..။ ဒေါင်းလော့ မယူတတ်သေးလို့ Error တက်တယ်လို့ ပြောတဲ့ သူများကတော့ ကျနော့် Blog ညာဘက်မှာ တင်ပေးထားတဲ့ ဒေါင်းလော့ယူနည်း ပိုစ့်ကို အရင်ဖတ်ပေးပါ..။


GIF ဖိုင်တွေကို ချုံ့ဖို့ Gif Resizer လေး လိုအပ်ခဲ့ရင် ဒီလင့်မှာ သွားယူလိုက်ပါ..။

ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ အောက်ကပုံလေးတွေ အတိုင်း ဖွင့်ပြီး Keygen နဲ့ ဖူးသုံးလို့ ရအောင် အရင်လုပ်ပေးလိုက်ပါ..။



ကျနော်ကတော့ အပေါ်ပုံမှာ ပြထားတဲ့ အနီဝိုင်းထားတဲ့ အဆင်သင့် Feature လေးနဲ့ပဲ လုပ်ပြပေးထားပါတယ်..။ သူပေးထားတဲ့ထဲက မိမိကြိုက်တဲ့ ဒီဇိုင်းတခုကို ကလစ်ပြီး Ok ပေးလိုက်ရင် အဲ့ဒီ ဒီဇိုင်းအတိုင်း ဖန်တီးလို့ ရမှာ ဖြစ်ပါတယ်..။ မျှားအနီပြထားတာကတော့ ဒီဆောဝဲလ်ထဲမှာ လေ့ကျင့်ခန်း Video တွေကို Youtube မှာ လေ့လာလို့ ရအောင် လင့်တွေ ထည့်ပေးထားတဲ့ နေရာတွေပါ..။ လိုအပ်တဲ့ သူများကတော့ ဒီအဆင့်မှာတင် တခါတည်း Video ဖိုင်တွေကို သွားကြည့်နိုင်ပါတယ်..။
ပြီးရင်တော့ အောက်ကပုံအတိုင်း Register ကိုကလစ်ပြီး keygen ထဲက ကုဒ်တွေ ထည့်ပေးလိုက်ပါ..။



Keygen ကို ၂ချက်တောက်ဖွင့်၊ အပေါ်ပုံအတိုင်း မိမိတို့ အသုံးပြုနေတဲ့ ဆော့ဝဲလ်ရဲ့ နာမည်ကို သေချာရွေးပေးလိုက်ပါ..။ ပြီးရင်တော့ အောက်ကပုံအတိုင်း patch ကို အရင်နှိပ်ပြီး သွားလိုက်ပါ..။



အပေါ်ပုံမှာ ပြထားတဲ့ အတိုင်းပေါ်လာရင် သူက Exe Files လို့ ပြထားတဲ့ အတွက် ကျနော်တို့က ဒေါင်းလော့ဖိုင်ထဲကို ရောက်အောင်သွားပြီး ဒီဆော့ဝဲလ်ရဲ့ ၂ချက်တောက် Install ထည့်တဲ့ Icon လေးကို အပေါ်ပုံအတိုင်း ကလစ်ရွေးယူပြီး Open နဲ့ ဖွင့်လိုက်ပါ..။
အောက်ကပုံအတိုင်း Error နဲ့ ပြလာပါလိမ့်မယ်..။ MAYBE FILE IS ALREADY PATCHED ဆိုတာ patch မိထားပြီးလောက်ပြီဆိုတဲ့ အဓိပ္ပါယ်မို့ OK ပေးလိုက်ပါတယ်..။



အပေါ်ပုံအတိုင်း Generate ကို တချက်နှိပ်ပြီးမှ အဝါရောင် ကွင်းထဲမှာ ပြထားတဲ့ ကီးတွေနဲ့ ကုဒ်တွေကို တကြောင်းစီ စလက်ပေး၊ copy-paste နဲ့ အောက်ကပုံမှာ ပြထားတဲ့ Registry ဘောက်စ်ထဲမှာ ထည့်ပေးလိုက်ပါ..။ ပြီးရင်တော့ Register နေရာကို နှိပ်ပေးလိုက်ပါ..။



Succeeded! ဆိုရင်တော့ Close ပေးပြီး အောက်ကပုံအတိုင်း ဆော့ဝဲလ်ကို ပိတ်ပေးလိုက်ပါ..။


ပိတ်ပြီးသွားရင်တော့ Desktop က Icon လေးကို ၂ချက်တောက်ပြီး ပြန်ဖွင့် အသုံးပြုလို့ ရသွားပါပြီ..။ အောက်ကပုံအတိုင်း အပေါ်ပိုင်းမှာ ပြထားတဲ့ နေရာကနေ ပြန်ဆက်ပြပေးထားပါတယ်..။ 
အောက်ကပုံအတိုင်း မျှားနီပြထားတဲ့ နေရာကို ၂ချက်တောက်လိုက်ရင် စာရေးလို့ ရတဲ့ နေရာလေး ပေါ်လာပါလိမ့်မယ်..။ အောက်က ဒုတိယပုံအတိုင်း..



