MyKeyFinder 2013.1.00 Final

9 Oct 13, 10:46 AM
kokokaung: softwear တစ်ခုကို instrall လုပ်တဲ့အခါ serial နံပါတ် ထည့်လိုက်တယ် အဲ့ဒီ serial န့ပါတ်ကို computer ထဲမှာရှာမယ်ဆိုရင် ဘယ်နားမှာ ပြန်ရှာရတယ်ဆိုတာ သိရင်ကူညီပါလားအစ်ကို ကျေးဇူးတင်ပါတယ်နော်
ဒီကောင်လေးကတော့ မိမိတို့ဝင်းဒိုးထဲမှာ Install ထည့်ထားတဲ့ ဆော့ဝဲလ်တွေရဲ့ ကီးတွေနဲ့ ဝင်းဒိုးရဲ့ကီးတွေကို အလွယ်တကူ ရှာပေးနိုင်တဲ့ ကောင်လေးပါ..။ crack, patch, keygen, Activator (or) Loader စတာတွေနဲ့ ဖူးဖြစ်အောင် လုပ်ထားတဲ့ ဆော့ဝဲလ်တွေရဲ့ ကီးတွေဆိုရင်တော့ ကီးအမှန်တွေ မဟုတ်ပဲ fake ကီးတွေပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးကတော့ ဝင်းဒိုးနဲ့ ဝင်းဒိုးထဲမှာ Install ထည့်ထားတဲ့ ဆော့ဝဲလ်တွေရဲ့ကီးတွေ မှန်သမျှအားလုံးကို ရှာထုတ်ပေးပါလိမ့်မယ်..။ ဒီကောင်လေး ရှာပေးပြီးတဲ့ ကီးတွေကို Print (or) PDF ဖိုင်နဲ့ ထုတ်ယူသိမ်းထားလို့ ရမှာ ဖြစ်ပါတယ်..။ ဖရီးဆော့ဝဲလ်လေးဆိုပေမယ့် Install ထည့်ပြီးတာနဲ့ မိမိတို့ရဲ့ Email အမှန်နဲ့ ထည့်ပေးပြီး အင်တာနက်ကနေ Activate လုပ်ပြီးမှ အသုံးပြုလို့ ရမှာပါ..။ Active ဖြစ်အောင်နဲ့ အသုံးပြုတတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားလို့ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3 MB ရှိပါတယ်..။
MyKeyFinder searches your computer for all the keys and serial numbers that you used to install all your software applications, as well as those serials related to programs that were already installed in your system when you bought it (such as the operating system). This will allow you to recover any lost keys and to keep a record of all them for future use.




 Install ထည့်ပြီးတာနဲ့ အောက်ကပုံလေးအတိုင်း မိမိတို့ရဲ့ နာမည်နဲ့ Email လိပ်စာ အမှန်ကို ထည့်ပေးပြီး မျှားပြထားတဲ့ နေရာကို ကလစ်ပေးပြီး ဆော့ဝဲလ်ကို အသုံးပြုလို့ ရအောင် Active လုပ်ပေးလိုက်ပါ..။







အပေါ်ကပုံအတိုင်း OK ပေးပြီးရင်တော့ အောက်ကပုံလေးတွေ အတိုင်း မိမိတို့ရဲ့ Email ထဲမှာ ဒီဆော့ဝဲလ်ရဲ့ ဆိုဒ်ကနေ ပို့ပေးထားတဲ့ မေလ်းကို ဖွင့်ပြီး အထဲက လင့်လေးကို တချက်ကလစ်ပေးလိုက်ရင် ဒီကောင်လေးကို Activate ဖြစ်လို့ အသုံးပြုလို့ ရသွားပါပြီ..။

 





ဆော့ဝဲလ်မှာပါ အောက်ကပုံလေးအတိုင်း အမှန်ခြစ်လေးနဲ့ ပေါ်လာမှာ ဖြစ်ပြီး ဒီကောင်လေးက တခါတည်း ကီးတွေကို လိုက်ရှာပေးမှာ ဖြစ်ပါတယ်..။ အောက်ကပုံလေးတွေ အတိုင်း မြင်ရမှာပါ..။




အောက်ကပုံလေးအတိုင်း ဆက်ပေါ်လာရင်တော့ ကီးတွေအားလုံး ရှာပေးပြီးပြီမို့ ဒီကီးတွေ သိမ်းဖို့ မျှားပြာပြထားတဲ့ နေရာမှာ အားလုံး အမှန်ခြစ်လေးတွေ ထည့်ပြီး ကျနော်ကတော့ PDF နဲ့ ထုတ်ယူလိုက်ပါတယ်..။ Print နဲ့ ထုတ်ယူလိုတဲ့ သူများကတော့ အလယ်က Print ပုံလေးကို ကလစ်လိုက်ပါ..။ 




ကျနော်ကတော့ ရှာရလွယ်အောင် Desktop မှာ သိမ်းလိုက်ပါတယ်..။ အေက်ကပုံလေးအတိုင်း Complete ဆိုရင်တော့ OK ပေးလိုက်လို့ ရပါပြီ..။ 




 အောက်ဆုံးပုံလေးအတိုင်း PDF ဖိုင်လေးနဲ့ မိမိတို့ ဝင်းဒိုးထဲက ဆော့ဝဲလ်တွေရဲ့ ကီးတွေကို သိမ်းယူလိုက်လို့ ရသွားပါပြီ..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးနဲ့ အဆင်ပြေလောက်ပါပြီ..။ ဒီပိုစ့်မှာ သူငယ်ချင်းရဲ့ စက်နဲ့ လုပ်ပြပေးထားတာ ဖြစ်လို့ သူ့စက်ထဲမှာရှိတဲ့ ဆော့ဝဲလ် အနည်းငယ်ကိုပဲ မြင်ရတာ ဖြစ်ပါတယ်..။

2 comments:

  1. ဒီပို့လေးကိုတော့ ကြိုက်တယ်နောက်နေ့ မှစမ်းကြည့်လိုက်မယ်.. ကျေးဇူးပဲ အကိုလွင်..။

    ReplyDelete
  2. Thank you very much,I also so like it this post
    Yoh

    ReplyDelete

Related Posts Plugin for WordPress, Blogger...