Wise Registry Cleaner v7.51 Portable

 

 ဒီကောင်လေးကတော့ အသုံးပြုရတာ ပေါ့ပေါ့ပါးပါးနဲ့ ကျနော်တို့ရဲ့ စက်ကိုလေးစေတဲ့ ကွန်ပျူတာထဲက Registry အဲရာတွေကို ထိထိရောက်ရောက်ရှင်းလင်းပေးနိုင်တဲ့ ကောင်လေးပါ..။ ဖိုင်ဆိုဒ်သေးသေးလေးနဲ့ Portable လေးဖြစ်တဲ့အတွက် အလွယ်တကူ ၂ချက်တောက်ပြီး အသုံးပြုယုံပါပဲ..။ အောက်မှာတော့ ကျနော်သုံးထားတာလေးကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 1.5 MB ပဲရှိပါတယ်..

Internet Download Manager 6.12 Final Build 21


IDM ကတော့ ပြောစရာဖြစ်လောက်အောင်ကို Update တွေ ထွက်နိုင်လွန်းပါတယ်..။ နေ့တိုင်းဆက်တိုက်ကို Update ထွက်နေတာ သုံးရက်ရှိပြီ..။ ဒီကောင်လေးက မနေ့က ထပ်ထွက်လာတဲ့ Update လေးပါပဲ..  Internet Download Manager 6.12 Final Build 21 နောက်ဆုံးထွက် Update လေးပါ.. သူ့ထဲမှာ Patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်.. အဲ့ဒီ Patch ဖိုင်လေးနဲ့ ဒီကောင်လေးကို ဖူးဖြစ်အောင် လုပ်ပေးလိုက်ရင် အမြဲတမ်းသုံးလို့ ရသွားပါပြီ..။ Patch နဲ့ဖူးဖြစ်အောင် လုပ်နည်းကို IDM 6.12 Built 3 ပိုစ့်မှာ လုပ်ပြထားပြီးပါပြီ.. မသိသေးတဲ့သူများ အဲ့ဒီပိုစ့်ကို ကြည့်ပြီး ဒီထဲက Patch ဖိုင်လေးနဲ့ ဒီဗါးရှင်းလေးကို ဖူးဖြစ်အောင်လုပ်ပေးလိုက်ပါ..။ IDM ကို Update ပေးမိတဲ့သူများအတွက် အဆင်ပြေအောင် ဒီလို နောက်ဆုံးထွက်လေးတွေကို တင်ပေးနေတာပါ..။ IDM ပုံမှန်အလုပ်လုပ်တဲ့ စက်တွေအတွက်တော့ မလိုအပ်ပါဘူး..။ ဒီဗါးရှင်းလေးကို လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.8 MB ရှိပါတယ်..

TuneUp Utilities 2013

 

ဒီိကောင်လေးက ကျနော်တို့ရဲ့ကွန်ပျူတာကို အဲရာတွေနဲ့ အမှိုက်တွေရှင်းပေးနိုင်တဲ့ ၊ ကျနော်တို့ရဲ့ စက်ကို ပိုမိုမြန်ဆန်အောင် လုပ်ပေးနိုင်တဲ့ ကောင်လေးပါ..။ Registry အဲရာတွေ၊ Brocken ဖြစ်သွားတဲ့ ရှော့ကပ်တွေ၊ ဝင်းဒိုးထဲမှာရှိနေတဲ Free Space ကိုရှင်းပေးပါလိမ့်မယ်.. နောက်ပြီး Browsser တွေမှာရှိနေတတ်တဲ့ အမှိုက်တွေကိုလည်း ရှင်းပေးမှာဖြစ်တဲ့အတွက် မိမိတို့ အင်တာနက်သုံးတဲ့အခါ ပိုမိုမြန်ဆန်စေမှာပါ..။ နောက်တခုက ဟတ်ဒစ်ထဲမှာရှိနေတဲ့ ရှုပ်ပွနေတဲ့ ဖိုင်တွေကိုလည်း ပြန်လည်စီပေးပါလိမ့်မယ်.. အောက်မှာတော့ သူ့ဆိုဒ်မှာရေးထားတဲ့ အတိုင်း ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..။
TuneUp Utilities 2013. What’s new.
NEW! TuneUp Disk Cleaner 2013: the professional cleaner for your PC
NEW! TuneUp Browser Cleaner 2013: erases browser traces reliably
MORE POWERFUL! TuneUp Registry Cleaner and TuneUp Shortcut Cleaner
NEW! TuneUp Live Optimization 2.0: stops resource-hungry applications even more effectively
• Now supports Windows® 8: TuneUp Utilities 2013 works with Microsoft's brand-new Windows® 8.
• 1-Click Maintenance and Automatic Maintenance: A total of four tweaked and enhanced trace removal tools - TuneUp Disk Cleaner, TuneUp Browser Cleaner, TuneUp Registry Cleaner, and TuneUp Shortcut Cleaner - make 1-Click Maintenance and Automatic Maintenance more powerful than ever before.
• TuneUp Process Manager: The new TuneUp Process Manager displays easy-to-understand names and information on all background processes, giving you a better overview of your PC. And the special 'Heat Zone' feature highlights particularly demanding programs in colour.
ဒီကောင်လေးထဲမှာ crack ဖိုင်လေးတွေ ထည့်ပေးထားပါတယ်..။ Crack လေးတွေအားလုံးကို copy ယူပြီ သူ့ရဲ့Installဖိုဒါလေးထဲမှာ သွားထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 28.3 MB ရှိပါတယ်..။ အောက်မှာတော့ ကျနော်ပုံလေးတွေနဲ့ လုပ်ပြထားပါတယ်..။ လိုအပ်တဲ့သူများ ဆက်ကြည့်ပေးပါ..။

Wireless Network Watcher 1.47 Portable


 ဒီကောင်လေးက Wireless သုံးတဲ့သူတွေအတွက် အသုံးဝင်တဲ့ ဆော့ဝဲလ်ကောင်းလေးပါ..။ မိမိတို့ ဝါယာလက်စ်နက်ဝက်အတွင်း အသုံးပြုနေတဲ့ ကွန်ပျူတာ အရေအတွက်ကို ရှာပေးနိုင်ပါတယ်..။ တနည်းအားဖြင့် မိမိတို့ WIFI ကို ခိုးသုံးနေတဲ့ သူတွေ ဘယ်နှယောက်ရှိလဲဆိုတာ ရှာပေးနိုင်ပါတယ်..။ Portable လေးပါ.. ၂ချက်တောက်ပြီး တန်းသုံးလို့ ရပါပြီ..။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါ..။ 1.6 MB ပဲရှိပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ကျနော်နမူနာ သုံးထားတာလေးကို ကြည့်ပါ.. အောက်မှာ.. မနေ့ကတင်ပေးလိုက်တဲ့ Connectify Pro နဲ့ Wifi ထုတ်သုံးပြီး စက်နှလုံးနဲ့ Wifi ဖမ်းသုံးတာကို ဒီကောင်လေးနဲ့ ပြန်ရှာလိုက်တာ အောက်ကပုံလေးအတိုင်း ပေါ်နေပါတယ်..။ ကျနော့်ရဲ့ Wifi အတွင်းမှာ စက်၂လုံးသုံးနေတယ်ဆို ပြနေပါတယ်..။ အသုံးပြုရတာလည်း အရမ်းလွယ်ပါတယ်..။

Internet Download Manager 6.12 Final Build 20


ဒါကနောက်ထပ် ထွက်လာပြန်တဲ့ Internet Download Manager 6.12 Final Build 20 ပါ.. မနေ့က တင်ပေးလိုက်တာ Built 19 .. ဒီနေ့  Built 20 ထပ်ထွက်လာလို့ ထပ်တင်ပေးလိုက်ပါတယ်..။ IDM ကို Update ပေးမိတဲ့ သူများအတွက် အဆင်ပြေအောင်လို့ နောက်ဆုံးထွက် Update လေးကို တင်ပေးလိုက်ပါတယ်..။ ဒီ Update လေးထဲမှာ Patch ဖိုင်လေးအပြင်၊ Crack ဖိုင်လေးပါ 32-bit and 64-bit အတွက် ၂မျိုးထည့်ပေးထားပါတယ်..။ မိမိတို့နှစ်သက်ရာနဲ့ ဖူးဖြစ်အောင် လုပ်ပေးလိုက်ပါ..။ Patch နဲ့ ဖူးဖြစ်အောင် လုပ်နည်းကို IDM 6.12 Built 3 ပိုစ့်နဲ့ .. crack နဲ့ဖူးဖြစ်အောင် လုပ်နည်းကို Adobe CS6 အားလုံးကို Activator တခုတည်းနဲ့ Full ဖြစ်အောင်လုပ်နည်း ပိုစ့်တွေမှာ ပြည့်ပြည့်စုံစုံ လုပ်ပြပေးထားပါတယ်..။ အားလုံးက လုပ်နည်းအတူတူပါပဲ..။ ဒီUpdate လေးကို လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 5.8 MB ရှိပါတယ်..။

