How to fix MSVCR71.dll missing error from your PC



ဒီဖြေရှင်းနည်းလေးကတော့ ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ ကြုံလာတော့မှပဲ.. ရှာကြည့်မိတော့တယ်.. msvcr71.dll ပြဿနာက ဒီနည်းနဲ့ အဆင်ပြေသွားပါတယ်..။ ကျန်ခဲ့တဲ့ လေးငါးရက်လောက်က အစ်ကိုအောင်ဇေလတ် စက်မှာဖြစ်နေတဲ့ ပြဿနာမျိုး.. ကျနော့်သူငယ်ချင်း တစ်ယောက်စက်မှာလည်း .dll ပြဿနာဖြစ်နေပါတယ်..။ သူကတော့ ဂိမ်းဆော့ဖို့ မဟုတ်ဘူး.. Open Office 3 ကို Install ဆွဲထည့်ပြီး ၂ချက်တောက်ဖွင့်တော့ ဖွင့်မရတဲ့ ပြဿနာ.. အပေါ်ကပုံမှာ ပြထားသလို ဘောက်စ်လေးပေါ်လာပြီး msvcr71.dll ဆိုတဲ့ ကောင်လေးမရှိလို့ ၎င်းပရိုဂရမ်ကို ဖွင့်လို့မရပါဘူးဆိုတဲ့ အကြောင်းကြားတဲ့ ဘောက်စ်လေး တခုပဲပေါ်လာတယ်.. လုံးဝဖွင့်မရတဲ့အဆုံး ကျနော့်ဆီကို စက်လေးပိုက်ပြီး အပြေးရောက်ချလာပါတယ်.. ကျနော့်ကို နှိပ်စက်ပါတော့တယ်..။ ဒါဆရာတင်တယ်မခေါ်ဘူး.. နှိပ်စက်တယ်လို့ ခေါ်ပါတယ်.. အရင်တခါ  ဒီလိုပဲ .dll ဖိုင်တခုမရှိလို့ Angry Bird Game ဆော့မရတဲ့ သူငယ်ချင်းစက် တုန်းကတော့ မသိချင်ဟန်ဆောင်ပြီး ထွက်လာခဲ့တာ.. ဒီတခါတော့ ရှောင်ပြေးလို့ မရတော့ဘူး..။
Open Office 3 ကို မရမက ဖွင့်ခိုင်းနေတော့တာ.. အဲဒါကိုပဲ အရမ်းသုံးချင်နေတာ.. ဆိုတော့ ကျနော် Google မှာရှာပုံတော် ဖွင့်ရပါတော့တယ်..။ တွေ့ပါပြီ.. အများကြီးပဲ.. msvcr71.dll ဖိုင်နဲ့ ပါတ်သက်လို့ ရေးထားတဲ့ ဝဘ်ဆိုဒ်တွေ အများကြီးပဲ..။ တခုပြီးတခု လိုက်ရှာလိုက်တာ.. သိပ်မကြာပါဘူး.. ဒီ msvcr71.dll ကောင်လေးကို Free ပေးထားပါတယ်..။ ဒေါင်းယူပြီး သူပြောတဲ့ နည်းအတိုင်း ထည့်ပေးလိုက်တာ အဆင်ပြေသွားပါလေရော.. အခုမှပဲ သက်ပြင်း ချနိုင်တော့တယ်..။ အဲဒီနည်းနဲ့ မရရင်တော့ ဘယ်လောက်တောင် တိုင်ပါတ်အုန်းမလဲ မသိဘူး..။ အခုတော့ ဒီနည်းလေးနဲ့ အဆင်ပြေသွားလို့ ဒီလို .dll ပြဿနာ ရှိနေတဲ့ သူများအတွက် ဒီနည်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ်.. လုပ်နည်းကတော့ မိမိတို့စက်မှာ ဒီလိုဘောက်စ်လေးမျိုးပေါ်လာခဲ့ရင် မျှဉ်းနီတားထားတဲ့ msvcr71.dll  စာသားမျိုးကို မှတ်သားထားပြီး Google မှာရိုက်ရှာပါ.. ၎င်းစာသား msvcr71.dll ရဲ့နောက်မှာ free downlod သို့မဟုတ် ရှေ့မှာ how to fix ဆိုပြီး ရိုက်ရှာလိုက်ရင် အင်္ဂလိပ် ဝဘ်ဆိုဒ်တွေ အများကြီး ထွက်လာပါလိမ့်မယ်..။ အဲဒီထွက်လာတဲ့ ဆိုဒ်တွေထဲက တခုပြီးတခု ဝင်ရှာကြည့်လိုက်ရင် ဒီလို .dll ပြဿနာလေးတွေကို မိမိတို့ဖာသာ ဖြေရှင်းနိုင်သွားပါလိမ့်မယ်..။ အခုတော့ ရှာလက်စနဲ့ msvcr71.dll အပြင် Angry Bird Game ဆော့မရတဲ့ သူများအတွက်ပါ.. msvcr100.dll ကောင်လေးကိုပါ တခါတည်း ရှာပြီး ပေါင်းတင်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေသာ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ ၂ခုပေါင်းမှ 466 kb ပဲရှိပါတယ်..




