Maxthon Browser မှာ မြန်မာစာပေါ်အောင်လုပ်နည်း - Maxthon 3.3.7.2000 Free Download


ဒီကောင်လေးကတော့ လူသိနည်းနဲ့ Browser လေးတခုပါ..။ လူသိနည်းသလို သိတဲ့လူကလည်း သိပ်မသုံးကြပါဘူး..။ လူသုံးနည်းပေမယ့် Mozilla Firefox ထက်တော့ မြန်ပါတယ်..။ ကျန်ခဲ့တဲ့အပါတ်က သူငယ်ချင်းတစ်ယောက် ၄င်း Maxthon Browser နဲ့ အလုပ်ရှုပ်နေပါတယ်..။ ကျနော်နဲ့တွေ့တော့ မြန်မာစာပေါ်အောင်လုပ်ပေးပါတဲ့.. တခြားနည်းပညာဆိုဒ်တွေက ပြတဲ့အတိုင်းလုပ်တာ မြန်မာစာမပေါ်ဘူး ဖြစ်နေလို့ပါတဲ့.. ကျနော်ကြည့်လိုက်တော့ သူပြောင်းထားတာတွေအားလုံး မှန်ပေမယ့် တနေရာလိုနေပါတယ်..။ Enable spell check နေရာမှာ အမှန်ခြစ်ဖြုတ်ပေးရပါမယ်..။ ကျနော်အဲဒီနေရာမှာ အမှန်ခြစ်ဖြုတ်ပြီးတာနဲ့ မြန်မာစာတန်းပေါ်လာပါတယ်..။ ရေးလို့ ဖတ်လို့ ရသွားပါတယ်..။ ဒါကြောင့် ဒီနည်းလေးကို မသိသေးတဲ့သူများလည်း သုံးတတ်အောင်လို့ ဒီBrowser နဲ့ ဒီနည်းလေးကိုတင်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 25 MB ရှိပါတယ်..။ မြန်မာစာပေါ်အောင် လုပ်နည်းကိုတော့ အောက်မှာ ပုံလေးတွေနဲ့ ပြထားပါတယ်..



Jumbofiles
Ifiles 



အောက်ကပုံလေးအတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..။


Font နေရာမှာ Zawgyi-one ပြောင်းပေးပါ..


Encoding နေရာမှာတော့ Unicode တခုခုထည့်ပေးပါ..




အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..

2 comments:

  1. ကျွန်တော့ ကွန်ပျူတာမှာ Maxthon တစ်ခုပဲ မရတာ ကျန်တာက မြန်မာဖောင့်အကုန်ရတယ်ဗျာ ပြောတဲ့အတိုင်းလဲ ပြောင်းပါတယ် Version ကတော့ 4 ကျော်ပါတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...