Nitro PDF Reader Pro Enterprise 8.1.1.12 Final



ဒီကောင်လေးက ဟိုတနေ့က တင်ပေးလိုက်တဲ့ Nitro PDF Reader 3.1.1.12 ဖရီးဗါးရှင်းလေးထက် ပိုပြီး  အသုံးပြုရတာ စုံလင်ပါတယ်..။ ဒီဗါးရှင်းလေးကလည်း Nitro PDF Reader Pro Enterprise 8.1.1.12 Final ဗါးရှင်းလေးပါ..။ ဖရီးမဟုတ်တဲ့ ဝယ်သုံးရတဲ့ ဗါးရှင်းလေး..။ သူ့အတွက် ကီးတွေက ကျနော်သုံးတဲ့ Windows 8 မှာတော့ Fake ကီးလေးတွေပဲ ဖြစ်နေပြီးတော့.. နောက် Windows 7 မှာကျတော့ ကီးအမှန်တွေ ဖြစ်နေပါတယ်..။  ဟိုတနေ့ကတည်းက ဖရီးဗါးရှင်းနဲ့အတူ တင်ပေးမလို့ပဲ Windows 8 မှာ သုံးလို့ရအောင်  ကီးအမှန်ကိုလိုက်ရှာရင်းနဲ့ ကြာနေတာ..။ နောက်တော့မှ Windows 8 မှာ ဒီကောင်လေးအတွက် .dll ဖိုင်တခုလိုနေလို့ ဒီကီးတွေကို လက်မခံတာဖြစ်နိုင်ပါတယ်လို့ စဉ်းစားမိပါတယ်..။ ကျနော်အသုံးပြုထားတဲ့ Windows 8 ရက်၉၀ ဗါးရှင်းအတွက်တော့ ဒီကီးတွေက တခါသုံးရင် တခါထည့်ပေးရပါတယ်..။ နောက်တခါပြန်သုံးရင် နောက်တခါ ကီးထပ်ထည့်ပေးရပါတယ်..။ အဲ့လိုနဲ့တော့ သုံးလို့ အဆင်ပြေပါတယ်..။ ဒီနေ့ Windows 7 မှာ သုံးကြည့်တော့ ဖူးဖြစ်နေပြန်ပါတယ်..။ W7 မှာတော့ ဒီKeyတွေ အားလုံးက .dll ဖိုင်စုံတဲ့အတွက် အမှန်တွေပါ..။ ဒီဗါးရှင်းလေးမှာ ဘာတွေပိုရလဲဆိုတော့ ကျနော်တို့ အတွက် PDF ဖိုင်ကနေ Microsoft Word, Exel, Power Point အပြင် PDF ဖိုင်ကနေ ပုံသက်သက်နဲ့ စာသက်သက်ပဲလည်း ပြန်ပြောင်းထုတ်ယူလို့ ရပါသေးတယ်..။ နောက်ပြီး PDF ဖိုင်တွေ ဖန်တီးတဲ့အခါမှာ Password ပေးချင်တဲ့သူများအတွက် ဒီဆော့ဝဲလ်လေးနဲ့ အဆင်ပြေပါတယ်..။ Pro ဗါးရှင်းဖြစ်တဲ့အတွက် သူ့ထဲမှာ အသုံးပြုလို့ ရတာတွေကတော့ အများကြီးပါပဲ..။ အောက်မှာ အသုံးပြုပုံတခုကို ပုံလေးနဲ့ပါ ပြပေးထားပါတယ်..။ ကျန်တဲ့ Convert ပြောင်းနည်းတွေကလည်း ဒီနည်းအတိုင်း အတူတူပါပဲ.. အရင်တုန်းက PDF ဖိုင်တွေကနေ အမျိုးမျိုးပြောင်းလို့ ရတဲ့ ဆော့ဝဲလ်လေးတွေ တခုပြီးတခု တင်ပေးခဲ့ဖူးပါတယ်..။ အဲ့ဒီဖိုင်တွေကို ဒေါင်းယူလို့ မရတော့တဲ့ သူများအတွက် ဒီကောင်လေးနဲ့ အားလုံးလိုလို ပြောင်းယူလို့ ရပါတယ်..။ 
