Jewel Legends 2 Atlantis Final

 ဒီဂိမ်းလေးကတော့ အပေါ်က ပုံတွေထဲမှာ မြင်နေရတဲ့ အတိုင်း အရောင်တူတဲ့ ၊ ပုံတူတဲ့ ပစ္စည်းလေးတွေကို သုံးလုံးတတန်း ဖြစ်အောင် လိုက်ပြောင်းပေးပြီး ဆက်ပေးရတဲ့ Jewel Legends 2 Atlantis Final ဂိမ်းလေးပါ..။ အခုနောက်ပိုင်း Apple ဖုန်းတွေနဲ့ Samsung တို့လို Android ဖုန်းတွေတိုင်းမှာ အများဆုံး ကစားတာ တွေ့နေရတဲ့၊ လူကြိုက်များ၊ လူကစားများတဲ့ ဂိမ်းလေးနဲ့ ကစားပုံတူပါတယ်..။ ဒီဂိမ်းလေးကို ကစားလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 112 MB ရှိပါတယ်..။

King Oddball PC Game

 King Oddball PC Game လေးပါ..။ ကစားနည်းက Angry Birds ဂိမ်းလေးတွေနဲ့ တူပါတယ်..။ အေးအေးဆေးဆေးနဲ့ မျက်လုံးအေးအေးလေး ကစားလို့ ရတဲ့ ဂိမ်းလေးပါပဲ..။ ဒီဂိမ်းလေးကို ကစားလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 32 MB ရှိပါတယ်..။

Loaris Trojan Remover 1.2.8.4 Final


ကျနော်တို့ရဲ့ ဝင်းဒိုးတွေထဲမှာ Trojan လို့ခေါ်တဲ့ စက်ကိုလေးအောင်၊ ဟမ်းအောင် လုပ်တတ်တဲ့ ဗိုင်းရပ်စ်တမျိုးကို ဒီ Loaris Trojan Remover လေးက ဖယ်ရှားပေးနိုင်ပါတယ်..။ ဒီကောင်လေးက နောက်ဆုံးထွက် Update လေး Loaris Trojan Remover 1.2.8.4 Final ဗါးရှင်းပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်ထဲမှာ crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ crack ဖိုင်ထည့်ပြီးလို့ ဒီကောင်လေးကို အသုံးပြုတော့မယ်ဆိုရင်တော့ အင်တာနက်ကို ပိတ်ထားရမှာပါ..။ ဒါမှ ဒီကောင်လေးကို အသုံးပြုလို့ ရပါလိမ့်မယ်..။ သူ့ရဲ့ Data Base ကို လုံးဝ Update မလုပ်ပါနဲ့..။ အင်တာနက်ကနေ Update လုပ်လိုက်တာနဲ့ ဒီကောင်လေးကို အသုံးပြုလို့ မရနိုင်တော့ပါဘူး..။ ဒါကြောင့် အသုံးပြုတဲ့ အခါတိုင်း အင်တာနက်ကို ပိတ်ထားပြီးမှ ဒီကောင်လေးကို အသုံးပြုရမှာပါ..။ ဒီနောက်ဆုံးထွက်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 20.6 MB ရှိပါတယ်..။ အသုံးပြုရတာလည်း လွယ်ကူပြီး အောက်မှာ ကျနော် စမ်းသုံးထားတာကို ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။

MathMagic7.4.3.48 Personal Edition Final



ဒီကောင်လေးက ကိန်းဂဏန်းတွေ တွက်ချက်တဲ့ နေရာမှာ အသုံးဝင်တဲ့ MathMagic7.4.3.48 Personal Edition Final ဗါးရှင်းလေးပါ..။ သင်္ချာနဲ့ ရူပဗေဒ ဘာသာရပ်တွေရဲ့ အသုံးဝင် သင်္ကေတ မျိုးစုံပါဝင်တဲ့၊ အသုံးပြုလို့ ရတဲ့ ဆော့ဝဲလ်လေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် patch ဖိုင်လေးနဲ့ တွဲတင်ပေးထားပါတယ်..။ patch နဲ့ ဖူးလုပ်နည်းကတော့ အရင်တုန်းက ပိုစ့်တွေမှာ ပြပေးခဲ့ပြီမို့ အများကြီး မပြတော့ပါဘူး..။ Successfully ဖြစ်တဲ့ ပုံလေးပဲ ပြပေးလိုက်ပါတယ်..။ patch နဲ့ ဖူးလုပ်နည်း မသိသေးတဲ့ သူများရှိခဲ့ရင်တော့ IDM ကို patch နဲ့ ဖူးဖြစ်အောင်လုပ်နည်းပိုစ့်ကို လေ့လာလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ အခု ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 11 MB ရှိပါတယ်..။ အသုံးပြုတတ်အောင် ဒီပိုစ့်ရဲ့အောက်ဆုံးမှာ Video ဖိုင်လေးကို လေ့လာကြည့်ပေးပါ..။

Internet Download Manager 6.15 Build 14 Final နှင့် IDM ကို ခရက်ခ်ဖိုင်ဖြင့် ဖူးလုပ်နည်း (ဒုတိယနည်း)


Internet Download Manager 6.15 Build 14 Final ဗါးရှင်းကို ကျနော် patch ဖိုင်အပြင် crack ဖိုင်လေးပါ တခုစီခွဲတင်ပေးထားပါတယ်..။ Patch နဲ့ IDM ကို ဖူးဖြစ်အောင် မလုပ်နိုင်တဲ့ ဝင်းဒိုးတွေ အတွက် နောက်ထပ် တင်ပေးလိုက်တဲ့ crack ဖိုင်လေးကို IDM Installed Folder ထဲမှာ အစားထိုးထည့်ပြီး ဖူးလုပ်၍ အသုံးပြုနိုင်ပါတယ်..။ crack ဖိုင်ထည့်တတ်အောင် အောက်မှာ ပုံလေးတွေနဲ့ အစ၊အဆုံး ပြပေးထားပါတယ်..။ အရင်လက တင်ပေးခဲ့တဲ့ IDM ကို crack နဲ့ ဖူးလုပ်အသုံးပြုနည်းက ပထမနည်း ဖြစ်ပြီး ၊ အခုဒီ crack ထည့်နည်းကတော့ ဒုတိယနည်းပဲ ဖြစ်ပါတယ်..။ အရင်နည်းတွေနဲ့ အဆင်မပြေတဲ့ သူများရှိခဲ့ရင် အခုဒီနည်းနဲ့ ပြောင်းသုံးတဲ့အခါ အဆင်ပြေသွားပါလိမ့်မယ်..။ IDM လိုအပ်နေတဲ့ သူများနဲ့ မရှိသေးတဲ့ သူများကတော့ အောက်ကလင့်ကနေ နောက်ဆုံး Update နဲ့ အတူ crack ဖိုင်လေးကိုပါ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ IDM နဲ့ patch တွဲတင်ပေးထားတဲ့ ဖိုင်ကတော့ 5 MB ရှိပြီး ၊ crack နဲ့ အတူ အခုဒီပိုစ့်က ပုံတွေကိုပါ တွဲတင်ပေးထားတဲ့ ဖိုင်ကတော့ 2 MB ရှိပါတယ်..။ IDM ကို crack ထည့်နည်း ကြည့်ဖို့ လိုအပ်တဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။

PC Cleaner Pro 2013 11.0.13.5.10 Final


 PC Cleaner Pro 2013 11.0.13.5.10 Final နောက်ဆုံးထွက်လေးကို ဖူးသုံးလို့ ရမယ့် ကီးတွေရယ်၊ အသုံးပြုတတ်အောင်ပါ ဒီပိုစ့်ရဲ့ အောက်မှာ ပုံလေးတွေနဲ့ တခါတည်း လုပ်ပြပေးထားပါတယ်..။ အသုံးပြုရတာလည်း လွယ်ပါတယ်..။ လေးနေတဲ့ စက်တွေမှာ ဒီကောင်လေးကို အသုံးပြုပေးရင် ပိုပြီး သိသာမှာ ဖြစ်ပါတယ်..။ ကွန်ပျူတာနဲ့ Browser တွေကို သွက်လက်မြန်ဆန်အောင် လုပ်ပေးနိုင်တဲ့ ဆော့ဝဲလ်တွေထဲမှာ ဒီကောင်လေးလည်း ပါပါတယ်..။ မိမိတို့ စက်ထဲမှာရှိနေတဲ့ ၊ နေ့စဉ်ဝင်းဒိုး အသုံးပြုတိုင်း ဖြစ်ပေါ်နေတဲ့ Error တွေ၊ အမှိုက်လို့ ခေါ်ရမယ့် Junk Files တွေ၊ Malware ဗိုင်းရပ်စ်တွေ၊ Registry အယ်ရာတွေနဲ့ တခြား Repair တွေကိုပါ ဒီကောင်လေးက ပြုပြင် ရှင်းလင်းပေးနိုင်တဲ့အတွက် ဒီကောင်လေးကို အသုံးပြုပြီး စက်ကို Restart ချပေးပြီးရင်တော့ မိမိတို့ရဲ့ ဝင်းဒိုးနဲ့ Browser တွေဟာ အရင်ကထက် ပိုပြီး အသုံးပြုလို့ ကောင်းနေပါလိမ့်မယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး အသုံးပြုတတ်အောင်ပါ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 7.1 MB ရှိပါတယ်..။ ဒီလို System Tools တွေကို အသုံးမပြုခင် အရင်ဆုံး မိမိတို့ရဲ့ ဝင်းဒိုးမှာ Restore Point တွေ ဖန်တီးထားသင့်ပါတယ်..။ ဝင်းဒိုး Error တွေ ဖြစ်ပေါ်ခဲ့ရင် Recovery ပြန်လုပ်ဖို့ပါ..။

KMSAuto Pro 1.20 Portable


ဒီကောင်လေးက Microsoft ရဲ့ထုတ်ကုန်တွေ ဖြစ်တဲ့ Windows Vista, 7, 8, 8.1, Server 2008, 2008 R2, 2012 and Office 2010, 2013 VL edition စတဲ့ ဝင်းဒိုးတွေနဲ့ ပရိုဂရမ်တွေကို ဖူးဖြစ်အောင် လုပ်ပေးနိုင်တဲ့ Activator လေးပါ..။ Portable လေးပါပဲ..။ ဖိုင်ဆိုဒ်သေးသလောက် ပရိုဂရမ်အများစုကို Activated ဖြစ်အောင် လုပ်ပေးနိုင်တဲ့.. အစွမ်းထက်တဲ့ Activator လေးတခုပါ..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် အောက်က Video ဖိုင်လေးကို လေ့လာကြည့်နိုင်ပါတယ်..။ ဒီကောင်လေးကို အသုံးပြုတဲ့ အခါမှာ Antivirus တွေကို ပိတ်ထားရပါမယ်..။ Run တဲ့ အခါမှာလည်း Right Click >> Run as Administrator နဲ့ လုပ်ပေးရမှာ ဖြစ်ပါတယ်..။ အားလုံးပဲ ဆောင်ထားသင့်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 413 KB ပဲ ရှိပါတယ်..။ 


အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။

SolveigMM Video Splitter 3.6.1305.24 Final


SolveigMM Video Splitter 3.6.1305.24 Final နောက်ဆုံးထွက်လေးပါ..။ ဒီကောင်လေးက မိမိတို့ရဲ့ Video တွေကို မိမိတို့ လိုချင်တဲ့ အပိုင်းလေးကိုပဲ ရွေးပြီး ဖြတ်ယူလို့ ရတဲ့ ကောင်လေးပါ..။ အရင်တုန်းကလည်း Video Cutter လေးတွေ တင်ပေးဖူးပါတယ်..။ ဒီကောင်လေးကတော့ Video Splitter လေးပါ..။ သူ့အတွက် ကီးတွေကိုတော့ ဒေါင်းလော့ယူတဲ့ စာမျက်နှာမှာ ဖေါ်ပြပေးထားပါတယ်..။ ဒီကောင်လေးရဲ့ အသုံးပြုပုံကို အရင်ပိုစ့်ဖြစ်တဲ့ SolveigMM Video Splitter 3.6.1301.16 ပိုစ့်အဟောင်းလေးမှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အသုံးပြုနည်းကိုပါ လေ့လာလိုတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ဒီနေရာကနေ ဝင်ကြည့်နိုင်ပါတယ်..။ ဒီပိုစ့်မှာတော့ ဖူးသုံးလို့ ရတဲ့ ကီးတွေ အောက်မှာ ပုံလေးတွေနဲ့ ထည့်ပြပေးထားပါတယ်..။ ဒီ Video ဖြတ်တဲ့ ဆော့ဝဲလ်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 22.4 MB ရှိပါတယ်..။ 

Funny Photo Maker 2.4.1.0 Final


 ဒီကောင်လေးကတော့ မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို Photoshine ဆော့ဝဲလ်လိုမျိုး နောက်ခံ ဘက်ဂရောင်း ဖရိန်တွေ အများကြီးနဲ့ အလှဆုံးဖြစ်အောင် လုပ်ယူလို့ ရတဲ့ Funny Photo Maker 2.4.1.0 Final ဗါးရှင်းလေးပါ..။ မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို ဒီကောင်လေးနဲ့ အလှဆုံးဖြစ်အောင် ပြင်ဆင်ယူလို့ ရပါတယ်..။ နာက်ပြီး ဇော်ဂျီဖေါင့်နဲ့ မြန်မာစာလုံး အလှ၊ဒီဇိုင်းတွေပါ ဖန်တီးယူလို့ ရတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါ..။ အရင်တုန်းက Funny Photo Maker ဗါးရှင်းအဟောင်းတခုမှာ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ ပြပေးထားလို့ အသုံးမပြုတတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ဒီနေရာကနေ ဝင်ကြည့်နိုင်ပါတယ်..။ ဒီကောင်လေးကို ဓါတ်ပုံတွေ ပြင်ဆင်ဖို့ အတွက် လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 46.9 MB ရှိပါတယ်..။

Wise Folder Hider 1.35.71 Final


 ဒီကောင်လေးကတော့ Folder တွေ၊ File တွေနဲ့ USB Drive တွေကို Password နဲ့ လော့ချပြီး သိမ်းထား ၊ ဝှက်ထားလို့ ရတဲ့ ကောင်လေးပါ.. အသုံပြုပုံက Folder Lock 7 နဲ့ တူပါတယ်..။ ဒီကောင်လေးရဲ့  အသုံးပြုပုံကို အရင်တုန်းက ပိုစ့်တခုမှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အသုံးပြုပုံကို လိုအပ်တဲ့ သူများကတော့ Wise Folder Hider 1.2.9 ပိုစ့်မှာ ပြန်ကြည့်နိုင်ပါတယ်..။ ဒီနောက်ဆုံးထွက် Wise Folder Hider 1.35.71 Final ဗါးရှင်းကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 1.7 MB ရှိပါတယ်..

Photoshop Top Secret PDF (အင်္ဂလိပ်လို)


 ဒီစာအုပ်လေးက Photoshop ပညာကို ဝါသနာ ပါတဲ့ သူများအတွက် အထောက်အကူ ဖြစ်စေမယ့် လေ့ကျင့်ခန်း စာအုပ်လေးပါ..။ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေထားတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်..။ ဒီစာအုပ်ဖိုင်လေးကို ဖတ်ဖို့အတွက် PDF Reader တခုခု မိမိတို့ ဝင်းဒိုးထဲမှာ ရှိဖို့ လိုပါတယ်..။ ကျနော့် Blog မှာလည်း PDF Reader တွေ အများကြီး တင်ပေးခဲ့ ဖူးပါတယ်..။ လိုအပ်တဲ့ သူများကတော့ ပြန်ရှာယူနိုင်ပါတယ်..။ ဒီလေ့ကျင့်ခန်း စာအုပ်လေးကို အသုံးပြုလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 9.9 MB ရှိပါတယ်..။

RaindropsDrew Windows Themes


 ဒါလေးကတော့ Windows Themes လေးတွေပါပဲ..။ အပေါ်ကပုံမှာ မြင်ရသလို စိမ်းစိုပြီး ၊ ရေမှုံရေမွှားလေးတွေနဲ့ လန်းလန်းဆန်းဆန်း မိမိတို့ရဲ့ Desktop မှာ မြင်တွေ့ရမှာပါ..။ အသုံးပြုတဲ့အခါမှာ ဒီဖိုင်လေးကို ၂ချက်တောက်ပေးလိုက်ရင် ရသွားပါပြီ..။ အပေါ်ပုံမှာ မြင်ရတဲ့ ပုံလေးတွေ အပြင် နောက်ထပ် ဒီဇိုင်းလေးတွေ အများကြီး ပါပါသေးတယ်..။ အောက်မှာလည်း ပုံလေးနဲ့ လုပ်တတ်အောင် ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 10.1 MB ရှိပါတယ်..။

Unlocker 1.9.2 Final

Unlocker 1.9.2 Final နောက်ဆုံး Update လေးပါ..။ ဒီကောင်လေးက ကျနော်တို့ ဝင်းဒိုးထဲမှာ ရှိတဲ့၊ သိမ်းထားတဲ့ ဖိုင်တွေကို ရိုးရိုး Delete နဲ့ ဖျက်ပစ်လို့ မရတဲ့ အခါမှာ ဒီကောင်လေးကို အသုံးပြုပြီး ဖျက်ပစ်လို့ ရပါတယ်..။ အသုံးပြုနည်းက လွယ်ပေမယ့် မလုပ်တတ်တဲ့ သူများအတွက် ဘယ်ကနေ စ,ရမလဲဆိုတာ ခက်နေပါလိမ့်မယ်..။ ဒါကြောင့် ကျနော် အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီကောင်လေးကို Install ထည့်တဲ့ အချိန်ကနေ စပြီး အသုံးပြုပြီးတဲ့ အထိ Antivirus တွေကို ပိတ်ပေးထားရမှာပါ..။ ဒါမှ ဒီ Unlocker ကို အသုံးပြုလို့ ရပါလိမ့်မယ်..။ ဒီကောင်လေးက Antivirus တွေနဲ့ မတည့်ပါဘူး..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 1 MB ပဲရှိပါတယ်..။

AVG AntiVirus Free Edition 2013 13.0 Build 3343a6324 Final

ဒီကောင်လေးက နောက်ဆုံးထွက် Final ဗါးရှင်းလေး AVG AntiVirus Free Edition 2013 13.0 Build 3343a6324 ..။ ဖရီးဗါးရှင်းတွေထဲမှာတော့ Avira Antivirus လိုပဲ လူသုံးများတဲ့ Antivirus တခုပါ..။ အရင်တုန်းက တင်ပေးထားတဲ့ AVG Internet Security Business Edition 2013 နဲ့ AVG Internet Security 2013 ပိုစ့်တွေမှာ အသုံးနည်းတွေကို ပြည့်ပြည့်စုံစုံ လုပ်ပြထားပါတယ်..။ အခုဒီ Free ဗါးရှင်းနဲ့ အသုံးပြုနည်း အတူတူပါပဲ..။ လိုအပ်တဲ့သူများကတော့ အဲ့ဒီပိုစ့်တွေမှာ အသုံးပြုနည်းတွေကို ပြန်ကြည့်ပေးပါ..။ နောက်တခုက ကျနော်တို့ အမြဲအသုံးပြုနေတဲ့ IDM ကို ဒီ AVG Anitivirus က ပိတ်ထားလေ့ရှိပါတယ်..။ ဒါကြောင့် အရင်ပိုစ့်တွေမှာ IDM အသုံးပြုတဲ့အခါတိုင်း ဒီ AVG Anitivirus ကို ခဏပိတ်ထားတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီနောက်ဆုံးထွက်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 32-bit အတွက် 130 MB ရှိပြီး.. 64-bit အတွက်ကတော့ 142 MB ရှိပါတယ်..။

Wonderfox Video Watermark 1.2 Final

ဒီကောင်လေးကတော့ ကျနော်တို့ရဲ့ Video တွေကို Watermark လို့ ခေါ်တဲ့ စာလုံးတွေနဲ့ ပုံလေးတွေ ထပ်ထည့်ပေးလို့ရတဲ့ Wonderfox Video Watermark 1.2 Final ဗါးရှင်းလေးပါ..။ ဖူးသုံးလို့ ရအောင် ကျနော် patch ဖိုင်လေးနဲ့ တွဲတင်ပေးထားပါတယ်..။ ဒီပို့စ်မှာ patch နဲ့ ဖူးလုပ်နည်း အပြည့်အစုံကို ပြန်ပြပေးထားပါတယ်..။ အရင်တုန်းက patch ထည့်နည်းတွေနဲ့ အတူတူပါပဲ..။ နောက်ပြီး အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါသေးတယ်..။ အပေါ်က ပုံလိုမျိုး မိမိတို့ရဲ့ Video တွေနဲ့ သီချင်းတွေကို စာလုံးတွေနဲ့ မိမိတို့ရဲ့ Logo ပုံလေးတွေ တဆိပ်ရိုက်ထည့်လို့ ရတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါပဲ..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့15 MB ရှိပါတယ်..။

Folder Lock 7.2.1 Final

 
 Folder Lock 7.2.1 Final နောက်ဆုံးထွက်လေးပါ.. ဒီကောင်လေးကို အရင်တုန်းကလည်း တင်ပေးခဲ့ဖူးပါတယ်..။ ဒါလေးကတော့ နောက်ဆုံးထွက်လေးပါ..။ မိမိတို့ရဲ့ ဖိုင်တွေကို ပါတ်စ်ဝါဒ့်နဲ့ လော့ချပိတ်ထားလို့ရတဲ့ ဆော့ဝဲလ်လေးပါ..။ ဒီကောင်လေးအတွက် အထဲမှာ Key လေးပါထည့်ပေးထားပါတယ်..။ အသုံးပြုပုံကို အရင်တုန်းက တင်ပေးထားတဲ့ Folder Lock 7.0.6 ဗါးရှင်းအဟောင်း ပိုစ့်မှာ ပြန်ကြည့်နိုင်ပါတယ်..။ အောက်မှာ ကျနော် ကီးထည့်တတ်အောင်နဲ့ ပါတ်စ်ဝါဒ့်ပေးတတ်အောင် ပုံလေးတွေနဲ့ Key တွေ ထည့်ပြထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 8.8 MB ရှိပါတယ်..

