Mojosoft Photo Calendar Studio 2014 1.11 Final

မိမိတို့ရဲ့ မိသားစုဓါတ်ပုံလေးတွေနဲ့ ပြက္ခဒိန်လေးတွေ ဖန်တီးချင်တယ်ဆိုရင်တော့ ဒီကောင်လေးက အတော်လေး အသုံးဝင်တဲ့ ကောင်လေးပါ..။ ကျနော်စမ်းသုံးကြည့်မိသလောက် အတော်လေး ပြည့်စုံတဲ့ နောက်ဆုံးထွက် ဗါးရှင်းအသစ်လေး.. လေယာတွေ၊ Effects တွေ ၊ Background နဲ့ Foreground မှာ မိမိတို့ ကြိုက်သလို ပုံတွေကို ချိန်ညှိပြီး ထည့်သုံးလို့ပါ ရတဲ့အပြင် မြန်မာစာတွေပါ မိမိတို့ ဖန်တီးထားတဲ့ ပြက္ခဒိန်ပေါ်မှာ ရေးယူလို့ ရတဲ့အတွက် အတော်လေးအဆင်ပြေပါတယ်..။ ခုနှစ်သက္ကရာဇ်တွေကိုလည်း 2013/14 ကနေ နောက် နှစ်တစ်ရာထိ ကြိုက်သလောက်ထည့်သုံးလို့ ရတဲ့အတွက် အမြဲတမ်း အသုံးပြုလို့ရမယ့် ပရိုဂရမ်ကောင်းလေးပါ..။ အောက်မှာလည်း ကျနော် စမ်းသုံးထားတဲ့ ပုံလေးတွေပါ ပြပေးထားပြီး အသုံးဝင်ပုံ အသေးစိတ် Features တွေ၊ Tools တွေက Photoshop နဲ့ နင်လား၊ငါလားလို့တောင် ပြောရမလိုပင်..။ နောက်ခံ ဖရိန်တွေ အများကြီး ပြောင်းသုံးလို့ရတဲ့အတွက်.. အပျော်တမ်း အိမ်သုံးသမားများအတွက်တင် မကပဲ၊ စီးပွါးရေး လုပ်ငန်းတွေအတွက်ပါ ထည့်ယူသုံးလို့ အဆင်ပြေပါတယ်..။ အများကြီး မညွှန်းတော့.. သုံးကြည့်မှသာ ကောင်းမှန်းသိပေလိမ့်မည်..။ ဒီလိုဆော့ဝဲလ်မျိုးက အကြာကြီးနေမှသာ တခါ Update ထွက်တတ်တဲ့ ပရိုဂရမ်မျိုးဖြစ်တဲ့အတွက် ရတုန်းမှာ အမြန်သာ ဒေါင်းယူထားကြပါ..။ လင့်တွေပျက်သွားမှ ပြန်တင်ပေးဖို့ ခက်ပါလိမ့်မယ်..။
ဒီကောင်လေးကို ဖူးသုံးလို့ရအောင် ကီးတွေနဲ့ နာမည်တွေကို Notepad လေးနဲ့ ထည့်ပေးထားပြီး အောက်မှာလည်း ကျနော်သုံးထားတဲ့၊ ဖူးဖြစ်သွားတဲ့ ပုံလေးတွေကို ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 39 MB ရှိပါတယ်..။


Install ထည့်ပြီးတာနဲ့ အောက်ကပုံလေးတွေအတိုင်း ဖွင့်ပြီး ကီးတွေနဲ့နိမ်းတွေကို ထည့်ပေးလိုက်ပါ..။ ဖူးသုံးလို့ ရသွားပါပြီ..။



အပေါ်ကပုံလေးအတိုင်း ဖူးဖြစ်အောင် လုပ်ပေးပြီးရင်တော့ အောက်ကပုံလေးအတိုင်း စတင်အသုံးပြုနိုင်ပါပြီ..။ ဖွင့်သုံးတိုင်းမှာ အောက်ကပုံအတိုင်း အမှန်ခြစ်ကို ဖြုတ်ဖို့ သတိယပါ..။


ကျနော် အပေါ်က ဖရိန်တခုကို ယူထားတာ ဖြစ်ပြီး.. အောက်ကပုံမှာတော့ ဖရိန်တခု ယူလိုက်တိုင်း ခုနှစ်တွေကို မိမိတို့ စိတ်ကြိုက် ပြောင်းယူထည့်သုံးလို့ ရမှာပဲ ဖြစ်ပါတယ်..။ 



Apply ပေးလိုက်တာနဲ့ အောက်ကပုံအတိုင်း ခုနှစ်နေရာမှာ ပြောင်းလဲသွားပါပြီ..။ Edit နေရာမှာတော့ မိမိတို့ ထည့်ချင်တဲ့ ခုနှစ်၊လ၊ရက်တွေကို ဝင်ပြင်ထည့်လို့ ရပါသေးတယ်..။ ဒီမှာတော့ ပြမထားတော့.. မိမိတို့ကိုယ်တိုင်သာ စမ်းသုံးကြည့်ပါ..။


