TuneUp Utilities 2013

 

ဒီိကောင်လေးက ကျနော်တို့ရဲ့ကွန်ပျူတာကို အဲရာတွေနဲ့ အမှိုက်တွေရှင်းပေးနိုင်တဲ့ ၊ ကျနော်တို့ရဲ့ စက်ကို ပိုမိုမြန်ဆန်အောင် လုပ်ပေးနိုင်တဲ့ ကောင်လေးပါ..။ Registry အဲရာတွေ၊ Brocken ဖြစ်သွားတဲ့ ရှော့ကပ်တွေ၊ ဝင်းဒိုးထဲမှာရှိနေတဲ Free Space ကိုရှင်းပေးပါလိမ့်မယ်.. နောက်ပြီး Browsser တွေမှာရှိနေတတ်တဲ့ အမှိုက်တွေကိုလည်း ရှင်းပေးမှာဖြစ်တဲ့အတွက် မိမိတို့ အင်တာနက်သုံးတဲ့အခါ ပိုမိုမြန်ဆန်စေမှာပါ..။ နောက်တခုက ဟတ်ဒစ်ထဲမှာရှိနေတဲ့ ရှုပ်ပွနေတဲ့ ဖိုင်တွေကိုလည်း ပြန်လည်စီပေးပါလိမ့်မယ်.. အောက်မှာတော့ သူ့ဆိုဒ်မှာရေးထားတဲ့ အတိုင်း ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..။
TuneUp Utilities 2013. What’s new.
NEW! TuneUp Disk Cleaner 2013: the professional cleaner for your PC
NEW! TuneUp Browser Cleaner 2013: erases browser traces reliably
MORE POWERFUL! TuneUp Registry Cleaner and TuneUp Shortcut Cleaner
NEW! TuneUp Live Optimization 2.0: stops resource-hungry applications even more effectively
• Now supports Windows® 8: TuneUp Utilities 2013 works with Microsoft's brand-new Windows® 8.
• 1-Click Maintenance and Automatic Maintenance: A total of four tweaked and enhanced trace removal tools - TuneUp Disk Cleaner, TuneUp Browser Cleaner, TuneUp Registry Cleaner, and TuneUp Shortcut Cleaner - make 1-Click Maintenance and Automatic Maintenance more powerful than ever before.
• TuneUp Process Manager: The new TuneUp Process Manager displays easy-to-understand names and information on all background processes, giving you a better overview of your PC. And the special 'Heat Zone' feature highlights particularly demanding programs in colour.
ဒီကောင်လေးထဲမှာ crack ဖိုင်လေးတွေ ထည့်ပေးထားပါတယ်..။ Crack လေးတွေအားလုံးကို copy ယူပြီ သူ့ရဲ့Installဖိုဒါလေးထဲမှာ သွားထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 28.3 MB ရှိပါတယ်..။ အောက်မှာတော့ ကျနော်ပုံလေးတွေနဲ့ လုပ်ပြထားပါတယ်..။ လိုအပ်တဲ့သူများ ဆက်ကြည့်ပေးပါ..။


အရင်ဆုံး ဒီကောင်လေးကို Install ဆွဲထည့်ရင် အပေါ်ဆုံးက ပုံတွေအတိုင်းပေါ်လာရင် မိမိတို့ Email ကိုထည့်ပေးချင်လည်းရပါတယ်..။ မထည့်ပေးချင်သူများကတော့ Skip နဲ့သွားလိုက်ပါ.. ပြီးရင် Finish ပေးပြီး ပေါ်လာတဲ့ ဘောက်စ်ထဲမှာ Exit နဲ့ ထွက်လိုက်ပါ.. အရင်ဆုံး Install ဆွဲထည့်ပြီးတာနဲ့ သူ့ထဲမှာ ပါလာတဲ့ crack ဖိုင်လေးတွေနဲ့ ဖူးသုံးလို့ရအောင်လုပ်မှာပါ..။ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။




Finish ပေးပြီးရင် အောက်ကပုံအတိုင်း ပေါ်လာရင် မျှားပြထားတဲ့ အတိုင်း ကလစ်ပြီး ပိတ်ပစ်လိုက်ပါ..။



နောက်ထပ်ပေါ်လာတဲ့ ပုံမှာ Exit နဲ့ ပိတ်လိုက်ပါ..။ အပေါ်ပုံ..။ အောက်ကပုံမှာတော့ Desktop မှာပေါ်လာတဲ့ သူ့ရဲ့ Icon လေးပေါ်မှာ Right Click ထောက်ပြီး Properties ကိုကလစ်လိုက်ရင် အောက်ကဘောက်စ်လေး ပေါ်လာပါလိမ့်မယ်..။ အဲ့ထဲမှာ Open File Location ကို ကလစ်ပါ..။ နောက်ထပ် ဘောက်စ်တခုပွင့်လာပါလိမ့်မယ်..။ အဲဒီဘောက်စ်က ဒီကောင်လေးကို Install ဆွဲထည့်ထားတဲ့ နေရာ၊ ဖိုဒါလေးပါ..။ အဲ့ဒီထဲကို ဒေါင်းလော့ဆွဲတုန်းက ပါလာတဲ့ crack ဖိုင်လေးတွေကို copy-paste နဲ့ ထည့်ပေးလိုက်ပါ..။