Connectify Pro 3.1.0 - ဖုန်းနဲ့ တခြား ကွန်ပျူတာတွေ အတွက် Wifi ပြန်ထုတ်သုံးရအောင်


ဒီကောင်လေးကို တော်တော်များများ သိပြီးသားဖြစ်မှာပါ.. ကျနော်တို့ ကွန်ပျူတာကနေ Wifi ပြန်ထုတ်ပေးနိုင်တဲ့ ကောင်လေးပါ..။ ဖုန်းနဲ့ပဲ ဖြစ်ဖြစ်၊ တခြားကွန်ပျူတာကနေပဲ ဖြစ်ဖြစ် အင်တာနက် ပြန်ယူသုံးလို့ရအောင် လုပ်ပေးနိုင်တဲ့ Connectify Pro လေးပါ..။ ဒီကောင်လေးကတော့ နောက်ဆုံးထွက် မဟုတ်သေးပါဘူး..။ လောလောဆယ် စမ်းသုံးရင်း အဆင်ပြေတာလေးကို အရင်တင်ပေးလိုက်တာပါ..။ နောက်ပိုင်း နောက်ဆုံးထွက်လေး ထပ်ရလာရင် တင်ပေးပါအုန်းမယ်..။ အခုဒီကောင်လေးအတွက် Patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ Patch နဲ့ဖူးဖြစ်အောင် မလုပ်တတ်သေးတဲ့သူများ IDM 6.12 Built 3 ပိုစ့်မှာ ပြန်ကြည့်ပြီး ဖူးဖြစ်အောင် လုပ်ပေးလိုက်ပါ..။ ဒီထဲမှာ ပါတဲ့ Patch နဲ့လုပ်နည်း အတူတူပါပဲ..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ အရင်ဒေါင်းယူလိုက်ပါဗျာ.. အသုံးပြုနည်းကို အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..

Internet Download Manager 6.12 Final Build 19


Internet Download Manager 6.12 Final Build 19 နောက်ဆုံးထွက် Update လေးတင်ပေးလိုက်ပါတယ်..။ သူ့အတွက် Patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ Patch နဲ့ဖူးဖြစ်အောင် လုပ်နည်းကို  IDM 6.12 Built 3 ပိုစ့်မှာ လုပ်ပြထားပါတယ်..။ မလုပ်တတ်သေးတဲ့သူများ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ IDM ကို Update ပေးမိတဲ့သူများအတွက် ဒီလိုနောက်ဆုံးထွက်လေးတွေ လိုအပ်နေပါတယ်..။ ဒါကြောင့် နောက်ဆုံးထွက်လေးတွေ တင်တင်ပေးနေတာပါ..။ ဒီUpdate လေးကို လိုအပ်တဲ့သမူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.8 MB ရှိပါတယ်..။

SmartsysSoft Greeting Card Designer v2.30


ဒီကောင်လေးကတော့ Greeting Card Designer လေးပါ..။ မနေ့၊ တနေ့က တင်ပေးလိုက်တဲ့ Business Card ဆော့ဖ်ဝဲလ်ထက် ပိုလန်းသလိုပဲ.. ဒါလေးနဲ့ တော်တော်များများကို အသုံးဝင်ပါလိမ့်မယ်..။ သူ့ထဲမှာ ဒီဇိုင်းမျိုးစုံ စတိုင်မျိုးစုံ ပါပါတယ်..။ ဆော့ဖ်ဝဲလ်လေး သေးသလောက် အတော်လေးကောင်းပါတယ်..။ အရောင်စုံ ကာလာစုံ ပါလို့ ဒီကောင်လေးကို ပိုသဘောကျနေမိတယ်..။ Effect တွေလည်း အများကြီးပါတယ်..။ အားလုံးကို ပြပေးဖို့ မဖြစ်နိုင်တဲ့အတွက် တခုတော့  လုပ်ပြထားပါတယ်..။ ကျန်တာတွေကိုတော့ မိမိတို့ဖါသာ စမ်းသပ်ရှာဖွေကြပါ..။ အများကြီးအသုံးဝင်ပါတယ်..။ အပျော်တမ်းသမားများ အတွက်တင် မကပါဘူး.. စီပွါးရေးသမားများအတွက်ပါ အသုံးတည့်ပါတယ်..။ ဒီကောင်လေးအတွက် Key လေးပါ ထည့်ပေးထားပါတယ်..။ ဒီကီးလေး ထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ..။ အောက်မှာ ကျနော် သူ့ရဲ့ကီးလေးကို ထည့်ပြထာပြီး.. နမူနာတခုပါ လုပ်ပြထားပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူပြီး လုပ်နည်းလေးပါ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 15 MB ရှိပါတယ်..။

Windows8 Skin Pack V4.0 X86 and X64


Windows8 နဲ့ ပါတ်သက်တာလေးတွေ လိုက်ရှာရင်းနဲ့ ကျန်ခဲ့တဲ့ တပါတ်က ရထားတဲ့ ကောင်လေးကို စမ်းသုံကြည့်ရင်း အဆင်ပြေလို့ ပြန်လည်တင်ပေးလိုက်ပါတယ်..။ Windows8 Skin Pack တွေ အများကြီး ထွက်ထားပြီးပါပြီ.. ဒီကောင်လေးကတော့ Windows8 Skin Pack V4.0 ပါ.. ဖိုင်ဆိုဒ်သေးတာလေးတွေနဲ့ အဆင်ပြေတာလေးတွေ ရွေးနေရလို့ ဒီကောင်လေးကိုပဲ တင်ပေးလိုက်ပါတယ်.. ဒီကောင်လေးကို Install ဆွဲထည့်ပြီးတာနဲ့ စက်ကို Restart ချပေးလိုက်ပါ..။ ဝင်းဒိုးပြန်ပွင့်လာရင် .exe ဖိုင်(ဘောက်စ်)တခုပေါ်လာရင် Yes(OK) ပေးလိုက်ပါ..။ ဒါဆိုရင်ဒီကောင်လေးကို အပြည့်အဝသုံးလို့ ရသွားပါပြီ..။ မကြိုက်တော့ရင် Control Panel >> Programs and Features ကနေ Uninstall နဲ့ ပြန်ထုတ်လိုက်ယုံပါပဲ..။ 32-bit နဲ့ 64-bit ဆိုပြီး ဖိုင်၂ခုခွဲ တင်ပေးထားပါတယ်..။ မိမိတို့ ဝင်းဒိုးဗါးရှင်းနဲ့ ကိုက်ညီမယ့် ဖိုင်ကိုရွေးပြီး ဒေါင်းယူကြပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 14 MB ရှိပါတယ်..

မိုဇီလာထက်ပိုမြန်တဲ့ Wyzo Browser 3.6.4



ဒီ  Wyzo Browser လေးကို ကျနော့်သူငယ်ချင်းတွေ ပြောနေတာကြာပြီ.. ကျနော်လည်း စမ်းမကြည့်ရသေးတာနဲ့ တင်ပေးဖို့ နောက်ကျနေတာ.. ဒီနေ့တော့ ဒီကောင်လေးနဲ့ တချိန်လုံး သုံးကြည့်နေတာ Mozilla ထက်ပိုမြန်လို့ သဘောကျနေမိတယ်.. သူ့ရဲ့ Option ကနေဝင်ပြောင်းကြည့်တော့ Mozilla အတိုင်းပဲ.. အားလုံးတူနေတယ်.. မြန်မာစာအားလုံး ပေါ်တာကြောင့်လည်း ကျနော်တို့ကို ပိုပြီးအသုံးတည့်စေတာပါ.. ဒီကောင်လေးကို သူငယ်ချင်းအများစုလည်း သိပြီးလောက်ပါပြီ.. တခြားမသိသေးတဲ့ သူများအတွက် အသုံးဝင်မယ့် Browser အသစ်လေးနဲ့ မိတ်ဆက်ပေးချင်တာကြောင့် ဒီနေ့ ဒီကောင်လေးကို တင်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 13.4 MB ရှိပါတယ်..။

Windows XP Pro SP3 - Bootable ISO


 Windows XP ခွေလိုအပ်နေတဲ့သူများအတွက် အဆင်ပြေအောင် နိုင်ငံခြားဆိုဒ်တွေကနေ ကျနော်ရှာတွေ့ထားတဲ့ လင့်လေးကို ပြန်လည်မျှဝေလိုက်ပါတယ်..။ Windows XP SP3 32-bit တမျိုးထဲပါ..။ Connection အခက်အခဲကြောင့် ဒီဖိုင်လေးကို ကျနော်ပြန်မတင်ပေးနိုင်ပါဘူး..။ ဒါကြောင့်ဒေါင်းယူလို့ရမယ့် အဲဒီဆိုဒ်က လင့်လေးကိုပဲ ပြန်ချိတ်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 612 MB ရှိပါတယ်..။ သူ့အတွက် Serial Key ကိုပါ ဒေါင်းယူနိုင်ပါတယ်..။ အောက်မှာ ၂နေရာ ခွဲပြီး တင်ပေးထားပါတယ်..

