Wise Disk Cleaner 7.74.535


ဒီကောင်လေးက ဖိုင်ဆိုဒ်သေးသေးလေးနဲ့ အတော်လေး အသုံးဝင်တဲ့ ကောင်လေးပါ..။ မိမိတို့ကွန်ပျူတာ တခုလုံးကို အမှိုက်တွေရှင်းလင်း ပေးပြီး ၊ အသုံးမလိုတဲ့ ဖိုဒါအပိုတွေ၊ ဖိုင်အလွတ်တွေကို  ရှိသမျှ ဟတ်ဒစ်အပိုင်းတွေထဲမှာ လိုက်ရှာပြီး ခဏလေးနဲ့ ရှင်းလင်းပေးနိုင်ပါတယ်..။ ဝင်းဒိုးရဲ့ Registry အပိုင်းကိုလည်း ရှင်းလင်းပေးမှာ ဖြစ်လို့ ဒီကောင်လေးကို အသုံးပြုပြီးတိုင်း စက်ကို Restart ချပေးလိုက်ပါ..။ ဒီကောင်လေးရဲ့ တခြားအပိုင်းတွေမှာ အလုပ်လုပ်တာ မြန်ပေမယ့် Disk Defrag လုပ်တဲ့ အပိုင်းမှာတော့ နည်းနည်းကြာတတ်ပါတယ်..။ အဲ့ဒါကတော့ ဟတ်ဒစ်ထဲမှာရှိတဲ့ မိမိတို့ နေ့စဉ်သုံးနေတဲ့ ဖရိုဖယဲဖြစ်နေတဲ့ ဖိုင်တွေကို ဒီ Disk Defrag ဆိုတဲ့ အပိုင်းက တခုချင်းစီ လိုက်စီပေးနေရလို့ပါ..။ ဒီကြောင့်ဒီအပိုင်းကို အသုံးပြုတဲ့အခါမှာ မိမိတို့ တခြားလုပ်ချင်တာတွေ လုပ်နေလို့ ရပါတယ်..။ ဒီအပိုင်းကို လွှတ်ပေးထားလိုက်ပါ..။ သူ့အလိုလို အလုပ်လုပ်ပေးနေပါလိမ့်မယ်..။ အားလုံးအသုံးပြုပြီးရင်တော့ မိမိတို့ရဲ့စက်ကို Restart ချပေးလိုက်ပါ..။ စက်ပြန်တက်လာရင်တော့ ဟတ်ဒစ်ထဲမှာ မန်မိုရီအပို (နေရာလွတ်တွေ) ပိုထွက်လာပါလိမ့်မယ်..။ စက်ကလည်း အရင်ကထက် အသုံးပြုရတာ ပိုမြန်နေပါလိမ့်မယ်..။ ကိုယ်တိုင်အသုံပြုပြီးမှ သိမှာမို့ လက်တွေ့သာ လုပ်ကြည့်လိုက်ပါ..။ အသုံးမပြုတတ်သေးတဲ့ သူများအတွက် အောက်မှာ ပုံလေးတွေနဲ့ အစအဆုံးလုပ်ပြ ပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 2.4 MB ရှိပါတယ်..။ 
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..။


Install ထည့်ပြီးတဲ့အခါ အောက်ကအတိုင်း ရွေးပေးလိုက်ပါ..။


Start Scan နဲ့ စလုပ်ပါတယ်..။


အောက်ကပုံအတိုင်း လိမ္မော်ရောင် စာသားတွေနဲ့ ပေါ်လာရင် Start Cleaning ကို နှိပ်ပေးလိုက်ပါ..။



အပေါ်ပုံအတိုင်း ပေါ်လာရင် Yes ပေးလိုက်ပါ..။ အောက်ကပုံအတိုင်း အလုပ်လုပ်နေပါလိမ့်မယ်..။



အပေါ်ပုံအတိုင်း အမှန်ခြစ်လေးနဲ့ Completed စာသားပေါ်လာရင်တော့ တပိုင်းပြီးသွားပါပြီ..။ မီနူးဘားတန်းက Advanced Cleaner ကို ထပ်ကလစ်ပြီး နောက်တပိုင်းကို ထပ်လုပ်ပါတယ်..။ အောက်ကပုံအတိုင်း အမှန်ခြစ်တွေအားလုံးပေးပြီး Start Scan ကိုနှိပ်ပေးလိုက်ပါ..။



