Girdac Free PDF Creator V4.1.1.2 Free Download



ဒါကတော့ Girdac Free PDF Creator လေးပါ.. ဒီလထဲမှာပဲ အရင်တပါတ်က PDF Creator တခု တင်ပေးခဲ့ပါတယ်..။ ဒါကတော့ နောက်တမျိုးပါ..။ ဘာလို့ ဒါလေးကို တင်ပေးရလဲ ဆိုတော့ သူငယ်ချင်း တစ်ယောက်က ကျနော်ဆိုဒ်က ပိုစ့်တွေကို သူကြိုက်တာလေးတွေ ရွေးပြီး PDF ဖိုင်လေးတွေ လုပ်ပြီး သိမ်းထားပါတယ်..။ အရင်တင်ပေးခဲ့တဲ့ PDF Creator 1.3.1 လေးနဲ့ပါ..။ အဲဒီ အရင်တင်ပေးခဲ့တဲ့ PDF Creator နဲ့ လုပ်တဲ့ အခါမှာ ပြဿနာတခု ပေါ်ပါတယ်..။ ဘယ်လိုမျိုးလဲဆိုတော့ PDF ဖိုင်လေး ဖြစ်သွားတဲ့ အခါမှာ (အ,) နေရာမှာ (A, အေ) စလုံး  အကြီးတွေ ဖြစ်ကုန်ပါတယ်..။ ကြုံဖူးကြလားတော့ မသိဘူး..။ ကျနော်လည်း သတိမထားမိ ပါဘူး..။ သူပြောမှ သိရတာ.. သေချာကြည့်တော့ အောက်ကပုံအတိုင်း တွေ့လိုက်ရတယ်..။ နှစ်ခုယှဉ်ပြထားပါတယ်..။ သူအကြိမ်ကြိမ်လုပ်တယ်.. လုပ်တဲ့ အခါတိုင်း အဲလိုတွေချည်း ဖြစ်နေပါတယ်..။ နောက်တော့ ကျနော်က PDF Creator နောက်တမျိုးစမ်း သုံးကြည့်ဖို့ အကြံပေးခဲ့တယ်..။ အဲဒီအကြံက မှန်သွားပါတယ်..။ သူပြောင်းသုံးလိုက်တဲ့ ကောင်လေးက အခုတင်ပေးလိုက်တဲ့ ကောင်လေးပါ..။ အရင်လို Error ပြဿနာတွေ မရှိတော့ပဲ မြန်မာစာတွေ အားလုံး ပေါ်တဲ့ PDF ဖိုင်လေးတွေ ဖြစ်လာပါတယ်..။ ဒီကောင်လေးက Free Software လေးပါပဲ.. လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူသွားကြပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 9.3 MB ရှိပါတယ်..






2 comments:

  1. အကိုေ၇ ဒေါငင်းလို့မရဘူး အယာ ပြနေတယ် လုပ်ပါဦး ကျေဇူးပြုပြီး

    ReplyDelete
  2. ဆရာ ရေဒေါင်းမတော့လို့  ကူညီပါဦးနော်

    ReplyDelete

Related Posts Plugin for WordPress, Blogger...