နောက်တခုက အရင် လင့်တွေ ဝှက်ပြီးတင်ပေးခဲ့တဲ့ Tny Paste ဆိုဒ်ကလည်း ဒီရက်ထဲ ဒေါင်းလော့လင့်တွေကို ဝင်ယူလို့ မရတော့ပြန်ပါဘူး..။ ဒီဖိုင်ကို တင်ပေးထားတဲ့ Media ဖိုင်းယားဆိုဒ်ကလည်း ကျနော့်အကောင့်တခုကို ထပ်ပြီး ဖျက်ပစ်လိုက်ပြန်ပါတယ်..။ ဒါပါနဲ့ဆို ဖျက်ပစ်ခံရတာ အကောင့်၃ခုရှိပါပြီ..။  အဲ့ဒီအကောင့်ထဲမှာ တင်ပေးထားတာ ဒီဖိုင်လေးလည်း ပါပါတယ်..။ ဖိုင်တင်ထားတာ ၄၊၅ရက်လောက် ရှိနေပါပြီ..။ အခုဒီနေ့ ပိုစ့်တင်နေတုန်း ပြန်စမ်းကြည့်တော့ အဲ့ဒီအကောင့်ကို ပိတ်ပစ်လိုက်ပြန်ပါတယ်..။ အဲ့ဒီအကောင့်မှာ တင်ထားတဲ့ ဖိုင်တွေတော့ ပျက်ကုန်ပါပြီ..။ အဲ့ဒီဆိုဒ်မှာ နောက်ထပ် အကောင့်၂ခုကျန်ပါသေးတယ်..။ ဘယ်နေ့ ပိတ်ပစ်မလဲဆိုတာတော့ မသိသေးပါ..။ အခုတော့ တခြားဆိုဒ်မှာတင်ထားတဲ့ ဖိုင်လေးတွေကိုပဲ ပြန်ချိတ်ပေးလိုက်ပါတယ်..။ Tny စာမျက်နှာတော့ ဒေါင်းလော့လင့်တွေ ယူလို့မရတော့လို့ ကြားမှာ မထားတော့ပါဘူး..။ Adfly စာမျက်နှာကို ကျော်လိုက်ရင် ဒီဖိုင်ကိုဒေါင်းယူလို့ ရပါပြီ..။ အခုနောက်ပိုင်း ဖရီးမဟုတ်တဲ့ ဆော့ဝဲလ်တွေကို တင်နေကြအတိုင်း ဖရီးဆော့ဝဲလ်နာမည်နဲ့ပဲ ပြောင်းပြီးတင်ပေးထားပါတယ်..။ ဒါတောင် ခဏခဏအဖျက်ခံနေရလို့ လိုအပ်တဲ့သူများကတော့ အမြန်သာ ဒေါင်းယူထားလိုက်ပါဗျာ..။ ပြန်တင်ပေးဖို့လည်း Connection ကမကောင်းသေးတဲ့အတွက် အဆင်မပြေနိုင်သေးပါဘူး..။ ဒီဖိုင်လေးကို 32-bit နဲ့ 64-bit ဆိုပြီး ၂ခုခွဲပြီးတင်ပေးထားပါတယ်..။ ကျန်ခဲ့တဲ့ ပိုစ့်မှာတင်ပေးထားတဲ့ ဝင်းဒိုးဗါးရှင်းကြည့်နည်းအတိုင်း မသိသေးတဲ့သူများက ကြည့်ပြီး မိမိတို့ဝင်းဒိုးဗါးရှင်းနဲ့ အဆင်ပြေမယ့် ဖိုင်ကိုသာ ရွေးပြီး ဒေါင်းယူလိုက်ပါဗျာ..။ 