SmartsysSoft Business Card Maker 2.50


17 Sep 12, 12:11 AM
မိုး၂: အကိုရယ် ကျနော့်ကို name card လုပ်တဲ့ဆော့ဝဲ ခဏ တင်ပေးပါလားးး
ဒီကောင်လေးကတော့ Page Maker မသုံးတတ်တဲ့သူများအတွက် အရမ်းအသုံးဝင်မယ့်ကောင်လေးပါ..။ ဖိတ်စာကတ်၊ လိပ်စာကတ်၊ Business Card တွေကို ဒီကောင်လေးနဲ့ အလွယ်တကူ ပြုလုပ်လို့ရမှာဖြစ်ပါတယ်..။ မိမိတို့ အသုံးပြုချင်တဲ့ ပုံလေးတွေကို နောက်ခံထည့်ပြီး စာလုံးအရောင် မျိုးစုံနဲ့ အသုံးပြုလို့ ရပါတယ်..။ လုပ်ရတာလည်း လွယ်ကူပါတယ်..။ အောက်မှာကျနော် အစမ်းလုပ်ပြထားပါတယ်..။ Effect တွေအများကြီး ပါတဲ့အတွက် အားလုံးကို ပြပေးဖို့ အဆင်မပြေပါဘူး..။ ဒါကြောင့် အနည်းငယ် လုပ်ပြပေးလိုက်ပါတယ်..။ နောက်တခုက ဇော်ဂျီဖေါင့်နဲ့ ရေးတဲ့အခါမှာ သူပေးထားတဲ့ Text Element စာလုံးတွေကို တဝက်ဖြတ်ပြီး ရေးမှ မြန်မာစာပေါ်ပါတယ်.. အဲ့လိုမှ မဟုတ်ရင်တော့ မြန်မာစာရေးလို့ မရပါ..။ အောက်မှာ လုပ်ပြထားပါတယ်.. ဆက်ကြည့်လိုက်ပါဗျာ.. သူ့အတွက် crack ဖိုင်လေး ထည့်ပေးထားပါတယ်... crack လို့ဆိုပေမယ့် တကယ်တမ်း လုပ်နည်းတူတာက Patch ဖိုင်ထည့်နည်းနဲ့ သွားတူနေပါတယ်..။ သူကတော့ crack လို့ရေးထားပါတယ်..။ အဲ့ဒီကောင်လေးနဲ့ Full ဖြစ်အောင် လုပ်ပေးလိုက်ပါ..။ မလုပ်တတ်သေးတဲ့သူများရှိခဲ့ရင် IDM 6.12 Beta Built 3 ပိုစ့်မှာ လုပ်ပြထားတဲ့နည်းနဲ့ အတူတူပါပဲ..။ ဒီကောင်လေးကို လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 11.5 MB ရှိပါတယ်..

Windows8 Transformation Pack v6.0


12 Sep 12, 09:23 PM
arkar: အကိုကျွန်တော်ကိုလေ windows 8 theme အတွက် activation keyလေးရှာပေးပါလား
Windows8 စတိုင်ပြောင်းပြီးသုံးလို့ ရတာလေးကို ရှာပေးလိုက်ပါတယ်..။ ဒီအစ်ကိုရေးထားတာ သိပ်တော့မရှင်းဘူး.. Windows8 Themes တွေတော့ အများကြီးရှိပါတယ်.. ဒါပေမယ့်အများစုက Activation Key မလိုပါဘူး..။ အဲဒီကောင်လေးတွေကို Install ဆွဲထည့်တတ်ရင် သုံးလို့ရပါပြီ..။ ဒါပေမယ့် ကျနော်ရှာတွေ့ထားတာတွေက တအားရှုပ်ပါတယ်.. လုပ်နည်းတွေက ကျနော်တောင် နားမလည်တာတွေ ရှိတယ်..။ ဖိုင်တွေကလည်း အများကြီးနဲ့ စမ်းကြည့်ရင်းနဲ့ ဒီကောင်လေးက လွယ်လို့ ဒါလေးပဲ အရင်တင်ပေးလိုက်ပါတယ်..။ ဘာမှလုပ်ပေးဖို့ မလိုပါဘူး..။ ၂ချက်တောက်ပြီး မိမိတို့ရဲ့ ဝင်းဒိုးအမျိုးအစားကို ရွေးပေးလိုက်ရင် ရပါပြီ.. Install ဆွဲပြီးသွားရင် စက်ကို Restart ချပေးလိုက်ပါ..။ စက်ပြန်ပွင့်လာရင် Windows8 စတိုင်လေး မြင်ရပါလိမ့်မယ်..။ မိမိတို့စက်ထဲက Setting တွေမှာ ဘာမှမပြောင်းလဲပါဘူး..။ အရင်အတိုင်းပါပဲ..။ သုံးလို့အဆင်ပြေပါတယ်..။ Windows8 စတိုင်နဲ့ အသုံးပြုချင်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 47 MB ရှိပါတယ်..

Talk It Portable


ဒီကောင်လေးကတော့  အင်္ဂလိပ်လို အသံထွက်လေးတွေကို ပီပီပြင်ပြင် အသံထွက်ပေးနိုင်ပါတယ်..။ Portable လေးပါ.. ၂ချက်တောက်လိုက်တာနဲ့ တန်းသုံးလို့ ရပါပြီ..။ မိမိတို့သိလိုတဲ့ အင်္ဂလိပ် စာလုံးလေးတွေကို အဖြူကွက်လေးထဲမှာ ရိုက်ထည့်ပြီး ယောကျာင်္းသံ၊ မိန်းမသံ၊ ခလေးသံ၊ စက်ရုပ်သံ စသဖြင့် ရွေးပြီး Talk It နေရာကို နှိပ်လိုက်ရင် အင်္ဂလိပ်စာလုံးရဲ့ အသံထွက်ကို ပြောပြနိုင်ပါတယ်..။ အင်္ဂလိပ်စာ အသံထွက် လေ့လာလိုသူတွေအတွက် အသုံးဝင်တဲ့ ဆော့ဖ်ဝဲလ်လေးတခုပါပဲ..။ နောက်ဆုံး မိမိတို့ နာမည်ကိုတောင် ရေးထည့်လိုက်ရင် အသံထွက်ပေးနိုင်ပါတယ်.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်သေးသေးလေးပါ.. 1 MB မပြည့်ပါဘူး..

TeamViewer Enterprise 7.0.14563 - မိသားစု၊ သူငယ်ချင်းတို့ရဲ့ Computer တွေကို Internet ကနေ လှမ်းပြီး ကြည့်ပေး၊ ပြင်ပေးရအောင်

