Windows တွေအတွက် Microsoft ကပေးတဲ့ အကောင်းဆုံးဆေးတစ်ခွက် - SC Command

 Kolin Lin     28 January 2013     06:44
F8 ကို နှိပ်ပြီး Last Known Good Configuration ထဲကနေဝင်မှ ဝင်းဒိုးတက်တယ်. ခက်နေတာက Start Normal Window ကနေဝင်ရင် ဝင်းဒိုးမတက်ဘူး. အကိုပြောသလို နောက်ဆုံး Install ထည့်ခဲ့တဲ့ ဆော့ဝဲလ်၃၊၄ခုကို Uninstall နဲ့ ပြန်ထုတ်ပစ်လိုက်တယ်။ အဲလိုပဲ..CCleaner နဲ့ Advanced System Care လို System Tools တွေကို အသုံးပြုပြီးတဲ့အခါတိုင်း စက်ကို Restart မချပဲ တခြားဆော့ဝဲလ်တွေ ထပ်ပြီး Install ထည့်လိုက်မိတယ်။ ကျနော်က System Tools တွေသုံးပြိးတဲ့ အခါတိုင်းတစ်ခါမှ Restart မချမိဘူး. ကျနော် သိလိုက်တော့ နောက်ကျသွားပြီ။ 
လိမ်ဖယ်၊လိမ်ဖယ်နဲ့ ဒီနေ့ ကျနော့် Blog လေး တစ်နှစ်ပြည့်သွားခဲ့ပါပြီ..။ ဒီ Blog လေးစစချင်း ရည်ရွယ်ချက်ပိုစ့်လေးမှာ ပါခဲ့တဲ့၊ ရေးခဲ့တဲ့ သူငယ်ချင်းတောင် အခုဆိုရင် ဒီ Blog လေးကနေ ပညာတွေ တတ်သွားလို့ သူ့သူငယ်ချင်းတွေ ကြားမှာ ဆရာတစ်ယောက် ဖြစ်နေပြီ..။ ဒီ Blog လေးကနေ ပညာတွေ တတ်သွားတဲ့ တခြား သူငယ်ချင်းတွေလည်း မနည်းတော့ပါ..။ မသိတာနဲ့ သိပ်နားမလည်တဲ့ အပိုင်းတွေကို ကျနော့်ဆီမှာ ဆက်သွယ်ပြီး မေးလာကြလို့ သူတို့က ပိုအတတ်မြန်တာ ထင်ပါတယ်..။ ကျနော့် Blog လေး တစ်နှစ်ပြည့်အနေနဲ့ Windows တွေအားလုံးအတွက် ဆေးတစ်ခွက်လို့ ပြောလို့ရတဲ့ SC Command လေးနဲ့ ဝင်းဒိုးတွေကို ပြန်လည်ပြုပြင်၊ သို့မဟုတ် ပုံမှန်ထက် ပိုမိုသွက်လက်စေမယ့် နည်းလမ်းလေးကို ကွန်ပျူတာနဲ့ ဝင်းဒိုးသုံးစွဲသူတိုင်း မဖြစ်မနေ ဆောင်ထားသင့်တဲ့ ၊ သိထားသင့်တဲ့ နည်းလမ်းလေး တခုအဖြစ် ပြန်လည် မျှဝေလိုက်ပါတယ်..။ ဒီအပေါ်က Comment လေးကတော့ Startup Repair အသုံးပြုနည်း ပိုစ့်မှ ကို Kolin Lin  ရေးထားခဲ့တဲ့ စာသားတွေထဲက အနည်းငယ်ကို ဒီပိုစ့်နဲ့ သက်ဆိုင်တဲ့အတွက် ပြန်လည် ဖေါ်ပြပေးလိုက်တာပါ..။ ဒီအစ်ကိုလိုပဲ ကျနော်အရင်တုန်းက ကြုံဖူးခဲ့ပါတယ်..။ ဒီနည်းကို မသိခင်တုန်းကတော့ ခဏခဏဝင်းဒိုး အသစ်တင်ခဲ့ရပါတယ်..။ ဒီလိုမျိုး Error ကြောင့် ဝင်းဒိုးမတက်နိုင်တော့တဲ့အခါ - F8 ကို နှိပ်ပြီး Last Known Good Configuration ထဲကနေဝင်မှ ဝင်းဒိုးတက်တယ်. ဆိုရင် ဒီနည်းနဲ့ Sc Command တွေကို ရိုက်ထည့်ပေးလိုက်ရင် ဝင်းဒိုးပြန်ကောင်းသွားပါလိမ့်မယ်..။ ကျနော့်လက်တွေ့ ကျနော့်ဆရာဆီမှာ ကျနော့်စက်က ဒီလိုဖြစ်သွားတယ်ဆိုတာ ဆရာ့ကို ပြောပြတော့ ကျနော့်ဆရာက ဒီနည်းနဲ့ လုပ်ပေးလိုက်တာ Starting Windows ပြန်ကောင်းသွားပြီး ပုံမှန်အတိုင်း ဝင်းဒိုးပြန်တက် လာပါတယ်..။ ဒါကလည်း ဒီ Comment လေးကို တွေ့မှ ဒီပိုစ့်ကို တင်ပေးဖို့ သတိရပြီး၊ စိတ်ကူးပေါ်လာတာ..။ နောက်ပိုင်းတော့ System Tools တွေကို အသုံးပြုပြီးတိုင်း စက်ကို Restart ချပြီးမှ ဆက်အသုံးပြုခဲ့လို့ ဒီလို Starting Windows မတက်နိုင်တော့တဲ့ error တွေကနေ ကင်းဝေးခဲ့ပါတယ်..