Anti Trojan Elite 5.6.1


 ဒီကောင်လေးကတော့ မိမိတို့ရဲ့ စက်ထဲမှာ ခိုအောင်းနေတဲ့ စက်ကို လေးအောင်၊ ဟမ်းအောင်လုပ်တတ်တဲ့၊ Virus တမျိုးဖြစ်တဲ့ Trojan လို့ ခေါ်တဲ့ Virus တွေကို စစ်ပေး၊သတ်ပေးနိုင်တဲ့ ကောင်လေးပါ..။ သူ့ထဲမှာ Patch နဲ့ Key လေးပါထည့်ပေးထားပါတယ်..။ အဆင်ပြေတာနဲ့သာ လုပ်လိုက်ပါ..။ ကျနော်ကတော့ Patch နဲ့ပဲ ဖူးဖြစ်အောင် လုပ်လိုက်ပါတယ်..။ Patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းကိုတော့ ကျနော့်ဆိုဒ်မှာ အမြဲလာနေတဲ့ သူငယ်ချင်းတွေ သိပြီးသားဖြစ်နေလို့ အပြည့်အစုံ ထပ်မပြတော့ပါဘူး.. နောက်ဆုံးတဆင့်ကိုပဲ ပုံလေးနဲ့ ပြပေးလိုက်ပါတယ်..။ Patch နဲ့ ဖူးဖြစ်အောင် မလုပ်တတ်သေးတဲ့သူများ ရှိခဲ့ရင် အရင်ပိုစ့်တွေဖြစ်တဲ့ IDM 6.12 Built 3 ပိုစ့်နဲ့ တခြား Patch ဖိုင်နဲ့ ဖူးဖြစ်အောင် လုပ်ပြပေးခဲ့တဲ့ ပိုစ့်တွေနဲ့ Patch ထည့်နည်း အတူတူပါပဲ..။ ဒါကြောင့် ပုံတွေအများကြီးနဲ့ ပြမနေတော့ပါဘူး..။ နောက်ဆုံး Patch ထည့်လိုက်လို့ ဖူးဖြစ်သွားတဲ့ ပုံတပုံကိုပဲ ပြပေးလိုက်ပါတယ်..။ အားလုံးပဲ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်..။ အသုံးပြုနည်းကိုလည်း အောက်မှာ ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများ အဆင်ပြေတဲ့ လင့်တွေကနေသာ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 6.9 MB ရှိပါတယ်..။




Install ဆွဲထည့်ပြီးသွားလို့ Desktop မှာပေါ်လာတဲ့ ဒီကောင်လေးရဲ့ Icon ပုံလေးပေါ်မှာ Right Click ထောက်ပြီး Properties ကိုကလစ်၊ ပေါ်လာတဲ့ ဘောက်စ်ထဲက Open Folder Location ကိုထပ်ကလစ်၊ နောက်ထပ် ဘောက်စ်တခုထပ်ပေါ်လာရင်.. (Download ဆွဲတုန်းက ဒီကောင်လေးနဲ့ ပါလာတဲ့ Patch ဖိုင်လေးကို copy ကူးပြီး..) paste နဲ့ထည့်ပါ.. ရောက်လာတဲ့ Patch ဖိုင်လေးပေါ်မှာ Right Click ထောက်၊ Run as administrator စာသားကို တချက်ကလစ်ပါ..။ နောက်ထပ် Patch ဘောက်စ်လေးပေါ်လာရင် Patch ဆိုတဲ့စာသားလေးကို တချက်ကလစ်ပေးလိုက်ရင် အောက်ကပုံအတိုင်း Patching Done လေးပေါ်လာရင် ဖူးဖြစ်သွားပါပြီ..


ဒီကောင်လေးနဲ့ Trojan တွေကို စစ်တဲ့အခါ အောက်ကပုံလေးအတိုင်း စစ်ပေးပြီး ပေါ်လာတဲ့ ဘောက်စ်လေးတွေမှာ အနီဝိုင်းပြထားတဲ့ ကောင်လေးတွေကို နှိပ်နှိပ်ပေးလိုက်ပါ..။



အားလုံးပဲ အဆင်ပြေကြပါစေဗျာ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...