Windows Defender Offline


6 Aug 12, 04:27 PM
thurein: အစ်ကိုရေကျွန်တော်ကွန်ပြူတာထဲက Task Manager ထဲမှာလေ run နေတည့် .exe*32 ဆိုပါနေတယ်။အဲဒါ virus လား။
ဒီမေးခွန်းလေးကိုမြင်မှ ဒီပိုစ့်ကို တင်ပေးဖို့ သတိရတော့တယ်..။ တကယ်တော့ Virus အမျိုးအစားတွေနဲ့ Virus တွေကို ကျနော် အများကြီး မသိပါဘူး..။ နောက်ပြီး မိမိတို့ ကွန်ပျူတာထဲမှာ Hacker တွေရဲ့ Malware တို့၊ Spyware တို့၊ Malicious တို့၊ Potentially Unwanted Programs တို့လို  အမျိုးအမည် မသိ ပရိုဂရမ်တွေ ဝင်နေတယ်ထင်ရင် ဒီ Windows Defender Offline Tool လေးနဲ့ ရှင်းပစ်နိုင်ပါတယ်..။ ဒီကောင်တွေရဲ့ အန္တရာယ်က ကာကွယ်နိုင်အောင် Microsoft က ဖရီးထုတ်ထားပေးတဲ့ ကောင်လေးပါ..။ အတော်လေး ကောင်းပါတယ်..။ ကျနော်လည်း မကြာမကြာ သုံးဖြစ်ပါတယ်..။ သူ့ကို ဘယ်လိုအသုံးပြုရလဲဆိုတော့ ကျနော်တို့ kaspersky recue disk10 နဲ့ အသုံးပြုပုံချင်း သွားတူပါတယ်..။ Offline Update ဖြစ်တဲ့ အတွက် Update လုပ်ပေးဖို့ မလိုပါဘူး..။ ဒီကောင်လေးကို Microsoft မူရင်းဆိုဒ်မှာ သွားဒေါင်းယူလို့လဲ ရပါတယ်..။ အေက်ကလင့်ကနေ ဝင်သွားနိုင်ပါတယ်..။ http://windows.microsoft.com/en-US/windows/what-is-windows-defender-offline/ ဒီလင့်ကနေ ဝင်းသွားလိုက်ရင် အောက်ကပုံမျိုး မြင်ရပါလိမ့်မယ်..။ အဲဒီမှာ မိမိတို့ Windows နဲ့ ကိုက်ညီတဲ့ 32-bit (or) 64-bit ကိုရွေးပြီး ဒေါင်းယူလိုက်ပါ..။ ဒီနေရာကနေပဲ ဒေါင်းယူချင်တဲ့ သူများကတော့ ကျနော် အောက်မှာ ဒါရိုက်လင့်၂ခုကို ချိတ်ပေးလိုက်ပါတယ်..။ 





သူ့ရဲ့မူရင်းဆိုဒ်ကို သွားလိုက်ရင် အပေါ်ပုံမှာ မျှားအစိမ်းရောင်နဲ့ ပြထားတဲ့နေရာက မိမိတို့စက်ကို ဘယ်လို ဗါးရှင်းလဲဆိုတာ 32-bit လား 64-bit လားဆိုတာ မသိတဲ့သူများအတွက် အဲဒီနေရာကို ကလစ်ပြီး သွားကြည့်လိုက်ရင် မိမိတို့ ကွန်ပျူတာရဲ့ ဗါးရှင်းကို သိနိုင်ပါတယ်..။
ဒီအပေါ်မှာ ပြထားသလို ဒေါင်းလော့လင့်တွေကနေ ဒေါင်းလိုက်ရင် ရလာမှာက သူ့ရဲ့ Downloader လေးတခုပါ.. အဲဒါလေးကို Install ဆွဲထည့်ပြီး Windows Defender Offline ပရိုဂရမ်ကို ဒေါင်းယူရမှာ ဖြစ်ပါတယ်..။ ဒေါင်းလော့မချခင် သူက အရင်မေးပါတယ်.. ဒီပရိုဂရမ်ကို ဒေါင်းလော့ချပြီး ဘယ်ထဲမှာ သိမ်းမှာလဲ ဆိုတာပါ..။ အဲဒါကို ကျနော်တို့က ရွေးပေးရပါတယ်.. CD/DVD or USB or ISO အဲဒီသုံးမျိုးထဲက ဘယ်ဟာနဲ့ သိမ်းမှာလည်း ဆိုတာပါပဲ..။ မိမိတို့ ကြိုက်နှစ်သက်သလို ရွေးပြီး သိမ်းလိုက်ပါ..။ ကျနော်ကတော့ USB နဲ့ ဖုန်းမန်မိုရီ ကတ်ထဲမှာ ထည့်ဖို့ ရွေးလိုက်ပါတယ်..။









 အောက်ဆုံးပုံအတိုင်း မြင်ရရင်တော့ အောင်မြင်စွာနဲ့ ပြီးသွားပါပြီ..။ ဒီကောင်လေးကို အသုံးပြုတော့မယ်ဆိုရင် မိမိတို့ ကွန်ပျူတာကို အရင်ဖွင့်ပြီး USB သို့မဟုတ် CD/DVD ထည့်ပါ..။ ပြီးရင် စက်ကို Restart ချပေးလိုက်ပါ..။ စက်ပြန်ပွင့်လာတဲ့အခါမှာ ဝင်းဒိုးမတက်ခင် ပေါ်လာတဲ့ စာသား F2 / F12 / Del စသဖြင့် မိမိတို့ စက်မှာ ပေါ်လာတဲ့ အတိုင်း ဆက်တိုက်နှိပ်ထားပြီး Boot မီနူးထဲကို ဝင်သွားလိုက်ပါ..။ အဲထဲမှာ CD/DVD (or) USB (မိမိတို့ အသုံးပြုတဲ့ Drive အတိုင်း) စာသားကို တွေ့အောင်ရှာပြီး F10 >> Enter ခေါက်ပေးလိုက်ရင် ဒီ Windows Defender Offline ရှိတဲ့ နေရာ CD/DVD (or) USB ထဲကို ရောက်သွားပါပြီ..။ ဒါဆိုရင် ဒီကောင်လေးက Malware တွေ Malicious တွေနဲ့ Unwanted Programs တွေကို ဖယ်ရှားပေးသွားပါလိမ့်မယ်..။ အားလုံးပဲ အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေဗျာ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...