Blogger လူသစ်များအတွက် Animated စာလုံးများနှင့် HTML ကုဒ်ဘောက်စ်ကို Blog မှာထည့်နည်း

 
=================================================

 
7 May 13, 09:41 PM
ကိုနိုင်လင်း:
ကိုလွင်မင်းဗိုလ် ခင်ဗျာ ကိုယ်ရဲ့ဆိုဒ်ကို ညွှန်းချင်ရင် ကုဒ်လို့ ပုံလေးနဲ့တင်ထားတာကို အောက်မှာ BOX ကလေး နဲ့ အပေါ်မှာ ကိုယ်ညွှန်းတဲ့ပုံလေးဖြစ်အောင် ဘယ်လိုများ လုပ်ထားပါသလဲခင်ဗျာ
ဒီမေးခွန်းလေးကတော့ နည်းနည်းကြာသွားပါပြီ..။ ဒီလိုလုပ်နည်းလေးတွေကို အရင်တုန်းကလည်း မေးထားခဲ့တဲ့ Blogger တွေ တော်တော်များများရှိခဲ့ပါတယ်..။ အကြောင်းအမျိုးမျိုးကြောင့် ဒီနေ့မှ တင်ပေးဖြစ်ပါတယ်..။ လုပ်နည်းက သိပ်တော့ မခက်ပါ..။ အောက်မှာပုံလေးတွေနဲ့ တဆင့်ချင်းစီ လုပ်တတ်အောင် ပြပေးထားပါတယ်..။
မိမိတို့ Blog အတွက် Animated စာလုံးတွေကို မိမိတို့ကိုယ်တိုင် ကြိုက်သလို ဖန်တီးလိုက်ပါ..။ ကျနော့် Blog မှာလည်း Animated စာလုံးတွေ ဖန်တီးတတ်အောင် ပိုစ့်တွေ အများကြီးတင်ပေးခဲ့ဖူးပါတယ်..။ မိမိတို့ ကျွမ်းကျင်ရာ ၊ အဆင်ပြေရာနဲ့ Animated စာလုံးတွေကို ဖန်တီးပြီးသွားရင်တော့ Blog ရဲ့ ပိုစ့်အသစ်ဖန်တီးတဲ့နေရာမှာ အဲ့ဒီ Animated စာလုံးတွေကို Upload တင်လိုက်ပါ..။ ပြီးရင်တော့ အောက်မှာ ပေးထားတဲ့ HTML ကုဒ်တွေကို ယူပါ..။ အဲ့ထဲမှာမှ Animated စာလုံးအတွက် လင့်၂နေရာနဲ့ နာမည်ကို လိုက်ပြောင်းထည့်ပေးလိုက်ရင် ကျနော့် Blog ညာဘက်မှာ ပြထားသလို မိမိတို့ Blog မှာလည်း ပေါ်နေပါလိမ့်မယ်..။
ဒီလို HTML ကုဒ်ဘောက်စ်လုပ်နည်းတွေနဲ့ ပါတ်သက်လို့ HTML ကုဒ်တွေ အမျိုးမျိုးရှိပါတယ်..။ ဘယ်ဆိုဒ်ကပဲယူယူ.. ဒီလို ကုဒ်ဘောက်စ်လုပ်နည်းကတော့ အတူတူပါပဲ..။ အခုကျနော် ပေးလိုက်တဲ့ HTML ကုဒ်တွေကတော့ ကျနော့် Blog မှာ လက်ရှိအသုံးပြုထားတဲ့ ကုဒ်တွေပဲ ဖြစ်ပါတယ်..။ အဆင်သင့် copy ယူပြီး Animated စာလုံးလင့်နဲ့ နာမည်ပြောင်းထည့်လိုက်ရင် မိမိတို့ အတွက် အသုံးဝင်ဖြစ်ပါပြီ..။ ဒီအောက်မှာ ဖေါ်ပြပေးထားတဲ့ HTML ကုဒ်တွေကတော့ ကျနော့် Blog စလုပ်ခါစက English ဆိုဒ်တွေက လိုက်ရှာထားတဲ့ ကုဒ်တွေပဲ ဖြစ်ပါတယ်..။ HTML ကုဒ်ဘောက်စ်အတွက် လုပ်နည်းနဲ့ ကုဒ်တွေကို လိုအပ်တဲ့ သူများကတော့ အောက်မှာ ယူနိုင်ပါတယ်..။

ManyCam 3.1.53 Final

ManyCam 3.1.53 နောက်ဆုံးထွက် Update လေးပါ..။ ဒီကောင်လေးက YouCam5 တို့လို့၊ WebCam Max တို့လို မိမိတို့ကွန်ပျူတာ ကင်မရာကနေ ရုပ်ပြောင်လေးတွေနဲ့ အသုံးပြုလို့ရတဲ့ ဖရီးဆော့ဝဲလ်လေးပါ..။ Install ထည့်ပြီးတာနဲ့ မိမိတို့စက် ကင်မရာနဲ့ ချိတ်ပြီး ပေါ်လာပါလိမ့်မယ်..။ Install ထည့်နေတဲ့ အချိန်မှာတော့ အင်တာနက် ဖွင့်ပေးထားပါ..။ Audio နဲ့ Video Effect တွေကို ဒေါင်းလော့ယူပေးပါလိမ့်မယ်..။ ပြီးသွားရင်တော့ သူ့အလိုလို ပေါ်လာပါလိမ့်မယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 10.6 MB ရှိပါတယ်..။ အရင်ပိုစ့်အဟောင်း ManyCam 3.1.41 မှာ ပုံလေးတွေနဲ့ အနည်းငယ် ပြပေးထားရှိပါတယ်..။

Advanced SystemCare Free 6.2.0.254 (0508) Final


Advanced SystemCare Free 6.2.0.254 (0508) Final Update လေး ထပ်ထွက်လာပါတယ်..။ ဒီကောင်လေးကတော့ Update ထွက်တိုင်း တင်တင်ပေးနေလို့ အားလုံးလည်းသိပြီး ဖြစ်မှာပါ..။ ကျနော်တို့ ကွန်ပျူတာနဲ့ Browser တွေကို အမှိုက်တွေရှင်း၊ သန့်ရှင်းရေးတွေ လုပ်ပေးနိုင်တဲ့ အပြင် Registry Error တွေကိုပါ Repair ပြန်လုပ်ပေးနိုင်တဲ့အတွက် ၊ ဒီကောင်လေးကို အသုံးပြုပြီးတဲ့အခါတိုင်း စက်ကို Restart ချပေးပြီးမှ ဆက်ပြီးအသုံးပြုမယ်ဆိုရင် လေးနေ၊ ဟမ်းနေတဲ့ စက်တွေဟာ အရင်ကထက် ပိုမိုသွက်လက်မြန်ဆန်လာတာကို လက်တွေ့မြင်တွေ့ ရမှာပါ..။ အသုံးပြုဖူးသူတိုင်း စိတ်ကြိုက်ဖြစ်စေတဲ့ System Tool လေးတခုပါ..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 20.4 MB ရှိပါတယ်..။ ဒီလို System Tool လေးတွေကို အသုံးမပြုခင် Restore Point တခု အရင်ဖန်တီးထားပြီးမှ အသုံးပြုပေးပါ..။ အသုံးပြုပြီးတဲ့ အခါမှာလည်း မိမိတို့ရဲ့စက်ကို Restart ချပေးပြီးမှ ဆက်ပြီးအသုံးပြုပါ..။ ဒါဆိုရင် အယ်ရာမျိုးစုံ ကင်းဝေးပြီး စက်ကလည်း သွက်လက်မြန်ဆန်နေပါလိမ့်မယ်..။ ဒီကောင်လေးရဲ့ အသုံးပြုပုံကို အရင်ပိုစ့်အဟောင်းတခုမှာ ပုံလေးတွေနဲ့ လုပ်ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အဲ့ဒီပိုစ့်မှာပဲ အသုံးပြုနည်းတွေကို လေ့လာကြည့်ပေးပါ..။

Internet Download Manager 6.15 Build 12 Final

  Internet Download Manager 6.15 Build 12 Final နောက်ဆုံးထွက်လေး Update ထပ်ထွက်လာပါတယ်..။ IDM ကို Serial Key တောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ သူများနဲ့ IDM လိုအပ်နေတဲ့ သူများအတွက် ကျနော် ဒီနောက်ဆုံးထွက် လေးကို တင်ပေးလိုက်ပါတယ်..။ ဒီဖိုင်လေးကို ဒေါင်းယူလို့ရတဲ့ စာမျက်နှာမှာ patch ဖိုင်ထည့်ပေးထားတဲ့ IDM နောက်ဆုံးထွက်လေး အပြင် ၊ crack ဖိုင်လေးပါ ဒေါင်းယူလို့ရအောင် သီးခြားခွဲတင်ပေးထားပါတယ်..။ IDM နောက်ဆုံးထွက် ဗါးရှင်းတွေကို ကျနော်တင်ပေးနေကျ patch ဖိုင်လေးနဲ့ ကျနော် ဖူးလုပ်ပြီးသုံးလို့ အဆင်ပြေနေပါတယ်..။ တချို့အဆင်မပြေတဲ့ သူများလည်း ရှိနေပြန်တာကြောင့် ဒီ IDM နောက်ဆုံးထွက်နဲ့အတူ crack ဖိုင်လေးပါ ဖိုင်ခွဲပြီးတင်ပေးလိုက်ပါတယ်..။ crack ဖိုင်နဲ့ ဖူးလုပ်ပြီး အသုံးပြုနည်းကတော့ ကျန်ခဲ့တဲ့ရက်ထဲက တင်ပေးခဲ့တဲ့ IDM ကို crack နဲ့ဖူးဖြစ်အောင် လုပ်နည်းပိုစ့်မှာ ကြည့်ပေးပါ..။ patch ဖိုင်နဲ့ ဖူးလုပ်နည်းပိုစ့်ကိုတော့ ကျနော့် Blog ညာဘက်မှာ လင့်ချိတ်ပေးထားပါတယ်..။ အခုဒီ IDM နောက်ဆုံးထွက်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5 MB ရှိပါတယ်..။

