License Key Avira Antivirus Premium 2012 Valid Until 17.10.2013

 ဒီ Avira Antivirus Premium 2012 ကို 2013/ 10လပိုင်းအထိ အသုံးပြုလို့ ရမှာဖြစ်ပြီ.. သူ့အတွက်လိုအပ်တဲ့ Key Files လေးတွေကို ဒီကောင်လေးနဲ့အတူ ထည့်ပေးထားပါတယ်..။ ဒီ Key File တွေကို ဘယ်လိုထည့်ရမယ်ဆိုတာ အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီလမှာသုံးတာဖြစ်တဲ့ အတွက် ဒီလအတွက် Key File ကိုပဲ ရွေးပေးရမှာပါ..။ တခြား Key File တွေ ထည့်ပေးလို့ မရပါဘူး..။ နောက်လမှာ အသုံးပြုရင် နောက်လအတွက် Key File ကို ရွေးပေးရမှာပါ..။ ကျနော်လည်း ဒီကောင်လေးကို အခုမှ စမ်းသုံးနေတာ ဖြစ်တဲ့ အတွက် ရှေ့လတွေအတွက် ထည့်ပေးရမယ့် Key Files တွေကို ဘယ်လိုထည့်လို့ ရမယ်ဆိုတာ မစမ်းရသေးပါဘူး..။ ဒီလအတွက်ထည့်သုံးတဲ့ Key File ဒိတ်ကုန်သွားမှ နောက်ထပ် Key File တွေကို ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ ကျနော်စမ်းသုံးကြည့်ပြီးမှ ဒီပိုစ့်မှာ ဆက်ရေးပေးထားပါမယ်..။ အရင်ကျနော်သုံးနေတဲ့ Avira က ဖရီးပေးသုံးတာလေးပါ.. တော်ရုံ Patch တို့ Kengen တို့ကို Virus မှန်းမသိပါဘူး..။ အခုဒီကောင်လေးကတော့ ဖရီးပေးတာ မဟုတ်ပါဘူး.. ဝယ်သုံးရတဲ့ ကောင်လေးပါ.. Keygen, Patch နဲ့ Crack ဖိုင်တွေကို WinRAR နဲ့ ချုပ်မထားလို့ကတော့ ဗိုင်းရပ်စ်ဆိုပြီး ဖျက်ပစ်ပါလိမ့်မယ်.. ဒါကြောင့် ဒီကောင်လေးကို Install ဆွဲထည့်တော့မယ်ဆိုရင် အရင်ဆုံး မိမိတို့ စက်ထဲမှာရှိနေတဲ့ Keygen, Patch နဲ့ Crack ဖိုင်တွေကို WinRAR နဲ့အရင် စာအုပ်ချုပ်ထားလိုက်ပါ.. ပြီးမှ ဒီကောင်လေးကို အောက်မှာပြထားတဲ့ ပုံလေးအတိုင်း Install ဆွဲထည့်ပါ..။ ဒီ Avira Antivirus Premium ကိုအသုံးပြုမယ်ဆိုရင် တခြား Antivirus Programs တွေကို Uninstall နဲ့ အရင်ထုတ်ပစ်လိုက်ပါ.. ပြီးမှ ဒီကောင်လေးကို ထည့်ပါ..။ Install ထည့်ပြီးရင် Update လုပ် ပြီးမှ Scan System နဲ့ ဗိုင်းရပ်စ်စစ်ပါ၊ သတ်ပါ..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 96.7 MB ရှိပါတယ်..။ ဒီဖိုင်လေး ကြာကြာခံအောင် adfly စာမျက်နှာလေး ကြာခံထားပါတယ်..