ဒေါင်းလော့ချပြီးလို့ ရလာတဲ့ ဖိုင်လေးကို ဖြည်ပြီး ဖွင့်လိုက်ပါ.. အထဲက အောက်ပုံမျှားပြထားတဲ့ ကောင်လေးကို ပုံမှာပြထားတဲ့ အတိုင်း copy ကူးပြီး system32 ထဲမှာ သွားထည့်ပေးရပါမယ်.. အောက်မှာပုံလေးတွေနဲ့ အဆင့်ဆင့်ကြည့်သွားလိုက်ပါဗျာ..


copy ကူးပြီးသားဖိုင်လေးကို ဒီအောက်ကပုံအတိုင်း computer ကနေ (C:) ကိုဖွင့်ပါ..


windows ကိုရှာပြီးထပ်ဖွင့်ပါ..


system32 ကိုထပ်ရှာပြီး ဖွင့်ပါ.. အောက်ပုံ


ဒီနေရာထိ အဆင့်ဆင့် ရောက်လာပြီဆိုရင်တော့ အောက်ပုံမှာ ပြထားတဲ့ အတိုင်း paste ထည့်လိုက်ပါ.. R/C ဆိုတာ Right Click ကိုပြောတာပါ..


ပြီးရင်တော့ ပရိုဂရမ်ဘောက်စ်တွေ အားလုံးကို ပိတ်လိုက်ပါ..။ အောက်ပုံအတိုင်း စက်ကို Restart ချပေးလိုက်ပါ.. 


စက်ပြန်ပွင့်လာပြီးရင်တော့ Open Office 3 ကိုအောက်ကပုံအတိုင်း ဖွင့်လို့ ရသွားပါပြီ.. Open Office 3 က Zawgyi-one ကို Support မလုပ်တဲ့ အတွက် မြန်မာစာတွေက ကို့ယို့ကားယားတွေ ဖြစ်နေတာပါ.. Open Office စပို့လုပ်တဲ့ တခြား Myanmar3 ဖေါင့်လိုမျိုး Unicode ဖေါင့်တွေကို ထည့်ပြီးမှ မြန်မာစာ အမှန်ပေါ်လာမှာပါ..။ အဲဒီဖေါင့်တွေကို ကျနော်လည်း ဘယ်ဖိုင်ထဲမှာ သိမ်းထားမှန်း မသိတော့ဘူး.. ပြန်ရှာရအုန်းမှာပါ.. ဒီပိုစ့်ကိုတော့ ဒီလောက်နဲ့ပဲ ကျေနပ်ပေးကြပါဗျာ..


အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...