။ အခုပြောမယ့် ဒီနည်းလေးက အခုလက်ရှိ ဝင်းဒိုးကောင်းနေတဲ့ အချိန်မှာလည်း Sc Command တွေကို CMD ထဲမှာ ရိုက်ထည့်ပေးဖို့ လိုအပ်ပါတယ်..။ အဲ့လိုလုပ်ထားတဲ့ ဝင်းဒိုးတွေမှာ Error တွေနည်းပြီး ၊ ဝင်းဒိုးကြောင်တာ၊ ဝင်းဒိုးပျက်တာတွေ အတော်လေးနည်းသွားတာကို ကျနော့်လက်တွေ့ သိခဲ့ရပြီးပါပြီ..။ တော်ယုံ ဗိုင်းရပ်စ်ကြောင့် မဟုတ်ရင်၊ Error ကြီးကြီးမားမား မဖြစ်ရင် ဝင်းဒိုးက သွက်လက်ပြီး သုံးလို့ ကောင်းနေပါလိမ့်မယ်..။ Starting ဝင်းဒိုးမတက်နိုင်တော့တဲ့ စက်တွေမှာလည်း F8 နဲ့ Windows Repair ကနေ Last Known Good Configuration သို့မဟုတ် Safe Mode and Command Prompt ထဲကို ဝင်လို့ ရခဲ့မယ်ဆိုရင် ဒီ Sc Command တွေကို ရိုက်ထည့်ပေးလိုက်ရင် ဝင်းဒိုး Error တော်တော်များများကို ပြန်ကောင်းစေပါတယ်..။ 
ဒီနည်းက Microsoft ကပေးထားတဲ့ ဝင်းဒိုးပြုပြင်နည်းတွေထဲက တခုပါပဲ..။ အခုဒီနည်းကို လက်ရှိဝင်းဒိုးကောင်းနေတဲ့ အချိန်မှာကတည်းက လုပ်ပေးထားကြပါ..။ ဝင်းဒိုးထဲမှာ ရှိနေတဲ့ Setting တွေနဲ့ System အပိုင်းတွေကို အားလုံး ပုံမှန်အတိုင်း အလုပ်လုပ်နိုင်အောင် CMD ထဲကနေ ကွန်ပျူတာကို ပြန်ပြီး လုပ်ခိုင်းတာ ဖြစ်တဲ့အတွက် ဆော့ဝဲလ်တွေ သုံးစရာ မလိုတဲ့ အတော်လေး ကောင်းတဲ့ ၊ အသုံးဝင်တဲ့ နည်းလေးပါ..။ ဒီ Sc Command တွေအားလုံး ရိုက်ထည့်ပြီးသွားရင် စက်ကို Restart ချပေးလိုက်ပါ..။ အောက်မှာ ဒီ Sc Command တွေကို ရေးပေးထားပါတယ်..။ ဒီစာသားတွေကို မိမိတို့ဝင်းဒိုးရဲ့ Notepad မှာ copy-paste နဲ့ ကူးထည့်ပြီး သေချာ သိမ်းထားလိုက်ပါဗျာ..။ ကွန်ပျူတာဝိစ္စာလို့ ပြောရမယ့် PRO တစ်ယောက်ဖြစ်ချင်ရင်တော့ ဒီ Sc Command တွေနဲ့ နောက်ပိုင်း တင်ပေးမယ့် CMD အသုံးပြုနည်းတွေမှာ ပါလာမယ့် စာသားတွေကို အာဂုံဆောင် အလွှတ်ရအောင် ကျက်မှတ်ထားဖို့ လိုအပ်ပါတယ်..။ ရိုးရိုးအပျော်တမ်းသမား တွေနဲ့ နည်းပညာ လေ့လာလိုက်စားတဲ့ ဝါသနာရှင်တွေကတော့ ဒီစာသားတွေကို Notepad ကနေ copy-paste နဲ့ CMD လို့ခေါ်တဲ့ ဝင်းဒိုး Command Prompt ထဲမှာ ကူးထည့်ပြီး Enter ခေါက်သွားလိုက်ရင် အဆင်ပြေပါပြီ..။ Command Prompt မှာလည်း Internal Command Prompt နဲ့ External Command Prompt ဆိုပြီး ခွဲထားတာမို့ ဒီးနည်းကို Internal Command Prompt မှာပဲ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ ဝင်ဒိုးဆေးရဲ့ အာနိသင်ကို ရှင်းပြရင်း စာလည်း ရှည်သွားပြီမို့ ဆက်လက်ပြီး အသုံးပြုနည်းကို  အားလုံးပဲ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ အမှားမဖြစ်နိုင်တဲ့အတွက် ကွန်ပျူတာကိုင်တာ သိပ်မကျွမ်းကျင်သေးတဲ့သူများပါ အောက်ကပုံလေးတွေ အတိုင်း တခုချင်းစီ လုပ်ပေးနိုင်ပါတယ်..။ ဝင်းဒိုးတိုင်းမှာ လုပ်ရမှာ ဖြစ်တဲ့အတွက် အားလုံးပဲ ဆက်ကြည့်ပေးပါ..။