15 Sep 12, 02:54 PM
aungminhtet: အကိုရေးကျေးဇူးပြုပြီး ကျနော့်ကို နည်းပညာ၁ခုလောက် မျှဝေပေးပါအကို ကျနော်ကပြည်ပမှာပါ အိမ်ကမိသားစုတွေက computer ကိုသိပ်နားမလည်းတော့ ဒီကနေ လှမ်းကြည့်ပေးချင်တာ (ID.psw) သိပြီး (TeamViewer7) ကိုကောင်း၂သုံးမတတ်ဘူးဖြစ်
15 Sep 12, 02:58 PM
aungminhtet: အဲ့ဒါအကို့ကိုအကူညီတောင်းချင်လို့ပါ။ ကျေးဇူးပြုပြီးပုံနှင့်တကွ ရှင်းပြပေးပါနော်၊။အကိုကျန်းမားပါစေ၊ အောင်မြင်ပါစေ.. အောင်မင်းထက်(korea)
ဒီကောင်လေးကို ကျနော်စမ်းနေတာ ၂ရက်၊၃ရက်လောက် ရှိသွားပြီ..။ အရင်ကသုံးမကြည့်ဖူးတော့ အခုမှ စမ်းသပ်နေရတာ..။ အတော်လေးအဆင်ပြေပါတယ်..။ သူ့အတွက် ဖူးသုံးလို့ ရအောင် လိုက်ရှာရင်း၊ စမ်းသုံးရင်းနဲ့ ကြာနေတာ..။ အခုတော့ ဒီကောင်လေးကို ကျနော်သိသလောက်၊ သုံးကြည့်မိသလောက် ပြန်လည်မျှဝေလိုက်ပါတယ်..။ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီိကောင်လေးအတွက် crack ဖိုင်လေး ၃ခု ထည့်ပေးထားပါတယ်..။ crack သုံးခုစလုံးကို တပြိုင်ထဲ သူ့ရဲ့ ဖိုဒါလေးထဲမှာ သွားပြီး ထည့်ပေးလိုက်ရင် Full သုံးလို့ ရသွားပါပြီ..။ crack ထည့်နည်းကို Adobe CS6 အားလုံးကို Activator တခုတည်းနဲ့ Full ဖြစ်အောင်လုပ်နည်း ပိုစ့်မှာပြည့်ပြည့်စုံစုံ လုပ်ပြထားပါတယ်..။ မလုပ်တတ်သေးတဲ့သူများ အဲဒီပိုစ့်ကို ပြန်ကြည့်လိုက်ပါဗျာ..။ ဒီထဲမှာပါတဲ့ crack ဖိုင်ကို ထည့်ရမှာ အဲဒီနည်းနဲ့ အတူတူပါပဲ..။ ဒီပိုစ့်မှာ crack မရခင် Trial နဲ့ စမ်းသုံးထားတဲ့ ပုံလေးတွေနဲ့ crack ထည့်ပြီး ဖူးနဲ့ အသုံးပြုထားတဲ့ ပုံလေးတွေကိုပါ ဖေါ်ပြပေးထားပါတယ်..။ အသုံးပြုရတာ မခက်ပါဘူး.. Connection ကျနေတဲ့ အချိန်ဆိုရင်တော့ နဲနဲနှေးတယ်.. ဖြည်းဖြည်းချင်း တဖက်ကစက်ကို တချက်ချင်း နှိပ်ရမှာပါ..။ Connection ကောင်းနေရင်တော့ မြန်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 8.3 MB ရှိပါတယ်..။ 

မြန်မာဖေါင့်အလှများနှင့် Install ဆွဲထည့်နည်း


12 Sep 12, 08:03 PM
ဝေယံလင်း: အကိုေ၇ ဘလော့ကတော့အသစ်ဆွဲလိုက်၇တယ် ဒီတခါတော့အဆင်ပြေပါတယ် အဟဲ အကိုတောင်းစ၇ာလေးရှိလိုပါ မြန်မာ font အလှလေးတွေတင်ပေးပါဦး ကျနော်လိုချင်လို့ပါ .
မြန်မာစာဖေါင့်အလှလေးတွေကို ကျနော့်မှာ ရှိသလောက် စုပြီးတင်ပေးလိုက်ပါတယ်.. တခါတည်း ဘယ်လို Install ဆွဲထည့်ရမလဲဆိုတာ အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်..။ ဒီနည်းနဲ့ Install ဆွဲထည့်ပြီးသွားရင်တော့ Photoshop တို့လို၊ Page Maker တို့လို ဆော့ဖ်ဝဲလ်အကြီးကြီးတွေမှာ အဆင်ပြေပြေ အသုံးပြုနိုင်သွားပါလိမ့်မယ်.. စာရိုက်တဲ့ လက်ကွက်ကတော့ ဇော်ဂျီလက်ကွက်အတိုင်းပါပဲ.. ဒီမြန်မာဖေါင့်အလှလေးတွေထဲမှာ မောင်စေတနာဆိုဒ်က ဖေါင့်တွေနဲ့ ကျနော့်ဆရာပေးထားတဲ့ ဖေါင့်အလှလေးတွေကို စုပေါင်းပြီး ထည့်ပေးထားပါတယ်..။ အားလုံးပေါင်း 3.5 MB ရှိပါတယ်..။ ဒီလိုမြန်မာစာလုံးအလှလေးတွေကို လူတိုင်းလိုလိုရှိထားသင့်ပါတယ်..။ စီပွါးရေး လုပ်တဲ့သူပဲဖြစ်ဖြစ်၊ လူမှုရေးသမားတွေပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ကွန်ပျူတာ ကိုင်တတ်၊သုံးတတ်ပြီဆို ဒီလိုဖေါင့်အလှလေးတွေကို စုဆောင်းထားရမှာပါ..။ လိုချင်တဲ့အချိန်မှ လိုက်ရှာရင် မရ ဖြစ်တတ်ပါတယ်..။ ဒီဖေါင့်လေးတွေကို ဒေါင်းယူပြီး၊ ဘယ်လို Install ဆွဲထည့်လဲဆိုတာ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3.5 MB ရှိပါတယ်..။

ပြည်ပရောက် မြန်မာပြည်သားများ အကြားအမြင်ရှိစေချင်

ဒီခေါင်းစဉ်လေးနဲ့ ပါတ်သက်ပြီး သိစေချင်တာလေး ၂ခုရှိပါတယ်..။ ပထမတခုက ကွန်ပျူတာ ဝယ်တဲ့အခါ သတိထားဖို့နဲ့ ဒုတိယတခုက Broadband ထဲမှာ ထည့်သုံးတဲ့ အင်တာနက် SIM Card လိုင်း အကြောင်း အနည်းငယ် သိစေချင်တာပါ..။ ကွန်ပျူတာ ဝယ်တဲ့အခါမှာ စက္ကန်းဟန်းပဲဖြစ်ဖြစ်၊ အသစ်ပဲဖြစ်ဖြစ် ဝယ်တဲ့ဆိုင်က ပေးလိုက်တဲ့ အထောက်အထားတခုဖြစ်တဲ့ Receive လက်ခံဖြတ်ပိုင်းကို သေချာသိမ်းထားဖို့ လိုပါတယ်..။ ဒါဟာမိမိတို့ဝယ်လိုက်တဲ့ ပစ္စည်းကို ဆိုင်ကထောက်ခံပေးတဲ့ အထောက်အထားတခုပါ..။ မေ့လို့ပဲဖြစ်ဖြစ် သတိမထားမိလို့ပဲဖြစ်ဖြစ် Receive ပါမလာရင် သွားပြန်တောင်းပါ..။ အရေးကြီးပါတယ်..။ အခုဖြစ်နေတာက အဲဒီ Receive မပြနိုင်လို့ မိမိတို့စက်က အမှန်အကန် ဝယ်ထားတာ ဖြစ်ရက်နဲ့ အသိမ်းခံနေရတယ်..။ ဟိုတနေ့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တော့.. သူ့ရဲ့သူငယ်ချင်းတစ်ယောက်က ဒီအကြောင်းတွေကို ကိုယ်တိုင်ကြုံခဲ့ရလို့ အခု စက်အသစ်ပြန်ဝယ်ချင်နေတာ.. စက်ဝယ်တဲ့နေ့ကျရင် ကျနော့်ကိုပါ လိုက်ခဲ့ပေးဖို့ တောင်းဆိုလာလို့ ရောက်တတ်ရာရာ စကားပြောကြရင်း ဒီအကြောင်းတွေပါ ပါလာတာ.. အခုတော့ နိုင်ငံခြားရောက်နေတဲ့ မြန်မာပြည်သားများအတွက် အကြားအမြင်၊ ဗဟုသုတတိုးပွါးစေခြင်းငှါ ပြန်လည်ဖေါက်သယ်ချလိုက်ရပါတယ်..။

Internet Download Manager 6.12 Beta Build 17

 Internet Download Manager 6.12 Beta Build 17 Update အသစ်ထွက်လာပြန်ပါပြီ..။ ထုံးစံအတိုင်း Internet Download Manager ကို Update လုပ်မိတဲ့သူများအတွက် အဆင်ပြေအောင် နောက်ဆုံးထွက် Update လေးတင်ပေးလိုက်ပါတယ်..။ သူ့အတွက် Patch ဖိုင်လေးပါထည့်ပေးထားပါတယ်..။ patch နဲ့Full ဖြစ်အောင် လုပ်နည်းကို IDM 6.12 Built 3 ပိုစ့်မှာ ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်..။ မလုပ်တတ်သေးတဲ့သူများ အဲဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ ဒီ Update လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.5 MB ရှိပါတယ်..။

Rescue CDs from Kaspersky, Avira, AVG, Bit Defender, F-Secure, VIPRE, Panda And Dr.Web Antivirus