မြန်မာစာဖေါင့်ရွေးပြီး စာရိုက်ပါတယ်..။ အပေါ်ပုံ..။ စာရေးပြီးရင် စာလုံးရဲ့ဘေး နေရာကို တချက်ကလစ်လိုက်ရင် အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်..။ မျှားနီသုံးချောင်း ပြထားတဲ့ နေရာတွေကတော့ စာလုံးနဲ့ အောက်ခံ Button ကို လိုသလို တိမ်းစောင်း ပြုပြင်လို့ ရမယ့် နေရာတွေပါ..။ မောက်စ်မျှားနဲ့ ကလစ်ပြီး လိုသလို ဖရိန်ကို စောင်းတာ၊ လှည့်တာ ပြောင်းလဲယူလို့ ရပါတယ်..။


စာလုံးနဲ့ Button စိတ်ကြိုက်ထားပြီးရင်တော့ ညာဘက်အကွက်ထဲမှာ ရှိတဲ့ Animation နေရာကို ရှာပြီး တချက်ကလစ်လိုက်ပါ..။ အောက်ပုံ..။ အဲ့ဒီထဲမှာပဲ လှုပ်ရှားနေတဲ့ ဒီဇိုင်းတွေကို ချိန်ယူလို့ ရမှာ ဖြစ်ပါတယ်..။



အပေါ်ပုံအတိုင်း စာလုံးကို တချက်ကလစ်လိုက်ရင်တော့ Effect ထည့်လို့ရတဲ့ အကွက်လေးတွေ ညာဘက်မှာ ပေါ်လာမှာဖြစ်ပါတယ်..။ အောက်ကပုံကတော့ ထည့်ထားတဲ့ Effect တွေကို မျှားနီထိုးပြထားတဲ့ နေရာကို တချက်ကလစ်ပြီး စာလုံးရဲ့ လှုပ်ရှားမှုကို လေ့လာလို့ ရပါတယ်..။ စိတ်ကြိုက်ဖြစ်ရင်တော့ သိမ်းလိုက်ပါ..။


GIF ဖေါ်မတ်နဲ့သိမ်းမှာမို့ အောက်ကပုံအတိုင်း Export Animation ကို ကလစ်ပြီး သိမ်းပါတယ်..။



အပေါ်ပုံအတိုင်း ဖိုင်နာမည်ပေးပြီး သိမ်းလိုက်ရင် အောက်မှာပြထားတဲ့ ပုံကတော့ လိုက်ပြောင်းပေးရမယ့် နေရာတွေပါ..။


အပေါ်ပုံအတိုင်း လိုက်လုပ်ရမယ်လို့ မဆိုလို..၊ ဒီမှာ ပြထားတာကတော့ ကျနော် စမ်းပြီး အသုံးပြုထားတာကို ဖေါ်ပြပေးလိုက်ခြင်းသာ..။ မိမိတို့နဲ့ အဆင်ပြေသလို ပြောင်းလဲပြီး လုပ်ယူရမှာပါ..။ OK ပေးပြီး သိမ်းလိုက်ရင်တော့.. ခဏစောင့်ပေးပြီး အောက်ကပုံအတိုင်း Export Completed စာသားနဲ့ ပေါ်လာရင်တော့ OK ထပ်ပေးလိုက်ပါ..။ ဒါဆိုရင် ကျနော် ဖန်တီးလိုက်တဲ့ စာလုံးဒီဇိုင်းလေး အောက်ဆုံးပုံအတိုင်း ရသွားပါပြီ..။ Web ပေါ်တင်လိုက်ရင်တော့ ဒီလိုမျိုး Animated စာလုံးလေးတွေ လှုပ်ရှားနေတာ လက်တွေ့ မြင်ရပါလိမ့်မယ်..။
GIF ဖိုင်တွေကို ချုံ့ဖို့ Gif Resizer လေး လိုအပ်ခဲ့ရင်တော့ ဒီလင့်မှာ သွားယူလို့ ရပါတယ်..။ http://gif-resizer.soft32.com/free-download


အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေဗျာ..။


4 comments:

  1. passw...ထည့်လို့မရဘူးဖ်ြနေတယ် အကိုရေ လုပ်ပါဦး လိုချင်တာတော့ာ အရမ်းပဲ
    ကိုယ့်ဟာကိုရှာဒေါင်းရင် အကိုပြောတဲံ ပုံတွေနဲ့ လွှဲံနေမှာစိုးလို့ ကူညီပါနော်

    ReplyDelete
    Replies
    1. ကျနော်တင်ပေးထားတဲ့ ဒီကောင်လေးနဲ့ပဲ အသုံးပြုပေးပါ..။ ဒီပိုစ့်မှာ ပြထားတဲ့ ပုံနဲ့စာကို သေချာနားလည်အောင် ဖတ်ခဲ့ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါလိမ့်မယ်.. အဆင်ပြေပါစေဗျာ..

      Delete
  2. I am using windows 8, keygen is not working..

    ReplyDelete
    Replies
    1. Please, use Windows 7. Keygen works on W7.

      Delete

Related Posts Plugin for WordPress, Blogger...