Skype 6.3.0.107 Final Free


 Skype 6.3.0.107 Final နောက်ဆုံးထွက် Update လေးပါ..။ Video Call / Voice Call နဲ့ Chatting တွေပါ အဆင်ပြေလို့ လူသုံးများ၊ လူကြိုက်များတဲ့ ဖရီးဆော့ဝဲလ်လေး တစ်ခုပါပဲ..။ ပိုပြီးလူကြိုက်များစေတဲ့ အချက်ကတော့ ကွန်ပျူတာကနေ (သို့မဟုတ်) ဖုန်းအချင်းချင်း ၊ WIFI သုံးလို့ရတဲ့ ဖုန်းတွေနဲ့ပါ Skype အကောင့်ရှိယုံနဲ့ ဆက်သွယ်လို့ရတဲ့အတွက်၊ Chat လို့ရတဲ့အတွက် သုံးဖူးသူတိုင်း ကြိုက်ကြပါတယ်..။ Skype အကောင့် ဖွင့်တတ်အောင်နဲ့ မြန်မာစာ ရေးလို့ရအောင် ဖေါင့်ပြောင်းပေးရမယ့် နေရာတွေကို အရင်ပိုစ့်တခုမှာ ပုံလေးတွေနဲ့ အစအဆုံး ပြပေးထားပါတယ်..။ Skype အကောင့် မဖွင့်တတ်သေးသူများနဲ့ မြန်မာစာပေါ်အောင် မလုပ်တတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ဒီနေရာကနေ ဝင်ကြည့်နိုင်ပါတယ်..။  ဒီနောက်ဆုံးထွက် Skype ဗါးရှင်းကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 29.2 MB ရှိပါတယ်..။

PC Optimizer Pro 6.4.6.4 Final


 ဒီကောင်လေးက PC Optimizer Pro 6.4.6.4 Final နောက်ဆုံးထွက် ဗါးရှင်းလေး.. ကျနော်တို့ ကွန်ပျူတာနဲ့ Browser တွေကို နေ့စဉ်အသုံးပြုပြီးတိုင်း ဒီကောင်လေးနဲ့ အမှိုက်တွေရှင်းပြီး သန့်ရှင်းရေး လုပ်ပေးလိုက်ရင် ကွန်ပျူတာနဲ့ Browser တွေကို မြန်လာစေမယ့် ဆော့ဝဲလ်ကောင်းလေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် patch နဲ့ ဖူးလုပ်အသုံးပြုရမှာ ဖြစ်ပြီး အသုံးမပြုတတ်သေးတဲ့ သူများအတွက် ဒီပိုစ့်ရဲ့ အောက်မှာ ပုံလေးတွေနဲ့ အသုံးပြုတတ်အောင် ပြပေးထားပါတယ်..။  အရင်တုန်းကလည်း ဗါးရှင်းအဟောင်းတခုကို အသုံးပြုနည်းနဲ့ပါ တင်ပေးထားခဲ့ပါတယ်..။ ဒီလင့်မှာပါ..။ အခုဒီနောက်ဆုံးထွက်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.8 MB ရှိပါတယ်..။

GIRDAC Free PDF Creator 6.2.2.2 Final

 
GIRDAC Free PDF Creator လေး Update အသစ် ထပ်ထွက် လာပါတယ်..။ နောက်ဆုံးထွက် GIRDAC Free PDF Creator 6.2.2.2 Final ဗါးရှင်းလေးပါ..။ တချို့ PDF Creator တွေက မြန်မာလို PDF ဖိုင်တွေ ထုတ်ရင် (အ) နေရာမှာ (A) စာလုံးတွေ ပေါ်နေတတ်ပါတယ်..။ ဒီကောင်လေးကတော့ အဲ့လို Error မျိုးတွေ မရှိတဲ့အတွက် အသုံးပြုရ အဆင်ပြေပါတယ်..။ အောက်မှာ ပုံလေးနဲ့ပါ ပြပေးလိုက်ပါတယ်..။ ဒီပုံတွေကတော့ ကျနော် အရင်တင်ပေးခဲ့ဖူးတဲ့ GIRDAC Free PDF Creator ပိုစ့်အဟောင်းက ပုံလေးတွေပါပဲ..။ ဒီပိုစ့်နေရာမှာပဲ ပြန်လည် ကြည့်လို့ ရပါတယ်..။ ဒီ Free PDF Creator လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 8.7 MB ရှိပါတယ်..။

Free Ringtone Maker 2.4.0.1211 Final

 
  Free Ringtone Maker 2.4.0.1211 Final ဗါးရှင်းလေးပါ..။ မိမိတို့ရဲ့ MP3 သီချင်းတွေကို လိုတဲ့ အပိုင်းလေးကိုပဲ ဖြတ်ယူလို့ ရတဲ့၊ အသုံးပြုရတာလည်း လွယ်ကူ ရှင်းလင်းတဲ့၊ သီချင်းဖြတ်တဲ့ Tool လေး တခုပါပဲ..။ MP3 မပြောာင်းရသေးရင်လည်း ဒီကောင်လေးနဲ့ ရိုးရိုး MP4/3gp သီချင်းတွေကို MP3 ပြောင်းပေးနိုင်တဲ့ Converter လေးပါ အပိုပါသေးတယ်..။ မိမိတို့ ဖုန်းတွေနဲ့ တခြား ဓါတ်ပုံ Slide Show တွေဖန်တီးဖို့ အတွက် MP3 သီချင်းတွေကို အလွယ်ဖြတ်ဖို့ ဒီ Free Ringtone Maker လေးက အသုံးဝင်ပါတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် အရင်ပိုစ့်အဟောင်းတခုမှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ အသုံးပြုပုံကို လေ့လာလိုတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ဒီနေရာကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1.06 MB ပဲ ရှိပါတယ်..။

Freemake Video Converter 4.0.1.2 Final

 
 ဖရီးပေးသုံးတဲ့ ဆော့ဝဲလ်တွေထဲမှာ ဒီ Freemake Video Converter လေးကလည်း လူသုံးများ လူကြိုက်များ ဆော့ဝဲလ်ကောင်းလေး တခုပါ..။ ဒီဗါးရှင်းကတော့ Freemake Video Converter 4.0.1.2 Final ဗါးရှင်းလေးပါ..။ ကျနော်တို့ရဲ့ ရုပ်ရှင်၊ Video နဲ့ သီချင်းတွေကို ဖေါ်မတ်အမျိုးမျိုး ပြောင်းပေးနိုင်ပါတယ်..။ အသုံးပြုရတာလည်း လွယ်ကူပြီး ၊ အရင်တုန်းက တင်ပေးခဲ့တဲ့ Xilisoft Converter တွေနဲ့ အသုံးပြုပုံ တူပါတယ်..။ မနေ့က တင်ပေးခဲ့တဲ့ Ace Video Converter ကို အသုံးပြုတတ်ရင် ဒီကောင်လေးကိုလည်း အသုံးပြုတတ်ပါလိမ့်မယ်..။ ဒီကောင်လေးရဲ့ အသုံးပြုပုံကို လေ့လာလိုတဲ့ သူများကတော့ ဒီနေရာကနေ အဲ့ဒီအသုံးပြုနည်းပိုစ့်ကို ဝင်ရောက်လေ့လာနိုင်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 26.5 MB ရှိပါတယ်..။ သူပြောင်းပေးနိုင်တဲ့ ဖေါ်မတ်တွေကတော့ သူ့ဆိုဒ်မှာရေးပြထားတဲ့ အတိုင်း ဖေါ်ပြလိုက်ပါတယ်..။
Convert video free to AVI, MP4, WMV, MKV, SWF, 3GP, DVD, MPEG, MP3, iPod, iPhone, PSP, Android, rip & burn DVD, convert online videos directly from 40+ sites, burn Blu-ray, and upload to YouTube with our free video converter! 

Ace Video Converter 3.7.0.0 Final

 ဒီကောင်လေးက Ace Video Converter 3.7.0.0 Final ဖရီးဆော့ဝဲလေးပါ..။ ကျနော်တို့ Video နဲ့ သီချင်းတွေရဲ့ ဖေါ်မတ်တွေကို ဒီကောင်လေးနဲ့ ပြောင်းယူလို့လဲ ရပါတယ်..။ အသုံပြုတတ်အောင် အောက်မှာ ကျနော် ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ အသုံးပြုပုံက အရင် တင်ပေးခဲ့ဖူးတဲ့ Converter တွေနဲ့ တူပါတယ်..။ သူ့ထဲမှာ ပါတဲ YouTube Downloader နဲ့ပါ YouTube ကသီချင်းတွေကို ဒေါင်းယူတတ်အောင် ပြပေးထားပါတယ်..။ ဒီ Converter လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 19.1 MB ရှိပါတယ်..။

SystemRescueCd 3.6.0 Final

ဒီ SystemRescueCd 3.6.0 Final  နောက်ဆုံးထွက်လေးကတော့ ကျနော်တို့ ဝင်းဒိုးနဲ့ ပါတ်သက်တဲ့ Error တွေ ၊ ဟတ်ဒစ်နဲ့ ပါတ်သက်တဲ့ ပါတေးရှင်း ပိုင်းတာတွေ ၊ ဝင်းဒိုး ပါတ်စ်ဝါ့ဒ်ဖြုတ်တာတွေကအစ တော်တော်များများ အသုံးဝင်ပါတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် ကျနော်အောက်မှာ Video ဖိုင်လေး ၂ခု ရှာပြီး လင့်ချိတ်ပေးထားပါတယ်..။ ဝင်းဒိုးပိတ်ပြီး အသုံးပြုရမှာ ဖြစ်တဲ့အတွက် ဒီပိုစ့်အောက်က Video လေးတွေကို လေ့လာလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ ဒီကောင်လေးကို ဒေါင်းယူလို့ ရတဲ့အခါမှာ ISO ဖိုင်လေးနဲ့ ရလာမှာ ဖြစ်ပြီး အရင်တင်ပေးခဲ့တဲ့ ပို့စ်တွေဖြစ်တဲ့ ISO maker တွေနဲ့ CD ခွေကူးယူလို့ အဆင်ပြေမှာ ဖြစ်ပါတယ်..။ ဒီ SystemRescueCd 3.6.0 Final ဗါးရှင်းလေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 417 MB ရှိပါတယ်..။ Win 8/ Win 7/ Vista/ 03 /XP စတဲ့ ဝင်းဒိုးတွေမှာ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။