Sc Command - ဒီအောက်က စာသားတွေကို Notepad မှာ copy-paste နဲ့ မှတ်ထားလိုက်ပါ..။ ပြီးရင်တော့ အောက်ဆုံးက ပုံတွေအတိုင်း လုပ်ပေးပါ..။

sc
sc start
sc pause
sc interrogate
sc stop
sc config
sc description
sc failure
sc failureflag
sc sidtype
sc privs
sc qc
sc qdescription
sc qfailure
sc qfailureflag
sc qsidtype
sc qprivs
sc qtriggerinfo
sc qpreferrednode
sc delete
sc create
sc control
sc sdshow
sc sdset
sc showid

sc query
sc query eventlog
sc queryex eventlog
sc query type= driver
sc query type= service
sc query state= all
sc query bufsize= 50
sc query ri= 14
sc queryex group= ""
sc query type= interact
sc query type= driver group= NDIS
exit

အရင်ဆုံး ဒီအောက်က ပုံမှာ ပြထားတဲ့ အတိုင်း ကီးဘုတ်မှ Windows Logo + R နဲ့ Run Box ကို ဖွင့်လိုက်ပါ..။ ပေါ်လာတဲ့ Run မှာ cmd လို့ စာရိုက်ပြီး OK သို့မဟုတ် Enter ခေါက်လိုက်ပါ..။



