Windows7 key finder free download


ဒါကတော့ Windows7 အသုံးပြုသူများ အတွက်ပါ..။ မိမိတို့ရဲ့ ကွန်ပျူတာထဲမှာရှိတဲ့ Windows7 product key ကိုရှာပေးနိုင်ပါတယ်.. ဒီကောင်လေးကို Install ဆွဲထည့်လိုက်ယုံပါပဲ..။ သုံးရတာလည်းလွယ်ပါတယ်.. အောက်မှာပုံလေးနဲ့ ပြထားပါတယ်..  မိမိတို့စက်ရဲ့ Windows7 product key ကိုသိချင်တဲ့ သူများအတွက် ဒီကောင်လေးက ကူညီနိုင်ပါတယ်..။ Original Windows7 သုံးသူများအတွက် Key အမှန်ကိုရှာပြီး သိမ်းထားသင့်ပါတယ်.. နောက်တကြိမ် ဝင်းဒိုးတင်တဲ့အခါ ဒီကီးတွေပြန်ထည့်ပေးလိုက်ရင် နောက်ဝင်းဒိုးဟာလည်း ဝင်းဒိုးအမှန်ဖြစ်လာပါလိမ့်မယ်.. နောက်ဝင်းဒိုးဟာလည်း ပထမဝင်းဒိုးနဲ့ အမျိုးအစားတူဖို့တော့ လိုပါတယ်.. Windows7 Home Premium လား.. Professional လား.. Ultimate လား.. စသဖြင့်အမျိုးအစားနဲ့ 32-bit (or) 64-bit လားဆိုတာ သေချာသိဖို့တော့လိုပါတယ်.. နောက်တကြိမ် တင်ရင် ပထမဟာနဲ့ အမျိုအစားတူတာကို ရွေးတင်ပြီး ဒီကီးတွေထည့်ပေးလိုက်ပါ..။ ဒါဆိုပထမ ဝင်းဒိုးလိုပဲ ဝင်းဒိုးအမှန်ဖြစ်သွားပါပြီ... လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 407 KB  ပဲရှိပါတယ်..







No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...