ParetoLogic RegCure Pro


ဒီကောင်လေးကတော့ ကျနော်တို့ရဲ့ စက်ထဲမှာ မကြာမကြာ ဖြစ်ပေါ်နေတဲ့ system problems, registry errors, malware, privacy files, and junk files စတဲ့ မိမိတို့စက်ကို လေးစေတဲ့ အရာတွေကို ဖယ်ရှားရှင်းလင်းပေးပါလိမ့်မယ်..။ ခဏခဏသုံးပေးခြင်းဖြင့် ကွန်ပျူတာကို မြန်ဆန်စေမှာ ဖြစ်ပါတယ်..။ အသုံးပြုရတာ အရမ်းလွယ်ပါတယ်..။ ဒါပေမယ့် သူ့အတွက် Crack ဖိုင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ပေးဖို့တော့ လိုပါတယ်..။ crack နဲ့ ဖူးဖြစ်အောင် မလုပ်တတ်သေး၊ မသိသေးတဲ့ သူများကတော့ အောက်မှာ ကျနော် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အဲဒီအတိုင်းလေး လုပ်ပေးလိုက်ရင် ဖူးဖြစ်သွားပါပြီ.. အမြဲတမ်း အသုံးပြုလို့ ရပါပြီ..။ အသုံးပြုနည်းလေးပါ ပြပေးလိုက်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 6.5 MB ရှိပါတယ်..





မိမိတို့စက်ထဲမှာ ဒီကောင်လေးကို ထည့်ပြီးတာနဲ့ ဖွင့်ကြည့်လိုက်ရင် အပေါ်ပုံလိုမျိုး Register လုပ်ခိုင်းတဲ့ စာသားလေးပေါ်နေပါလိမ့်မယ်..။ ပြန်ပိတ်ထားလိုက်ပါ..။ အောက်ကပုံတွေအတိုင်း ဖူးဖြစ်အောင် လုပ်ပေးပြီးသွားရင် အဲဒီ Register ဆိုတဲ့ စာသားလေး ပျောက်သွားပါလိမ့်မယ်..။ လုပ်နည်းကို အောက်ပုံတွေမှာ ဆက်ကြည့်လိုက်ပါဗျာ..


Desktop မှာပေါ်လာတဲ့ သူ့ရဲ့ အိုင်ကွန်လေးပေါ်မှာ Right Click ထောက်ပါ.. အောက်ပုံ (R/C ဆိုတာ Right Click ထောက်ပါလို့ ဆိုလိုတာပါ..။)




ဒီနေရာကို ရောက်လို့အေက်ကပုံအတိုင်းပေါ်လာရင် Copy and Replace ကိုတချက်ကလစ်ပေးလိုက်ပါ..။




အပေါ်ပုံတွေအတိုင်း အဆင့်ဆင့်လုပ်ပေးပြီးသွားရင် ဖူးဖြစ်သွားပါပြီ..။ ဒီကောင်လေးကို ပြန်ဖွင့်ကြည့်တဲ့အခါ အောက်ပုံမှာလို မြင်ရပါလိမ့်မယ်..။ Register ဆိုတဲ့စာသားလေး ပျောက်သွားပါပြီ.. ဒါဆိုရင် မျှားအစိမ်းပြထားတဲ့ နေရာ Click to Start Scan ကနေစပြီး အလုပ်ခိုင်းလို့ ရပါပြီ..




အပေါ်၊ အောက်ဆုံးပုံမှာတော့ ကျနော်က လုပ်စရာတွေ ရှိနေသေးလို့  No ပေးလိုက်ပါတယ်.။ Yes ပေးလိုက်ရင်တော့ စက်ပိတ်ပြီး ပြန်ပွင့်လာပါလိမ့်မယ်..။ ဒါဆိုရင် အဲဒီအဲရာတွေ ကောင်းသွားပါပြီ.. အားလုံးပဲ အဆင်ပြေကြပါစေဗျာ..

1 comment:

  1. အခုလိုအပင်ပန်းခံပေးတဲ့အကိုလွင်မင်းဗိုလ်ကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ.....လေးစားလျှက်... ထွဋ်ထွဋ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...