ပြီးရင်တော့ အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Crack ဖိုဒါလေးထဲက ဖိုင်လေးအားလုံးကို copy ယူပြီး သူ့ရဲ့ Install ဖိုဒါလေးထဲမှာ paste နဲ့ ထည့်ပေးလိုက်ပါ..။ ထည့်ပေးပြီးရင် Registration ဆိုတဲ့ ကောင်လေးကို Right Click ထောက်ပြီး Merge ကို ကလစ်ပေးလိုက်ပါ..။




ပေါ်လာတဲ့ဘောက်စ်လေးတွေကို အပေါ်ပုံအတိုင်း အဆင့်ဆင့်နှိပ်ပေးပြီး.. အောက်ကပုံအတိုင်း Apply>>OK ပေးလိုက်ပါ..။ ဒါဆိုရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ 


အားလုံးပြီးသွားရင်တော့ ဒီကောင်လေးကို ၂ချက်တောက်ပြီး ဖွင့်ပါ..။ အောက်ကပုံအတိုင်း Start 1-Click နေရာကနေ နှိပ်ပြီး မိမိတို့ရဲ့စက်ကို သွက်လက်မြန်ဆန်အောင် လုပ်ပေးလို့ ရပါပြီ..။ အဲ့ဒီနေရာကို ကလစ်ပေးလိုက်တာနဲ့ သူ့ဖါသာ အလုပ်လုပ်နေပါပြီ.. အောက်ကပုံတွေမှာ မြင်ရတဲ့ အတိုင်းပါပဲ..





အပေါ်ပုံအတိုင်း ပေါ်လာရင်တော့ မျှားပြထားတဲ့ Run maintenance နေရာကို ကလစ်ပေးလိုက်ပါ.. အပေါ်ပုံမှာ အနီရောင်နဲ့ ပြထားတဲ့ စာသားတွေအားလုံး အောက်ပုံအတိုင်း အစိမ်းရောင်ပြောင်းသွားရင် မိမိတို့စက်မှာ မလိုအပ်တဲ့ အမှာတွေကို ဒီကောင်လေးက ပြင်ပေးလိုက်တာ ဖြစ်ပါတယ်..။


ဒီအဆင့်မှာတော့ နည်းနည်းကြာတတ်ပါတယ်..။ ဘာလို့လဲဆိုတော့ ဒီကောင်လေးက မိမိတို့ စက်ထဲ၊ဟတ်ဒစ်ထဲမှ ပွနေတဲ့ ဖိုင်တွေကို သူ့နေရာသူ ပြန်ရောက်အောင် ဖိုင်တွေစီပေးနေလို့ပါ..။ လွတ်ပေးထားလိုက်ပါ..။ အဆင်ပြေပါတယ်..။ 



အောက်ဆုံးပုံလေးအတိုင်း ပေါ်လာရင်တော့ Close ကိုနှိပ်ပေးပြီး မိမိတို့ရဲ့စက်ကို Restart ချပေးလိုက်ပါ..။  စက်ပြန်တက်လာရင် အရင်ကထက် ပိုမိုမြန်ဆန်လာတာကို တွေ့ရပါလိမ့်မယ်..။ ကျန်တဲ့ Features တွေကိုတော့ မိမိတို့ကိုယ်တိုင် နည်းနည်းချင်း လေ့လာပြီး သုံးကြည့်ကြပါဗျာ..။ ဒီလောက်ဆိုရင် ဒီကောင်လေးကို အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေ..။

4 comments:

  1. အကို
    အကိုပြောပြတဲ့အတိုင် လုပ်ဆောင်သွားပါတယ်
    ဖူးမရဘူးဖြစ်နေတယ် ဘာလိုအပ်လည်မသိဘူးခင်ဗျ
    ကူးညီပါအုန်းနော်....

    ReplyDelete
    Replies
    1. ကိုZARNIရေ.. ဖူးဖြစ်အောင်လုပ်ဖို့ Crack ဖိုင်လေးခုစလုံးကို copy-paste နဲ့ ထည့်ပေးရမှာပါ.. ပြီးရင်ပုံမှာပြထားတဲ့ အတိုင်း Registration ဖိုင်လေးပေါ်မှာ Right Click >> Merge ကိုကလစ်ပေးပြီး.. Yes, OK ပေးပြီး ပုံမှာပြထားတဲ့ အတိုင်း လုပ်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ.. ပုံနဲ့စာကို သေချာကြည့်ပြီး ပြန်စမ်းကြည့်လိုက်ပါဗျာ.. အဆင်ပြေသွားပါလိမ့်မယ်..

      Delete
  2. ဆရာရေ ဒေါင်းမရဘူးဖြစ်နေတယ် ။ link ကသေနေပြီ။ အသစ်ပြန်တင်ပေးပါနော်။

    ReplyDelete
  3. အကို လွင်ရေ Download လဲမရပါလား ။ File ကဖျက်လိုက်ပြီ။ ပြန်တင်ပေးပါလားနော်။ လေးစားစွာဖြင့် မျှော်နေမယ်နော်။

    ReplyDelete

Related Posts Plugin for WordPress, Blogger...