Photoshop ဖြင့် ပုံနှင့်စာလုံးများ၏ နောက်ခံအကြည်လွှာများ (Transparent) ဖန်တီးခြင်း

ဒီပိုစ့်ကတော့ Photoshop လေ့ကျင့်ခန်းနဲ့မတူပါဘူး..။ လုပ်နည်းလေးတခုပါ..။ မိမိတို့ရဲ့ ပုံလေးတွေနဲ့ စာလုံးဒီဇိုင်းတွေကို Transparent လို့ခေါ်တဲ့ နောက်ခံအကြည်လွှာလေးတွေနဲ့ ဖန်တီးတတ်အောင် လုပ်ပြပေးထားတဲ့ လုပ်နည်းပိုစ့်လေးပါ..။ အရင်တုန်းကလည်း မေးထားခဲ့ဖူးတဲ့ လူများရှိခဲ့လို့ ဒီနေ့ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ..။ လုပ်နည်းက လွယ်ပါတယ်..။ ဒီနည်းနဲ့ Photoshop ကို အသုံးပြုပြီး မိမိတို့ရဲ့ ပုံလေးတွေနဲ့ စာလုံးဒီဇိုင်းတွေကို သိမ်းထားမယ်ဆိုရင် တခါဖြတ်၊ တခါဖန်တီးထားယုံနဲ့ နောက်ပိုင်း ပြန်ပြင်စရာ၊ ပြန်ဖြတ်စရာမလိုပဲ ၊ လိုသလို အလွယ်တကူ ယူသုံးလို့ ရမှာ ဖြစ်ပါတယ်..။ ဘယ်ပုံပေါ်ကိုပဲ တင်တင်၊ Web (or) Blog ပေါ်ကိုပဲ တင်တင် ပြန်လည်ပြုပြင်စရာ မလိုတော့ပဲ တခါတည်း အဆင်ပြေစေမယ့် နည်းလေးပါ..။ ဓါတ်ပုံအရောင်အတိုင်း ၊ Blog/Web အရောင်အတိုင်း စာလုံး(သို့)ပုံရဲ့ နောက်မှာ ပေါ်နေမှာ ဖြစ်ပါတယ်..။  ဒါကြောင့်ဒီနည်းလေးကလည်း လွယ်ကူပြီး အသုံးဝင်တဲ့ နည်းလေးတခုမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ Transparent နဲ့ ပုံတို့စာလုံးတို့ကို ဖန်တီးတတ်ချင်တဲ့သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ နောက်ပြီး အရင်တုန်းက ကျနော်တင်ပေးခဲ့တဲ့ Photoshop လေ့ကျင့်ခန်းလေးတွေကိုလည်း PDF ဖိုင်နဲ့သိမ်းထားခဲ့လို့ ဒီပိုစ့်နဲ့ အတူ ပြန်လည်တင်ပေးလိုက်ပါတယ်..။ PDF ဖိုင်နဲ့ ကျနော်ဖန်တီးထားတဲ့ Photoshop လေ့ကျင့်ခန်းလေးတွေကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ တခါတည်း PDF Reader၊ Photoshop CS3 နဲ့ မြန်မာစာဖေါင့် အလှတွေကိုလည်း အဲ့ဒီစာမျက်နှာမှာပဲ ဒေါင်းယူနိုင်ပါတယ်..။
 ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။  ဒီဖိုင်ကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။



ဒီပိုစ့်မှာတော့ Photoshop CS3 နဲ့ပဲ ပြပေးထားပါတယ်..။ Photoshop ဆိုရင် ဘယ်ဗါးရှင်းကိုပဲ သုံးသုံး လုပ်နည်းက အတူတူပါပဲ..။ အောက်ကပုံလေးတွေအတိုင်း Open ကနေ ပုံတပုံကို ယူပြီး ဖြတ်ထုတ်လိုက်ပါတယ်..။




အပေါ်ပုံမှာ ပြထားတဲ့အတိုင်း မိမိတို့ အဆင်ပြေရာ Tool နဲ့သာ ပုံကို ဖြတ်ထုတ်လိုက်ပါ..။ အရင်တုန်းက Photoshop လေ့ကျင့်ခန်း ပိုစ့်တွေမှာလုပ်ပြပေးထားတဲ့ ပုံဖြတ်နည်းတွေပါပဲ..။ အဲ့ဒီပိုစ့်တွေကို လေ့လာဖူးတဲ့သူများကတော့ ဒီပိုစ့်မှာ ပြထားတဲ့ ပုံဖြတ်ယူနည်း Tool တွေကို နားလည်းနေမှာပါ..။ ဒါကြောင့် အသေးစိတ်မပြတော့ပါဘူး..။ မိမိတို့ အဆင်ပြေရာတူးတွေနဲ့သာ ပုံကို ဖြတ်ယူပြီး အောက်ကပုံအတိုင်း စာမျက်နှာအသစ်တခုကို Transparent ဖေါ်မတ်နဲ့ ဖန်တီးလိုက်ပါ..။