 Bootable Rescue CD လေးတွေ စုပြီး တင်ပေးလိုက်ပါတယ်.. အားလုံးပေါင်း ၈ခုပါ..။ မိမိတို့ကြိုက်နှစ်သက်ရာကို ရွေးပြီး အသုံးပြုနိုင်ပါတယ်..။ အားလုံးသုံးချင်တဲ့သူလည်း သုံးလို့ရပါတယ်..။ ဒီဖိုင်တွေ အားလုံးကို ဒေါင်းယူလိုက်ရင် ISO ဖိုင်လေးတွေနဲ့ ရလာမှာပါ..။ အဲဒါကို CD နဲ့ခွေကူးရပါမယ်..။ အခွေကူးတဲ့နေရာမှာ Boot တက်အောင် Verify data disc စာသားမျိုးမှာ အမှန်ခြစ်ပေးပါ..။ လုပ်နည်းကတော့ ကျနော်အရင်က တင်ပေးထားခဲ့တဲ့ Kaspersky Rescue Disc 10 နဲ့ အတူတူပါပဲ..။ Kaspersky Rescue Disc 10 ကိုဒီနေရာမှာ ပြန်ပြီးလင့်ချိတ်ပေးထားတာ အရင်က အဟောင်းမဟုတ်ပါဘူး..။ ဒီ ၉လပိုင်း ၇ရက်နေ့ကမှ Update ထွက်လာတဲ့ အသစ်ပါ..။ ဒါကြောင့် တခါတည်း သုံးလို့အဆင်ပြေအောင် တခြား Rescue CD တွေပါ.. ရှာပေးလိုက်တာပါ..။ ဖိုင်အားလုံးကို သူ့ရဲ့မူရင်းဆိုဒ်တွေကနေ ဒေါင်းယူလို့ ရအောင် ဒါရိုက်လင့်တွေကို ချိတ်ပေးထားပါတယ်..။ ဗိုင်းရပ်စ်ဘယ်လောက်များများ ဒီကောင်လေးတွေနဲ့ တခုပြီးတခု၊ တခါသုံးတမျိုးနဲ့ လုပ်ပေးလိုက်ရင် ဘယ်ဗိုင်းရပ်စ်မှ မခံနိုင်ပါဘူး..။ အားလုံး ဖရီးပေးထားတာတွေပါ..။ Connection ကောင်းတဲ့သူများကတော့ အားလုံးကို ဒေါင်းယူထားရင် ပိုကောင်းပါတယ်..။ Connection ကျနေတဲ့ သူများဆိုရင်တော့ ရသလောက် ဖိုင်တခုချင်းစီကို ဖြည်းဖြည်းချင်း စုထားသင့်ပါတယ်..။ အားလုံး နာမည်ရှိတဲ့ ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဖ်ဝဲလ် အကောင်းစားတွေပါ.. လိုအပ်တဲ့သူများကတော့ အောက်ကဒါရိုက်လင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..

Adobe Photoshop 7.0


27 Aug 12, 12:07 AM
မိုး၂: အကိုရယ် ကျနော့ကို photoshop7.0 နဲ့ slideshow လုပ်တဲ့ progold ဆော့ဝဲ့ပါ ခဏတင်ပေးပါလားးအကို  
Adobe Photoshop 7.0 ကိုတောင်းထားတဲ့သူရှိလို့ တင်ပေးလိုက်ပါတယ်..။ Progold ကတော့ တင်ပေးပြီးသွားပါပြီ..။ Connection ကြောင့်ပဲ ဖိုင်တွေခွဲပြီး တင်ပေးဖြစ်သွားတာပါ..။ ဖိုင်၎ခုစလုံးကို ဒေါင်းယူပြီး ဖိုဒါအသစ်တခုထဲမှာ ထည့်ပါ.. ပြီးရင် part1 ကနေ ဖြည်ချလိုက်ရင် ကျန်တဲ့ အပိုင်းတွေပါ ဖြည်ပြီးသား ဖြစ်သွားပါတယ်..။ မလုပ်တတ်သေးတဲ့ သူများကတော့ Nero 8 essentials ပိုစ့်မှာ လုပ်ပြထားပါတယ်..။ ပြန်ကြည့်ပေးပါ..။ လုပ်နည်းအတူတူပါပဲ..။ နောက်တခုက ဒီကောင်လေးကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်အောင် သူ့အတွက် စာအုပ်လေးပါ တင်ပေးထားပြီးသား ရှိပါတယ်..။ အဲဒီစာအုပ်လေးကို လိုအပ်တဲ့သူများ ဒေါင်းယူလို့ ရအောင် Adobe Photoshop 7.0 အသုံးပြုနည်း စာအုပ်ကို ဒီနေရာကနေ ယူလိုက်ပါ.. ဒီ Adobe Photoshop 7.0 အတွက် Key လေးပါ ထည့်ပေးထားပါတယ်..။ Install ဆွဲတဲ့အခါ ဒီ Key လေးကို ထည့်ပြီးမှ Install ဆွဲလို့ ရမှာပါ..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေ ကနေ ဒေါင်းယူလိုက်ဗျာ..။ ဖိုင်ဆိုဒ်ကတော့ ဖိုင်တခုကို 40 MB စီရှိပါတယ်..။ အပိုင်း ၄ပိုင်းပါ..

Windows Media Player Error ဖြေရှင်းနည်း



6 Sep 12, 06:16 AM
aungmyatzaw: အကိုရယ် ကျနော် စက်မှာ window media player ဖွင့်လို့မရတော့ဘူး window media ကိုဖွင့်လိုက်လျင် Server execution failed ဆိုတဲ့ massage boxတက်လာတယ် အကိုရယ် ကူညီပါအုံး ကျေးဇူးတင်ပါတယ် ကျနော်စက်က window 64bit ပါ
11 Sep 12, 03:09 AM
aungmyatzaw.91@gmail.com: အကိုရယ် ကျနော့်စက်မှာ window media playar ဖွင့်မရသေးဘူး အကိုဟိုတခါပေးတဲံအတိုင်းလုပ်ပါတယ် ဒါပေမဲ့မရသေးဘူး အကိုရယ် နောက်လုပ်တဲ့နည်းလေးရှိရင် ကျနော်အတွက် ပို့ပေးပါအုံးလား အကိုရယ် ကျေးဇူးတင်လှက် အကို ဒီထက်မကအောင်မြင်ပါစေနော်း�
ဒီနည်းလေးက Windows7 မှာ လုပ်တဲ့နည်းလေးပါ..။ ဒီအပေါ်က အစ်ကိုရေးထားသလို Window Media Player Error အတွက် ဒီနည်းလေးနဲ့ အဆင်ပြေမယ်ထင်ပါတယ်..။ ဟိုတနေ့က ပေးထားတဲ့လင့်က လုပ်နည်းလေးကို English လို ရေးထားတဲ့ ဆိုဒ်တခုကို ရှာပြီးပေးလိုက်တာပါ..။ အဲ့နေ့က မအားလို့ ဒီနေ့တော့ Error ရှင်းနည်း နောက်တမျိုးကို နားလည်လွယ်အောင် ပုံလေးတွေနဲ့ ဖေါ်ပြပေးလိုက်ပါတယ်..။ ဒီလိုအဲရာတွေ အများဆုံးဖြစ်တတ်တာ Windows ထဲမှာရှိတဲ့ Window Media Player 12 ကို ထည့်လိုက်တဲ့အခါ ဒါမှမဟုတ် Update လုပ်လိုက်မိတဲ့အခါ ဒီလိုမျိုးလေးတွေ ဖြစ်တတ်ပါတယ်..။ အခုဒီနည်းက Window Media Player 12 ကို ထုတ်ပစ်ပြီး Window Media Player 11 ကိုပြန်ပြီး ထည့်ပြမယ့်နည်းလေးပါ..။ Window Media Player 12 ကို ထုတ်တာ ရိုးရိုးထုတ်လို့ မရပါဘူး..။ သူ့ဖိုင်တွေရှိတဲ့ နေရာတွေကို လိုက်ရှာပြီး ထုတ်ပစ်ပေးရပါမယ်..။ ဒါကြောင့် အဲ့လို အဲရာဖြစ်တဲ့သူများ အောက်ကပုံလေးတွေအတိုင်း လိုက်လုပ်ပေးလိုက်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။ တကယ်လို့ Player 11 မှာဖြစ်ရင် Player 10 ကိုယူပြီးထည့်ပါ..။ အောက်မှာ လင့်လေးတွေ ချိတ်ပေးလိုက်ပါတယ်..။ မိမိတို့အတွက် အဆင်ပြေမယ့် Player ကို ရှာပြီး အရင် ဒေါင်းယူလိုက်ပါဗျာ..