ဒီကောင်လေးအတွက် Key File ကို အောက်ပုံလေးအတိုင်း B နေရာကနေ ဒီလအတွက် Key File ကို ဒီကောင်လေးနဲ့ ပါလာတဲ့ ဖိုင်ထဲမှာ သွားရွေးပေးလိုက်ပါ.. ဒီလအတွက် ကီးဖိုင်ကို လက်ခံတဲ့ အတွက် အောက်ကပုံလေးတွေအတိုင်း Install ဆွဲနေတာကို မြင်ရပါလိမ့်မယ်..။ တခြားလတွေ အတွက် ကီးဖိုင်ကို သွားရွေးမိရင်တော့ Install ဆွဲလို့မရတာ ကြုံရပါလိမ့်မယ်..။ မိမိတို့ ဆန္ဒရှိသလို စမ်းသပ်ကြည့်နိုင်ပါတယ်..။






အပေါ်ကပုံတွေကတော့ Install ဆွဲထည့်ပြီးသွားလို့ အော်တို Update လုပ်နေတာပါ..။ အောက်ကပုံကတော့ လအလိုက် Key Files တွေကို သူ့လနဲ့ သူ့ကီးဖိုင် ပါလာပြီးသားဆိုတာ ပြပေးလိုက်တာပါ.. 


မိမိတို့ နေ့စဉ် ဗိုင်းရပ်စ်သတ်တော့မယ်ဆိုရင် အောက်ကပုံလေးအတိုင်း Avira Antivirus ရဲ့ ပုံလေးကို ၂ချက်တောက် ၊ Start Update ကိုအရင်ကလစ် Update ပြည့်သွားပြီးမှ Scan System နေရာကို ကလစ်ပြီး ဗိုင်းရပ်စ်သတ်ပါ..


အောက်ကပုံကတော့ ကျနော့်စက်မှာ ဗိုင်းရပ်စ်သတ်လို့ ပြီးသွားတဲ့ အခါ ပေါ်လာတဲ့ ဘောက်စ်လေး ထဲမှ ဒီကောင်လေး ရှာတွေ့ထားတဲ့ ဗိုင်းရပ်စ်လို့ သတ်မှတ်ထားတဲ့ Keygen တွေနဲ့ တခြားဟာတွေပါ..။ မိမိတို့ စက်မှာ ဗိုင်းရပ်စ်လို့ ထင်ရင်တော့ Apply now စာသားကို ကလစ်ပြီး ဖျက်ပစ်လိုက်ပါ.. ကျနော်စက်မှာတော့ ဒီကောင်လေးတွေကို အသုံးလိုနေသေးလို့ Cancel ကိုပဲ ကလစ်လိုက်ပါတယ်..



အောက်ဆုံးပုံကတော့ Task bar အိုင်ကွန်တွေထဲမှာ Avira Antivirus Premium ကိုဖွင့်ကြည့်လိုက်ရင်တော့ သူလုပ်ပေးနိုင်တာလေးတွေကို တွေ့ရမှာဖြစ်ပါတယ်..။ အရင်ဖရီးပေးသုံးတဲ့ ကောင်လေးထက်တော့ ပိုပြီး စွမ်းဆောင်ရည် မြင့်လာပါတယ်..။ ပိုပြီး အစွမ်းထက်လာပါတယ်.။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်လောက်ပါပြီ.. နောက်ထပ် Key Files တွေ ထပ်ထည့်တဲ့ အခါ ထူးခြားတဲ့ လုပ်နည်းလေးတွေ ပါလာခဲ့ရင် ကျနော်ဒီပိုစ့်မှာ ဆက်ရေးပေးထားပါမယ်.. တကယ်လို့ ပုံမှန်ပဲဆိုရင်တော့ ရေးပေးဖို့ မလိုတော့ဘူးထင်ရင် ဆက်မရေးတော့ပါဘူး.. (မိမိတို့စက်ထဲမှာ ဆော့ဝဲလ်တွေထည့်တဲ့အခါ Patch တို့ Keygen တို့ ဖွင့်သုံးတော့မယ်ဆိုရင် အပေါ်ပုံမှာ မြင်နေရတဲ့ အမှန်ခြစ်သုံးခုထဲက Realtime Protection enable နေရာမှာ အမှန်ခြစ်လေး ဖြုတ်ထားလိုက်ရင် Patch တို့ Keygen တို့ Crack တို့ကို အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..) အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...