All-In-One - TeamViewer full version v8.0.16642


 ကျနော် ဒီဖရီးဗါးရှင်းလေးနဲ့ အသုံးပြုနေတာ တော်တော်ကြာနေပါပြီ..။ ကျနော်တို့ အင်တာနက်ကနေ မိမိတို့မိသားစု ကွန်ပျူတာကိုပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း ညီအစ်ကို မောင်နှမတွေရဲ့ ကွန်ပျူတာကိုပဲ ဖြစ်ဖြစ်၊ လှမ်းကြည့်ပေး ပြင်ပေးလို့ရတဲ့ ဆော့ဝဲလ်ကောင်းလေး တခုပါပဲ..။ ဒီကောင်လေးက အသုံးပြုလို့ ကောင်းတဲ့ Free ပေးသုံးတဲ့ ဖရီးဗါးရှင်းလေးပါ..။ မိမိတို့ စက်ထဲမှာ အရင်တုန်းက TeamViewer ဗါးရှင်းတွေ ရှိနေတယ်ဆိုရင် Uninstall နဲ့ထုတ်ပစ်ပြီးမှ ဒီဖရီးဗါးရှင်းကို ပြန်ထည့်သုံးပါ..။ နောက်ပိုင်း Update ပေါ်ခဲ့ရင် လုံးဝ Update မလုပ်ပါနဲ့..။ ဒီဗါးရှင်းလေးက အရမ်းသုံးလို့ ကောင်းလို့ပါ..။ ဖရီးဗါးရှင်း ဖြစ်တဲ့အတွက် Video Call တွေနဲ့ Chat တွေတော့ အသုံးပြုလို့ မရပါဘူး..။ ကျန်တာတွေအားလုံး ပေးသုံးပါတယ်..။ ကျနော်တို့ Video Call တွေနဲ့ Chat တွေကို VZO ၊ Gmail နဲ့ Gtalk တွေမှာ Free သုံးလို့ရတဲ့အတွက် ဒီကောင်လေးနဲ့ တွဲသုံးတဲ့အခါ အရမ်းလွယ်ကူပြီး အဆင်ပြေပြေ အသုံပြုလို့ ရသွားတာ ကျနော့် လက်တွေ့ပါ..။ ဒီကောင်လေးရဲ့ အသုံးပြုပုံကို အရင်ပိုစ့်တွေ ဖြစ်တဲ့ TeamViewer 8 Beta and TeamViewer 7 Portable နဲ့ TeamViewer Enterprise 7.0.14563 ပိုစ့်တွေမှာ ပြည့်စုံအောင် လုပ်ပြပေးထားပါတယ်..။ ဒီကောင်လေးကို အသုံးမပြုတတ်သေးတဲ့သူများ အဲ့ဒီပိုစ့်တွေမှာ လေ့လာကြည့်ပေးပါ..။ ဒီဖရီးဗါးရှင်းလေးကို Install ထည့်တဲ့နေရာမှာ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှု့လေးတွေ လုပ်တတ်ဖို့ကိုတော့ ကျနော်ဒီပိုစ့်ရဲ့ အောက်ပိုင်းမှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီဖရီးဗါးရှင်းလေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 5.5 MB ရှိပါတယ်..

ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..။




ဒီကောင်လေးကို Install ထည့်တဲ့အခါမှာတော့ အောက်ကပုံလေးတွေအတိုင်း ပေါ်လာတဲ့ နေရာတွေမှာ လိုက်ပြောင်းပေးလိုက်ပါ..။





Install ထည့်ပြီးတာနဲ့ အပေါ်က ပုံအတိုင်း ပေါ်လာရင် Password မထည့်ပဲ Cancel နဲ့ ထွက်လိုက်ပါ..။
Install ထည့်ပြီး အသုံးပြုတဲ့ အခါမှာတော့ အောက်ကစာသားအတိုင်း Free License စာသား ပေါ်နေပါလိမ့်မယ်..။ ဒါဆိုရင် ဒီကောင်လေးကို ကောင်းစွာအသုံပြုလို့ ရသွားပါပြီ..။


2 comments:

  1. ကျွန်​​တော်​​ဒေါင်းလို့မရဘူး ကူညီကြပါအုံး

    ReplyDelete
  2. ဟုတ်တယ်passwordတောင်းနေတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...