ESET FREE Online Virus Scan - Hacker ရန်က ကင်းဝေးရလေအောင်

မနေ့က Cbox မှာ အစ်ကိုတစ်ယောက် ဟတ်ကာတွေရဲ့ ဗိုင်းရပ်စ်တွေကြောင့် Error ဖြစ်နေတာကို သတိရမိလို့ ဒီကောင်လေးနဲ့ ဟတ်ကာရန်က ကင်းဝေးနိုင်အောင် လုပ်နည်းလေးပါ ပုံလေးတွေနဲ့ ဖေါ်ပြပေးထားပါတယ်.. ကွန်ပျူတာကို လေးစေ၊ ဟမ်းစေတတ်တဲ့ ဗိုင်းရပ်တွေကို ဒီကောင်လေးက တော်တော်လေး အစွမ်းထက်ပါတယ်.. ဒီကောင်လေးကို ကျနော် စမ်းသုံးနေတာ ၃ခါလောက်ပဲရှိပါသေးတယ်.. အဓိက လုပ်ဆောင်ပေးတာက မိမိတို့ စက်ထဲမှာ ဝင်ရောက်နေတဲ့  ဟတ်ကာတွေဖန်တီးထားတဲ့ ဗိုင်းရပ်စ်မျိုးစုံကို ထိထိရောက်ရောက် ရှင်းလင်းပေးနိုင်ပါတယ်.. Online Scan ဖြစ်တဲ့ အတွက် ဒီိကောင်လေးကို ၂ချက်တောက်ပေးလိုက်ရင် လိုင်းပေါ်ကနေ နောက်ဆုံး Update Database တွေကို ဒေါင်းယူပြီး စက်ထဲကို Install ထည့်ပါလိမ့်မယ်.. ကျနော်တို့ အနည်းငယ်တော့ ပြင်ပေးဖို့ လိုပါတယ်.. အဲ့ဒါလေး ပြင်ပေးပြီးရင် သူ့အလိုလို အလုပ်လုပ်နေပါလိမ့်မယ်..။ အချိန်များများပေးနိုင်တဲ့ နေ့မှ ဒီကောင်လေးကို အသုံးပြုသင့်ပါတယ်.. အနည်းဆုံး နေ့ဝက်လောက်ကြာပါလိမ့်မယ်.. မိမိတို့စက်ထဲမှာ သိမ်းထားတဲ့ Data ဖိုင်တွေ များရင်များသလို အချိန်ပိုပေးရပါတယ်.. ကျနော်ဒီကောင်လေးကို စသုံးတဲ့နေ့က ကျနော့်စက်မှာ ဆော့ဝဲလ်ဖိုင်တွေများတော့ ၂၃နာရီလောက် အချိန်ပေးထားရပါတယ်.. ဒီကောင်လေး အလုပ်လုပ်ပြီးသွားရင်တော့ မိမိတို့ စက်ဟာ ဟတ်ကာတွေရဲ့ ဗိုင်းရပ်စ်တွေ မရှိတော့တဲ့ အတွက် အတော်လေး ပေါ့ပါးနေတာ လက်တွေ့မြင်ရပါလိမ့်မယ်.. တော်တော်လေး ကောင်းပါတယ်.. ကျနော်တို့လို ဖရီးဆော့ဝဲလ်တွေရအောင် လိုက်ရှာအသုံးပြုနေတဲ့ သူတွေအတွက် ဟတ်ကာတွေနဲ့ မကင်းနိုင်ပါဘူး.. သူတို့ရဲ့ Hack Tool တွေမျိုးစုံက ကျနော်တို့ရဲ့ ကွန်ပျူတာထဲကို ဆော့ဝဲလ် ပရိုဂရမ်တွေနဲ့အတူ ပါလာတတ်ပါတယ်.. Antivirus တွေကလည်း မသိနိုင်ပါဘူး.. အဲ့တော့ ဟတ်ကာရန်က ကင်းဝေးအောင် ဒီလို သီးသန့်ထုတ်ပေးထားတဲ့ Free ပေးသုံးတဲ့ ESET FREE Online Virus Scan လေးနဲ့ Hack Tool တွေကို ရှင်းပစ်လို့ ရပါတယ်.. နေ့တိုင်းလုပ်ပေးဖို့ မလိုပါဘူး.. တစ်လ၊ တစ်ခါလောက်ဆို လုံလောက်ပါပြီ.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 386 KB ပဲရှိပါတယ်.. ဖိုင်ဖြည်လိုက်ရင်တော့ 2.21 MB ရှိတဲ့ ကောင်လေးထွက်လာပါလိမ့်မယ်.. ၂ချက်တောက်ပြီး တန်းသုံးယုံပါပဲ..





 အပေါ်ပုံက သူ့ဆိုဒ်မှာ ဖေါ်ပြထားတာလေးပါ.. ဒီကောင်လေးကို ၂ချက်တောက်လိုက်ရင် အောက်ကပုံတွေအတိုင်း ပေါ်လာရင် လိုက်လုပ်ပေးလိုက်ပါ..



ပြင်ရမယ့်နေရာလေးက ဒီအောက်ကပုံလေးအတိုင်းပါပဲ..




အပေါ်ပုံတွေအတိုင်း ပြင်ဆင်ပြီးသွားရင်တော့ Start ကိုနှိပ်ပေးလိုက်ပါ..။ အောက်ကပုံတွေ အတိုင်း အလုပ်လုပ်နေပါလိမ့်မယ်.. ပြီးတဲ့အထိ မိမိတိုရဲ့စက်ကို Sleep မကျအောင် Control Panel >> Power Option ကနေ သွားပြီး 5minus / 10minus နေရာမှာ အားလုံးကို Never ပြောင်းထားလိုက်ပါ.. Save Changes နှိပ်ပါ.. ဒါဆိုရင် ဒီကောင်လေး အလုပ်လုပ်တာ ပြီးတဲ့ အထိ စက်ပိတ်မသွားတော့ပါဘူး..


အပေါ်ပုံအတိုင်း Downloading virus signature database ပြည့်သွားရင်တော့ အောက်ကပုံအတိုင်း Computer Scan စာသားနဲ့ အလုပ်လုပ်နေတဲ့ အခါမှာ အင်တာနက်လိုင်း ရှိဖို့ မလိုတော့ပါဘူး.. အင်တာနက် ပိတ်ထားလိုက်လို့ ရပါပြီ.. ကွန်ပျူတာကတော့ သူဖါသာ ပြီးတဲ့ အထိ အလုပ်လုပ်နေပါလိမ့်မယ်..



Hack  Tool တွေကို ဖမ်းမိနေပါပြီ.. အပေါ်ပုံ နဲ့ အောက်ပုံ


အောက်ဆုံးပုံအတိုင်း ပေါ်လာရင်တော့ အမှန်ခြစ်လေး ၂ခုပေးပြီး Finish ပေးလိုက်ရင် ရပါပြီ..

1 comment:

  1. ဒေါင်းလို့မရတော့ဘူး အကို ပြန်တင်းပေးပါဦး ဆိုဒ်ပျက်နေပြီ
    ကျေးဇူးတင်ပါတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...