SmartsysSoft Business Card Maker 2.50


17 Sep 12, 12:11 AM
မိုး၂: အကိုရယ် ကျနော့်ကို name card လုပ်တဲ့ဆော့ဝဲ ခဏ တင်ပေးပါလားးး
ဒီကောင်လေးကတော့ Page Maker မသုံးတတ်တဲ့သူများအတွက် အရမ်းအသုံးဝင်မယ့်ကောင်လေးပါ..။ ဖိတ်စာကတ်၊ လိပ်စာကတ်၊ Business Card တွေကို ဒီကောင်လေးနဲ့ အလွယ်တကူ ပြုလုပ်လို့ရမှာဖြစ်ပါတယ်..။ မိမိတို့ အသုံးပြုချင်တဲ့ ပုံလေးတွေကို နောက်ခံထည့်ပြီး စာလုံးအရောင် မျိုးစုံနဲ့ အသုံးပြုလို့ ရပါတယ်..။ လုပ်ရတာလည်း လွယ်ကူပါတယ်..။ အောက်မှာကျနော် အစမ်းလုပ်ပြထားပါတယ်..။ Effect တွေအများကြီး ပါတဲ့အတွက် အားလုံးကို ပြပေးဖို့ အဆင်မပြေပါဘူး..။ ဒါကြောင့် အနည်းငယ် လုပ်ပြပေးလိုက်ပါတယ်..။ နောက်တခုက ဇော်ဂျီဖေါင့်နဲ့ ရေးတဲ့အခါမှာ သူပေးထားတဲ့ Text Element စာလုံးတွေကို တဝက်ဖြတ်ပြီး ရေးမှ မြန်မာစာပေါ်ပါတယ်.. အဲ့လိုမှ မဟုတ်ရင်တော့ မြန်မာစာရေးလို့ မရပါ..။ အောက်မှာ လုပ်ပြထားပါတယ်.. ဆက်ကြည့်လိုက်ပါဗျာ.. သူ့အတွက် crack ဖိုင်လေး ထည့်ပေးထားပါတယ်... crack လို့ဆိုပေမယ့် တကယ်တမ်း လုပ်နည်းတူတာက Patch ဖိုင်ထည့်နည်းနဲ့ သွားတူနေပါတယ်..။ သူကတော့ crack လို့ရေးထားပါတယ်..။ အဲ့ဒီကောင်လေးနဲ့ Full ဖြစ်အောင် လုပ်ပေးလိုက်ပါ..။ မလုပ်တတ်သေးတဲ့သူများရှိခဲ့ရင် IDM 6.12 Beta Built 3 ပိုစ့်မှာ လုပ်ပြထားတဲ့နည်းနဲ့ အတူတူပါပဲ..။ ဒီကောင်လေးကို လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 11.5 MB ရှိပါတယ်..

Sharebeast   (27.9.2012.. အရင်လင့်က ဒေါင်းရအဆင်မပြေဘူးလို့ ပြောတဲ့လူရှိလို့  နောက်ထပ်ဒေါင်းလော့လင့်တခု ထပ်ချိတ်ပေးထားပါတယ်..။)


connection တအားကျနေလို့ ဆိုဒ်၃ခုမှာ အခါခါတင်တာ Filecloud တခုမှာပဲ.. တင်လို့ရပါတယ်..။ ဒီကောင်လေးကို Install ဆွဲထည့်ပြီးတာနဲ့ အမှန်ခြစ်လေးတွေ ဖြုတ်ပြီးမှ အောက်ကပုံလေးအတိုင်း Finish ပေးလိုက်ပါ..။ ပြီးရင်တော့ သူ့ထဲမှာပါတဲ့ crack ဖိုင်လေးနဲ့ ဖူးဖြစ်အောင် Patch ဖိုင်လုပ်နည်းအတိုင်း လုပ်ပေးလိုက်ပါ..။


အောက်ကပုံလေး၂ပုံကတော့ crack နဲ့ ဖူးဖြစ်သွားတဲ့ ပုံလေးကို ပြပေးလိုက်တာပါ..။



တခြား Effect တွေမလုပ်ခင် ဇော်ဂျီဖေါင့်နဲ့ မြန်မာစာ ပေါ်အောင် ရေးလို့ရအောင် အရင်ပြပေးလိုက်ပါတယ်..။ အောက်ကပုံလေးမှာ ကြည့်ပါ..


သူပေးထားတဲ့ အင်္ဂလိပ်စာကြောင်းလေးကို တဝက်ကိုဖျက်ပစ်ပြီး မြန်မာစာအရင်ရေးလိုက်ပါ..။ ပြီးမှ ကျန်တဲ့ အင်္ဂလိပ်စာတွေကို ထပ်ဖျက်ပစ်ပါ.. အေက်ကပုံကတော့ အားလုံးပြီးလို့ သိမ်းတော့မယ်ဆိုရင် အောက်ကပုံလေးအတိုင်း သိမ်ပေးလိုက်ပါ..