WinISO Standard 6.3.0.4878 Final


ဒီကောင်းကတော့ မနေ့ကမှ Update ထွက်လာတဲ့ နောက်ဆုံးထွက် ဗါးရှင်း WinISO Standard 6.3.0.4878 Final ပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် key နဲ့ crack ဖိုင်ကို သီးခြားခွဲတင်ပေးထားပါတယ်..။ ဆော့ဝဲလ်ကို သီးသန့် မူရင်းဆိုဒ်ကနေ ဒေါင်းယူလို့ ရအောင်ပါ မူရင်းလင့်နဲ့ ချိတ်ပေးထားပါတယ်..။ ISO ဖိုင်တွေကို အခွေကူးဖို့ ဆိုရင် ဒီကောင်လေးကို အသုံးပြုရင်လည်း အဆင်ပြေပါတယ်..။ သူ့ရဲ့ အသုံးဝင်ပုံက ပြီးခဲ့တဲ့ ပိုစ့်မှာ တင်ပေးခဲ့တဲ့ PowerISO နဲ့ တူပါတယ်..။ အဲ့ဒီတခုကို လုပ်တတ်သွားရင် ဒီကောင်လေးကိုလည်း အသုံးပြုတတ်သွားပါလိမ့်မယ်..။ ဒီပိုစ့်မှာတော့ ဒီကောင်ေးလကို ဖူးသုံးလို့ ရအောင် key နဲ့ crack ၂ခုပေါင်းပြီး တင်ပေးထားပါတယ်..။ အောက်မှာလည်း ဖူးဖြစ်အောင် လုပ်တတ်သွားအောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကေတာ့ 5.7 MB ရှိပါတယ်..။

PowerISO 5.6.0.0 Final


PowerISO 5.6.0.0 Final ဗါးရှင်းလေးကို ရထားတာ နည်းနည်းကြာနေပြီ.. တင်ပေးဖို့ ကျန်နေခဲ့လို့ ဒီနေ့မှ တင်ပေးဖြစ်တော့တယ်..။ နောက်ဆုံးထွက်လေးပါ..။ ကျနော်တို့ ISO ဖိုင်တွေကို CD/DVD အခွေကူးတဲ့အခါမျိုးတွေမှာ ဒီကောင်လေးနဲ့ အဆင်ပြေပါတယ်..။ အရင်တုန်းက တင်ပေးခဲ့ဖူးတဲ့ ဗါးရှင်းအဟောင်း ပိုစ့်တခုမှာ ဒီ PowerISO နဲ့ ပါတ်သက်လို့ အသုံးပြုတတ်အောင် ပိုစ့်တင်ပေးခဲ့ဖူးပါတယ်..။ အသုံးပြုတတ်အောင်ပါ အနည်းငယ် ပုံလေးတွေနဲ့ လုပ်ပြပေးထားတာမို့ ဒီကောင်လေးကို အသုံးမပြုတတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်နိုင်ပါတယ်..။ PowerISO 5.4 အသုံးပြုနည်း ပိုစ့်ကို ဒီနေရာကနေ ဝင်ကြည့်နိုင်ပါတယ်..။ ဒီနောက်ဆုံးထွက် ဗါးရှင်းလေးကို ဖူးသုံးလို့ ရအောင် ကျနော် crack နဲ့ keygen ၂ခု ထည့်ပေးထားပါတယ်..။ အရင်ဆုံး crack ကို Run ပေးပြီးမှ ဆော့ဝဲလ်ကို ဖွင့်ပြီး ၊ keygen နဲ့ ဖူးလုပ်အသုံးပြုရမှာပါ..။ ဖူးဖြစ်အောင် လုပ်တတ်အောင်လို့ ကျနော် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး ဖူးဖြစ်အောင် လုပ်နည်းကိုပါ ဆက်ကြည့်နိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 5.5 MB ရှိပါတယ်..။ Antivirus တွေကို အရင် ပိတ်ထားပြီးမှ keygen ကို ဖွင့်သုံးပါ..။

Avira AntiVir Rescue System - May 7, 2013


ဒီကောင်လေးကလည်း ဗိုင်းရပ်စ်သတ်တဲ့ Rescue Disk ဆော့ဝဲလ်တွေထဲက တခုပါပဲ..။ ဝင်းဒိုးအယ်ရာတွေနဲ့ ဗိုင်းရပ်စ်မျိုးစုံကို ဒီကောင်လည်းနဲ့ ရှင်းပစ်လို့ ရပါတယ်..။ အရင်တုန်းက ဒီလို ပိုစ့်တပုဒ် တင်ပေးခဲ့ဖူးပါတယ်..။ အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ အစအဆုံး လုပ်ပြပေးခဲ့ပါတယ်..။ ဒီကောင်လေးကတော့ နောက်ဆုံးထွက် Update အသစ်လေးပါ..။ CD နဲ့ ကူးပြီး အသုံးပြုမယ်ဆိုရင် အရင်တင်ပေးခဲ့တဲ့ Kaspersky Rescue Disk 10 နဲ့ အသုံးပြုနည်း တူပါတယ်..။ အရင်ပိုစ့်မှာ တင်ပေးခဲ့တဲ့ ပုံလေးတွေနဲ့ ရှင်းပြထားတာကို လေ့လာချင်တယ်ဆိုရင်တော့ ဒီနေရာကနေ ဝင်ကြည့်နိုင်ပါတယ်..။
ပုံမှန် Boot မတက်နိုင်တဲ့ ဝင်းဒိုးတွေအတွက် ဒီကောင်လေးက မရှိမဖြစ်လို့တောင် ပြောလို့ရပါတယ်.. အရမ်းကောင်းတဲ့အတွက် အားလုံးပဲ ဆောင်ထားသင့်ပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်နေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 258.5 MB ရှိပါတယ်.. 
Avira AntiVir Rescue System is a Linux-based program that allows you to access computers that can’t boot up or having trouble booting up. If your computer is behaving erratically and not booting up fully, you can use Avira AntiVir to repair your system, rescue data and scan for viruses and malware programs.
အောက်က မိမိတို့ နှစ်သက်တဲ့ ဖိုင်ကို ဒေါင်းယူလိုက်ပါ.. လုပ်နည်းအတူတူပါပဲ..

Kaspersky Rescue Disk 10 - May 7, 2013 (ISO)


ကျော်စွာ  22 April 2013   04:55
အစ်ကိုရေကျွန်တော်usbနဲတင်တာမရှင်းလို.ဝင်းဒိုးတတ်ခါစမှာf2 ကိုပေးတာနှိတ်တာboot တို.ဘာတို.ထဲတော.ရောက်တယ်ဘာမှဆက်လုပ်လို.မရလိုလေးငါးဆယ်ခါလောက်ရှိပြီတိုင်ပတ်နေလို..အဆင်ပြေရင်အစ်ကိုဗွီဒီယိုဖိုင်လေးနဲ.ပြပေးပါလားအရေးကြီးလို.ပါ
ခါးခါး  3 May 2013   02:23
up to date မဖြစ်ဘူးလို့ ပြောနေတယ် စကင်ဖတ်လို့ မရကြောင်းပါခင်ဗျာ ကျေးဇူးအထူးတင်ရှိကြောင်း
ye naung   7 May 2013   16:59
အကိုရေကျွန်တော် Restart ချပြီတော့ F2 နှိပ်တာပဲ.ပြီးတော့ Boot ကိုသွားတယ်..ပြီးတော့ usb ကိုရွေးပြီး F10 & enter နှိပ်လိုက်တာ..၀င်းဒိုးပဲပြန်တက်သွားတယ်.အကိုပြတာတွေပေါ်မလာဘူးဗျာ..restart ချတာလဲ 10 ခါလောက်ရှိနေပြီ..ကျွန်တော်ဘာများမှားနေလဲဗျာ.
ဒီ Kaspersky Rescue Disk 10 က ကျနော့် Blog ရဲ့ Popular ပိုစ့်ရဲ့ ထိပ်ဆုံးမှာ အမြဲရှိနေတာဖြစ်လို့ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ ပုံတွေနဲ့ အသုံးမပြုတတ်သေးတဲ့ သူများအတွက် ကျနော် ဒီနေ့ပိုစ့်မှာတော့ Video ဖိုင်လေးတွေ ရှာပြီး ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ Video တွေ ကြည့်လို့ ရအောင် လင့်ချိတ်ပေးထားပါတယ်..။ ဒီအပေါ်က Comments တွေမှာ ရေးပေးထားခဲ့တဲ့ သူများလို ဒီကောင်လေးကို အသုံးပြုဖို့ အဆင်မပြေသေးတဲ့သူများပါ ဒီ Video လေးတွေနဲ့ အဆင်ပြေသွားပါလိမ့်မယ်..။ Video ဖိုင်ထဲမှာ အသုံးပြုနည်းအပြင် ဒီကောင်လေးကို Update လုပ်တတ်အောင်ပါ ပြပေးထားတာ ပါပါတယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 304.1 MB ရှိပါတယ်..။ USB အတွက်ပါ ထည့်သုံးလို့ ရအောင် ဆော့ဝဲလ်လေး လင့်ချိတ်ပေးထားပါတယ်..။

Advanced SystemCare Free 6.2.0.254 (0424) Final

အရင်တုန်းကလည်း ဒီကောင်လေး Update ထွက်တိုင်း တင်ပေးခဲ့ဖူးပါတယ်..။ အခုဒီဗါးရှင်းကတော့ Advanced SystemCare Free 6.2.0.254 (0424) Final နောက်ဆုံးထွက်လေးပါ..။ မိမိတို့ရဲ့ ကွန်ပျူတာနဲ့ Browser တွေထဲမှာ ရှိနေတဲ့ အမှိုက်တွေကို ရှင်းလင်းပေးနိုင်တဲ့ ကောင်လေးပါ..။ Registry Error တွေကို ပြန်လည် Repair လုပ်ပေးနိုင်တဲ့ နာမည်ရဆော့ဝဲလ်တခုပါ..။ ဒီကောင်လေးကို အသုံးမပြုခင် မိမိတို့ရဲ့ဝင်းဒိုးမှာ Restore Point တခု ဖန်တီးထားပြီးမှ အသုံးပြုသင့်ပါတယ်..။ ဒီလို System Repair တူးတွေကို အသုံးပြုပြီးတဲ့အခါမှာ အဆင်မသင့်ရင် ဝင်းဒိုးမှာ ပြဿနာပေါ်တတ်ပါတယ်..။ ဒါကြောင့် အဲ့လို ဖြစ်ခဲ့ရင် Restore Point နဲ့ နောက်ပြန်သွားလို့ ရမှာ ဖြစ်ပါတယ်..။ ဝင်းဒိုးထဲမှာ Restore Point ဖန်တီးနည်းတွေနဲ့ အသုံးပြုနည်းတွေကို ကျနော့် Blog မှာ ပိုစ့်တွေ တင်ပေးထားခဲ့ပြီးသားပါ..။ ဒါကြောင့်မို့ အများကြီး ရှင်းမပြေတော့ပါဘူး..။ မသိသေးတဲ့ သူများကတော့ ကျနော့် Blog မှာ ရှာဖတ်ကြည့်နိုင်ပါတယ်..။ အခုဒီ Advanced SystemCare Free ဗါးရှင်းလေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 21.4 MB ရှိပါတယ်..။ ဒီကောင်လေးရဲ့ အသုံးပြုပုံ၊ အသုံးပြုနည်းကို အရင်တုန်းက ပိုစ့်တခုဖြစ်တဲ့ Advanced SystemCare အသုံးပြုနည်းပိုစ့်မှာ ပြန်ကြည့်နိုင်ပါတယ်..။