အောက်ကပုံအတိုင်း ပေါ်လာရင် Start Cleaning ကို နှိပ်ပေးလိုက်ပါ..။



အောက်ကပုံအတိုင်း Completed စာသားနဲ့ အမှန်ခြစ်ပေါ်လာရင်တော့ ဒုတိယ တပိုင်းလည်း ပြီးသွားပါပြီ..။ အောက်ကပုံမှာပြထားတဲ့ မီနူးဘားတန်းက Slimming System နေရာကို ထပ်နှိပ်ပါတယ်..။ 


အောက်ကပုံအတိုင်း Slimming Down ကိုနှိပ်လိုက်ရင်တော့ သူ့အလိုလို Restore Point တခုကို ဖန်တီးပေးပါလိမ့်မယ်..။ ဒါကတော့ ဒီဆော့ဝဲလ်ကို အသုံးပြီးလို့ စက်မှာ Error တွေအများကြီးပေါ်ခဲ့ရင် System Restore နဲ့ နောက်ပြန်သွားလို့ ရအောင်လို့ပါ..။ ခဏစောင့်ပေးလိုက်ပါ..။



ပြီးရင်တော့ Select All နဲ့ အားလုံးကို အမှန်ခြစ်ပေးလိုက်ပါ..။ ပြီးမှ အပေါ်ပုံမှာ ပြထားတဲ့အတိုင်း Slimming Down စာသားကို ထပ်နှိပ်ပေးလိုက်ပါ..။ အောက်ကပုံအတိုင်း အမှန်ခြစ်လေးနဲ့ Finished စာသားပေါ်လာရင်တော့ နောက်ဆုံးအဆင့်ဖြစ်တဲ့ Disk Defrag နေရာကို ထပ်ကလစ်လိုက်ပါ..။



အပေါ်ပုံမှာ ပြထားတဲ့အတိုင်း Full Optimization နဲ့ လုပ်ပေးပါ..။ ဒီအပိုင်းမှာ နည်းနည်းကြာမှာ ဖြစ်တဲ့အတွက် ဒီပရိုဂရမ်ကို လွှတ်ပေးထားပြီး တခြား လုပ်ချင်တာတွေကို လုပ်နေလို့ ရသွားပါပြီ..။


အပေါ်ပုံနဲ့ အောက်ကပုံအတိုင်း ဟတ်ဒစ်အပိုင်းတွေကို တခုချင်းစီး အလုပ်လုပ်ပေးပါလိမ့်မယ်..။ ပြီးသွားတဲ့ အပိုင်းတွေကို Optimized စာသားတွေ ပြနေပါလိမ့်မယ်..။


အပိုင်းအားလုံးပြီးသွားလို့ အပိုင်းအားလုံးမှာ Optimized စာသားတွေ ပေါ်လာပြီဆိုရင်တော့ ဒီကောင်လေး အလုပ်လုပ်တာ ပြီးဆုံးသွားပါပြီ..။ ဒါကြောင့် မိမိတို့ရဲ့ စက်ကို ဆော့ဝဲလ်တွေ Install မထည့်ပါနဲ့အုန်း Restart အရင် ချပေးလိုက်ပါ..။ စက်ပြန်ပွင့်လာရင်တော့ အရင်ကထက် ဟတ်ဒစ်မှာ မန်မိုရီအပိုတွေနဲ့ အသုံးပြုရတာ ပိုမြန်နေပါလိမ့်မယ်..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်သွားပါပြီ..။ အားလုံးပဲ အဆင်ပြေကြပါစေဗျာ..။

2 comments:

  1. ဒေါင်းလို့မရဘူးဗျာ ကူညီပါအုန်းကိုကြီဗိုလ်
    Password Required
    The paste you are trying to view (#92e5e719) has been password protected. Enter the correct password below to view it.

    ReplyDelete
    Replies
    1. ပါတ်စ်ဝါဒ့်တောင်းတာဖြစ်လို့ ဒီလင့်လေး ထည့်ပေးလိုက်ပါ.. http://lwinminbo.blogspot.com/ ရသွားပါလိမ့်မယ်.

      Delete

Related Posts Plugin for WordPress, Blogger...