Ashampoo Magical Snap Free 1.21 5128


ဒီကောင်လေးကတော့ တော်တော်များများ သိကြပါတယ်..။ ကျနော်တို့ Web Site တွေမှာ ပုံတွေတင်တဲ့ အခါ မျှားထိုးတာတို့၊ စာရေးတာတို့၊ အဝိုင်းတွေ၊ လေးထောင့်တွေ အရောင်တွေကအစ အမျိုးမျိုး ပြုလုပ်လို့ ရတဲ့ ကောင်လေးပါ..။ Ashampoo ကထုတ်ပေးတဲ့ Free Software လေးပါ..။ အသုံးပြုရတာ လွယ်သလို မြန်မာစာရေးလို့လည်း အဆင်ပြေပါတယ်..။ အောက်မှာ ကျနော် နမူနာလေး လုပ်ပြထားပါတယ်..။ စမ်းသုံးကြည့်ချင်တဲ့ သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူသွားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 8.1 MB ရှိပါတယ်..။




ဒီပုံလေးတွေကို ဒီဆော့ဝဲလ်လေးနဲ့ လုပ်ထားတာပါ..။ စာလုံးတွေကို မောက်နဲ့ ဖိထောက်ပြီး ရေးလို့ရသလို Zawgyi-One နဲ့လည်း ရေးလို့ ရပါတယ်..။ မိမိတို့ ရေးထားတဲ့ စာလုံးရဲ့ အောက်မှာ အရိပ်လေးတွေကို အရောင်အမျိုးမျိုးနဲ့ ထည့်ထားလို့ ရပါသေးတယ်..။ အေက်ဆုံးပုံကတော့ သူ့ရဲ့ ဖန်ရှင်တွေကို ဘေးဘောင်ထဲမှာ ဝှက်ထားပေးပါတယ်..။ ကျနော်က အားလုံးကိုမြင်ရအောင် ဖေါ်ပြပေးထားတာပါ..။ အသုံးပြုရတာလွယ်ပါတယ်..။ အသုံးပြုချင်တဲ့သူများ မြန်မြန်သာ ဒေါင်းယူထားလိုက်ပါ..။ 




1 comment:

  1. ashampoo burning studio 12 ဖူသုံးချင်လို့ပြန်တင်ပေးပါလားအကို အကိုတင်ထားတဲ့ဟာက delete ဖြစ်သွားပြီးအကို ကျေးဇူးပါပဲ

    ReplyDelete

Related Posts Plugin for WordPress, Blogger...