ပထမဆုံး စာသားအနေနဲ့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း sc လို့ရေးပြီး Enter ခေါက်ပေးလိုက်ပါ..။


ဒုတိယ ပုံမှာ ပေါ်တဲ့အတိုင်း ပေါ်လာရင် Y ကီးကို နှိပ်ပေးလိုက်ပါ..။


ပြီးရင်တော့ အောက်ကပုံတွေ အတိုင်း Notepad နဲ့ မှတ်ထားတဲ့ Sc Command စာသားတွေကို တခုချင်းစီ စလက်ပေး >> Right Click >> copy ယူပြီး >> CMD ထဲမှာ Right Click >> paste နဲ့ ထည့်ပြီး Enter ခေါက်သွားလိုက်ပါ..။





အပေါ်စာတပိုဒ် ပြီးသွားရင်တော့ Notepad ထဲမှာ ကျန်နေတဲ့ အောက်ကစာတပိုဒ်ကိုပါ ဆက်ပြီး ရိုက်ထည့်ပေးပါ..။ အားလုံးပြီးသွားရင်တော့ Exit နဲ့ Enter ခေါက်ပြီး ထွက်လိုက်ပါ..။



Sc Command စာသားတွေ အားလုံးရိုက်ထည့်ပြီးလို့ Exit နဲ့ ထွက်ပြီးသွားရင် အောက်ကပုံအတိုင်း စက်ကို Restart ချပေးလိုက်ပါ..။ စက်ပြန်တက်လာရင်တော့ အရင်ကထက် ပိုမိုကောင်းမွန်ပြီး အသုံးပြုရတာ သွက်လက်မြန်ဆန်နေပါလိမ့်မယ်..။ သေချာပိုပြီး သိချင်တဲ့သူများကတော့ ဒီနည်းမသုံးခင် မိမိဝင်းဒိုးရဲ့ အနေအထားနဲ့ ဒီနည်းသုံးပြီးမှ ဝင်းဒိုးရဲ့ အနေအထားကို ယှဉ်ပြီး လေ့လာကြည့်ပါ..။ ထူးခြားချက်တွေကို တွေ့ရမှာ အသေအချာပါပဲ..။ အားလုံးပဲ ဝင်းဒိုးအယ်ရာကင်းရဲ့ ပျော်ရွှင် နိုင်ကြပါစေဗျာ..။



8 comments:

  1. အဆင်ပြေပါတယ်..တကယ့်ကိုကျေးဇူးတင်ပါတယ်...

    ReplyDelete
  2. ကျေးဇူးအရမ်းတင်တယ် အကိုလွင်မင်းဗိုလ်..................အဆင်ပြေပါစေ ဒီထက်အောင်မြင်ပါစေဗျာ

