Microsoft .NET Framework 3.5 Offline Installer 2.0

Windows 8 နဲ့ 8.1 တွေမှာ Microsoft .NET Framework 3.5 ကို Online / Off-Line နှစ်မျိုးစလုံးနဲ့ Install ထည့်တတ်အောင် အရင်က ပိုစ့်တင်ပေးခဲ့ပြီး..။ အရင်ပိုစ့်မှာ အင်တာနက်မရှိပဲ Off-Line နဲ့ Install ထည့်နည်းကို CMD Command ဖြင့် .bat ဖိုင်လေး ဖန်တီးပြီး Run ပေးရတဲ့ လုပ်နည်းလေးကို ဒီလင့်က ပိုစ့်မှာ ပြန်ကြည့်နိုင်ပါတယ်..။
အခုဒီပိုစ့်က နည်းကတော့ ဆော့ဝဲလ်တခုနဲ့ Install ထည့်နည်းပဲ ဖြစ်ပါတယ်..။ Microsoft .NET Framework 3.5 ကို Off-line နည်းနဲ့ Install ထည့်မယ်ဆိုရင်တော့.. မိမိတို့မှာ ဝင်းဒိုးတင်လို့ ရတဲ့ Windows 8 (or) 8.1 DVD ခွေရှိနေဖို့ လိုပါတယ်..။ 32-bit and 64-bit ၂-မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်..။ အသုံးပြုတဲ့အခါမှာတော့ မိမိတို့စက်ထဲကို Windows 8 (or) 8.1 DVD ခွေ ထည့်ပြီး.. ဒီပိုစ့်မှာ တင်ပေးထားတဲ့ ဆော့ဝဲလ်လေးကို Run as administrator နဲ့ Run ပေး၊ နောက်ထပ် ၂-ဆင့်လောက် ကလစ်ပေးလိုက်ရင် အဆင်ပြေပါပြီ..။ အသုံးပြုတတ်အောင် အောက်မှာ ဆော့ဝဲလ်ဒေါင်းယူပြီး ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 104 kb ပဲ ရှိပါတယ်..။

(OR)

ကျနော်တို့ Windows 8 နဲ့ 8.1 တွေမှာ တချို့ ဆော့ဝဲလ်တွေ အသုံးပြုလိုတဲ့ အခါ ဒီ Microsoft .NET Framework 3.5 ကို အောက်ကပုံလေးအတိုင်း ဒေါင်းယူပြီး Install လုပ်ခိုင်းတတ်ပါတယ်..။ အင်တာနက် ရှိပြီး လိုင်းအားကောင်းတဲ့ နေရာတွေမှာ အဆင်ပြေပေမယ့်၊ အင်တာနက် မရှိတဲ့ နေရာတွေမှာ ဆိုရင်တော့ ဒီ Off-Line နည်းက အရမ်း အသုံးဝင်တဲ့ နည်းပဲ ဖြစ်ပါတယ်..။ ဒါကြောင့် ဒီနေ့ တင်ပေးလိုက်တဲ့ ဆော့ဝဲလ်လေးကို မိမိတို့ ဆီမှာ အဆင်သင့် ဖြစ်နေအောင် ဆောင်ထားသင့်ပါတယ်..။ 



မိမိတို့ရဲ့ ဝင်းဒိုးတင်လို့ ရတဲ့ Windows 8, 8.1 တို့ရဲ့ DVD ခွေကို စက်ထဲ ထည့်ပြီး အပေါ်ကပုံအတိုင်း Drive Letter ကို မှတ်ထားပါ..။ ကျနော့်စက်မှာတော့ Drive Letter က (J:) လို့ ပေါ်နေပါတယ်..။ မိမိတို့ အသုံးပြုမယ့် စက်မှ Drive Letter ကို ရွေးယူထည့်ပေးရမှာပါ..။
ပြီးရင်တော့ အခု ကျနော်တင်ပေးလိုက်တဲ့ ဆော့ဝဲလ်လေးကို အေက်ကပုံအတိုင်း Right Click >> Run as administrator နဲ့ ဖွင့်ပြီး အသုံးပြုပါ..။