Transparent ဖေါ်မတ်နဲ့ ယူလိုက်တဲ့ စာမျက်နှာအသစ်ကို အောက်ကပုံမှာ ပြထားတဲ့အတိုင်း မြင်ရပါလိမ့်မယ်..။


ပြီးရင်တော့ Transparent ဖေါ်မတ်နဲ့ ယူထားတဲ့ စာမျက်နှာအသစ်ပေါ်ကို မိမိတို့အရင်ဖြတ်ထားတဲ့ ပုံတွေကို အောက်ကပုံအတိုင်း ဆွဲထည့်လိုက်ပါတယ်..။ 


Ctrl+T နဲ့ မိမိတို့လိုသလို အကြီးအသေးပြောင်းယူနိုင်ပါတယ်..။ ပြီးရင် Enter ခေါက်ပေးလိုက်ပါ..။ အောက်ပုံ..


Transparent စာမျက်နှာပေါ်မှာ တင်ထားတဲ့ ပုံတို့၊ စာတို့ကို သိမ်းတဲ့အခါမှာတော့ အောက်ကပုံလေးအတိုင်း PNG ဖေါ်မတ်နဲ့ သိမ်းပေးရပါမယ်..။ ဒါဆိုရင် ဒီပုံလေးတွေကို ဘယ်ပုံ၊ ဘယ် Web ပေါ်ပဲ တင်တင် ပြန်ဖြတ်ဖို့ မလိုတော့ပါဘူး..။ တခါတည်း အဆင်ပြေပါတယ်..။ အောက်မှာ ဆက်ကြည့်လိုက်ပါ..။




အပေါ်ပုံအတိုင်း Transparent ကို PNG ဖေါ်မတ်နဲ့ သိမ်းထားလိုက်လို့ အဆင်ပြေသွားပါပြီ..။ အောက်ကပုံလေးကတော့ မိမိတို့ ဖန်တီးခြင်တဲ့ စာလုံးဒီဇိုင်းတွေကို Transparent ဖေါ်မတ်နဲ့ စာမျက်နှာအသစ်တခုယူပြီး ဖန်တီး ၊ သိမ်းထားတတ်အောင် ထပ်ပြပေးလိုက်တာပါ..



အပေါ်ကပုံတွေအတိုင်း PNG ဖေါ်မတ်နဲ့ သိမ်းထားလိုက်ပါပြီ..။


အောက်ကပုံလေးကတော့ မိမိတို့ ဖြတ်ထည့်ချင်တဲ့ ပုံပေါ်ကို အပေါ်မှာ Transparent နဲ့သိမ်းထားခဲ့တဲ့ ပုံလေးတွေ ထပ်ဖြတ်စရာ မလိုတော့ပဲ အလွယ်တကူ ဆွဲထည့်ပြပေးထားတာပါ.. ဆက်ကြည့်လိုက်ပါဗျာ..။



Transparent နဲ့ မဟုတ်တဲ့ ပုံတွေကို သိမ်းတဲ့အခါမှာတော့ အရင်ပုံတွေသိမ်းနေကျအတိုင်း JPEG ဖေါ်မတ်နဲ့ပဲ သိမ်းပါတယ်..။ ဒီလောက်ဆိုရင်တော့ နောက်ခံအကြည်လွှာလေးနဲ့ ပုံတွေ၊ စာတွေကို သိမ်းတတ်လောက်ပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။

3 comments:

  1. လင့်တွေက ဒေါင်းလို့မရဘူးဖြစ်နေတယ် ဆရာ

    ReplyDelete
  2. photoshop CS3 ကနေ Canon mp237 မှာဓါတ်ပုံထုတ်နည်း လေတင်ပေပါအုံးရေ ကျေးဇူတင်ပါတယ်

    ReplyDelete
  3. မြန်မာဖောင့်အလှတွေကတော့ရှိနေပါပြီး...ဖိုတိုရှော့ နဲ ဖောင့် အလှတွေတွဲသုံးနည်းလေးတင်ပေးပါအုံးဗျာ...အစ်ကိုဆီမှာလင့်ကလဲကြည့်လို့မရတော့လို့ပါ....ဘယ်လိုတွဲသုံးရလဲဆိုတာအရမ်းကိုသိချင်နေပါတယ်...ကျေးဇူးပြုပြီးတင်ပေးပါအုံး..ကျေးဇူးတင်ပါတယ်...လေးစားလျှက်ပါ

    ReplyDelete

Related Posts Plugin for WordPress, Blogger...