အပေါ်မှာ Business Card လေးတွေ ထွက်လာပါပြီ.. အောက်ကပုံလေးတွေမှာ Effect တွေကို ထည့်တတ်ဖို့ အစကနေ ပြန်လုပ်ပြပေးလိုက်ပါတယ်.. ဒီကောင်လေးကို စဖွင့်လိုက်တာနဲ့ စတိုင်လေးတခုကို ယူပါ..


Add Text ကိုကလစ်ပြီး စာရေးပါ..



မိမိတို့ ထည့်ချင်တဲ့ပုံလေးကို ထည့်မယ်ဆိုရင် Add Image နေရာကိုကလစ်ပြီး ထည့်ချင်တဲ့ပုံကို ယူပြီး ထည့်ပါ..။


လိပ်ပြာပုံလိုမျိုး ဒီဇိုင်းလေးတွေကိုလည်း ယူပြီးထည့်လို့ ရပါသေးတယ်..။ နောက်ခံမှာ မိမိတို့ ကြိုက်တဲ့ ပုံလေးတွေ ထည့်မယ်ဆိုရင် Background Picture နေရာမှာ ကလစ်ပြီးထည့်ပါ..





အောက်ဆုံးပုံမှာတော့ စာလုံးတွေ အရောင်ပြောင်းတတ်အောင် ပြပေးထားတာပါ..။ ကျန်တဲ့ Effect တွေကိုတော့ မိမိတို့ ကိုယ်တိုင်သာ ရှာဖွေကြပါဗျာ.. ဒီလောက်ဆိုရင် ဒီကောင်လေးကို အတော်လေး အသုံးပြုတတ်လောက်ပါပြီ..။ Save ဖို့ဆိုရင်တော့ အပေါ်မှာ လုပ်ပြထားတဲ့ အတိုင်း Save လိုက်ယုံပါပဲ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..
--------------------------------------------------------------------------------
27 Sep 12, 01:39 AM
Ah sane: အကိုကြီဘိုဘိုကျွန်တော်မွန်လေပါ လိပ်စာကပ်က အရမ်းလန်းတယ် ဒါပေမဲ့ တစ်ခုလောက်ကူညီပါဦး လိပ်စာကပ်က နောက်ကျောလမ်ညွန့်တွေ ဘယ်လိုလုပ်မှာလဲ ကူညီပါဦအကိုရယ်
ဒီနေ့တော့ အချိန်နည်းနည်းရလို့ ဒီပိုစ့်မှာ ပုံလေးတွေ ထပ်ဖြည့်ပြပေးလိုက်ပါတယ်..။ တကယ်တော့ ဆော့ဝဲလ်တခုကို အသေးစိတ်အသုံးပြုတတ်ဖို့က မိမိတို့ဖါသာ လေ့လာရမှာပါ.. ကျနော်က အစမ်းလုပ်ပြ၊ သုံးပြပေးယုံလောက်ပဲ လုပ်ပေးနိုင်တာ.. တခြားဆော့ဝဲလ်တွေကိုတော့ အသေးစိတ် အသုံးပြုတတ်အောင် မိမိတို့ကိုယ်တိုင် လေ့လာကြပါဗျာ.. မွန်လေးလုပ်ချင်တဲ့ ဒီဇိုင်းလေးက တခြားလူတွေလည်း လိုအပ်လိမ့်မယ် ထင်ပါတယ်.. အောက်မှာ ပုံလေး၂ပုံနဲ့ ဆက်ကြည့်ပြီး လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါပြီ..
Business Card Maker ဆော့ဝဲလ်ကိုဖွင့်ပါ. Layout>> Add Card Back Side>> အရှေ့အနောက်အတွက် Frontနဲ့Back ကိုချက်စီကလစ်ပြီး ရှေ့နဲ့နောက်ဖက် ဒီဇိုင်းတွေကို မိမိတို့စိတ်ကြိုက်ရွေးယူပါ.. အောက်ပုံ၂ပုံ..



7 comments:

  1. ကျေးဇူးအရမ်းတင် တယ် အကိုရေ ဘလော့တော်တော် များများကို ၀င်ကြည့်ဖူးပါတယ် အကို့ရဲ့ ဘလော့က အရမ်းမိုက်တယ်ဗျာ....

    ReplyDelete
  2. For new designers of
    plastic business cards it`s perfect as it`s very easy to operate...

    ReplyDelete
  3. it`s perfect as it`s very easy to operate...

    Print VIP cards

    ReplyDelete
  4. ဒေါင်လို့မရဘူးခင်ဗျား ၃ ၊၄ခုလောက်ရှိတယ်

    ReplyDelete
  5. ကျေးဇူးပါခင်ဗျာ

    ReplyDelete

Related Posts Plugin for WordPress, Blogger...