Yamicsoft Windows 8 Manager 1.0.0


Windows 8 Manager ရဲ့အသုံးပြုပုံက Windows 7 Manager အသုံးပြုပုံနဲ့ အတူတူပါပဲ.. ဆော့ဝဲလ်သေးသလောက် လုပ်ဆောင်ချက်တွေအများကြီး ပါပါတယ်.. ဒီကောင်လေးရှိထားယုံနဲ့ Windows 8 ရဲ့ ပြဿနာ တော်တော်များများကို ဖြေရှင်းပေးပါလိမ့်မယ်.. အမှိုက်တွေရှင်းတာ၊ ဖိုင်စီတာ၊ Registry အယ်ရာတွေရှင်းတာ၊ ၂ခုထပ်နေတဲ့ ဖိုင်တွေရှင်းတာ၊ နောက်ဆုံး ဝင်းဒိုးမှာ အသံမလာတာ၊ Windows Media Player အယ်ရာတက်တာတွေကအစ Repair လုပ်ပေးနိုင်ပါတယ်.. အောက်မှာ အသုံးပြုနည်းလေး အနည်းငယ်ပြပေးထားပါတယ်.. လုပ်ဆောင်ချက်တွေ များလွန်းတဲ့ အတွက် အားလုံးကို လုပ်ပြပေးဖို့တော့ မလွယ်ပါဘူး.. တခြားလုပ်ဆောင်ချက်တွေကို မိမိတို့ ဖါသာ စမ်းသုံးကြည့်ကြပါ.. သူ့အတွက် Crack ဖိုင်လေး ၂ခု ထည့်ပေးထားပါတယ်.. အဲ့ဒီကောင်လေးနဲ့ ဖူးသုံးလို့ ရအောင် လုပ်ပေးလိုက်ပါ.. အောက်မှာလည်း Crack ဖိုင် ထည့်ပြပေးထားပါတယ်.. Photoshop CS6 မှာ Crack ဖိုင်ထည့်နည်းနဲ့ အတူတူပါပဲ.. ဒီကောင်လေးကို လိုအပ်တဲ့ သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 8.9 MB ရှိပါတယ်..




ဒီကောင်လေးကို Install ထည့်ပြီးရင် အောက်ကပုံအတိုင်း ပိတ်ပစ်လိုက်ပြီး.. Crack ဖိုင်ကို အရင် သွားထည့်ပေးလိုက်ပါ.. Crack ထည့်နည်း အောက်မှာဆက်ကြည့်လိုက်ပါ..


Desktop မှာပေါ်လာတဲ့ Windows 8 Manager Icon လေးပေါ်မှာ Right Click ထောက်ပါ.. အောက်ကပုံအတိုင်း Properties ကို ကလစ်ပါ..


Download ဖိုင်ထဲမှာ ပါလာတဲ့ Crack ဖိုင် ၂ခုကို copy ယူပါ.. Open File Location ကနေ ပွင့်လာတဲ့ ဘောက်စ်ထဲမှာ paste နဲ့ ထည့်ပါ.. paste နဲ့ထည့်လိုက်လို့ ရောက်လာတဲ့ crack ၂ခုထဲက RunMe ဖိုင်ကို ၂ချက်တောက်ပြီး Install ဆွဲထည့်ပေးလိုက်ပါ.. 



အောက်ကပုံတွေ အတိုင်း လုပ်ပေးလိုက်ပါ..




အပေါ်ပုံအတိုင်း Successfully ဘောက်စ်ပေါ်လာရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ.. အောက်ကပုံတွေအတိုင်း Apply >> OK ပေးလိုက်ပါ..


သူ့ရဲ့ Desktop က Icon လေးကို ၂ချက်တောက်ပြီးဖွင့်ပါ.. အောက်ကပုံတွေ အတိုင်းပေါ်လာရင် Yes >> OK ပေးလိုက်ပါ..



Information ထဲမှာပါတဲ့ Repair Center ကို အရင်ဝင်ကြည့်ရအောင်..


တကယ်လို့ မိမိတို့ရဲ့ Windows 8 မှာ System ပိုင်းက တခုခု ချို့ယွင်းလာပြီဆိုရင် အောက်ကပုံလေးအတိုင်း Fix စာသားနေရာကို ကလစ်ပြီး Repair လုပ်ပေးလိုက်ပါ..




Restart မပေးပါနဲ့အုန်း အောက်ကပုံအတိုင်း ဝင်ကြည့်လိုက်ပါ.. သူ့ထဲမှာပါတဲ့ Repair လုပ်ပေးနိုင်တာတွေပါ..။ အသံပြဿနာတို့ ၊ Windows Media Player အယ်ရာတို့ကို ပြန်လည် ပြုပြင်ပေးမယ့် Tool လေးတွေပါ.. Fix နေရာကို ကလစ်ပေးလိုက်ယုံပါပဲ..



အပေါ်ပုံအတိုင်း ပေါ်လာရင်တော့ Repair လုပ်လို့ ပြီးသွားပါပြီ.. ပြီးရင်တော့ အောက်ကပုံအတိုင်း Cleaner နေရာကနေ ၂ခု၊ ၃ခုဖြစ်နေတဲ့ ဖိုင်တွေကို လိုက်ရှာပြီး ရှင်းလင်းပေးလိုက်ပါတယ်.. ဒီပုံတွေ ဒီလိုလုပ်တာတွေက ကျနော့်စက်မှာ စမ်းသုံးထားတာတွေပါ.. မိမိတို့ စက်မှာတော့ မိမိတို့ အဆင်ပြေသလို လုပ်ကြပါ..


ပေါ်လာတဲ့ ဟတ်ဒစ်အပိုင်းတွေ အားလုံးကို အမှန်ခြစ်ပေးပါတယ်..


ပြီးရင်တော့ အောက်ကပုံအတိုင်း Scan ကိုကလစ်ပြီး အလုပ်ခိုင်းပါပြီ..






အောက်ကပုံအတိုင်း ပေါ်လာရင် Select All ပေးပြီး Delete နဲ့ ဖျက်ပစ်လိုက်လို့ ရပါပြီ..





အောက်ဆုံးပုံအတိုင် ဖျက်ပြီးသွားတာကို မြင်ရပါပြီ..

2 comments:

  1. ကိုလွင်မင်းဗိုလ်ရေ
    ဒေါင်းလော့ မရဘူးဗျာ
    Download not available
    File owner's public traffic exhausted.
    အဲဒီလို ပေါ်နေတယ် ။ ကျေးဇူးတင်ပါတယ်။
    ခင်မင်လေးစားစွာဖြင့်
    ကိုဟိန်းတင့်ဇော်

    ReplyDelete
  2. ဘာယ်မှာဒေါင်းရမှာလဲ

    ReplyDelete

Related Posts Plugin for WordPress, Blogger...