Madcrosoft PC TuneUp Tools 2014 8.1.003 Final

ဒီဆော့ဝဲလ်လေးကတော့ မိမိတို့ရဲ့ ကွန်ပျူတာကို သွက်လက် မြန်ဆန်အောင် လုပ်ပေးနိုင်တဲ့ PC TuneUp တူးလေး တခုပါပဲ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ကီးတွေ ထည့်ပေးရမှာ ဖြစ်ပြီး အောက်မှာလည်း ပုံလေးတွေနဲ့ပါ အသုံးပြုတတ်အောင် အနည်းငယ် လုပ်ပြပေးထားပါတယ်..။ ဒီကောင်လေးက ဆော့ဝဲလ်သေးသလောက် အသုံးပြုလို့ ရတဲ့ Features တွေ တော်တော်များပါတယ်..။ တခုစီ အသုံးပြုတတ်ဖို့ကိုတော့ မိမိကိုယ်တိုင်သာ စမ်းသုံးကြည့်ရမှာ ဖြစ်ပါတယ်..။ ကျနော်ကတော့ ဒီပိုစ့်မှာ Features ၂-ခုကိုပဲ နမူနာ သုံးပြပေးထားပါတယ်..။ ဒီဆော့ဝဲလ်လေးမှာ ပါဝင်တဲ့ အသုံးပြုလို့ ရတဲ့ Features တွေကတော့ REGISTRY CLEANER, HARD DRIVE CLEANER, PRIVACY CLEANER, STARTUP MANAGER, FILE SHREDDER, FILE ENCRYPTER, DESKTOP LOCK, RESTORE POINT CLEANER, PREFETCH CLEANER, PROCESS MANAGER, UNISTALLER, FOLDER BACKUP, တို့ပဲ ဖြစ်ပါတယ်..။ အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.3 MB ရှိပါတယ်..။



 Install ထည့်ပြီးတာနဲ့ အောက်ကပုံလေးတွေအတိုင်း ဒီကောင်လေးကို ကီးတွေ ထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ..။




ဖူးဖြစ်သွားလို့ အသုံးပြုတဲ့ အခါမှာတော့ အောက်ကပုံလေးမှာ မြင်နေရတဲ့ ပုံလေး ၄-ပုံကို ကလစ်ပြီး Features တခုစီကို ရွေးယူ အသုံးပြုနိုင်ပါပြီ..။ 


ကျနော်ကတော့ အောက်ကပုံလေးအတိုင်း Startup Manager ကို အရင် အသုံးပြုပြထားပါတယ်..။




အောက်ကပုံလေးအတိုင်း ပေါ်လာတဲ့အခါမှာတော့ မိမိတို့ ဝင်းဒိုးအတက်မှာ မပေါ်စေချင်တဲ့ ဆော့ဝဲလ်လေးကို တချက်ကလစ်ပြီး Delete နဲ့ ဖျက်ပစ်လိုက်ပါ..။




အပေါ်ကပုံလေးတွေ အတိုင်း မပေါ်စေချင်တဲ့ တခုစီကို လိုက်ဖျက်ပစ်ပြီးရင်တော့ အောက်ကပုံမှာ ကျနော် ပေါ်စေချင်တဲ့ ဆော့ဝဲလ်လေးတွေကို မဖျက်ပဲ ဒီအတိုင်း ထားခဲ့လိုက်ပါတယ်..။ ဒါဆိုရင် ဒီ Features လေးတခုကို အသုံးပြုတတ်ပါပြီ..။


နောက်တခုမှာတော့ ကျနော် Hard Disk ကို အောက်ကပုံလေးအတိုင်း Clean လုပ်ပါတယ်..။



အပေါ်ကပုံအတိုင်း အမှန်ခြစ် ၂-ခု ထည့်ပေးပြီး Scan နဲ့ စစ်ပါတယ်..။ ဒီမှာ ရေးထားတဲ့ စာကတော့ မိမိတို့ ဟတ်ဒစ်ထဲမှာ ရှိတဲ့ ဝင်းဒိုးအပါအဝင် အပိုင်းအားလုံးမှာ ရှိတဲ့ ဖိုင်တွေထဲက ဗလာဖိုင်တွေနဲ့ ဗလာဖြစ်နေတဲ့ ဖိုဒါတွေကို ဒီကောင်လေးက လိုက်စစ်ထုတ်ပြီး အလိုလို ဖျက်ပစ်ပေးမှာပဲ ဖြစ်ပါတယ်..။ ဆော့ဝဲလ်တွေကို Uninstall နဲ့ ထုတ်ပစ်ပြီးတဲ့ အခါမှာ အဲ့ဒီဆော့ဝဲလ်တွေရဲ့ ဖိုင်အခွန်တွေ ကျန်နေတတ်တဲ့ ဖိုင်၊ဖိုဒါတွေကို လိုက်ဖျက်ပေးတာပါပဲ..။ တနည်းအားဖြင့် ဟတ်ဒစ်မှာ မလိုအပ်တဲ့ ဖိုင်အပိုတွေကို ရှင်းပစ်ပေးတာပါ..။ အောက်ကပုံလေးအတိုင်း တခုစီ စစ်ထုတ်ပြီး၊ စစ်ပြီးတာနဲ့ အဲ့ဒီဖိုင်တွေကို အလိုလို ဖျက်ပစ်လိုက်ပါတယ်..။ အောက်ကပုံလေးတွေ အတိုင်းပါ..။ 


အပေါ်မှာ အပိုင်း (C:) ပြီးသွားတော့ အောက်ကပုံလေးအတိုင်း အပိုင်း (J:) ကို ထပ်စစ်ပေးနေတာပါ..။


 အပေါ်ကပုံအတိုင်း Search Finished ဆိုရင်တော့.. ဒီ Features လေးကို ပိတ်ပစ်ပြီး နောက် Features တွေကို ဆက်လက် အသုံးပြုနိုင်ပါတယ်..။ ဒီပိုစ့်မှာတော့ ကျနော် ဒီလောက်ပဲ အသုံးပြုပြပေးထားပါတယ်..။ တခြား အသုံးဝင်တဲ့ Features တွေကိုတော့ မိမိတို့ကိုယ်တိုင်ပဲ လေ့လာ အသုံးပြုပေးပါ..။ အားလုံးပဲ အဆင်ပြေပါစေ..။

2 comments:

  1. င်္ှဆရာရေဒေါင်းသွာပါတယ်ဗျ........

    ReplyDelete
  2. မိမိတို့ရဲ့ Computer ကိုကြိုတင်ကာကွယ်ရန် Windows တစ်ခုလုံးကို DVD ချပ်တွေနဲ့ သိမ်းထားရမယ့် Windows Image Backup File ပြုလုပ်နည်း အဲ့ဒီပို့ စ်ကနေ restore ပြန်လုပ်နည်းကိုတင်ပေးပါတော့ ကိုလွင်မင်းဗိုလ်ခင်ဗျ

    ReplyDelete

Related Posts Plugin for WordPress, Blogger...