Windows 7 ISO x86 and x64 Official Direct Download Links


Windows7 ခွေလိုချင်နေတဲ့သူများအတွက် အဆင်ပြေအောင် ဒါရိုက်လင့်လေးတွေ ရှာတွေ့ထားလို့ ပြန်လည်မျှဝေလိုက်ပါတယ်..။ မိမိတို့နှစ်သက်ရာကို ရွေးပြီး ဒေါင်းယူနိုင်ပါတယ်..။ Windows7 မူရင်းဆိုဒ်ကနေ ဒေါင်းယူလို့ရမှာ ဖြစ်တဲ့အတွက် အောက်ကလင့်လေးတွေကို ရွေးပြီး တချက်စီ ကလစ်ပေးလိုက်ရုံပါပဲ..။ ဒီဖိုင်လေးတွေကို ISO ဖိုင်လေးတွေနဲ့ ရလာမှာဖြစ်ပြီး.. ဒေါင်းယူပြီးသွားတဲ့အခါ မိမိတို့စက်ထဲမှာ DVD အလွတ်တခွေထည့် ဒီ ISO ဖိုင်လေးတွေကို ၂ချက်တောက်ပေးလိုက်တာနဲ့ မိမိတို့စက်ထဲမှာ ရှိနေတဲ့ Burning Tools တွေက အခွေကူးပေးပါလိမ့်မယ်..။ Boot တက်ဖို့အတွက် တခုသတိပြုရမှာက Burning Tool တွေမှာ ပါတတ်တဲ့ Verify Disc Data စာသားနေရာမှာ အမှန်ခြစ်လေးပေးပြီးမှ အခွေကူးဖို့ပါ..။ ဒီ Windows7 ISO ဖိုင်တွေကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ မိမိတို့ လိုချင်တဲ့ 32-bit , 64-bit ရွေးပြီး ဒေါင်းယူလိုက်ပါဗျာ..။ Windows7 တင်ပြီးတဲ့အခါ ဖူးဖြစ်အောင်လုပ်ဖို့အတွက် Windows Loader လေးပါ တင်ပေးလိုက်ပါတယ်..။ 

Internet Download Manager 6.12 Final Build 15

 Internet Download Manager 6.12 Final Build 15 က Update ထွက်နေတာ ရက်နည်းနည်းကြာနေပါပြီ.. ကျနော်လည်း လုပ်စရာလေးတွေ များနေလို့ ဒီ Update လေးကို သတိမထားမိခဲ့ဘူး..။ အခုဒီကောင်လေးအတွက် Patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ IDM ကို Update ပေးမိတဲ့သူများအတွက် အဆင်ပြေအောင် ဒီနောက်ဆုံးထွက် Update လေးကို တင်ပေးလိုက်ပါတယ်..။ Patch နဲ့ဖူးဖြစ်အောင် လုပ်နည်းကို  Internet Download Manager 6.12 Build 3 ပိုစ့်မှာ ရှင်းပြ၊ လုပ်ပြထားပါတယ်..။ မသိသေးတဲ့သူများ အဲဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ ဒီ Update လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.5 MB ရှိပါတယ်..။

ကျနော့် Blog ရဲ့ Button လေးတွေပါ


Lwinminbo




Lwinminbo




Lwinminbo



Saw Kyaw; 3 September 2012 01:35
အတော်လေးကောင်းပါတယ်ဗျာ PDF ဖိုင်လေးနဲ့ ဒေါင်းပြီး ဖတ်လို့ရအောင်လုပ်ထားပေးပါလား။ နောက်တခုက ဒီဆိုက်ကို ညွှန်းချင်ရငါ သူများတွေလို ( မိမိဆိုက်ကို ညွှန်ရန်) ဆိုတာလေးကို ဆိုက်ညာဘက်မှာ ထညိ့်ထားပေးပါလား ကျနော့်ဆိုက်မှာညွှန်းထားချင်လို့ပါဗျာ။
လေးစားစွာဖြင့်
စောကျော်ဦး
ဒီ Comment လေးက Blogger လူသစ်များအတွက် မသိမဖြစ် Blog အသုံးပြုနည်းများ ပိုစ့်မှာ ရေးထားခဲ့တဲ့ Comment လေးပါ..။ အဲဒီပိုစ့်ကို အဲဒီနေ့ကတည်းက တခါတည်း PDF ဖိုင်နဲ့ ထုတ်ပေးထားခဲ့ပါတယ်..။ ဒေါင်းယူလိုက်ရုံပါပဲ..။
အရင်တုန်းက သူငယ်ချင်းတစ်ယောက်လည်း ဒါမျို Button လေးတွေ လုပ်ထားပေးဖို့ တောင်းဆိုဖူးပါတယ်..။ အဲ့တုန်းကတော့ စာရေးဖို့လောက်ပဲ စိတ်ကများနေလို့ ဒီ Button လေးတွေ ဖန်တီးဖို့ စိတ်မပါခဲ့ပါဘူး.. အခု အစ်ကိုစောကျော်ဦးက တောင်းဆိုလာလို့ ကျနော့်ဆိုဒ်လေးကို ညွှန်းချင်တဲ့ တခြား Blogger တွေလည်းရှိခဲ့ရင် အဆင်ပြေအောင် ဒီ Button လေးတွေကို ဖန်တီးခဲ့တာပါ..။ နောက်တခုက ဒီ Button လေးတွေကို လုပ်ခဲ့တာ ကျနော်နာမည်ကြီးချင်လို့ မဟုတ်ပါဘူး..။ ကြွားဝါချင်တဲ့စိတ်လည်း နည်းနည်းမှ မရှိခဲ့ပါဘူး..။ ကွန်ပျူတာကို မကိုင်တတ်သေးတဲ့သူတောင်၊ မသုံးတတ်သေးတဲ့သူတောင် ကျနော့် Blog လေးထဲက အသုံးပြုနည်းလေးတွေနဲ့ နေ့စဉ်လေ့ကျင့်သွားမယ်ဆိုရင် မကြာခင်မှာ ကွန်ပျူတာကို ဆရာကြီးအဆင့်မဟုတ်ရင်တောင် ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်လိမ့်မယ်ဆိုတာ ကျနော်လုံးဝ ယုံကြည်ပါတယ်..။ ဒါကြောင့် ကွန်ပျူတာ အခြေခံနည်းပညာများ ပြန့်ပွါးရေးအတွက်.. မြန်မာပြည်သားတိုင်း ကွန်ပျူတာ အသုံးပြုတတ်ဖို့အတွက် ရည်ရွယ်ပြီး ကျနော့် Blog ရဲ့ ဒီ Button လေးတွေကို ဖန်တီးခဲ့တာပါ..။

အဆင်သင့်သုံး Photoshop PSD Template ဖိုင်များ


My miscellaneous blog; 28 June 2012 02:26
အကိုရေ အဆင်သင့်သုံး အစားထိုးစရာ Photoshop PSD File Software လေး များရှိရင် တင်ပေးပါလား ဘယ်မှာ မှ ရှာ မရလို့ပါ ဗျာ..
ဒီ Comment လေးကတော့ နည်းနည်းတော့ ကြာနေပါပြီ.. အရင် Photoshop CS6 မှာရေးထားခဲ့တဲ့ Comment လေးကို သတိရတိုင်း ဒီ PSD Template တွေကို ပြန်ပြန်ရှာနေမိပါတယ်..။ ဒီဖိုင်လေးတွေကို ရထားတာ မကြာသေးပါဘူး..။ ကျနော်စမ်းသုံးကြည့်ရင်း အဆင်ပြေတာလေးတွေကို ဖိုင်တခုချင်းစီ ခွဲပြီးတင်ပေးလိုက်ပါတယ်..။ ဒီ PSD ဖိုင်လေးတွေက မိမိတို့ရဲ့ပုံလေးတွေကို Photoshop နဲ့အစားထိုး ထည့်ပြီး စိတ်ကြိုက် ပြုပြင်ဖန်တီးယူလို့ ရပါတယ်..။ လိုတိုးပိုလျှော့ လုပ်ယူလို့ရတဲ့ အတွက် အားလုံးပဲ ကြိုက်ကြမယ်လို့ ထင်ပါတယ်..။ အဆင်သင့်သုံးရုံပါပဲ..။ ဒီမှာပြထားတဲ့ ပုံလေးတွေက ကျနော့်စက်မှာ ဖွင့်ကြည့်ပြီး ထွက်လာတဲ့ ပုံလေးတွေကို ဓါတ်ပုံရိုက် ပြန်တင်ပြပေးထားတာပါ..။ အခုဒီ ဖိုင်လေးတွေထဲမှာ အဲလို ဒီဇိုင်းလေးတွေ အများကြီးပါပါတယ်..။ နောက်တခုက ဒီဖိုင်တွေကို Photoshop Portable တွေနဲ့ ဖွင့်လို့ မရပါဘူး..။ မိမိတို့ရဲ့ စက်ထဲမှာ Setup ဖိုင်ကို Install ဆွဲထည့်ထားတဲ့.. Portable မဟုတ်တဲ့.. Photoshop CS6 နဲ့ ဖွင့်သုံးမှ ရပါတယ်.. အခုဒီမှာ တင်ပေးလိုက်တဲ့ ပုံတွေက ကျနော့်စက်မှာ Setup ဖိုင်ကို Install ဆွဲထည့်ထားတဲ့ Photoshop CS6 နဲ့ လုပ်ပြထားတဲ့ ပုံတွေပါ.. ဒါတခုတော့ သတိပြုပါ..။ ဒီဖိုင်တွေ ဒေါင်းယူပြီးမှ သုံးလို့မရ ဖြစ်နေမှာစိုးလို့ ကြိုသတိပေးတာပါ..။ ပုံဒီဇိုင်းလေးတွေက အလန်းလေးတွေပါ.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ အားလုံးပေါင်း ဖိုင် ၁၄ခု တင်ပေးထားပါတယ်..။ ကြိုက်တာကိုသာ တခုချင်းစီ ဒေါင်းယူနိုင်ပါတယ်..။

