On Screen Keyboard Portable


6 Sep 12, 10:08 PM
မိမိ: ကိုရေ မိမိ ကို တစ်ခုလောက်ကူညီပါလား on screen keyboard solfware လေး ခဏရှာပေးပါလား ..ုကီဘုတ်အလုပ်မလုပ်ဖြစ်နေလို့ ရလား ..
ရပါတယ်ဗျာ.. ခဏမဟုတ်ပါဘူး အမြဲတမ်းသုံးလို့ ရပါတယ်..။ လိုအပ်တဲ့ ဆော့ဖ်ဝဲလ်တွေ တောင်းနိုင်ပါတယ်.. ရှာလို့ရတာ၊ သုံးလို့ရတာဆိုရင် တင်ပေးသွားမှာပါ..။ ကျနော်ကိုယ်တိုင် အရင်စမ်းကြည့်ပြီး သုံးလို့မရတာကိုတော့ တင်မပေးပါဘူး..။  တချို့ဆော့ဖ်ဝဲတွေက ရှာလို့ရတယ်..။ သုံးလို့မရတာတွေ အများကြီးရှိပါတယ်..။ ဒါကြောင့် လိုချင်တာတွေ၊ ဆော့ဖ်ဝဲလ်တွေ တောင်းတဲ့အခါ ဒီတစ်ယောက်လို ဆော့ဖ်ဝဲလ်နာမည်လေး ရေးပြီး တောင်းကြပါလို့.. ရှာရတာလည်း အဆင်ပြေတယ်..။ အချိန်ကုန်လည်း သက်သာလို့ပါ..။ 
ဒီ On Screen Keyboard က အမှန်တော့ ဆော့ဝဲလ်မလိုပါဘူး..။ မိမိတို့ စက်ထဲ၊ ဝင်းဒိုးထဲမှာ ရှိပြီးသားပါ..။ မသိကြတာနဲ့ ထုတ်မသုံးတတ်ကြလို့သာ အခက်တွေ့နေကြတာ.. အခုဒီကောင်လေးထဲမှာ Portable လေးအပြင်၊ ဝင်းဒိုးထဲက Screen Keyboard ကို အလွယ်တကူ ထုတ်သုံးလို့ရအောင် Windows Batch File လေးတခုပါ အပိုထည့်ပေးလိုက်ပါတယ်..။ အဲဒီဖိုင်လေးကို ၂ချက်တောက်လိုက်ရင် ဘောက်စ်တခု ထွက်လာပြီး ခဏနေရင် ဝင်းဒိုးထဲက Screen Keyboard ပေါ်လာပါလိမ့်မယ်..။ အောက်မှာ ပုံလေးနဲ့ ကျနော်ပြထားပေးပါတယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။ နောက် Portable လေးကတော့ ၂ချက်တောက်လိုက်ယုံပါပဲ..။ သူ့ရဲ့ Keyboard အသေးလေး ထွက်ပေါ်လာပါလိမ့်မယ်..။ ၂မျိုးစလုံး အသုံးပြုလို့ ရပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 1.6 MB ရှိပါတယ်..။



အပေါ်ကပုံကတော့ Windows Batch File နဲ့ ဝင်းဒိုးထဲက Screen Keyboard ကို ထုတ်သုံးပြထားတာပါ..။ အောက်ကပုံက ဒီဆော့ဖ်ဝဲလ် Portable လေးကို ၂ချက်တောက် လိုက်ယုံနဲ့ အသုံးပြုလို့ ရတဲ့ ပုံပါ..။ မိမိတို့ နှစ်သက်ရာနဲ့ အသုံးပြုကြပါ..



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...