    ReplyDelete
  3. ကျနော်လည်း အခုတလော အလုပ်တွေ များနေတာ နဲ့ Computer And Net ကိုလည်း မလှည့်နိုင်ဘူး။ ဒီနေ့တော့ အချိန်ရတာနဲ့ စက်ဖွင့်ဖွင့်ချင်းပဲ အကိုရဲ့ Blog ကိုတစ်ခါတည်း ဝင်လိုက်တယ်။ ဘာတွေများအသစ်တင်လဲပေါ့...ဟဲ..ဟဲ...။
    ဟောတွေ့ပါပြီဗျာ..။ ကြားဖူးနေတာကြာပြီ..ဒါပေမယ်. တစ်ခါမှ ရှာလို့မတွေ့တော့ ကျနော်လဲ စိတ်ကိုရှော့လိုက်ရတယ်။
    ကျနော် Window Error ဖြစ်တုန်းက ဒီ Post လေးသာ အစောကြီးကတည်းက ရမယ်ဆိုရင် အရမ်းကောင်းမှာပဲနော်....။
    Window လဲအသစ်ပြန်တင်စရာမလိုတော့ဘူး။ အခုလို ဆရာလွင်မင်းဗိုလ် Blog လေးက ရတဲ့ နည်းပညာပိုင်းတွေကို လေ့
    လာခွင့်ရတဲ့ အတွက်ကြောင့် ကျနော်လဲ အရင်ထက် ကိုတိုးတက်လာပြီလို့ ပြောချင်ပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း
    ဆရာလွင်မင်းဗိုလ် ကိုအရမ်းကျေးဇူးတင်ပါတယ်။
    ဟုတ်ပါတယ် ဆရာလွင်မင်းဗိုလ် ပြောသလိုပါပဲ အခုဆိုရင် စက်ကအရမ်းကိုပေါ့သွား မြန်ဆန်လာတယ်။
    အမှန်အတိုင်းပြောရင် Online ပေါ်ကဆရာကောင်းဆိုတာ ဆရာလွင်မင်းဗိုလ် တစ်ယောက်တည်းရှိတာပါ..။ကျနော်က မြန်မာပြည်မှာလို ကွန်ပျူတာနည်း ပညာပိုင်းတွေကို စိတ်ကြိုက်
    လေ့လာသင်ယူခွင့် အချိန်မရလို့ပါ။ အလုပ်ကတစ်ဖက် ပညာတစ်ဖက်ရှာနေရလို့ပါ။
    ဆရာလွင်မင်းဗိုလ် ရဲ့ Blog လေးတစ်နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် ဒီထက်မကအောင်မြင်ပါစေ..။
    နည်းပညာပိုင်းတွေ ဒီထက်မက အောင်မြင်တိုးတက်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း
    ကိုလင်းလင်း
    Bangkok. Thailand....

    ReplyDelete
  4. Blog တစ်နှစ်ပြည့်မှ နောင်နှစ်ပေါင်းများစွား နည်းပညာဖြန့်ဝေနိုင်ပါစေခင်ဗျာ.... အစ်ကိုရေ...တကယ်လို့ဖြစ်နိုင်ရင်... SC command တွေရဲ့အဓိပ္ပယ်လေးတွေကို တစ်ခုချင်းသိချင်ပါတယ်ခင်ဗျာ.... ခုက .... အစ်ကိုလုပ်ဆိုလိုသာလုပ်ရတာ.... ဘာမှ နားမလည်းဘူးဖြစ်နေတယ်.... ဘယ် command က ဘယ်လိုအကျိုးသက်ရောက်တယ်ဆိုတာကိုဖြစ်နိုင်ရင် ရှင်းပြပေးစေချင်ပါတယ်ခင်ဗျာ..... သက်သက်အလုပ်ရှုပ်တယ်လို့တော့မထင်ပါနဲ့ခင်ဗျာ... တကယ်သိချင်နေမိတာပါ...

    ReplyDelete
  5. ကျေးဇူးတင်ပါတယ်....ကိုလွင်
    ယခင်ကထက်ပိုမြန်သွားပါတယ် ...ပိုမိုပြီး အသိပညာတိုးတက်ပါစေဗျာ။

    ReplyDelete
  6. အစ်ကိုရေကျေးဇူးအများကြီးတင်ပါတယ်ဗျာ အစ်ကို.ဆုဒ်ကနေကျွန်တော်တို.ဗဟုသုတအများကြီး၇ပါတယ်အထူးသဖြင်.ကျွန်တော်တို.လိုအခြေခံသမားတွေအတွက်ပေါ.ကျန်းမာချမ်းသာပါစေဗျာ

    ReplyDelete
  7. အကို ကျေးဇူးတင်ပါတယ်....

    ReplyDelete
  8. အရမ်း​ကောင်းပါတယ်​ဆရာ ​ကျေးဇူးပါ​နော်​ ဒီ့ထက်​​အောင်​မြင်​ပါ​စေ

    ReplyDelete

Related Posts Plugin for WordPress, Blogger...