On Screen Keyboard Portable


6 Sep 12, 10:08 PM
မိမိ: ကိုရေ မိမိ ကို တစ်ခုလောက်ကူညီပါလား on screen keyboard solfware လေး ခဏရှာပေးပါလား ..ုကီဘုတ်အလုပ်မလုပ်ဖြစ်နေလို့ ရလား ..
ရပါတယ်ဗျာ.. ခဏမဟုတ်ပါဘူး အမြဲတမ်းသုံးလို့ ရပါတယ်..။ လိုအပ်တဲ့ ဆော့ဖ်ဝဲလ်တွေ တောင်းနိုင်ပါတယ်.. ရှာလို့ရတာ၊ သုံးလို့ရတာဆိုရင် တင်ပေးသွားမှာပါ..။ ကျနော်ကိုယ်တိုင် အရင်စမ်းကြည့်ပြီး သုံးလို့မရတာကိုတော့ တင်မပေးပါဘူး..။  တချို့ဆော့ဖ်ဝဲတွေက ရှာလို့ရတယ်..။ သုံးလို့မရတာတွေ အများကြီးရှိပါတယ်..။ ဒါကြောင့် လိုချင်တာတွေ၊ ဆော့ဖ်ဝဲလ်တွေ တောင်းတဲ့အခါ ဒီတစ်ယောက်လို ဆော့ဖ်ဝဲလ်နာမည်လေး ရေးပြီး တောင်းကြပါလို့.. ရှာရတာလည်း အဆင်ပြေတယ်..။ အချိန်ကုန်လည်း သက်သာလို့ပါ..။ 
ဒီ On Screen Keyboard က အမှန်တော့ ဆော့ဝဲလ်မလိုပါဘူး..။ မိမိတို့ စက်ထဲ၊ ဝင်းဒိုးထဲမှာ ရှိပြီးသားပါ..။ မသိကြတာနဲ့ ထုတ်မသုံးတတ်ကြလို့သာ အခက်တွေ့နေကြတာ.. အခုဒီကောင်လေးထဲမှာ Portable လေးအပြင်၊ ဝင်းဒိုးထဲက Screen Keyboard ကို အလွယ်တကူ ထုတ်သုံးလို့ရအောင် Windows Batch File လေးတခုပါ အပိုထည့်ပေးလိုက်ပါတယ်..။ အဲဒီဖိုင်လေးကို ၂ချက်တောက်လိုက်ရင် ဘောက်စ်တခု ထွက်လာပြီး ခဏနေရင် ဝင်းဒိုးထဲက Screen Keyboard ပေါ်လာပါလိမ့်မယ်..။ အောက်မှာ ပုံလေးနဲ့ ကျနော်ပြထားပေးပါတယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။ နောက် Portable လေးကတော့ ၂ချက်တောက်လိုက်ယုံပါပဲ..။ သူ့ရဲ့ Keyboard အသေးလေး ထွက်ပေါ်လာပါလိမ့်မယ်..။ ၂မျိုးစလုံး အသုံးပြုလို့ ရပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 1.6 MB ရှိပါတယ်..။

ProShow Gold 4.5.2

 ဒီိကောင်လေးက အရင်တင်ပေးထားတဲ့ ProShow Gold 5.0 ကို အသုံးပြုရတာ သိပ်အဆင်မပြေဘူးလို့ ပြောလာတဲ့သူရှိလို့ ဒီဗါးရှင်းလေးကို ထပ်တင်ပေးလိုက်တာပါ..။ သူ့အတွက် Key လေးအပြင် Kengen လေးပါ လိုလိုမယ်မယ် ထည့်ပေးထားပါတယ်..။ အသုံးပြုနည်းကိုတော့ အရင် ProShow Gold 5.0 ပိုစ့်မှာ Video ဖိုင်တွေကြည့်လို့ ရအောင် လုပ်ပေးထားပါတယ်..။ ဒါကြောင့် မသုံးတတ်သေးတဲ့သူများ အဲဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ အခုဒီကောင်လေးကို Key ထည့်ပြထားတဲ့ ပုံလေးတွေ အောက်မှာ တင်ပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 28.1 MB ရှိပါတယ်..။ 

World Of Fantasies Animated Wallpaper


ဒီလို Animated Wallpaper လေးတွေကို ကျနော်မတင်ပေးဖူးသေးပါဘူး..။ ဒီကောင်လေးကတော့ အတော်လေးလန်းတယ်ဗျ.. Install ဆွဲထည့်ပေးလိုက်တာနဲ့ မိမိတို့ရဲ့ Desktop ပေါ်မှာ လှုပ်ရှားနေပါလိမ့်မယ်..။ မောက်စ်ကို ဘယ်လိုပဲ ကိုင်ကိုင်ဒီ Wallpaper လေးက ရပ်မသွားပါဘူး..။ သူ့ထဲမှာပါတဲ့ လိပ်ပြာလေးတွေ၊ ရေလှိုင်းလေးတွေက အမြဲတမ်းလှုပ်ရှားနေတော့ တကယ်ကြည့်လို့ ကောင်းပါတယ်..။ ဒီကောင်လေးကို ကျနော်ရှာထားတာမဟုတ်ပါဘူး..။ ဆရာသမားဆီ ရောက်တုန်းက သူ့စက်မှာ တင်ထားတာလေး ကြည့်ရင်းနဲ့ အတော်လန်းလို့ တောင်းလာတာလေးပါ..။ ဒီနေ့ထိ ကျနော့်ဆိုဒ်မှာ Wallpaper တို့ ၊ Screen Saver တို့ တောင်းတဲ့လူ မရှိသေးပါဘူး..။ ကျနော်လည်း ဒါလေးတွေ တင်ပေးဖို့ သတိမရဖြစ်နေတာ.. ဒီနေ့တော့ ဒီ Wallpaper လေးကို အရင်ဆုံးတင်ပေးလိုက်ပါတယ်..။ Screen Saver လေးတွေ ရလာရင်လည်း ထပ်တင်ပေးသွားပါအုန်းမယ်..။ ဒီကောင်လေးကို သဘောကျတဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 12.6 MB ရှိပါတယ်.. အောက်မှာလည်း ပုံလေး၂ပုံ နမူနာပြပေးလိုက်ပါတယ်..။

Windows XP မှာ Shut Down ကိုမြန်စေဖို့


2 Sep 12, 10:54 AM
kyaw soe oo:  အကိုရေ window xp မှာshutdown ချတာ အရမ်းကြာနေလိုနည်းလေးရှိရင်မျှဝေပါအုံး ကျေးဇူးတင်ပါတယ်
ဒီနည်းလေးက Windows7 မှာ လုပ်တာနဲ့ တူပါတယ်..။ နည်းနည်းတော့ လွဲတယ်..။ Windows XP အသုံးပြုသူများအတွက် Shutdown ချတာ မြန်စေမယ့်.. အဆင်ပြေစေမယ့် နည်းလေးပါပဲ..။ ဟိုးအရင်တုန်းက Windows XP အသုံးပြုခဲ့တဲ့ အချိန်တုန်းက သုံးခဲ့တဲ့ နည်းလေးကို ပြန်လည် မျှဝေလိုက်ပါတယ်..။ နောက်ပိုင်းတော့ ဒီလို လုပ်နည်းကိုင်နည်းလေးတွေကို ဆော့ဖ်ဝဲလ်တွေနဲ့ တလှည့်စီ  တင်ပေးသွားဖို့ ရှိပါတယ်..။ လိုအပ်တာတွေကိုလည်း တောင်းနိုင်ပါတယ်..။ ကျနော်သိတာ၊ လုပ်တတ်တာဆိုရင် ပြန်လည် မျှဝေသွားပါမယ်..။ မသိသေးတာ၊ မလုပ်တတ်သေးတာတွေလည်း ရှိနေသေးတော့ မေးထားတဲ့ မေးခွန်းတွေကို ပြန်အဖြေမပေးနိုင်တာ နားလည်ပေးကြပါဗျာ..။ အခုတော့ ဒီ Windows XP မှာ Shutdown မြန်စေမယ့် နည်းလေးကို စလိုက်ကြရအောင်..။  အရင်ဆုံး ကီးဘုတ်မှ Windows Logo + R နဲ့ Run ဘောက်စ်ကိုဖွင့်ပါ..။ အဲ့ထဲမှာ regedit လို့ ရိုက်ထည့်ပါ..။

