Nitro PDF Reader 3.1.1.12 Final


Nitro PDF Reader 3.1.1.12 လေးက နောက်ဆုံးထွက် Final ဖရီးဗါးရှင်းလေးပါ..။ ကျနော်တို့ စာအုပ်ဖိုင်လေးတွေကို အလွယ်တကူ ဖတ်နိုင်ဖို့ဆိုရင် ဒီကောင်လေးနဲ့လည်း အဆင်ပြေပါတယ်..။ ဝင်းဒိုး ဗါးရှင်း 32-bit နဲ့ 64-bit အတွက်ဆိုပြီး ၂မျိုးခွဲတင်ပေးထားပါတယ်..။ မိမိတို့စက်ရဲ့ ဝင်းဒိုးဗါးရှင်းအလိုက် ဒီဖိုင်တွေကို ရွေးပြီး ဒေါင်းယူရမှာပါ..။ မိမိတို့ အသုံးပြုနေတဲ့ ဝင်းဒိုးဗါးရှင်းဟာ 32-bit လား၊ 64-bit လား ဆိုတာကို သေချာမကြည့်တတ်သေးတဲ့ သူများအတွက် အောက်မှာ ဝင်းဒိုးဗါးရှင်း ကြည့်တတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီ Nitro PDF Reader လေးမှာ တခြား Reader တွေထက် ပိုသာတာတခုက PDF ဖိုင်ကနေ ဓါတ်ပုံသပ်သပ် Convert လုပ်ပြီး ထုတ်ပေးနိုင်သလို ၊ စာသပ်သပ်လည်းပဲ Convert လုပ်ယူနိုင်ပါတယ်..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် ဒီ Install ဖိုင်ထဲမှာ User Guide ပါသလို ၊ စပြီးအသုံးပြုတဲ့အချိန်မှာလည်း Intro ကို Video ဖိုင်လေးနဲ့ ကြည့်လို့ရပါသေးတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ 32-bit အတွက်က 26 MB ရှိပြီး.. 64-bit အတွက်ကတော့ 34 MB ရှိပါတယ်..။ 

ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့လိပ်စာ http://lwinminbo.blogspot.com/ ပါ..။ 


အရင်ဆုံး မိမိတို့ရဲ့ ဝင်းဒိုးဟာ ဘာဗါးရှင်းလည်း ဆိုတာ ကြည့်တတ်အောင် မသိသေးတဲ့သူများကတော့ ဒီအောက်က ပုံလေးအတိုင်း Computer ပေါ်မှာ Right Click >> Properties ကို နှိပ်လိုက်ရင်.. ဒီအောက်က ဒုတိယပုံအတိုင်း ပေါ်လာပါလိမ့်မယ်..။ အဲ့ဒီမှာ ၃၂ဝင်းဒိုးတွေမှာ 32-bit လို့ပြထားမှာ ဖြစ်ပြီး ၊ ၆၄ဝင်းဒိုးတွေမှာတော့ 64-bit လို့ ပြထားပါလိမ့်မယ်..။ မိမိတို့ ဝင်းဒိုးဗါးရှင်းအလိုက် ဒီဖိုင်ကို ဒေါင်းယူလိုက်ပါဗျာ..။ ဗါးရှင်းတူမှ အသုံးပြုလို့ ရမှာပါ..။ 



ဒီကောင်လေးကို Install ထည့်ပြီးသွားရင်တော့ အမှန်ခြစ်လေးပေးပြီး Finish ပေးလိုက်ပါတယ်..။



နောက်ထပ်ပေါ်လာတဲ့ ဘောက်စ်လေးထဲမှာ အပေါ်ပုံလေးအတိုင်း အမှန်ခြစ်ဖြုတ်ပြီး Set Default Programs.. ကို ကလစ်ပေးလိုက်ပါတယ်..။ ပြီးရင်တော့ အောက်ကပုံလေး အတိုင်း ဆက်လုပ်ပေးလိုက်ပါတယ်..။


အောက်ကပုံကတော့ ကျနော့်စက်ထဲမှာ ရှိတဲ့ PDF တခုကို ၂ချက်တောက်ပြီး ဖွင့်လိုက်ပါတယ်..။


အင်တာနက်လိုင်းရှိရင်တော့ ဒီအောက်ကပုံအတိုင်း Video ဖိုင်လေးကို ကြည့်လို့ ရပါတယ်..။


အောက်ဆုံးပုံရဲ့ မီနူးဘားတန်းက Create/convert နေရာတွေမှာ PDF ဖိုင်ထဲကနေ ဓါတ်ပုံတွေ ၊ စာတွေကို ပြောင်းယူလို့ ရမှာ ဖြစ်ပါတယ်..။ ဖိုင်တွေကို PDF ပြောင်းချင်တယ်ဆိုရင်တော့ Create from File နေရာကို ကလစ်ပြီး ပြုလုပ်ရမှာပါ..။ အဲ့ဒီအပိုင်းတွေကို အသုံးပြုချင်တယ်ဆိုရင်တော့ မိမိတို့ကိုယ်တိုင် တခုချင်းစီ လေ့လာကြည့်ပါဗျာ..။ ဒီပိုစ့်မှာတော့ PDF တွေကို ဖွင့်ဖတ်လို့ ရအောင်ပဲ လုပ်ပြပေးထားပါတယ်..။ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Foxit Reader လိုပဲ စာရွက်တွေကို လက်ပုံလေးနဲ့  အပေါ်အောက် အလွယ်တကူ ဆွဲယူလို့ ရမှာ ဖြစ်ပါတယ်..။ 


ဒါဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုလို့ ရသွားပါပြီ..။

1 comment:

Related Posts Plugin for WordPress, Blogger...