45.3 MB - 32-bit
Download Link 1st
Download Link 2nd

53.4 MB - 64-bit
Download Link 

ဒီကောင်လေးကို Windows 7 မှာ Trial Mode နဲ့ ဝင်ပြီးမှ အောက်ကပုံလေးအတိုင်း သူ့ရဲ့ ကီးတွေ ထည့်ပေးလိုက်ပါတယ်..။ W7 မှာတော့ ဒီကီးတွေက အမှန်တွေအဖြစ် အသုံးပြုလို့ ရပါတယ်..။


ပြီးတော့ ဒီကောင်လေးကို ပိတ်လိုက်ပါတယ်..။ ၂ချက်တောက်ပြန်ဖွင့်ကြည့်ပြီး အောက်ကပုံအတိုင်း သွားပြန်ကြည့်တော့ ဒီကီးတွေက အမှန်တွေပါ..။



အောက်ကပုံတွေကတော့ Windows 8 မှာ အသုံးပြုထားတာပါ..။ Install ထည့်ပြီး အောက်ကပုံလေးတွေအတိုင်း သွားပြီး သူ့ရဲ့ Key လေးထည့်ပေးလိုက်ရင် အသုံးပြုလို့ ရသွားပါပြီ..။



အောက်ကပုံကတော့ ကျနော် Windows 8 နဲ့ စမ်းပြထားတာပါ..။ ကျနော်အသုံးပြုနေတဲ့ Windows 8 ရက်၉၀ ၆၄ဗါးရှင်းမှာ ဒီလိုပုံနဲ့ ပေါ်လာပါတယ်..။ ဒါပေမယ့် Ok ပေးလိုက်ပါတယ်..။ အခုထည့်လိုက်တဲ့ ကီးတွေက ဒီ W8 ဗါးရှင်းမှာ Fake ကီးတွေ ဖြစ်ကုန်ပါတယ်..။ ဒီဆော့ဝဲလ်ကို ဒီ W8 နဲ့ တခါဖွင့်သုံးရင် တခါ ဒီကီးတွေကို ထည့်ပေးရပါတယ်..။ ဒါဆိုရင် ဒီကောင်လေးကို W8 မှာ ဖူးသုံးလို့ ရပါတယ်..။



ကီးတွေ ထည့်ပြီးတာနဲ့ အောက်ကပုံအတိုင်း ပေါ်လာရင် မိမိတို့ အသုံးပြုချင်တဲ့ Convert ကိုတခါတည်း ရွေးပြီး အသုံးပြုလို့ ရသွားပါပြီ..။



Close ပေးလိုက်ရင်တော့ အောက်ကပုံအတိုင်း တန်းပေါ်လာပါလိမ့်မယ်..။ ကျနော်ကတော့ အောက်ကပုံလေးတွေအတိုင်း လုပ်ပေးလိုက်ပါတယ်..။



ပြီးရင်တော့ အောက်ကပုံအတိုင်း File >> Open ကနေ ကျနော် Convert ပြောင်းချင်တဲ့ ဖိုင်ကို သွားယူလိုက်ပါတယ်..။



အောက်ကပုံအတိုင်း Other ကနေ To Plain Tex ဆိုတဲ့ စာသက်သက်ကိုပဲ ပြောင်းယူပါတယ်..။ အောက်ကပုံတွေအတိုင်း လုပ်ပေးလိုက်ပါတယ်..။



ပြောင်းထားပြီးသား ဖိုင်ကို ထုတ်ဖို့အတွက် နေရာကို အောက်ကပုံအတိုင်း Desktop ကို ရွေးပေးလိုက်ပါတယ်..။ ရှာရလွယ်အောင်လို့ပါ..။




ကျနော်ပြောင်းပြီးထုတ်လိုက်တဲ့ PDF ဖိုင်က စာသက်သက်ပဲ အောက်ကပုံတိုင်း Notepad လေးနဲ့ ထွက်လာပါပြီ..။ မြန်မာစာတွေ အဆီအငေါ်မတည့်ပေမယ့် ဒီကောင်လေးနဲ့ Convert ကို ကောင်းကောင်းအသုံးပြုလို့ ရသွားပါပြီ..။


ပြီးတော့ ဒီကောင်လေးကို ပိတ်လိုက်ပါတယ်..။ ပြန်ဖွင့်သုံးတော့ အောက်ကပုံအတိုင်း ကျနော်သုံးနေတဲ့ W8 မှာ ပေါ်လာပါတယ်..။ ဒါနဲ့ သူ့ကီးတွေ ထည့်ပေးလိုက်တော့ အောက်ဆုံးပုံတွေအတိုင်း ဖူးဖြစ်သွားပြန်ပါတယ်..။ W7 မှာတော့ သူ့ကီးကို တခါထည့်ယုံနဲ့ အမြဲတမ်း ဖူးသုံးလို့ ရသွားပါတယ်..။ W8 မှာတော့ .dll မစုံတဲ့ ပြဿနာကြောင့် ဒီကောင်လေးကို တခါဖွင့်တခါ ကီးထည့်ပေးရပါတယ်..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။ အားလုံးပဲ အဆင်ပြေကြပါစေ..။






1 comment:

  1. This website provide latest version mac software's and 100% real download provide, for more info visit website link is given below...

    Get Free Mac Softwares

    PDF Reader Pro for Mac

    ReplyDelete

Related Posts Plugin for WordPress, Blogger...