DriverMax 7.13.023 Final Free Edition

ဒီနေ့ ဒီကောင်လေးကို ကျနော်အဓိက တင်ပေးချင်တဲ့ စိတ်ကူးကတော့.. မိမိတို့ရဲ့ ဝင်းဒိုးတွေထဲက Drivers တွေကို ဒီကောင်လေးနဲ့ Backup လုပ်ထားပြီး.. ဝင်းဒိုးအသစ်ပြန်တင်တဲ့အခါမှာ ပျောက်သွားတဲ့ Drivers တွေကို အလွယ်တကူ ဒီဆော့ဝဲလ်နဲ့ပဲ Restore ပြန်ထည့်ပေးလို့ ရတဲ့အတွက်.. ကျနော်သဘောကျလို့ အားလုံးအတွက် အဆင်ပြေအောင် ပြန်လည်တင်ပေးလိုက်ပါတယ်..။ ဖရီးလေးပါပဲ..။ အသုံးပြုတတ်အောင် ကျနော်အောက်မှာ ပုံလေးတွေနဲ့ Backup အတွက်ရော၊ Restore အတွက်ပါ အစအဆုံးပြပေးထားပါတယ်..။ အရင်တုန်းက တင်ပေးခဲ့တဲ့ Driver Backup ဆော့ဝဲလ်တခု ရှိခဲ့ပါတယ်..။ အဲ့ဒီကောင်လေးနဲ့လည်း ကျနော်အသုံးပြုနေတာ အဆင်ပြေတာ များပါတယ်..။ အခုဒီကောင်လေးကတော့ အခုမှ ကျနော်လည်း စမ်းသုံးနေတာပါ..။ နောက်ပိုင်းမှာ အသုံးပြုရင်း လိုအပ်ချက်များ ထပ်ရှိလာရင်တော့ ကျနော် ဒီကောင်လေး Update ထွက်တဲ့ အခါတိုင်း ဖြည့်ပြီး ရေးပေးသွားပါမယ်..။ ဒီကောင်လေးထဲမှာ အသုံးပြုလို့ ရတဲ့ တခြား Features တွေ ပါပါသေးတယ်..။ အဲ့ဒါတွေကိုတော့ မိမိတို့ကိုယ်တိုင်ပဲ လေ့လာပြီး စမ်းသုံးကြည့်လိုက်ပါ..။ ဒီပိုစ့်အတွက်ကတော့ ဒီဆော့ဝဲလ်ကို Drivers Backup and Restore အတွက်ပဲ ရှင်းပြပေးထားပါတယ်..။ Drivers တွေကို Backup လုပ်တဲ့အခါမှာ ဒီကောင်လေးက RAR ဖေါ်မတ်နဲ့ တခါတည်း ထုတ်ပေးမှာ ဖြစ်ပြီး ၊ ပြန် Restore လုပ်တဲ့အခါမှာလည်း မိမိတို့ ပြောင်းသိမ်းထားလိုက်တဲ့ နေရာအထိ သွားပြန်ရှာပေးလိုက်ရင် WinRAR ဖေါ်မတ်အတိုင်း ဖိုင်ဖြည်စရာမလိုပဲ ဒီကောင်လေးက Restore ပြန်လုပ်ပေးနိုင်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9.4 MB ရှိပါတယ်..။

K-Lite Codec Pack 9.9.0.0 Full Final - (Windows Media Player နဲ့ ဖေါ်မတ်အားလုံးနီးပါး ဖွင့်လို့ရအောင် လုပ်နည်း)

ဒါကတော့ K-Lite Codec Pack 9.9.0.0 Full Final ဗါးရှင်းလေးပါ..။ ကျန်ခဲ့တဲ့ ၃၊၄-ရက်က Cbox မှာ အစ်ကိုတစ်ယောက်က Flash Songs တွေ ဖွင့်မရလို့ မေးထားခဲ့ဖူးပါတယ်..။ သီချင်းက ဘာဖေါ်မတ်မှန်း မသိလို့ အတိအကျ ဖြေပေးဖို့ ခက်ပါတယ်..။ ဒီကောင်လေးကတော့ ဝင်းဒိုးထဲမှာပါတဲ့ Windows Media Player ကိုပါ Support လုပ်တဲ့အတွက် ဒီကောင်လေးကို Install ထည့်ပေးပြီးသွားရင် သီချင်း ၊ Video ဖေါ်မတ်အားလုံးနီးပါးကို Windows Media Player နဲ့ အလွယ်တကူ ဖွင့်လို့ ရသွားပါလိမ့်မယ်..။ ဒီကောင်လေးထဲမှာပါတဲ့ Media Player Classic နဲ့လည်း ဖွင့်သုံးလို့ ရသွားပါလိမ့်မယ်..။ အများကြီး လုပ်ပေးဖို့ မလိုပါဘူး.. ဒီဆော့ဝဲလ်ကို Install ထည့်တဲ့အချိန်မှာ အောက်ကပုံလေးတွေနဲ့ ပြပေးထားတဲ့အတိုင်း အမှန်ခြစ်လေးတွေ ပေးပြီး Install ထည့်ပေးလိုက်ရင် အဆင်ပြေပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 18.8 MB ရှိပါတယ်..။ ဖရီးပေးသုံးတဲ့ ဖရီးဆော့ဝဲလ်လေးပါပဲ..။

Internet Download Manager 6.15 Build 11 Final

 
Internet Download Manager 6.15 Build 11 Final နောက်ဆုံးထွက်လေး Update ထပ်ထွက်လာပါတယ်..။ IDM ကို Serial Key တောင်းနေလို့ အသုံးပြုလို့ မရတော့တဲ့ သူများနဲ့ IDM လိုအပ်နေတဲ့ သူများအတွက် ကျနော် ဒီနောက်ဆုံးထွက် လေးကို တင်ပေးလိုက်ပါတယ်..။ ဒီဖိုင်လေးကို ဒေါင်းယူလို့ရတဲ့ စာမျက်နှာမှာ patch ဖိုင်နဲ့ crack ဖိုင်လေးပါ ဒေါင်းယူလို့ရအောင် သီးခြားခွဲတင်ပေးထားပါတယ်..။ IDM နောက်ဆုံးထွက် ဗါးရှင်းတွေကို ကျနော်တင်ပေးနေကျ patch ဖိုင်လေးနဲ့ ကျနော် ဖူးလုပ်ပြီးသုံးလို့ အဆင်ပြေနေပါတယ်..။ တချို့အဆင်မပြေတဲ့ သူများလည်း ရှိနေပြန်တာကြောင့် ဒီ IDM နောက်ဆုံးထွက်နဲ့အတူ crack ဖိုင်လေးပါ ဖိုင်ခွဲပြီးတင်ပေးလိုက်ပါတယ်..။ crack ဖိုင်နဲ့ ဖူးလုပ်ပြီး အသုံးပြုနည်းကတော့ ကျန်ခဲ့တဲ့ရက်ထဲက တင်ပေးခဲ့တဲ့ IDM ကို crack နဲ့ဖူးဖြစ်အောင် လုပ်နည်းပိုစ့်မှာ ကြည့်ပေးပါ..။ patch ဖိုင်နဲ့ ဖူးလုပ်နည်းပိုစ့်ကိုတော့ ကျနော့် Blog ညာဘက်မှာ လင့်ချိတ်ပေးထားပါတယ်..။ အခုဒီ IDM နောက်ဆုံးထွက်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.8 MB ရှိပါတယ်..။ 