နောက်တဆင့်မှာတော့ မျှားအစိမ်းနဲ့ ပြထားတဲ့ နေရာမှာ အပေါ်က DVD ထည့်ထားတဲ့ ပုံမှာ မြင်နေရတဲ့ (J:) ကို ရွေးပေးပြီး Start Installation ကို တချက်ကလစ်ပေးလိုက်ရင် ရပါပြီ..။ 
ဒီနေရာမှာ မိမိတို့ အသုံးပြုတဲ့ စက်မှာ မြင်ရတဲ့ DVD ထည့်ထားတဲ့ Drive Letter ကိုပဲ မှန်အောင် ရွေးထည့်ပေးရမှာပါ..။ ဒါကြောင့် ကျနော် ပြထားတဲ့ ပုံနဲ့ Drive Letter က တူမှာ မဟုတ်ပါဘူး..။ ပြီးရင်တော့ DVD ခွေထဲက Microsoft .NET Framework 3.5 ကို Install ဆွဲထည့်နေတာကို ၁၀-မိနစ်လောက် ကြာအောင် စောင့်နေပေးလိုက်ပါ..။ အောက်မှာ မြင်နေရတဲ့ ပုံလေးတွေအတိုင်း ဆက်ပေါ်လာပါလိမ့်မယ်..။



အပေါ်ပုံ Started ကနေ အောက်ကပုံ Done - OK ပေါ်ဖို့ကို ၁၀ မိနစ်လောက် စောင့်နေပေးပါ..။


OK ပေးပြီးရင် ပိတ်လိုက်လို့ ရသွားပါပြီ..။ အပေါ်မှာ ဖွင့်သုံးလို့ မရတဲ့ ဆော့ဝဲလ်ကို Microsoft .NET Framework 3.5 ဆော့ဝဲလ် Install ထည့်ပြီးသွားတဲ့ အတွက် ကျနော် အောက်ကပုံလေးအတိုင်း ဖွင့်သုံးလို့ ရသွားပါပြီ..။ 


 ဒီနေရာမှာ တချို့စက်တွေမှာ ဒီဆော့ဝဲလ်နဲ့ ဒီလို Install ထည့်လို့ မရတတ်ပဲ Error ပေါ်ခဲ့ရင်တော့ အဲ့ဒီစက်တွေထဲက Windows Update ထဲကို သွားပြီး အောက်ပုံလေးအတိုင်း Installed Update ထဲက စာသား၊ နံပါတ်တူတဲ့ ဖိုင်၂-ခုကို Uninstall နဲ့ ထုတ်ပစ်ပြီး (လိုအပ်ရင်စက်ကို Restart ပေးပြီးမှ) ဒီနည်းနဲ့ ပြန်ထည့်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။
 
ဒီလောက်ဆိုရင်တော့ ဒီဆော့ဝဲလ်နဲ့ ဒီအသုံးပြုနည်းကို အားလုံးပဲ အသုံးပြုတတ်သွားပါပြီ..။

အောက်ကစာသားလေးကတော့ ဒီဆော့ဝဲလ်ကို ဖန်တီးပေးထားတဲ့ ဆိုဒ်မှာ တင်ပေးထားတဲ့ စာသားလေးပါ..။ ဒါကတော့ Windows 8 DVD ခွေ မရှိတဲ့သူများကတော့ ၊ အခွေရှိတဲ့သူဆီက copy ဖိုင်ယူလာပြီး အဲ့ဒီဖိုင်ထဲက အောက်မှာ ရေးပေးထားတဲ့ "sources>>sxs" ဖိုလ်ဒါထဲက ကနေ ဒီဆော့ဝဲလ်နဲ့ အသုံးပြုနိုင်ပါတယ်လို့ ရေးပေးထားတာ ဖြစ်ပါတယ်..။ ဒီနည်းကိုတော့ ကျနော်လည်း မစမ်းရသေးလို့ အသုံးပြုလိုတဲ့ သူများက မိမိတို့ ကိုယ်တိုင်ပဲ စမ်းသုံးကြည့်ကြပါ..။

If you don't have Windows 8 setup disc or if you don't want to install .NET Framework 3.5 from setup disc, you can use the setup folder of Windows 8 present on your hard drive. For example, if you copied Windows 8 setup files in E:\ drive of your hard disk, you can click on "Browse" button given in the freeware and then go to the Windows 8 setup folder. Select "sxs" folder present under "sources" folder and then click on "Install" button to install .NET Framework 3.5 in your system.

This small piece of software also provides debugging options for advanced users. You can go to "Configuration" tab and enable the option to show installation process. It'll help you in finding the culprit in case you face any problem while installing .NET Framework 3.5 in Windows 8.

This software will work in both 32-bit (x86) and 64-bit (x64) editions of Windows 8. You'll need to run the software with Administrator privileges by right-click on the program icon and select "Run as Administrator" option. Its required because the method only works if the user has Administrator privileges.

3 comments:

  1. windows7 windows xp အတွက်ကော
    ရှိရင်တင်ပေးစေချင်ပါတယ်ခင်ဗျာ

    ReplyDelete
  2. window ခွေမရှိရင်ကောဘယ်မှာရှာရမလဲ
    စက်ဝယ်တော့ခွေပါမလာဘူး

    ReplyDelete

Related Posts Plugin for WordPress, Blogger...