Yamicsoft Windows7 Manager 4.1.3 and Microsoft .Net Framework 4.0.30319



ဒီဗါးရှင်းအသစ်လေးကို တင်ပေးချင်နေတာ.. စမ်းသပ်ကြည့်ရင်းနဲ့ လိုအပ်တာလေးတွေ များလာလို့ တခြား အသုံးတည့်မယ့်သူများပါ အဆင်ပြေအောင် ကျနော့်စက်မှာ ဖြစ်နေတဲ့ ပုံလေးတွေကို ဓါတ်ပုံလေးတွေ ရိုက်ပြီး ပြန်လည် ဖေါ်ပြပေးလိုက်ပါတယ်..။ ဒီ W7 manager ကို Install ဆွဲလို့ အဆင်ပြေပါတယ်..။ အဆင်မပြေတာက သူ့ထဲမှာ ပါလာတဲ့ Keygen က .Net FrameWork လိုအပ်နေလို့ ဖွင့်သုံးလို့ မရပါဘူး..။ ဒါကြောင့် ဒီကောင်လေးကို Google ကနေ အဲဒီနံပါတ်တွေ အတိုင်း လိုက်ရှာလိုက်တာ အတော်လေးကြာမှ အဆင်ပြေသွားပါတယ်..။ အောက်မှာ Windows7 Manager 4.1.3 နဲ့ .Net Frame Work ကို တခါတည်း တင်ပေးထားပါတယ်..။ တကယ်လို့ မိမိတို့ စက်မှာ .Net Frame Work က အပေါ်မှာ ပြထားတဲ့ နံပါတ်တွေနဲ့ မတူရင်တော့ Google မှာ စာရိုက်ပြီး အဲဒီနံပါတ်တွေ အတိုင်း လိုက်ရှာပါ..။ အောက်မှာ ကျနော် ရှာထားတာလေးကို ပြန်လည်ဖေါ်ပြပေးထားပါတယ်..။ အားလုံးအတွက် အဆင်ပြေအောင်လို့ပါ..။ အသုံးပြုချင်တဲ့ သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ W7 Manager ကတော့ 9.3 MB ရှိပါတယ်..။ .Net Framework ကတော့ 41 MB ရှိပါတယ်..။ တခုသတိပြုပါ.. သူ့ထဲမှာပါတဲ့ Keygen ကိုဖွင့်ပြီး Serial Key ကိုထည့်တဲ့ အခါမှာ Internet Connection ကို ခဏပိတ်ထားပြီးမှ ဖူးဖြစ်အောင်လုပ်ပါ..။ 

Internet Download Manager 6.12 Built 12


Internet Download Manager 6.12 Built 12 နောက်ဆုံးထွက် Update လေးထွက်လာလို့ တင်ပေးလိုက်ပါတယ်..။ အရင်ရက်က IDM 6.12 Built 11 ထွက်လာပါသေးတယ်..။ ၂ရက်ပဲခြားတယ် နောက်ထပ် Built 12 ထပ်ထွက်လာလို့ 11 ကို မတင်တော့ပဲ Built 12 ကိုတန်းတင်ပေးလိုက်ပါတယ်..။ ဒီ Update လေးထွက်နေတာ ၃ရက်လောက်ရှိသွားပါပြီ..။ ဒီကောင်လေးထဲမှာ ဖူးဖြစ်အောင် လုပ်ဖို့ Patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ Patch နဲ့ ဖူးဖြစ်အောင် မလုပ်တတ်သေးတဲ့ သူများကတော့ IDM 6.12 Built 3 ပိုစ့်မှာ ဖူးဖြစ်အောင် လုပ်ပြထားပါတယ်..။ လုပ်နည်းအတူတူပါပဲ.. ပြန်ကြည့်ပေးပါ..။ IDM ကို Update ပေးမိတဲ့သူများအတွက် အဆင်ပြေအောင် ဒီလိုနောက်ဆုံးထွက်လေးတွေကို တင်တင်ပေးနေတာပါ..။ ဒီ Update လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.4 MB ရှိပါတယ်..။

Adobe Photoshop CS6 Portable


ကျနော်အရင်တုန်းက တင်ပေးထားတဲ့ Photoshop CS6 Portable က အသုံးပြုလို့ မရတော့တဲ့ အတွက် နောက်ထပ်အသစ်ထပ်ရှာပြီး ထပ်တင်ပေးလိုက်ပါတယ်..။ သူ့ထဲမှုာ Camera Raw 7 Camera Profiles  နဲ့ Lens Profiles ဆိုပြီး Plug-in ၂ခုပေါင်းထည့် ပေးထားတာဖြစ်တဲ့ အတွက် ဖိုင်ဆိုဒ်တော့ နည်းနည်းများသွားပါတယ်..။ 32-bit ဝင်းဒိုးတွေအတွက်က 168 MB ရှိပြီး၊ 64-bit ဝင်းဒိုးတွေ အတွက်ကတော့ 307 MB ရှိပါတယ်..။ 64-bit အတွက် အပိုင်း ၆ပိုင်း ခွဲတင်ပေးထားပါတယ်..။ 32-bit အတွက်တော့ ဖိုင်တစ်ခုထဲပါပဲ..။ မိမိတို့ စက်ရဲ့ဝင်းဒိုးဗါးရှင်းအလိုက် ရွေးပြီး အောက်ကလင့်တွေကနေ ဒေါင်းယူကြပါဗျာ..။ ကျနော်သုံးကြည့်ပြီးပါပြီ.. ၂ခုစလုံး အဆင်ပြေပါတယ်..။ ကျနော့် Blog ရဲ့ Sidebar မှာ အသစ်ထည့်ထားတဲ့ စာလုံးတွေ အရောင်ပြောင်းအောင် Animation နဲ့လုပ်ထားတဲ့ စာတန်းလေးကို ဒီ  Photoshop CS6 Portable (64-bit) နဲ့ ဖန်တီးထားတာပါ..။ လိုအပ်တဲ့သူများ အောက်မှာယူလိုက်ပါဗျာ..

How To Use Photoshop 7.0 (မြန်မာလို)



Adobe Photoshop 7.0 ဆော့ဖ်ဝဲကို Upload တင်နေတာ Connection ကျနေလို့ တင်လို့မရသေးပါဘူး..။ Photoshop CS6 Portable နောက်တခု ထပ်ရထားပါပြီ..။ အရင်တုန်းက တင်ပေးထားခဲ့တဲ့ Photoshop CS6 Portable က အသုံးပြုလို့ မရတော့တဲ့ အတွက် နောက်တခု ထပ်တင်ပေးဖို့ပါ..။ Connection ကြောင့်ပဲ ကြာနေတာ.. ဒါကြောင့် ဒီစာအုပ်လေးကို သတိရလို့ Adobe Photoshop 7.0 ဆော့ဝဲ မတင်ခင် ဒါလေးကို အရင်တင်ပေးလိုက်ပါတယ်..။ နောက်ထပ် တောင်းထားကြတဲ့ DVD နဲ့ ပါတ်သက်တဲ့ ဆော့ဖ်ဝဲလေးတွေကိုလည်း စမ်းသုံးနေပါတယ်..။ အဆင်ပြေရင် တင်ပေးသွားမှာပါ.. ဒီစာအုပ်လေးကတော့ Photoshop အခြေခံလို့တောင် ပြောလို့ ရပါတယ်.. Photoshop ကို ဝါသနာပါတဲ့၊ သင်ယူဖို့ အခက်အခဲ ရှိနေတဲ့သူများအတွက် ဒီစာအုပ်လေးနဲ့တင် Photoshop ပညာရပ်ကို တတ်မြောက်သွားပါလိမ့်မယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေ ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 12.2 MB ရှိပါတယ်..

Photoshop CS Tools များအကြောင်း လေ့လာခြင်း

ဒီနေ့တော့ Photoshop စာအုပ်လေးတွေ တင်ပေးဖို့ စိတ်ကူးပေါ်လာလို့ ဒီတစ်အုပ်ကို အရင်တင် ပေးလိုက်ပါတယ်..။ Photoshop CS Tools များအကြောင်းကို လေ့လာချင်တဲ့ သူများအတွက် အဆင်ပြေမယ့် စာအုပ်ကောင်းလေး တအုပ်ပါ..။ CS Tools တွေနဲ့ ပါတ်သက်လို့ အတော်လေး စုံပါတယ်..။ အသုံးပြုပုံလေးတွေကို ပုံလေးတွေနဲ့ပါ ပြပေးထားတာ တွေ့ရပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 8.4 MB ရှိပါတယ်..။
Related Posts Plugin for WordPress, Blogger...