Anti Toolbar 1.0.0 Final

ဒီကောင်လေးက ဆော့ဝဲလ် အသစ်လေးပါ..။ ဘယ်လောက်အသုံးဝင်လဲဆိုတာ သိရအောင် ကျနော်တို့ စမ်းသုံးကြည့်ရအောင်..။ ကျနော်တို့ Browser တွေ လေးနေ၊ နှေးနေတဲ့အခါ Toolbar တွေကို ရွေးပြီး Uninstall နဲ့ ထုတ်ပစ်တတ်အောင် အရင်လတွေက ပိုစ့်တင်ပေးထားခဲ့ပြီးပါပြီ..။ ရှာရလွယ်အောင် ကျနော့် Blog ရဲ့ အောက်ပိုင်းမှာ ဇယားကွက်လေးနဲ့ ထည့်ပြပေးထားပါတယ်..။ တချို့ကလည်း မသိသေးပါ..။ အဲဒီဇယားကွက်ထဲမှာ ပြနှ်ရှာကြည့်နိုင်ပါတယ်..။ အခုဒီဆော့ဝဲလ်လေးကတော့ Toolbar တွေကို အလုပ်မလုပ်အောင် ပိတ်ထားပေးမယ့် ကောင်လေးပါ..။ Uninstall နဲ့ Toolbar တွေကို မထုတ်တတ်တဲ့ သူများအတွက် အဆင်ပြေစေမယ့် ဆော့ဝဲလ်လေးပါပဲ..။ အခုတင်ပေးထားတာက ဒီကောင်လေးရဲ့ ဒေါင်းလော့ဒါလေးဖြစ်ပြီး ၊ ဒီဒေါင်းလော့ဒါလေးကို ၂ချက်တောက်ပြီး Install ထည့်မှ ဒီ Anti Toolbar ဆော့ဝဲလ်ကို အင်တာနက်ကနေ ဒေါင်းယူပေးမှာ ဖြစ်ပါတယ်..။ အပေါ်ပုံမှာ ပြထားသလို အားလုံးအသုံးပြုတတ်အောင် ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ ဒီကောင်လေးကို အသုံးပြုခြင်းဖြင့် Toolbar တွေကြောင့် လေးနေတဲ့ Browser တွေ အရင်ကထက် မြန်လာမှာ ဖြစ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 316 kb ရှိပါတယ်..။



ဒီအောက်ကပုံတွေကတော့ ဒီကောင်လေးကို ၂ချက်တောက်ပြီး Install ထည့်တဲ့ အချိန်မှ စပြပေးထားခြင်းပါ..။




အပေါ်ပုံအတိုင်း အင်တာနက်ကနေ ဒေါင်းယူပြီး Install ထည့်ပြီးသွားရင်တော့ အောက်ကပုံအတိုင်း Start Scan နဲ့ အသုံးပြုလို့ ရပါပြီ..။



အောက်ကပုံအတိုင်း မြင်နေရတဲ့ Browser တွေကို တခုစီကလစ်ပြီး မိမိတို့ အတွက် တကယ်အသုံးဝင်တဲ့ Toolbar (ဥပမာ-IDM, FontTagger, Flash Player) တို့လို ဟာတွေကို ON နဲ့ ထားခဲ့ပြီး.. တခြား နာမည်တွေနဲ့ တူးတွေကိုတော့ OFF ပေးပြီး Apply လုပ်ပေးလိုက်ပါ...။


ကျနော် အပေါ်ပုံနဲ့ အောက်ကပုံတွေအတိုင်း လုပ်သွားလိုက်ပါတယ်..။ အနီဝိုင်းပြထားတဲ့ နေရာတွေမှာ လိုက်ပြောင်း၊ နှိပ်ပေးလိုက်ပါတယ်..။ ကျနော့်စက်ရဲ့ Browser တွေမှာ တူးဘားတွေကို Uninstall ထည့် ထုတ်ပစ်ပြီးသားမို့ ဒီမှာတော့ အနည်းငယ်ပဲ မြင်ရတာပါ..။ မိမိတို့ စက်ထဲမှာ များနေရင် ၊ များသလို လုပ်ပေးရမှာ ဖြစ်ပါတယ်..။


Browser တွေ ဖွင့်သုံးနေတာ ဖြစ်နေရင်တော့ အောက်ကပုံအတိုင်း ပိတ်ခိုင်းပါလိမ့်မယ်..။ OK ပေးပြီး ပိတ်ပေးလိုက်ပါ..။




တဆင့်ချင်းစီမှာ ပြောင်းလဲပြီးတိုင်း Apply လုပ်ပေးဖို့ သတိယရပါ..။ အပေါ်ကပုံအတိုင်း ပေါ်လာရင်တော့ ဒီကောင်လေးကို ပိတ်လိုက်လို့ ရပါပြီ..။ Browser တွေ ပြန်ဖွင့်သုံးကြည့်ရင်တော့ Toolbar တွေ အလုပ်မလုပ်တော့တဲ့အတွက် အရင်ကထက်တော့ မြန်နေပါလိမ့်မယ်..။ အားလုံးပဲ အဆင်ပြေကြပါစေ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...