Browser တွေ ဘာကြောင့် လေးရသလဲ၊ နှေးရသလဲ - Browser များ မြန်အောင် လုပ်နည်း


ဒီနေ့ပိုစ့်လေးကတော့ ကွန်ပျူတာနဲ့ အင်တာနက် သုံးတဲ့လူတိုင်းအတွက် သိထားသင့်တဲ့ Browser တွေ မြန်အောင်လုပ်တဲ့ နည်းပါပဲ..။ ဒီပိုစ့်ကို တင်ပေးဖို့ ကျနော် အချိန်ယူနေတာ တလလောက်ရှိပါပြီ..။ ဘာလို့လဲဆိုတော့ ဆော့ဝဲလ်တွေ ထည့်တဲ့အခါ ပါလာတတ်တဲ့ Toolbar တွေကို လိုချင်လို့ပါပဲ..။ အဲ့ဒီ Toolbar တွေ များလာမှ ဒီပိုစ့်ကို တင်ပေးဖို့ အဆင်ပြေမှာမို့ပါ..။ နေ့စဉ်နဲ့အမျှ ကျနော်တို့လို ဆော့ဝဲလ်တွေကို ထည့်လိုက်၊ ထုတ်လိုက်လုပ်နေတဲ့ သူများအတွက် ဒီ Toolbar တွေကို မရှင်းလင်းဘူး ဆိုရင် ကြာလာတဲ့အခါမှာ မိမိတို့ အသုံးပြုနေတဲ့ Browser တွေဟာလည်း လေးလံပြီး နှေးကွေးလာပါတယ်..။ ဒီ့ထက်ထပ်ကြာတဲ့ နောက်ပိုင်းမှာတော့ Browser တွေဟာ ဖွင့်ဖို့တောင် ခက်ခဲတဲ့အဆင့်ထိ ဖြစ်လာတတ်ပါတယ်..။ အဓိကကတော့ ဆော့ဝဲလ်တွေ Install ထည့်တဲ့အခါ ပါလာတတ်တဲ့ Toolbar တွေကြောင့်ပါပဲ..။ ဆော့ဝဲလ်တွေမှာ အများဆုံးတွေ့ ရတတ်တဲ့ Ask Toolbar ၊ Babylon Toolbar တွေကို ဆော့ဝဲလ်တခု Install ထည့်တဲ့အခါ ၎င်းနေရာတွေမှာ အမှန်ခြစ်ဖြုတ်ပြီးမှ Install ထည့်ရမှာပါ..။ ဒါမှသာ ဒီ Toolbar တွေ ဝင်းဒိုးထဲကို မဝင်တဲ့အတွက် Browser တွေလည်း လေးလံ နှေးကွေးခြင်း မဖြစ်တော့မှာပါ..။ ဒီ Toolbar တွေသာ ဝင်းဒိုးထဲ Install ထည့်မိရင်တော့.. Browser တွေ သွားလေရာမှာ ဒီ Toolbar တွေက ခိုကပ်လိုက်နေတဲ့အတွက် Browser ဟာ သွားလိုရာကို လွတ်လွတ်လပ်လပ် မသွားနိုင်ပဲ Toolbar တွေကိုပါ တွဲခေါ်နေရလို့ Browser တွေ လေးရခြင်း ၊ နှေးရခြင်းပါပဲ..။ Toolbar တွေ အရမ်းများတဲ့ စက်တွေမှာတော့ Browser တွေဟာ အသုံးပြုနေရင်းကနေ လုံးဝရပ်သွားပါတယ်..။ အဲ့လိုတွေ ဖြစ်လာရင်တော့ ၊ အဲ့လိုမျိုးဖြစ်နေတဲ့ စက်တွေမှာဆိုရင်တော့ ဒီပိုစ့်မှာ ပြပေးထားတဲ့နည်းနဲ့ Browser တွေမှာကပ်နေတဲ့ Toolbar တွေကို ထုတ်ပစ်ပေးလိုက်ရင် မိမိတို့ ကွန်ပျူတာရဲ့ Browser တွေ ပြန်လည်မြန်ဆန် လာပါလိမ့်မယ်..။
ဒီ၂-ရက်၊ ၃-ရက်မှာ ကျနော်အသုံးပြုနေတဲ့ Browser တွေဟာလည်းပဲ အဲ့လိုမျိုး ဖြစ်လာပါတယ်..။ အသုံးပြုနေရင်းနဲ့ ကြာလာရင် လေးလာ၊ နှေးလာ၊ ဟမ်းလာပြီး ရပ်သွားပါတယ်..။ ဘာမှနှိပ်လို့မရတော့ပါဘူး..။ ဒါနဲ့ပဲ ဒီပိုစ့်ကို တင်ပေးဖို့ ပုံတွေယူဖို့ Browser မှာ တွယ်ကပ်နေတဲ့ Toolbar တွေကို ရှင်းလင်းရေး လုပ်ရပါတော့တယ်..။ ကွန်ပျူတာကို လနဲ့ နှစ်နဲ့ ချီပြီး အသုံးပြုနေပြီး.. Toolbar တွေ တခါမှာ မရှင်းသေးဘူးတဲ့ သူများကတော့ ကျနော်အပေါ်မှာ ပြောခဲ့သလို Browser တွေ လေးလံ နှေးကွေးပြီး ရပ်ရပ်သွားတာကို ခဏခဏကြုံရပါလိမ့်မယ်..။ ပြီးခဲ့တဲ့လတွေက Cbox နဲ့ Comments တွေမှာ ဘယ်လိုမြန်အောင် လုပ်ရမလဲလို့ မေးခဲ့တဲ့သူများ ရှိခဲ့ပါတယ်..။ လုပ်နည်းကတော့ မခက်ပါဘူး..။ ဒါပေမယ့် ဆော့ဝဲလ်သုံးပြီး Toolbar တွေ ထုတ်ရမှာမို့.. Browser မှာ နေ့စဉ် လနဲ့ချီပြီး အသုံးပြုခဲ့တဲ့ အမှိုက်လို့ပြောရမယ့် Browsing Data (History) တွေကို ရှင်းလင်းပေးရမှာ ဖြစ်တဲ့အတွက် အချိန်တော့ အများကြီး ပေးရပါလိမ့်မယ်..။ Toolbar တွေ များရင် များသလို ကြာမှာမို့ မိမိတို့ အလုပ်အားတဲ့ အချိန်မှာမှ  ဒီနည်းကို အသုံးပြုသင့်ပါတယ်..။ အားလုံးရှင်းလင်းပြီးသွားရင်တော့ စက်ကို Restart ချပေးပြီးမှ အသုံးပြုရင် အရင်ကထက် Browser တွေ ပိုမိုမြန်ဆန်နေတာ လက်တွေ့မြင်ရပါလိမ့်မယ်..။ ကျနော်တို့တွေ အသုံးအများဆုံးဖြစ်တဲ့ Mozilla Firefox နဲ့ Google Chrome Browser တွေနဲ့ လုပ်ပြပေးထားပါတယ်..။ တဆင့်စီ အသုံးပြုတတ်အောင် ရှင်းပြပေးထားတာမို့ ပုံတွေတော့ များပါတယ်..။ Browser တွေ မြန်အောင် လုပ်နည်းကို မသိသေး၊ မလုပ်တတ်သေးတဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

Acronis True Image 2013

ကျနော်တို့ ကွန်ပျူတာထဲမှာ ရှိတဲ့ ဝင်းဒိုးကို Clone နည်းနဲ့ တခြားဟတ်ဒစ်တခုထဲကို copy ကူးထည့်ဖို့ဆိုရင်တော့ ဒီဆော့ဝဲလ်နဲ့ အဆင်ပြေပါတယ်..။ အရင်လက Acronis True Image 2013 ISO ဖိုင်လေးတင်ပေးခဲ့ဖူးပါတယ်..။ ISO ဖိုင်နဲ့တုန်းက ကွန်ပျူတာကို ပိတ်ပြီး Boot ထဲကနေ ဝင်ပြီး အသုံးပြုရတဲ့နည်းမို့ နည်းနည်းရှုပ်ပါတယ်..။ အခုဒီကောင်လေးကတော့ Acronis True Image 2013 Setup ဖိုင်လေးမို့ ကွန်ပျူတာ ပိတ်ပြီး အသုံးမပြုတတ်တဲ့သူများအတွက် ဒီကောင်လေးကို မိမိတို့ စက်ထဲမှာ Install ထည့်ပြီး အသုံးပြုယုံပါပဲ..။ ဒီ Acronis True Image 2013 .exe ဖိုင်လေးကို သူငယ်ချင်း တစ်ယောက် တောင်းထားတာ နည်းနည်းကြာနေပါပြီ..။ သူ့ကွန်ပျူတာက ဟတ်ဒစ်တခုလုံးကို Origianl Windows နဲ့ Recovery အပိုင်းတွေကိုပါ External Hard Disk ထဲမှာ Clone နည်းနဲ့ copy ကူးပြီး သိမ်းထားဖို့ အတွက် ဒီဆော့ဝဲလ်လေးကို လိုအပ်နေတာပါ..။ ဒီနေ့တော့ ဒီကောင်လေးကို တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် crack ဖိုင်နဲ့ key တွေကို သီးသန့်ပြောင်းတင်ပေးထားတာဖြစ်ပြီး ဆော့ဝဲလ်ကိုတော့ မူရင်းဆိုဒ်က ဒေါင်းယူလို့ ရအောင် ဒါရိုက်လင့်နဲ့ ချိတ်ပေးထားပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 260 MB ရှိပါတယ်..။ ဒီဆော့ဝဲလ်ကို ရှာတွေ့ခဲ့တာ တင်ပေးတဲ့သူရဲ့ မူရင်း Video ဖိုင်လေးနဲ့ crack / key ကိုအသုံးပြုပြီး ဖူးလုပ်နည်းလေးပါ ပါလာတဲ့အတွက် ကျနော် အောက်မှာ အဲ့ဒီ Video လေးကိုပါ ဒီပိုစ့်ကနေ ကြည့်လို့ ရအောင် Video ဖိုင်လေး ချိတ်ပေးထားပါတယ်..။ ဒီ Video လေးကို ကြည့်ပြီး ဒီဆော့ဝဲလ်ကို ဖူးဖြစ်အောင် လုပ်ပြီး အသုံးပြုနိုင်ပါတယ်..။ အသုံးပြုနည်းကတော့ အရင်တုန်းက တင်ပေးခဲ့ဖူးတဲ့ Video ဖိုင်လေးတွေအတိုင်းပါပဲ..။ ဝင်းဒိုးဖွင့်ပြီး အသုံးပြုလို့ ရတဲ့အတွက် ဒီဆော့ဝဲလ်နဲ့ အဆင်ပြေမယ့် အသုံးပြုနည်း Video လေးကိုပါ ပိုစ့်ရဲ့ အောက်ဆုံးမှာ ကြည့်လို့ ၊ လေ့လာလို့ ရပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး၊ Video ဖိုင်လေးတွေကို လေ့လာလိုက်ရင် အဆင်ပြေပါတယ်..။ 

RAR Password Unlocker 4.2.0.0

 

25 Apr 13,   11:19 AM
ကိုဦး: ကျွန်တော်rar password unlocker လိုချင်လို့ ပါ ဘယ်ကူညီပေးပါနော် ကိုလွင်မင်းဗိုလ်....ကျေးဇူးတင်ပါတယ်
 ကျနော် ဒီဖိုင်လေးကို လိုက်ရှာနေရလို့ နည်းနည်း ကြာသွားပါတယ်..။ ဒီနေ့တော့ ဒီ RAR Password Unlocker 4.2.0.0 လေးကို ဖူးသုံးလို့ရမယ့် crack ဖိုင်လေးနဲ့အတူ တင်ပေးလိုက်ပါတယ်..။ crack ဖိုင်ထည့်နည်းကတော့ ကျနော့် Blog မှာ အရင်တုန်းက တင်ပေးခဲ့ဖူးတဲ့ crack ထည့်နည်း ပိုစ့်တွေအတိုင်း အတူတူပါပဲ..။ ဒီပိုစ့်မှာလည်း အလွယ်ကြည့်လို့ ရမယ့် ပုံလေးတွေ အနည်းငယ် ပြပေးလိုက်ပါတယ်..။ ဒီ crack ဖိုင်လေးနဲ့ ဖူးဖြစ်တဲ့အတွက် ဒီကောင်လေးကို အသုံးပြုလို့ ရပါတယ်..။ WinRAR နဲ့ Password ခံပြီး ဖိုင်ချုပ်ထားတဲ့ ဖိုင်တွေကို password မေ့သွားတဲ့အခါမျိုးတွေမှာ ဒီကောင်လေးကို အသုံးပြုပြီး ဖိုင်ပြန်ဖွင့်လို့ ရတဲ့ RAR Password Unlocker 4.2.0.0 လေးပါ..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် ကျနော် ပိုစ့်ရဲ့ အောက်ဆုံးမှာ Video ဖိုင်လေးပါ ရှာပြီး တင်ပေးထားပါတယ်..။ video ဖိုင်လေးကို ကြည့်ရင်း ဒီကောင်လေးကို အသုံးပြုတတ်သွားပါလိမ့်မယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.1 MB ရှိပါတယ်..။ 