မိမိတို့ အသုံးပြုချင်တဲ့ ပုံလေးတွေကို အောက်ကပုံအတိုင်း ဓါတ်ပုံထည့်ထားတဲ့ ဖိုဒါကို ဝင်ယူပေးရမှာပါ..။ ဒါဆိုရင်တော့ အောက်ကပုံမှာ မြင်ရတဲ့အတိုင်း ပုံလေးတွေ အားလုံး ပေါ်လာမှာပဲ ဖြစ်ပါတယ်..။ အဲ့ထဲကမှ မိမိထည့်သုံးလိုတဲ့ ပုံလေးကို ၂-ချက်တောက်လိုက်ယုံနဲ့ ပြက္ခဒိန်ပေါ်မှာ ပုံလေးပေါ်လာမှာ ဖြစ်ပါတယ်..။


အောက်ကပုံမှာ ပြထားတာကတော့ နောက်ခံ ဖရိန်ဒီဇိုင်းတွေကို စိတ်ကြိုက် ပြောင်းယူလို့ ရတဲ့ နေရာလေးတွေပါ..။





အပေါ်ပုံမှာတော့ ဒီဇိုင်း တမျိုး ဖန်တီးယူလို့ ရတဲ့ နေရာလေးတွေပါ..။ အောက်ကပုံအတိုင်း နောက်ခံ ဖရိန်နေရာမှာလည်း မိမိထည့်ချင်တဲ့ ပုံလေးတွေကို ထည့်သုံးလို့ ရပါသေးတယ်..။



ကျနော် အတော်လေး စမ်းသပ်မိတဲ့ အခါမှာတော့ အပေါ်ကပုံအတိုင်း မြင်ရပါတယ်..။ အောက်ကပုံမှာတော့ ကျနော်တို့ မြန်မာစာတွေ ရေးထည့်ဖို့ A နေရာကို ကလစ်ပြီး စာတွေ ရေးထည့်နိုင်ပါတယ်..။ မြန်မာစာ ပေါ်အောင် အောက်ကပုံအတိုင်း ဖေါင့်ပြောင်းပြီး ရိုက်မှ ပေါ်မှာပါ..။ အသေးစိတ်လုပ်တတ်ဖို့ကိုတော့ မိမိတို့ကိုယ်တိုင်ပဲ ကြိုးစား အားထုတ်ယူရမှာပါ..။ ဒီပိုစ့်မှာတော့ ကျနော်က ဒီလို လုပ်ယူလို့ ရတယ်ဆိုတာကိုပဲ ပြပေးထားတာပါ..။



မြန်မာစာကို အပေါ်ကပုံအတိုင်း ဖေါင့်မျိုးစုံ၊ အရောင်မျိုးစုံနဲ့ ရိုက်ယူလို့ ရပါတယ်..။ ဒီပရိုဂရမ်လေးထဲမှာ တခြား အသုံးဝင်တဲ့၊ ကျနော်လည်း မသိသေးတဲ့ Features တွေ အများကြီးရှိပါသေးတယ်..။ အားလုံးအသုံးပြုတတ်ဖို့ကိုတော့ မိမိတို့ကိုယ်တိုင်သာ ကြိုးစားလေ့လာရမှာပါ..။ 
မိမိတို့ဖန်တီးလိုက်တဲ့ ပြက္ခဒိန်လေးကို သိမ်းယူမယ်ဆိုရင်တော့ အောက်ကပုံလေးအတိုင်း သိမ်းယူလိုက်လို့ ရပါပြီ..။



အပေါ်ကပုံအတိုင်း သိမ်းလိုက်ရင်တော့ Desktop မှာ မိမိတို့ဖန်တီးလိုက်တဲ့ ပြက္ခဒိန်ပုံလေးကို အလွယ်တကူ ယူလို့ ရသွားပါပြီ..။ မိမိတို့ရဲ့ ပုံလေးတွေနဲ့ ပြက္ခဒိန်လေးတွေ ဖန်တီးပြီး အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေဗျာ..။

3 comments:

  1. ဒေါင်းယူသွားပါတယ်အကိုလွင်..။

    ReplyDelete
  2. အကိုရေ ကျနော်လည်းဒေါင်းသွားပါတယ်ခင်ဗျာ ကျေးကျေးအများကြီးပါခင်ဗျာ

    ReplyDelete
  3. မိမိတို့ရဲ့ Computer ကိုကြိုတင်ကာကွယ်ရန် Windows တစ်ခုလုံးကို DVD ချပ်တွေနဲ့ သိမ်းထားရမယ့် Windows Image Backup File ပြုလုပ်နည်း အဲ့ဒီပို့ စ်ကနေ restore ပြန်လုပ်နည်းကိုတင်ပေးပါတော့ ကိုလွင်မင်းဗိုလ်ခင်ဗျ

    ReplyDelete

Related Posts Plugin for WordPress, Blogger...