WinRAR ဖြင့် ဖိုင်များ အပိုင်းခွဲနည်း


30 Apr 13, 05:16 PM
နောင်နောင်: ဖိုင်ဆိုဒ်ကြီးကြီးတွေကို winrar နဲ့အပိုင်းတွေပိုင်းပြီး upload တင်ကြတာတွေ့ဘူးပါတယ် အဲဒါဘယ်လိုပိုင်းရသလဲဆိုတာ သိချင်လို့ပါ သိသူများဖြေပေးကြပါခင်ဗျာ..   
WinRAR နဲ့ ဖိုင်တွေ ခွဲနည်းက Blogger အများစုအတွက် မသိမဖြစ် လုပ်နည်းတခုမို့ ကျနော်ဒီပိုစ့်ကို Blogger And HTML လေဘယ်ထဲမှာ ထည့်ပေးထားလိုက်ပါတယ်..။ နောက်ပိုင်း Blogger လူသစ်တွေ ကျနော့် Blog မှာ အလွယ်တကူ ရှာလို့ တွေ့အောင်လို့ပါ..။ ကျနော် Blog မှာလည်း ဒီနည်းနဲ့ အရင်တုန်းက ပိုစ့်တွေမှာ ( Nero 8 - Photoshop CS6 - Cyberlink Power Director ) ပိုစ့်တွေကို WinRAR နဲ့ပဲ ဖိုင်တွေခွဲပြီး တင်ပေးခဲ့တာပါ..။ ကွန်ပျူတာတိုင်းမှာ WinRAR ဆော့ဝဲလ်ရှိနေတဲ့အတွက် အလွယ်တကူ ဖိုင်တွေပြန်ပေါင်းလို့ ရတဲ့အတွက် ဒီနည်းက အားလုံးကို အဆင်ပြေစေပါတယ်..။ ဒီနေ့တော့ ဒီလိုလုပ်နည်းကို မေးလာတဲ့လူ ရှိလာလို့ ကျနော် WinRAR ဖိုင်ခွဲနည်း ပိုစ့်တပုဒ်အဖြစ် တင်ပေးလိုက်ပါတယ်..။ 
ဒီလုပ်နည်းက Blogger တွေအတွက်တင် မကပဲ တခြား အသုံးပြုသူများအတွက်ပါ လိုအပ်တဲ့ နည်းလေးပါ..။ ဥပမာ နိုင်ငံခြားမှာ ရိုက်ထားတဲ့ မိမိတို့ရဲ့ Video ဖိုင်လေးကို တခြားလူတွေ မသိစေချင်လို့ Gmail ကနေ ပို့မယ်ဆိုရင်တော့ အဲ့ဒီ Video ဖိုင်ကို 20 MB စီနဲ့ ခွဲပြီး ပို့ပေးလို့ ရပါတယ်..။ Gmail မှာက 25 MB ကျော်ရင် Upload တင်လို့ မရပါဘူး..။ ဒါကြောင့် Video ဖိုင်တွေကို 20 MB စီ ခွဲတင်ရမှာပါ..။
ကျနော်တို့ Blogger တွေအတွက်လည်း ဒီအတိုင်းပါပဲ..။ ကျနော်တို့ အသုံးပြုနေတဲ့ ဖရီး Upload ဆိုဒ်တွေက အများဆုံး 200 MB နဲ့ 250 MB လောက်စီပဲ ဖိုင်တွေ တင်လို့ ရတာပါ..။ ဒါကြောင့် 1 GB ရှိတဲ့ ဖိုင်တွေဆိုရင် 200 MB သို့မဟုတ် 100 MB စီခွဲပြီး တင်ပေးရတာပါ..။ ခွဲတင်ပေးထားတဲ့ ဖိုင်တွေ အားလုံးဒေါင်းယူပြီးရင်တော့ ဖိုဒါအလွတ်တခု ဖန်တီးပြီး အပိုင်းအားလုံးစုထည့် အပိုင်း-၁ (part1) ကနေ ဖိုင်ဖြည်ချပေးလိုက်ရင် ကျန်တဲ့အပိုင်းတွေပါ အလိုလို လိုက်ပြည်သွားလို့ ဖိုင်တခုလုံး ပေါင်းပြီးသားလေးကို ရရှိပါတယ်..။ ဒီနည်းနဲ့ အားလုံးအဆင်ပြေနေကျတာပါ..။ လုပ်နည်းကလည်း လွယ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

Internet Download Manager ကို ခရက်ခ် ဖြင့်ဖူးလုပ်၍ အသုံးပြုခြင်း

Kolin Lin      29 April 2013 00:49
အစ်ကိုလွင်ရေ ကျနော်မှာ Internet Download Manager ကိုထည့်ထားတာ IDM ကအလုပ်မလုပ်တော့လိုပါ. Upade လဲတစ်ခါမှမလုပ်ပါဘူး..အသစ်တွက်တဲ့Update ကိုပဲအသစ်ပြောင်းထည့်လဲမရပါ Virus Software က last kaspersky 2013 သုံးထားပါတယ် ကူညီပါဦးနော်...ကျနော် Window 7 တင်ထားတာပါ..
 Comments တခုမှာ မေးထားတဲ့ ဒီအပေါ်က အစ်ကိုလိုမျိုး တချို့သူငယ်ချင်းတွေ ရှိခဲ့ပါတယ်..။ ဒီပိုစ့်မှာ တင်ပေးလိုက်တဲ့ crack ဖိုင်လေးနဲ့ အဆင်ပြေသွားကြလို့ ဒီနေ့တော့ ဒီ crack ဖိုင်လေးကို အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်..။ IDM နောက်ဆုံးထွက်တွေကို ကျနော်တင်ပေးနေကျ patch ဖိုင်နဲ့ ကျနော်သုံးနေတာ အဆင်ပြေနေတာပါ..။ ဒီ crack ဖိုင်လေးကတော့ နောက်ဆုံးထွက်တွေကို Support မလုပ်ပါဘူး..။ ဒါကြောင့် ကျနော် မတင်ပေးဖြစ်ခဲ့တာပါ..။ ဒီဖိုင်လေးထဲမှာ သီးသန့် IDM exe ဖိုင်လေး တခုပါပါတယ်..။ အဲ့ဒီ IDM exe ဖိုင်လေးနဲ့ပဲ ဒီ crack ဖိုင်က အဆင်ပြေတာပါ..။ ဒါကြောင့်မို့ IDM နောက်ဆုံးထွက်တွေ သုံးလည်း patch ဖိုင်နဲ့ ဖူးလုပ်လို့ မရတော့တဲ့ သူများကတော့.. မိမိတို့စက်ထဲမှာ ရှိနေတဲ့ IDM ကို Uninstall နဲ့ ထုတ်ပစ်ချင်လည်း ထုတ်ပစ်ပါ..။ မထုတ်ပစ်ရင်လည်း ဒီကောင်လေးကို အသုံးပြုလို့ ရပါတယ်..။ တချို့ Antivirus တွေက ကျနော်တို့ အသုံးပြုနေကျ patch ဖိုင်လေးကို သိသွားပြီဖြစ်တဲ့အတွက် IDM ရဲ့ Installed ဖိုင်တွေထဲကိုပါ ဝင်ပြီး patch ဖိုင်ကို လိုက်ဖျက်ပစ်လို့ ကျနော်တို့ IDM နောက်ဆုံးထွက်တွေကို patch ဖိုင်နဲ့ ဖူးလုပ်လို့ မရတော့တာပါ..။ ဒီနေ့ကျနော်တင်ပေးလိုက်တဲ့ ဒီ crack ဖိုင်ရဲ့ အားနည်းချက်တော့ Mozilla နောက်ဆုံးထွက်တွေနဲ့ Youtube က သီချင်းတွေ ဒေါင်းယူမယ်ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး..။ ဘာလို့လည်း ဆိုတော့ Mozilla နောက်ဆုံးထွက်နဲ့ Youtube သီချင်းတွေ ကြည့်တဲ့အခါ IDM Button လေး မပေါ်လို့ပါပဲ..။ ကျန်တဲ့ ဆော့ဝဲလ်တွေဒေါင်းယူရင်တော့ အဆင်ပြေပါတယ်..။ ဒီ IDM Crack ဖိုင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1.1 MB ရှိပါတယ်..။ ကျနော်ဒီ crack ဖိုင်လေးကို ဖိုင်နာမည်ပြောင်းတင်ပေးထားပါတယ်..။

Internet Download Manager 6.15 Build 10 Final

 
Internet Download Manager 6.15 Build 10 Final နောက်ဆုံးထွက်လေး ဗါးရှင်းလေးပါ.. Update ထွက်နေတာ ၃၊၄ရက်လောက်ရှိနေပါပြီ..။ ကျနော်ဒီရက်ထဲ မအားတဲ့အတွက် ဒီနေ့မှ တင်ပေးလိုက်ရပါတယ်..။ ဒီဖိုင်လေးကို ဒေါင်းယူလို့ရတဲ့ စာမျက်နှာမှာ patch ဖိုင်နဲ့ crack ဖိုင်လေးပါ ဒေါင်းယူလို့ရအောင် သီးခြားခွဲတင်ပေးထားပါတယ်..။ IDM နောက်ဆုံးထွက် ဗါးရှင်းတွေကို ကျနော်တင်ပေးနေကျ patch ဖိုင်လေးနဲ့ ကျနော် ဖူးလုပ်ပြီးသုံးလို့ အဆင်ပြေနေပါတယ်..။ တချို့အဆင်မပြေတဲ့ သူများလည်း ရှိနေပြန်တာကြောင့် ဒီ IDM နောက်ဆုံးထွက်နဲ့အတူ crack ဖိုင်လေးပါ ဖိုင်ခွဲပြီးတင်ပေးလိုက်ပါတယ်..။ crack ဖိုင်နဲ့ ဖူးလုပ်ပြီး အသုံးပြုနည်းကတော့ နောက်တင်မယ့် ပိုစ့်မှာ ကြည့်ပေးပါ..။ patch ဖိုင်နဲ့ ဖူးလုပ်နည်းပိုစ့်ကိုတော့ ကျနော့် Blog ညာဘက်မှာ လင့်ချိတ်ပေးထားပါတယ်..။ အခုဒီ IDM နောက်ဆုံးထွက်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.8 MB ရှိပါတယ်..။
Related Posts Plugin for WordPress, Blogger...